Mya Mya Win

Directions

Mya Mya Win ငါ ရှင်သန်နေမှ ဖြစ်မယ် ~~

10/30/2026

အဲလို အလုပ်ရှင် ကောင်းလိုက်တာ

ဟေ့  ဒီမှာ လာဖတ်ကြ မက်စင်ဂျာကနေ ငါကို အိုကြီး အိုမနဲ့ အဖြူနဲ့ ယူတယ်တို့ ဘာတို့ လာမပြောနဲ့ နင်တို့ အမေတွေလဲ  နင်တို့အဖေနဲ...
10/29/2026

ဟေ့ ဒီမှာ လာဖတ်ကြ မက်စင်ဂျာကနေ ငါကို အိုကြီး အိုမနဲ့ အဖြူနဲ့ ယူတယ်တို့ ဘာတို့ လာမပြောနဲ့ နင်တို့ အမေတွေလဲ နင်တို့အဖေနဲဲ့ ကွဲသွားရင် ဒါမှ မဟုတ် သေသွားရင် ငါလို နှစ်၂၀ကျော်ကြာမှ နောက်ယောက်ကျား ယူမလားလို့ မေးပေး

တချို့ အပျိုကြီး အပျိုဟိုင်းတွေလဲ ရှိသေး သူတို့ဘာသာ လင်မရတာ ငါကို မခေါ်နိုင် မပြောနိုင်😂

ငါလဲ လူသားထဲက လူပဲလေ နောက်အိမ်ထောင် ဘယ်သူကမှ မထူချင်ပါဘူး ကံတရား ပါလာရင် ညားကြတာပဲလေ မုဒိတာလေး ပွါးပေးကြ😂

ကော်ပီယူလာတာနော်


ဟယ်....လူက အသက်ဘဲ
၅၀ ကျော်နေပြီး စကပ်ဝတ်လိုက်
ဂါဝန်ဝတ်လိုက် ပါတီပွဲတက်လိုက်
ကာရာအိုကေမှာ သီးချင်းသွားဆိုလိုက်
facebook ပေါ်ဆိုလဲ ပုံတွေအရမ်းတင်တာဘဲ
သူ့ယောက်ကျားနဲ့ သူ့သားသမီး ဆွေမျိုးညီအကို
မောင်နှမတွေ မပြောဘူးလားမသိပါဘူးတဲ့။

ပြောချင်တာက အဲ့ဒါပါဘဲ။
ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားအငှားကျောင်းနေကြတာမျိုးပါ။

သူ့ဘာသာသူ ဘယ်အသက်အရွယ်ရောက်ရောက်
ဘာတွေဘဲ ဝတ်ဝတ်၊ ဘယ်လိုဘဲနေနေ၊ ဘာတွေဘဲလုပ်လုပ် ကိုယ်နဲ့ဘာဆိုင်လို့လဲ။

သူလုပ်နေတာ သူကိုင်နေတာ
သူနေတာ သူထိုင်တာ ကိုယ့်အတွက်ဘာထိခိုက်မူရှိသွားလို့လဲ။

သူများဘာလုပ်လုပ် ကိုယ့်ကိုလာမထိခိုက်ဘူးဆိုရင်
မဆိုင်သလိုသာနေပေးလိုက်ပါ။

တနည်းပြောရရင် သူလဲ သူကြိုက်သလိုပုံစံနဲ့နေခွင့်ရှိသလို ကိုယ်လဲကိုယ်ကြိုက်တဲ့ပုံစံနဲ့နေခွင့်ရှိကြပါသည်။

လူတစ်ယောက်ချင်းစီတိုင်းမှာ ပြုမူနေထိုင်ပုံစံခြင်း
မတူကြသလို စိတ်နေစိတ်ထားလဲ မတူကြပါ။

စိတ်ကောင်းရှိတဲ့သူက စိတ်ကောင်းကိုရှိ၍
စိတ်ကောင်းမရှိတဲ့သူက ဘယ်တော့မှ စိတ်ကောင်းမရှိကြပါ။

ခေတ်မှီတိုးတက်လာသည့် ခေတ်ကြီးထဲမှာ လူတွေရဲ့ ပြင်ပ ရုပ်လက္ခဏာကို ပြုပြင်ပြောင်းလဲလို့ ရပေမယ့် လူတစ်ယောက်ရဲ့စိတ်ကိုတော့ ပြုပြင်ပြောင်းလဲပေး၍ မရနိုင်ပါါ

ပြုပြင်ပေးလိုက်လို့ ဟန်ဆောင်ပြီးနေလည်း ခဏဘဲရမှာပါ။အချိန်တန်ရင်တော့ မူလ ဗီဇက အလိုလို ပြန်ပေါ်လာတတ်တာမျိုးပါ။

လူတစ်ယောက် ကောင်းတယ်မကောင်းဘူး ခဏတာလေးတွေ့ဖူးရုံနဲ့ဆုံးဖြတ်ချက်ချလို့မရနိုင်ပါဘူး။

ရွှေအကြောင်းဆိုရင် ဖယောင်းမှ သိနိုင်သလိူ
လူအကြောင်းဆိုရင်လဲ ပေါင်းကြည့်မှ သိနိုင်တာမျိုးပါ။

တချို့ မျက်နှာချိုတယ်
ဝမ်းတွင်းပုတ်တယ် အဲ့လို့လူတွေက နောက်ကျောကို
ဓားနဲ့ထိုးကြတာများတယ်။

တချို့မျက်နှာပုတ်တယ်
စိတ်ရင်းကောင်းတယ်။ သူတစ်ပါးအတွက်နဲ့
ကိုယ်အသက်ကိုတောင် ပေးဆပ်တတ်ကြတာမျိုးပါ။

ဒါပေမယ့်
လူတော်တော်များများကတော့ အပေါ်ယံလောက်ကိုသာ သဘောကြတတ်ကျတာမျိုးပါ။

အပေါ်ယံကိုကြည့်ပြီးဆုံးဖြတ်ကြတာများတယ်။

ဥပမာ
အသက်ကြီးလို့ စကပ်ဝတ်မယ် ဂါဝန်ဝတ်မယ်
အတိုအပြတ်ဝတ်မယ်ဆိုရင် မဟုတ်တဲ့လူလို့ ထင်ကြေးပေးကြတာများတယ်။

တကယ်တော့
မြန်မာဆန်ဆန်လေးဝတ်ပြီ သပွတ်အူနဲ့စာလေးသိုက်ဖြစ်နေတဲ့ မိန်းကလေးတွေမှ အများကြီးပါ။

ကိုယ်ကိုတိုင် ဂဃနဏ မသိဘဲ လူတစ်ယောက်အကြောင်းကို အပေါ်ယံလောက်အမြင်နဲ့အပြစ်တင်မစောကြပါနဲ့။

သူမှာလဲ သူ့အကြောင်းတရားနဲ့သူရှိနေသလို
ကိုယ့်မှာလဲ ကိုယ့်အကြောင်းတရားနဲ့ကိုယ်ပါ

ကျနော်ခဏခဏပြောဖူးသလိုပေါ့
ဘယ်အသက်အရွယ်ရောက်ရောက် ဘယ်သူကိုမှ
ထိခိုက်မူမရှိရင် လွတ်လွတ်လပ်လပ်နေခွင့်ရှိတယ်ဆိုတာမျိုးပါ

အပြစ်တင်ဝေဖန်တယ်ဆိုတာ လူမှန်တွေလုပ်တဲ့အလုပ်မဟုတ်ပါဘူး။

လူမှန်တွေက မှားနေရင်တောင် ထောက်ပြပေးကြတတ်ပါသည်။

ကတောက်ကဆ မဖြစ်ချင်ရင် ကိုယ်စည်းနဲ့ကိုယ်နေကြပါ။တယူသန်တယ်ဆိုတာ လူမှန်တွေအလုပ်မဟုတ်လို့

ကိုယ်လျောက်ခြင်သည့်လမ်း ကိုယ်တိုင်ဘဲဖောက်ပါ။အပြစ်တင်တယ်ဆိုတာ အချစ်ဝင်ချိန်မှာ ဘာမှ မဟုတ်ပေမယ့် မချစ်ခင်ချိန်ရောက်ရင်တော့ မထောက်မလွဲပေါက်ကွဲကြရမှာမို့

ဆင်ခြင်သင့်တာကို ဆင်ခြင်
ပြင်ဆင်သင့်တာကို ပြင်ဆင်ကြရင်း

ခေတ်ပျက်ကြီးထဲမှာ စစ်မက်ဘေးတွေ
ဝေးနိုင်သမျှ ဝေးကြပါစေဗျာ။









ချမ်းငြိမ်းမွန် (U Chanင်

မထင်ပါနဲ့မင်းရိုးသားပြတိုင်းပြန်ပြီးရိုးသားကြလိမ့်မယ်လို့။မထင်ပါနဲ့မင်းစေတနာထားတိုင်းပြန်ပြီးစေတနာထားကြလိမ့်မယ်လို့ ။မထင...
10/29/2026

မထင်ပါနဲ့
မင်းရိုးသားပြတိုင်း
ပြန်ပြီးရိုးသားကြလိမ့်မယ်လို့။

မထင်ပါနဲ့
မင်းစေတနာထားတိုင်း
ပြန်ပြီးစေတနာထားကြလိမ့်မယ်လို့ ။

မထင်ပါနဲ့
မင်းကောင်းပြတိုင်း
ပြန်ပြီးကောင်းပြကြလိမ့်မယ်လို့ ။

မထင်ပါနဲ့
မင်းအလေးထားဂရုစိုက်တိုင်း
ပြန်ပြီးအလေးထား
ဂရုစိုက်လိမ့်မယ်လို့ ။

သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုတွေ
ရှိတယ်ဆိုပေမယ့်လည်း
တချို့အရာတွေက
အပြန်မရှိနိုင်တဲ့
အသွားလမ်းသက်သက်
ချည်းဘဲဆိုတာ မင်းမမေ့ပါနဲ့

.
Nanda.

🙏🙏🙏

10/28/2026

ပုဇွန်ထုပ် ဟင်း နဲ့ စားမယ်


10/28/2026

အားလူးကပ်သလစ် အလွယ်ကြော် အားလူးကို ပြုတ် အခွံနွှာပြီး ခက်ရင်လေးနဲ့ချေ ပြီးရင် အချို အငံထဲ့ ကော်မူန့်လေး ၂ဇွန်းလောက်ထဲ့ ဒါဆိုရင် ကြော်လို့ရပြီ အသားက ကိုယ်ကြိုက်တာ ထဲ့ ကိုယ်က အိမ်မှာ ကြက်သားမွကြော် ရှိနေတော့ အဲဒါလေးနဲ့ ကြော်တာ ကောင်းမှကောင်း

10/27/2026

ကဲ

*နံပါတ် (၇)* မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ. မိမိကိုယ့်ကို ယုံကြည်တက်တယ်.. ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ.....
10/27/2026

*နံပါတ် (၇)* မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ. မိမိကိုယ့်ကို ယုံကြည်တက်တယ်..

ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ.. ဂီတ.အနုပညာ.. သီချင်းဆို.. သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ. မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါ သစိတ်ပါပဲ. အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်။

မင်းဟာ.. မင်းမိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်.. (ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတတ်တာပါ)

အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ.. အမျိုးသားတစ်ဦးဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..

ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်. နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..

အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....

မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..အလိုမကျမှုတွေ.. စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော..

ဒါကလည်း.. ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်..😎


#တည်ဆောက်ပါ
#တစ်ခါတစ်လေတော့လည်း



လပြည့်ည ဘယ်သူ့ကို လွမ်းလို့ လွမ်းရမလဲ မသိ့
10/27/2026

လပြည့်ည ဘယ်သူ့ကို လွမ်းလို့ လွမ်းရမလဲ မသိ့

ညနေစောင်းလေး အလှ
10/27/2026

ညနေစောင်းလေး အလှ

Address

Du Bois, PA
15801

Website

Alerts

Be the first to know and let us send you an email when Mya Mya Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby grocery stores