28/10/2026
#အိပ်ရေးပျက်တာများရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်လဲ
အိပ်ရေးမဝခြင်းက ရေတိုနဲ့ ရေရှည်မှာ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးကို ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ အိပ်ချိန် ၇-၉ နာရီအောက် နည်းနေပါက ဒီဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်လို့ ဆိုပါတယ်။
ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်း
- အာရုံစူးစိုက်နိုင်မှု ၃၀% အထိ လျော့ကျ နိုင်ပါတယ်တဲ့
- ဆုံးဖြတ်ချက်ချနိုင်စွမ်း နှေးကွေးပြီး အမှားများလာနိုင်တယ်
- အမေ့အပျောက် များနိုင်တယ် (ဥပမာ - လက်ကိုင်ဖုန်း၊ သော့ထားရာမေ့ခြင်း)
ကိုယ်ခံအားစနစ် အားနည်းခြင်း
- ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်နိုင်စွမ်း ၅၀% ကျဆင်း (University of Chicago, 2020)
- အိပ်ချိန် ၅ နာရီအောက်နည်းသူတွေမှာ နှာစေး/တုပ်ကွေး ဖြစ်ဖို့ ရာခိုင်နှုန်း ၄.၅ ဆမြင့်မားနိုင်တယ်လို့ ဆိုပါတယ်
စိတ်မတည်ငြိမ်ခြင်းနှင့် စိုးရိမ်စိတ်များခြင်း
- စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ခြေ ၄၀% ပိုမြင့်နိုင် (Harvard Medical School)
- စိတ်တိုလွယ်ခြင်း၊ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ၃၇% တက်လာလာနိုင်တယ်။
ကိုယ်အလေးချိန် တက်လာနိုင်ခြေမြင့်မားခြင်း
- ဟော်မုန်းတွေ ဟန်ချက်ပျက်လာနိုင်ပြီး
- Ghrelin (ဆာလောင်မှုဟော်မုန်း) ၁၅% တက်လာနိုင်တယ်
- Leptin(ဗိုက်ပြည့်မှုဟော်မုန်း) ၁၅% ကျ ပြီး အဆီပါတဲ့ အစာများ စားချင်စိတ် ၄၅% ပိုများ လာနိုင်တယ်တဲ့။
နှလုံးရောဂါနဲ့ ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်နိုင်တယ်
- အိပ်ချိန် ၆ နာရီအောက် နည်းသူတွေမှာ နှလုံးရောဂါ ၄၈% ပိုဖြစ်နိုင်ချေရှိပါတယ်။
- ဆီးချိုအမျိုးအစား ၂ ဖြစ်နိုင်နိုင် ရာခိုင်နှုန်း ၁.၇ ဆမြင့်တက်လာနိုင်တယ်။
အရွယ်မတိုင်မီ အိုမင်းခြင်း
- အိပ်ရေးပျက်ခြင်းက ဆဲလ်များပျက်စီးမှုကို မြန်စေပြီး
- အသားအရေ ညစ်နွမ်းပြီး မျက်ကွင်းညိုခြင်း ဖြစ်လာနိုင်ပါတယ် ။
ဘယ်လိုကာကွယ်ကြမလဲ
ည ၁၁ နာရီမတိုင်မီ မိုဘိုင်းဖုန်း/တီဗီပိတ်ပြီး အိပ်ရာဝင်ပါ။
အိပ်ခါနီး ကဖိန်း/အရက် ရှောင်ပါ
အိပ်ရာဝင်ချိန် မှန်အောင်ထားပါ (ညတိုင်း အနည်းဆုံး ၇ နာရီ အိပ်သင့်ပါတယ်)
သတိပြုဖို့က
တစ်ညအိပ်ရေးပျက်တိုင်း ဦးနှောက်က အဆိပ်အတောက် (Beta-Amyloid)များ စုပုံလာကာ နှစ်ပေါင်းများစွာကြာလျှင် Alzheimer's ဖြစ်နိုင်ခြေ မြင့်တက်နိုင်တယ် လို့ လေ့လာချက်အရ သိရပါတယ်။
အိပ်ရေးဝဝအိပ်ခြင်းက အခမဲ့ဆေးတစ်မျိုးပါ။
မိမိနဲ့ မိသားစုအတွက် ဒီအချက်တွေကို Share လုပ်ပြီး သတိပေးလိုက်ပါနော်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်creditပေးပါသည်
#ကျန်းမာရေး #ဗဟုသုတ
#မေတ္တာဖြင့်