Future Food Asia - Myanmar

Future Food Asia - Myanmar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Future Food Asia - Myanmar, ร้านขายอาหารเพื่อสุขภาพ, Food Innovation, Nutrition and Health, Asian Institute of Technology, Rangsit.

https://futurefood.asia/
Future Food Asia is an Asian natural & herbal based ingredients sourcing platform connecting Asia’s most promising functional food innovations with global markets.

“လက်ရှိမြန်မာ့စားသောက်ကုန်စျေးကွက်ထဲက ခါးသီးတဲ့အမှန်တရားတစ်ခု”မနေ့ညက FoSTA (Myanmar) – Food Science & Technology Associa...
14/07/2026

“လက်ရှိမြန်မာ့စားသောက်ကုန်စျေးကွက်ထဲက ခါးသီးတဲ့အမှန်တရားတစ်ခု”

မနေ့ညက FoSTA (Myanmar) – Food Science & Technology Association (Myanmar) နဲ့ အစည်းအဝေးတက်ရောက်ဆွေးနွေးခွင့်ရခဲ့ပါတယ်။
FoSTA (Myanmar) Food Science and Technology Association (Myanmar) ဟာ နှစ်ပေါင်း (၃၀) ကျော် မြန်မာ့စားသောက်ကုန်သိပ္ပံ၊ နည်းပညာ၊ အရည်အသွေးထိန်းချုပ်မှုနဲ့ Food Safety ဆိုင်ရာ ပညာပေး၊ အသိပညာဖြန့်ဝေမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှုတွေကို တက်ကြွစွာဆောင်ရွက်လာတဲ့ ပညာရှင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ Food Science, Agriculture, Aquaculture နဲ့ ဆက်စပ်နယ်ပယ်အသီးသီးက ဆရာ/ဆရာမကြီးများ၊ ပညာရှင်များနဲ့ လက်ရှိ မြန်မာ့စားသောက်ကုန်စျေးကွက်အခြေအနေတွေကို အမြင်ဖလှယ်ဆွေးနွေးခဲ့ပါတယ်။
လက်ရှိစျေးကွက်ထဲမှာ မြင်တွေ့နေရတဲ့ ခါးသီးတဲ့အမှန်တရားတစ်ခုကတော့ စားသုံးသူအများစုဟာ စျေးနှုန်းသင့်တင့်မှုကြောင့် ပြည်တွင်း တစ်ပိုင်တစ်နိုင်ထုတ်ကုန်တွေ၊ Home-Based စားသောက်ကုန်လုပ်ငန်းလေးတွေ၊ Social Media ပေါ်ကနေ တိုက်ရိုက်ရောင်းချနေတဲ့ စားသောက်ကုန်တွေကို ပိုမိုအားထားစားသုံးလာကြတဲ့ အခြေအနေပါ။
ပြည်ပသွင်းကုန် ကုန်ကြမ်းအချို့ ပြတ်လပ်မှု၊ ကုန်ကြမ်းစျေးနှုန်းမြင့်တက်မှု၊ စနစ်တကျထုတ်လုပ်ထားတဲ့ စားသောက်ကုန်တွေကို သာမန်စားသုံးသူအချို့အတွက် လက်လှမ်းမမီနိုင်တော့တဲ့အခြေအနေတွေကြောင့် ပြည်တွင်းအနယ်နယ်အရပ်ရပ်က ရရှိနိုင်တဲ့ ကုန်ကြမ်းတွေကို အသုံးပြုပြီး ထုတ်လုပ်ရောင်းချနေကြတဲ့ လုပ်ငန်းငယ်တွေ များလာပါတယ်။
ဒီအခြေအနေဟာ စားသုံးသူအတွက် တစ်ဖက်မှာ စျေးသက်သာမှု၊ အလွယ်တကူဝယ်ယူနိုင်မှု၊ အိမ်ချက်ဆိုတဲ့ယုံကြည်မှု စတဲ့ အားသာချက်တွေရှိပေမယ့် တစ်ဖက်မှာတော့ Food Safety, Hygiene Standard, Ethical Labeling, Ingredient Transparency စတဲ့အချက်တွေမှာ စနစ်တကျထိန်းကျောင်းမှု အားနည်းနိုင်တဲ့ စိန်ခေါ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
စားသောက်ကုန်တစ်ခုဟာ စားသုံးသူရဲ့ ပါးစပ်ထဲရောက်တဲ့အချိန်မှာ flavour, aroma, taste profile တွေ ကောင်းမွန်တယ်လို့ခံစားရနိုင်ပေမယ့် အစာခြေစနစ်ထဲရောက်သွားတဲ့အခါမှာတော့ ပါဝင်ပစ္စည်းအရည်အသွေး၊ ဆီ၊ ဆား၊ သကြား၊ အရောင်ဆိုးဆေး၊ အနံ့အရသာမြှင့်တင်ပစ္စည်း၊ သန့်ရှင်းမှု၊ သိုလှောင်မှုနည်းစနစ် စတဲ့အချက်တွေကြောင့် ရေရှည်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဒီလို အိမ်ချက်ထုတ်လုပ်၊ Social Media ပေါ်တင်ရောင်း၊ Online မှာမှာစား တဲ့ စျေးကွက်ပုံစံကို Food Systems အမြင်နဲ့ကြည့်မယ်ဆိုရင်—
“Affordability-Driven Informal Digital Food System”
လို့ ခေါ်နိုင်ပါတယ်။
အဓိပ္ပါယ်ကတော့ စားသုံးသူတွေဟာ စနစ်တကျထိန်းချုပ်ထားတဲ့ Formal Food Market ထဲက ထုတ်ကုန်တွေထက် စျေးသက်သာပြီး လက်လှမ်းမီလွယ်တဲ့ Informal Online Food Market ထဲက ထုတ်ကုန်တွေကို ပိုမိုရွေးချယ်လာကြတဲ့ အခြေအနေပါ။
ဒီစျေးကွက်ပုံစံ ဖြစ်လာရတဲ့အကြောင်းရင်းတွေထဲမှာ—
* Affordability Pressure – သုံးစွဲနိုင်စွမ်းဖိအား
* Convenience – အလွယ်တကူဝယ်ယူရရှိနိုင်မှု
* Trust in Familiar Sellers – ရင်းနှီးကျွမ်းဝင်သူတွေအပေါ် ယုံကြည်မှု
* Peer Recommendation – မိတ်ဆွေ၊ မိသားစု၊ ပတ်ဝန်းကျင်ရဲ့ အကြံပြုမှု
* Emotional Appeal – အိမ်ချက်၊ မိခင်လက်ရာ၊ ရိုးရာအစားအစာဆိုတဲ့ စိတ်ခံစားမှုဆိုင်ရာ ဆွဲဆောင်မှု
* Social Media Visibility – Facebook, TikTok စတဲ့ လူမှုကွန်ရက်တွေမှာ ထင်သာမြင်သာမှု
* Lack of Affordable Regulated Alternatives – စနစ်တကျထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို စျေးနှုန်းအရ လက်လှမ်းမမီနိုင်မှု
စတာတွေ ပါဝင်ပါတယ်။
Home-Based စားသောက်ကုန်ရောင်းချသူတွေရဲ့ အားသာချက်တွေက—
* Cheaper Price – စျေးသက်သာအောင် ရောင်းချနိုင်ခြင်း
* Bigger Portion – ပိုများများထည့်ပေးနိုင်ခြင်း
* Homemade Image – “အိမ်ချက်” ဆိုတဲ့ ယုံကြည်မှုဆိုင်ရာ ပုံရိပ်
* Direct Seller Relationship – စားသုံးသူနဲ့ တိုက်ရိုက်ဆက်ဆံနိုင်မှု
* Fast Social Media Reach – Social Media မှတစ်ဆင့် မြန်မြန်ရောင်းချနိုင်မှု
စတာတွေ ဖြစ်ပါတယ်။
ဒါပေမယ့် အားနည်းနိုင်တဲ့အချက်တွေက—
* Safety Proof – ဘေးကင်းကြောင်း သက်သေပြနိုင်မှု
* Nutrition Information – အာဟာရဆိုင်ရာ တိုင်းတာထားသော အချက်အလက်များ
* Ingredient Transparency – ပါဝင်ပစ္စည်းများကို ရိုးသားစွာ ထုတ်ဖော်ပြသနိုင်မှု
* Expiry Date – သိပ္ပံနည်းကျ စစ်ဆေးသတ်မှတ်ထားသော သက်တမ်း
* Hygiene Standard – သန့်ရှင်းမှုနှင့် ထုတ်လုပ်မှုစံနှုန်း
* Storage Condition – သိုလှောင်မှုနည်းစနစ်
* Production Accountability – ထုတ်လုပ်သူ၏ တာဝန်ယူမှု၊ တာဝန်ခံမှု
စတာတွေ ဖြစ်ပါတယ်။
Consumer Behavior အမြင်နဲ့ကြည့်ရင်လည်း စားသုံးသူအများစုဟာ အမြဲတမ်း သိပ္ပံနည်းကျစဉ်းစားပြီး မဝယ်ကြပါဘူး။ သူတို့ဟာ—
* စျေးသက်သာလား
* အရသာရှိမလား
* များများရမလား
* အိမ်ချက်ဆိုတော့ ယုံလို့ရမလား
* သူများတွေဝယ်နေလား
* Social Media မှာ လူကြိုက်များနေလား
* မိတ်ဆွေက အကြံပြုထားလား
ဆိုတဲ့ heuristics တွေ၊ social proof တွေ၊ trust cues တွေကို အားကိုးပြီး ဆုံးဖြတ်ကြပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့အချက်က—
"Popularity does not always mean safety" လူကြိုက်များခြင်းဟာ အမြဲတမ်း ဘေးကင်းမှုကို မဆိုလိုပါဘူး။
ဒါကြောင့် စားသုံးသူတွေအတွက်လည်း Consumer Food Safety and Standards Literacy လိုအပ်လာပါတယ်။

ဒီအခြေအနေကို တစ်ဆင့်ချင်း ထိန်းကျောင်းဖို့အတွက် Voluntary Capacity-Building Approach တစ်ခုအနေနဲ့ အောက်ပါ Level ၄ ခုနဲ့ စတင်နိုင်ပါတယ်—
Level 1: Food Safety Awareness
စားသောက်ကုန်ဘေးကင်းရေး အခြေခံအသိပညာ
Level 2: Basic Hygiene Checklist
သန့်ရှင်းမှု၊ ထုတ်လုပ်မှုနေရာ၊ သိုလှောင်မှု၊ ထုပ်ပိုးမှုဆိုင်ရာ အခြေခံစစ်ဆေးချက်များ
Level 3: Ethical Labeling & Ingredient Disclosure Practices
ပါဝင်ပစ္စည်းများ၊ သက်တမ်း၊ ထုတ်လုပ်သူအချက်အလက်၊ သတိပေးချက်များကို ရိုးသားစွာဖော်ပြနိုင်မှု
Level 4: Laboratory Test / FDA Registration Support
လိုအပ်ပါက Laboratory Test, FDA Registration, Product Standardization ဆိုင်ရာ အထောက်အပံ့
FoSTA (Myanmar) အနေနဲ့ Official Regulatory Authority အဖြစ်မဟုတ်ဘဲ—
* Food-Safety Education Provider
* SME Training Organization
* Technical Advisory Body
* Voluntary Standard Development Partner
* Industry Capacity-Building Partner
* Pre-Audit / Self-Assessment Guide
* Consumer Education Partner
* Bridge Between SMEs, Universities, FDA and Laboratories
စတဲ့ အရေးကြီးတဲ့ ပညာရပ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပါဝင်ကူညီနိုင်ပါတယ်။
ကျွန်တော်အနေနဲ့တော့ ကိုယ့်နယ်ပယ်ဖြစ်တဲ့—
* Ethical Sales & Marketing
* Consumer Behavior
* Advertising and Consumer Decision Science
စတဲ့အပိုင်းတွေမှာ တတ်နိုင်သလောက် ပညာပေးမျှဝေကူညီသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
မကြာခင်မှာလည်း FoSTA (Myanmar) မှ မစိမ့်ရည်ထက် ဦးဆောင်သော Agri-Food Expert များနဲ့အတူ SME များ၊ Street Food Sellers များ၊ Home-Based Food Producers များအတွက် Food Safety Training များ စတင်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ရှိလာမယ်လို့ သိရပါတယ်။
ဒီလိုအစီအစဉ်တွေဟာ မြန်မာ့စားသောက်ကုန်စျေးကွက်ကို ချက်ချင်း ပြောင်းလဲနိုင်မှာ မဟုတ်ပေမယ့် စားသုံးသူယုံကြည်မှု၊ ထုတ်လုပ်သူတာဝန်ယူမှု၊ Food Safety Culture, Ethical Marketing တွေကို တစ်ဆင့်ချင်း တည်ဆောက်သွားနိုင်မယ့် အရေးကြီးတဲ့အစပြုမှု ဖြစ်ပါတယ်။

Wunna Kyaw
Co-Founder and Business Communications
Future Food Asia (Thailand, Myanmar)

ဒီနေ့ Medicinal Plant Innovation Center  Fah Luang University မှာ ဆေးဖက်ဝင်အပင်တွေကနေ အကျိုးပြုဓာတ်ပစ္စည်းများကို ထုတ်ယူ...
10/07/2026

ဒီနေ့ Medicinal Plant Innovation Center Fah Luang University မှာ ဆေးဖက်ဝင်အပင်တွေကနေ အကျိုးပြုဓာတ်ပစ္စည်းများကို ထုတ်ယူရာမှာ အသုံးပြုတဲ့ Supercritical Fluid Extraction (SFE) နဲ့ Microwave-Assisted Extraction (MAE) နည်းပညာတွေကို လက်တွေ့ အသုံးပြုတာကို လေ့လာရပါတယ်။
Center မှာ နနွင်း (Curcumin)၊ ချင်း (Ginger) အပါအဝင် ဆေးဖက်ဝင်အပင်အမျိုးမျိုးကနေ တန်ဖိုးမြင့် bioactive compounds များကို ထုတ်ယူကာ သုတေသနနှင့် ထုတ်ကုန်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စီးပွါးဖြစ်အထိဆောင်ရွက်နေပါတယ်။
ဒီလိုနည်းပညာတွေမှာ အားသာချက်၊ အားနည်းချက်နဲ့ ကုန်ကျစရိတ်များပြားခြင်းစတဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်များစွာ ရှိပေမယ့်၊ သိပ္ပံနည်းကျ သုတေသနနဲ့ နည်းပညာတိုးတက်မှုတွေက ကုန်ကြမ်းက စတင်ပြီး ထုတ်ကုန်အထိ value chain တစ်လျှောက်လုံးကို ပိုမိုတန်ဖိုးရှိလာစေပြီး အဆင့်တိုင်း မှာ တန်ဖိုးဖန်တီးပေးနိုင်ပါတယ်။

Khin Nyein Chan Zaw

"အရင်က ပြည်တွင်းဖြစ် ခရမ်းချဉ်သီးဆော့စ်တွေ စားရတာ Texture ကျဲတဲတဲဖြစ်ပြီး Mouthfeel မပြည့်ဝဘူးလို့ ခံစားရဖူးပါတယ်။" စိုက...
10/07/2026

"အရင်က ပြည်တွင်းဖြစ် ခရမ်းချဉ်သီးဆော့စ်တွေ စားရတာ Texture ကျဲတဲတဲဖြစ်ပြီး Mouthfeel မပြည့်ဝဘူးလို့ ခံစားရဖူးပါတယ်။"
စိုက်ပျိုးထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေကို လေလွင့်ဆုံးရှုံးမှုမရှိဘဲ Value-added ထုတ်ကုန်အဖြစ် ပြောင်းလဲဖို့နေရာမှာ ဖြေရှင်းရမယ့် Bottlenecks (အဟန့်အတား) တွေ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီပိုစ့်ကတော့ Food Formulation စနစ်တစ်ခုကို အခြေခံပြီး နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကိုပဲ အဓိက ဖော်ပြပေးချင်တာ ဖြစ်ပါတယ်။
အိမ်မှာကျိုတုန်းက ပျစ်ပေမဲ့ ပုလင်းထဲထည့်သိမ်းလိုက်မှ ဘာလို့ ရေကြည်တွေ အပေါ်တက်လာပြီး အချိန်ကြာရင် ပြန်ကျဲသွားတာလဲဆိုတဲ့ မေးခွန်းက တနိုင်တပိုင်ထုတ်ချင်သူတွေအတွက် ? ပါ။
တကယ်တော့ ဒါဟာ Chemistry သဘောအရ ရိုးရှင်းပါတယ်။ ဆော့စ်ထဲက Vinegar နဲ့ ခရမ်းချဉ်သီးရဲ့သဘာဝအက်ဆစ်တွေက သာမန်ကစီဓာတ် (Native Starch) ရဲ့ မော်လီကျူးအမျှင်တန်းတွေကို ဖြတ်တောက်ဖျက်ဆီးပစ်တဲ့ Acid Hydrolysis ဖြစ်စဉ်ကြောင့် ဆော့စ်က ပြန်ကျဲသွားရတာပါ။
ပြီးတော့ သာမန်ကစီဓာတ်က ရေမော်လီကျူးတွေကို တင်းတင်းကျပ်ကျပ် မဖမ်းထားနိုင်လို့ သိုလှောင်ထားတဲ့အခါ Syneresis (Phase Separation) ဖြစ်ပြီး အဖတ်နဲ့ အရည် သွေးကွဲသွားတတ်ပါတယ်။
နိုင်ငံတကာ စျေးကွက်ထဲက High-quality Ketchup တွေကတော့ သဘာဝကစီဓာတ်ကိုပဲ Structure ပိုင်း ပြုပြင်မွမ်းမံထားတဲ့ Modified Starch ကို သုံးပြီး ဒီပြဿနာကို စနစ်တကျ ဖြေရှင်းကြပါတယ်။
ဒါပေမဲ့ ပြဿနာက ခရမ်းချဉ်သီးဆော့စ် ကောင်းကောင်းထုတ်ဖို့ အရေးအကြီးဆုံးဖြစ်တဲ့ ဒီ Modified Starch က လက်ရှိ ပြည်တွင်း Agro-industry ရဲ့ အဓိက Missing Link ဖြစ်နေတာပါ။
ရန်ကုန်မှာ လက်ရှိစားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေတဲ့ Food Science ညီမလေးတစ်ယောက်နဲ့ လွန်ခဲ့တဲ့ (၆) လလောက်တုန်းက စကားပြောဖြစ်တော့ "Modified Starch ကုန်ကြမ်းတွေ သွင်းရခက်ခဲနေလို့" ဆိုတဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲကို မျှဝေပေးပါတယ်။ မြန်မာနိုင်ငံ (ဧရာဝတီ၊ ကရင်၊ ရှမ်း) မှာ (Cassava) အကြီးအကျယ်စိုက်ပြီး သာမန်ကစီဓာတ် (Native Starch) ထုတ်တဲ့ စက်ရုံတွေ ရှိတယ်လို့သိရပေမယ့် အဆင့်မြင့် Modification လုပ်ဖို့ Technology နှင့် Investment Gap ကြောင့် နိုင်ငံခြားကို ကုန်ကြမ်းအဆင့်ပဲ တင်ပို့နေရပြီး ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ သွင်းကုန်ကိုပဲ ရာနှုန်းပြည့် အားကိုးနေရပါတယ်။
ကျွန်မတို့ဆီမှာ High Quality Value-added Product တွေ ထုတ်လုပ်နိုင်ဖို့ဆိုရင် Food-Grade E-number Quality ရှိတဲ့ စက်မှုကုန်ကြမ်းတွေ ပြည်တွင်းမှာ အလွယ်တကူ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။
ပုံတွေက ပြင်သစ်က ISIPCA နဲ့ ထိုင်းက Food Innopolis (Flavor Academy) ရဲ့ Joint Training - Flavour Creation လက်တွေ့သင်တန်းမှာ Base Ketchup ကျိုနေပုံတွေပါ။ ဒီမှာတော့ Ketchup လုပ်တာက not a miracle ပါ။ စိန်ခေါ်မှုက စျေးကွက်နဲ့ စားသုံးသူ လိုအပ်ချက်အရ တွဲဖက်စားသုံးမယ့် အစားအစာ (Pairing Menu) ပေါ်မူတည်ပြီး အရသာမျိုးစုံ (Flavor Profiles) ဖန်တီးကြတဲဲ့အဆင့်ကို သွားနေကြပါပြီ)

Khin Nyein Chan Zaw
Co-Founder & Business Development

" စားသုံးသူက သူလိုအပ်တဲ့အချိန်ပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုရင် ကြော်ငြာတဲ့ ဇာတ်လမ်းနဲ့ဆယ်လီကိုပဲမှတ်မိပြီး ကုန်ပစ္စည်းနာမ...
09/07/2026

" စားသုံးသူက သူလိုအပ်တဲ့အချိန်ပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုရင် ကြော်ငြာတဲ့ ဇာတ်လမ်းနဲ့ဆယ်လီကိုပဲမှတ်မိပြီး ကုန်ပစ္စည်းနာမည်ကိုဘာလို့မေ့သွားကြတာလဲ? "

မြန်မာပြည်တစ်ဝှမ်းက တစ်ပိုင်တစ်နိုင် စားသောက်ကုန်ထုတ်လုပ်သူများအတွက် Free Webinar

ကုန်ပစ္စည်းကြော်ငြာတွေအတွက် ဆိုရှယ်မီဒီယာဗီဒီယိုခေတ်မှာ ကိုယ့်အမှတ်တံဆိပ်ကို အများပြည်သူမှတ်မိအောင် Social Influencer တွေနဲ့ပုံစံအမျိုးမျိုးကြော်ငြာကြတယ်..
ကြော်ငြာခငွေကြေးတွေ သူတို့ရဲ့ Follower အင်အားအပေါ်မူတည်ပြီး ကုန်ကျစရိတ်အမျိုးမျိုးရှိကြမယ်..
အချို့ဗီဒီယိုတွေ Million View ရကြတယ်.. ဒါပေမယ့် အရောင်းအင်အားကသိသိသာသာတက်မလာဘူး..

ဒီပညာရပ်တွေရဲ့ နောက်ကွယ်မှာ…

စားသုံးသူအမူအကျင့် ( Consumer Behavior)..
အာရုံစိုက်မှုဆိုင်ရာ စိတ္တဗေဒ (Attention Psychology)
ဗီဒီယိုဖြင့်စျေးကွက်ရှာခြင်းဗျူဟာ (Video Marketing Strategy)
ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်သိပ္ပံ (Decision Science)
အမှတ်တံဆိပ်ကိုတန်ပြန်မှတ်မိခြင်းနည်းစနစ်များ (Brand Retention Strategies)
စီးပွားရေးဆိုင်ရာ အနုပညာဖန်တီးမှုသီအိုရီများ (Creative Commercial Theories)
ဆိုတာတွေ ပါဝင်ပတ်သက်နေပါတယ်..

ကုန်ပစ္စည်းကြော်ငြာဖို့အပ်နှံတဲ့အခါ လုပ်ငန်းရှင်ဘက်မှာ ဘာလိုအပ်ချက်တွေရှိသွားသလဲ?
ရိုက်ကူးဖန်တီးပေးတဲ့ ကြော်ငြာအေဂျင်စီနဲ့ ဒါရိုက်တာတွေကို ဘာတွေတောင်းဆိုကြရမလဲ?
လုပ်ငန်းရှင်- ဆယ်လီ- အေဂျင်စီ (၃) ဦး (၃)ဖလှယ် အကျိုးရှိအောင် ဘယ်လိုဆွေးနွေးညှိနှိုင်းအကောင်အထည်ဖော်ကြမလဲ?

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ တစ်ပိုင်တစ်နိုင်စားသောက်ကုန်လုပ်ငန်းရှင်များ၊ ကြော်ငြာအေဂျင်စီမှာအလုပ်လုပ်ကိုင်ကြမယ့်၊ စီးပွားရေးကြော်ငြာဗီဒီိယိုများရိုက်ကူးထုတ်လုပ်ကြမယ့်လူငယ်များအတွက် ကြော်ငြာဗီဒီယိုများ ဖန်တီးဖို့စီမံကိန်းရေးဆွဲတဲ့အခါမှာ ထည့်သွင်းစဉ်းစားချင့်ချိန်ရမယ့်အချက်အလက်တွေအကြောင်းဖြစ်ပါတယ်..

အောက်ဖော်ပြပါ Google Form ကိုဖြည့်သွင်း Register လုပ်ကာ မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပါတယ်..

လူဦးရေအကန့်အသတ်ရှိပါတယ်
Registration Link
https://forms.gle/3LzUSjEdHB5b175A6

အခု အွန်လိုင်းဟောပြောပွဲကို ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်ကုန်များနှင့် သဘာ၀ကုန်ကြမ်းပစ္စည်းများဆိုင်ရာ အနံ့အရသာသုတေသနနဲ့ ထုတ်လုပ်ဖြန့်ဖြူးကုန်သွယ်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Future Food Asia က ကူညီပံ့ပိုးပေးထားပါတယ်...

----------------------------------------
ဟောပြောမည့်သူ၏ ကိုယ်ရေးအကျဉ်း

ကိုဝဏ္ဏကျော်သည် (၂၀၀၁)ခုနှစ်မှစတင်ပြီး ယနေ့ထိတိုင် အောင်မြင်ကျော်ကြားသော ရုပ်သံကြော်ငြာများနှင့် Corporate Video များ ရေးသားရိုက်ကူးနေသော ကြော်ငြာဒါရိုက်တာနှင့် မီဒီယာနည်းပညာဆိုင်ရာဘာသာရပ်များ စာသင်ကြားပို့ချပေးနေသူတစ်ဦးဖြစ်ပါသည်။

(၂၀၁၇) ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (Executive MBA) ကို “ Competitive Analysis on Myanmar Cinema Business” သုတေသနကျမ်းဖြင့်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၊ Asian Institute of Technology (AIT) တွင် Food Innovation, Nutrition and Health ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ကို ဆည်းပူးလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ လူငယ်များ၏ စားသုံးသူအမူအကျင့် (Consumer Behavior)၊ အစားအသောက်ရွေးချယ်ခြင်းစိတ်ပညာ (The Psychology of Purchasing Decision) ၊ ကျင့်ဝတ်ညီသော တံဆိပ်ကပ်ခြင်း (Ethical Labeling)၊ သက်ငယ်ကင်ဆာဖြစ်ပွားမှု (Early-Onset Cencer) နှင့် ဆိုရှယ်မီဒီယာသိနားလည်မှုနှင့် ယုံကြည်မှု (Media Literacy & Para-Social Trust) တို့နှင့်ဆက်နွယ်သော ပါရဂူဘွဲ့ယူသုတေသနကျမ်းကိုပြုစုရေးသားလျှက်ရှိပါသည်။

(၂၀၁၄)ခုနှစ်မှ စတင်ကာ Sony Asia Pacific ၏ မြန်မာနိုင်ငံဆိုင်ရာ Sony Alpha Brand Ambassador (Video Category) အဖြစ် ခန့်အပ်ခဲ့ပြီး (၂၀၁၅)ခုနှစ်တွင် “ လူစွဲမူစွဲနည်းပညာစွဲနှင့် ဖန်တီးမှုအနုပညာ” ၊ (၂၀၂၅)ခုနှစ်တွင် “ရုပ်သံအနုပညာနှင့် ရုပ်သံစီးပွားရေး” စာအုပ်(၂)အုပ်ကိုရေးသားထုတ်ဝေခဲ့သည်။ ထိုင်းနိုင်ငံအခြေစိုက် Future Food Asia ၏ Co-Founder နှင့် Business Communication Officer တစ်ဦးလည်းဖြစ်ပါသည်။

အနာဂတ်အစားအစာ (Future Food) ဆိုတာ ဘာတွေလဲလို့ မိတ်ဆွေတွေမေးကြတယ်.. တိုးပွားလာနေတဲ့ ကမ္ဘာ့လူဦးရေကို အာဟာရပြည့်ဝစွာ ကျွေးမ...
09/07/2026

အနာဂတ်အစားအစာ (Future Food) ဆိုတာ ဘာတွေလဲလို့ မိတ်ဆွေတွေမေးကြတယ်.. တိုးပွားလာနေတဲ့ ကမ္ဘာ့လူဦးရေကို အာဟာရပြည့်ဝစွာ ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ ရည်ရွယ်ဖန်တီးထားတဲ့- ဆန်းသစ်တီထွင်ထားတဲ့- ရေရှည်တည်တံ့ပြီး သိပ္ပံနည်းကျကျ မွေးမြူစိုက်ပျိုးထုတ်လုပ်ရေးမှာ အဆင့်မြင့်တဲ့ အစားအစာထုတ်ကုန်များကို ရည်ညွှန်းပါတယ်..
သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချရန်၊ ရောဂါဘယများကို ကာကွယ်တားဆီးရန်နှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် သယံဇာတအရင်းအမြစ် ရှားပါးမှုပြဿနာများကို ဖြေရှင်းနိုင်ရန်ဆိုတာတွေလည်းပါပါတယ်.. နာမည်တပ်ရမယ်ဆိုအများကြီးရှိပါတယ်.. နောက်မှသက်သက်ရေးပါဦးမယ်..

အရင်အပတ်က ဖြန့်ဝေပေးခဲ့တဲ့ စာတမ်းကို လူရာနှင့်ချီ တောင်းဆိုခဲ့ကြပြီး အများစုက အရွယ်ရောက်ပြီး အမျိုးသမီးများနှင့် မိဘများ ဖြစ်ကြပါတယ်။ ဒါကိုကြည့်ရင် ကလေးငယ်များနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ မိသားစုဝင်များရဲ့ နေ့စဉ်စားသောက်မှုအလေ့အထများအပေါ် စိုးရိမ်ပူပန်နေကြကြောင်း သိသာစေပါတယ်..

မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များဖြစ်တဲ့ (Ultra-processed foods)၊ စီးပွားဖြစ်ထုတ်လုပ်ထားသော သရေစာများ၊ အချိန်ကြာမြင့်စွာ ချက်ပြုတ်ခြင်းနှင့် အကြိမ်ကြိမ်ပြန်လည်အပူပေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ၊ Labelling ဆိုင်ရာ မူဝါဒပိုင်း လိုအပ်ချက်များနဲ့ တဖြည်းဖြည်း လှုပ်ရှားမှုနည်းပါးလာသော ခေတ်သစ်နေထိုင်မှုပုံစံများကို ပါရဂူဘွဲ့ (Ph.D.) သုတေသနအကြောင်းအရာ တစ်စိတ်တစ်ပိုင်းအဖြစ် ကုသိုလ်ဖြစ် မျှဝေနိုင်ခဲ့တဲ့အတွက် ပီတိဖြစ်မိပါတယ်..

Wunna Kyaw
Co-Founder & Business Communication
Future Food Asia


09/07/2026
Future Food Asia အဖွဲ့သားများ Ministry of Public Health, Department of Thai Traditional And Alternative Medicine ဌာနကနေက...
09/07/2026

Future Food Asia အဖွဲ့သားများ Ministry of Public Health, Department of Thai Traditional And Alternative Medicine ဌာနကနေကြီးမှူးကျင်းပပြီး ထိုင်းကုမ္ပဏီတွေသီးသန့်ပါဝင်ပြသတဲ့ ထိုင်းနိုင်ငံရဲ့အကြီးဆုံး ရိုးရာတိုင်းရင်းဆေးဝါးနဲ့ဓါတ်စာပြပွဲမှာ Future Food Asia အဖွဲ့ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ P. Tu ရဲ့ နာမည်ကျော်ထုတ်ကုန်တစ်ခုကို အစိုးရကပေးတဲ့ Innovative Herbal Medicine Award ကိုတက်ရောက်ရယူခဲ့ပါတယ်..

ထိုင်းတိုင်းရင်းဆေးနဲ့သဘာဝဓါတ်စာစျေးကွက်က ၂၀၂၆ မှာ 1.6 Billion US$ ရှိနေပြီး ၂၀၃၀ မှာ 2.6 Billion ဖြစ်လာဖို့ အစိုးရကတွန်းအားပေးနေပါတယ်..

“မြန်မာ့အစားအစာဝန်းကျင်နဲ့ USDA-HHS Food Pyramid အသစ်”မြန်မာပြည်ကို ရိုက်ကူးရေးရှိလို့ ၃ ပတ်ပြန်တယ်.. (၈)ရက်ဆက်တိုက် မန္...
02/06/2026

“မြန်မာ့အစားအစာဝန်းကျင်နဲ့ USDA-HHS Food Pyramid အသစ်”

မြန်မာပြည်ကို ရိုက်ကူးရေးရှိလို့ ၃ ပတ်ပြန်တယ်.. (၈)ရက်ဆက်တိုက် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်ခရီးသွားတယ်.. ကျွန်တော့်အတွက် အစားအစာရွေးချယ်မှုခက်ခဲခဲ့တယ်.. အလုပ်ပင်ပန်းလို့ မဆင်မခြင်သောက်စားမိလိုက်တာ အကြောတွေတက် ဇက်ကျီးပေါင်းပြန်ထလာလို့ (၁၀)ရက်လောက် မူးမူးဝေဝေလေးနဲ့နေလိုက်ရတယ်.. ပြန်သတိထားပြီး ထိုင်းမှာနေသလို ပြန်စားမယ်လုပ်တော့ ကိုယ်စားနေကျ/စားချင်တာတွေက လက်လှမ်းမမီဖြစ်နေတယ်.. ပြန်ခါနီး သွေးစစ်တော့ ထင်ထားတဲ့အတိုင်း အရက်သောက်တာရက်ဆက်နေလို့ Bilirubin တက်နေတာရယ် LDL တက်နေတာရယ်တန်းတွေ့တာပဲ.. ကျန်တာအားလုံးကောင်းပါတယ်.. ကိုယ့်အသက်အရွယ်မှာတော့ ကျန်းမာတဲ့ထဲပါနေတုန်းပဲ.. မဆင်ခြင်ရင်နောက်(၅)နှစ်အတွင်း ရောဂါရဖို့ရှိတယ်လို့အဖြေထွက်တယ်.. ( https://www.facebook.com/ShweBhoneClinic က ရောဂါဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာခိုင်ခိုင်မြင့်ကိုကျေးဇူးတင်ပါတယ်)

ကျွန်တော်တို့ မြန်မာ့လူ့ပတ်ဝန်းကျင်ကအိမ်ချက်/ရောင်းချ အစားအစာချက်ပြုတ်စားသုံးမှုတွေကို (၂၀၂၆)ဇန်နဝါရီလ(၇)ရက်နေ့ကမှ U.S. Department of Agriculture (USDA)- U.S. Department of Health and Human Services (HHS) တို့က အသစ်ပြောင်းလဲထုတ်ပြန်လာတဲ့ လူသားတွေအတွက် အစားအသောက်စားသုံးမှုဆိုင်ရာ Dietry Guideline နဲ့ ယှဉ်တွဲသုံးသပ်မိပါတယ်.. (၂၀၁၁)ခုနှစ်ကနေ (၂၀၂၆)ခု (၁၅)နှစ်တာကာလအတွင်းက ကျင့်သုံးခဲ့တဲ့ပုံစံနဲ့ ပြောင်းပြန်နီးပါးဖြစ်သွားတယ်.. ဒါဟာ လူသားတွေအတွက် သမိုင်းဝင်အပြောင်းအလဲတစ်ခုဖြစ်တယ်လို့ဆိုတယ် (ပုံကိုကြည့်ပါ).. Eat Real Food - တကယ့်အစာကိုစားပါ ဆိုတဲ့ Campaign နဲ့ကို အစိုးရကိုယ်တိုင်က အမျိုးသားကျန်းမာရေးအစီအစဉ်အဖြစ်ကြေငြာလာတာပါ ( https://realfood.gov/)

- အရင်က သန့်စင်ချွတ်ဆေးထားတဲ့ ဆန်ဖြူ/ပေါင်မုန့်/အုတ်ဂျုံ/ Pasta လိုမျိုး Refine Carbs တွေကို အများဆုံးစားသင့်တယ်လို့ပြတယ်.. အဆီ၊ အချိုကိုအနည်းဆုံးစားရမယ်လို့ပြတယ်.. အခုပုံအသစ်မှာ ပရိုတင်းဓါတ်ကြွယ်၀တဲ့ ငါး၊ ကြက်၊ ကြက်ဥ၊ ပဲ၊ အစေ့အဆံတွေကိုအများဆုံးစားရမယ်လို့ပြတယ်

- ဒုတိယအနေနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ နို့၊ ချိစ်
- တတိယနေရာမှာ ကျန်းမာသောအဆီများဖြစ်တဲ့ ထောပတ်သီး၊ အဆီပါတဲ့ အစေ့အဆံ၊ Unsatuated Fats ကဏ္ဍထဲက အဆီအမျိုးမျိုးကိုစားရမယ်လို့ဆိုတယ် (အချိုမဖြစ်မနေစားသင့်တယ်လို့လုံး၀မဖော်ပြထားတော့ပါ)

- စတုတ္ထနေရာကျမှ အသီးအရွက်

- နံပါတ်(၅)နေရာမှာ အသီးအနှံ

- နောက်ဆုံးကျမှ Whole Grains (ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း စသည်ဖြင့်) ကိုအနည်းဆုံးထားစားရမယ်လို့ပြနေတယ် -

တစ်နည်းအားဖြင့် ထုတ်လုပ်မှုအဆင့်အနည်းဆုံးနဲ့ အရည်အသွေးအကောင်းဆုံး Quality Carbs တွေကိုသာစားဖို့တိုက်တွန်းနေတာကိုတွေ့တယ်..

ခုတစ်ခေါက်ပြန်တော့ မြန်မာပြည်မှာ ဆိတ်သားကလွဲလို့ကျန်တဲ့အသားတွေပုံမှန်စားခွင့်ရပါတယ်.. ဆိတ်သားကတော့ အတော်စျေးကြီးနေပါတယ်.. ကြက်ဥကလည်း City Mart မှာ ကြက်ဥဝယ်မရတာကြုံခဲ့ရပါတယ်.. သို့သော် အများအားဖြင့် အချိန်ကြာကြာဆီသတ်ချက်ထားတဲ့ ဆီပြန်ဟင်းတွေသာ များပါတယ်.. Freshly Cooked ဆိုရင်တောင် အရသာရှိအောင် Flavor Enhancer များများထည့်ထားတဲ့ အဆီတရွှဲရွှဲဟင်းလျာတွေသာများပါတယ်.. အကင်ဘက်လှည့်လိုက်ပြန်တော့ နယ်ထားတဲ့ဆိုးဆေးနဲ့ သုတ်တဲ့အဆီ၊ မီးကျွမ်းနေသော အပိုင်းအစများကိုရှောင်မရပါ..

- အချိုမပါသော.. ချဉ်သင့်သော (pH Level 4.0- 4.5 ကြား Titratable acidity (TA) 0.85% to 1.20% lactic acid equivalent) ရှိတဲ့ ဒိန်ချဉ်ရှာရခက်နေပါတယ်.. ဥပမာပြောရရင် ကျွန်တော်က အကျိုးပြု Probiotics ထက် အဆီဓါတ်ပိုများတဲ့ Greek Yogurt တို့ မလိုင်ဒိန်ချဉ်တို့သိပ်မစားပါ..

- ထောပတ်သီးလှိုင်လှိုင်ထွက်သောနိုင်ငံမှာ ထောပတ်သီးဖျော်ရည်ရှာရခက်ပါတယ်

- ပြောင်းစေ့ကိုပြည်ပပို့ကုန်အများဆုံးတင်ပို့နေ၊ အရက်ချက်နေတဲ့တိုင်းပြည်မှာ Cooked/ Instant Oats အနေနဲ့ပြည်တွင်းထွက်ကုန်အလွန်နည်းပါနေတာကိုသတိထားမိပါတယ်

- ကော်ဖီစေ့ကောင်းကောင်းလှိုင်လှိုင်ထွက်သောနေရာမှာ အစေ့ကနေကြိတ်ပြီးထုတ်ထားသော ကော်ဖီအစစ်ကို လဖက်ရည်ဆိုင်တွေမှာရှာရခက်ပြီး ကော်ဖီဆိုင်တွေက တစ်ခွက်ကို (၉၀၀၀)-(၁၂၀၀၀)ရောင်းနေကြပါတယ်.. ထိုင်းမှာဆို ဘတ်(၃၀)လောက်ကစ နေရာတိုင်းမှာဝယ်လို့ရပါတယ်..

- ပတ်ဝန်းကျင်မှာ ထမင်းများများစားရမှ အနှစ်ပါသောဟင်းတွေကိုစားရမှ တင်းတိမ်သောသူများစွာတွေ့နေရဆဲပါ

- Refined Carbs, Refined Suger, Processed Food များများစားလေ ပြန်ဗိုက်ဆာတဲ့အချိန်ပိုတိုလေဖြစ်တာကြောင့် ဆီးချိုဖြစ်နိုင်ချေပိုများပါတယ်

- Ghrelin ဆိုတဲ့ Hunger Hormone ဟာ ခန္ဓာကိုယ်ကတကယ်မလိုအပ်နေပဲ ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက်ကိုပေးပါတယ်.. အာဟာရမလိုအပ်နေပဲ စားချင် အရသာခံချင်တဲ့စိတ်ဖြစ်စေတာမို့ ဦးနှောက်အာရုံကြောဆိုင်ရာဆရာဝန်တွေက အဲ့ဒီလက္ခဏာကို Hedonic Hunger လို့လည်းခေါ်ပါတယ်.. အ၀လွန်သူတွေမှာ လှုပ်ရှားမှုနည်းပေမယ့် တစွတ်စွတ်စားတဲ့အမူအကျင့်ကိုတွေ့ရတာမျိုးပါ

- လက်ရှိအချိန်အာရှသုတေသနစစ်တမ်းတွေမှာတော့ စင်ကာပူနဲ့ဂျပန်က ကျန်းမာရေးနဲ့ညီညွတ်သောစားသောက်မှုပုံစံကိုတည်ဆောက်ထားတာ အကောင်းဆုံး(၂)နိုင်ငံအဖြစ်အဖြေထွက်ထားပါတယ်.. လူသားတွေကို ကျန်းမာရေးထိခိုက်စေတဲ့ အဓိကအစားအသောက်တွေဖြစ်တဲ့ အချိုဓါတ်ကဲသော ဖျော်ရည်များ (sugar-rich beverages)၊ ပမာဏများသော အဆာပြေဆီကြော်မုန့်မျိုးစုံ (large portions of fried snack foods)၊ ကယ်လိုရီများစွာပါဝင်တဲ့အချိုပွဲတွေ (highly energy-dense desserts) ထုတ်လုပ်မှုကို အစိုးရကမူဝါဒချမှတ် ကန့်သတ်ထားတာအဓိကအချက်ပါ.. (ဒါတောင် လူငယ်ထုမှာ Fast Food စားသုံးမှုမြင့်တက်လာနေတာကို လျှော့ချနိုင်ဖို့ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပဋိပက္ခတွေရှိပြန်ပါတယ်)
- မန္တလေးမြို့ပေါ်မှာတော့ အချိုနှစ်ဆကဲထားတဲ့ မုန့်ဆိုပြီး ဘေဘုတ်တင်ကြော်ငြာထားတာကိုစိတ်မကောင်းစွာတွေ့ခဲ့ရပါတယ်..

- ကျန်းမာရေးချို့တဲ့လာရင် ပထမဆုံးဆန်းစစ်ရမှာက ဘာတွေကြိုက်ခဲ့လဲ လက်ရှိဘယ်လိုစားဖြစ်နေလဲ ကျန်းမာအောင်စားသောက်ဖို့ ဘယ်လောက်လေ့လာအားထုတ်ခဲ့သလဲ ဆိုတာပဲဖြစ်ပါတယ်..

- ကိုယ့်ကားထွက်မရတဲ့နေ့မှာ တက်စီစီးရင်း တက်စီသမားက ရောဂါထူကြောင်းငြီးလို့ ဒါတွေပြောမိတော့ နိုင်ငံရေးကိုအပြစ်တင်ပါတယ်..
စားကောင်းပြီး ကျန်းမာကြပါစေ

Wunna Kyaw

မြန်မာ့ဆန် ကမ္ဘာ့အော်ဂဲနစ်စျေးကွက်ကိုရောက်နိုင်မလား?THAIFEX – Anuga Asia 2026 ပွဲပြီးပြီ.. ဒီနှစ်က အော်ဂဲနစ်ဆန်ထွက်ကုန်တ...
02/06/2026

မြန်မာ့ဆန် ကမ္ဘာ့အော်ဂဲနစ်စျေးကွက်ကိုရောက်နိုင်မလား?

THAIFEX – Anuga Asia 2026 ပွဲပြီးပြီ.. ဒီနှစ်က အော်ဂဲနစ်ဆန်ထွက်ကုန်တွေ လွှမ်းမိုးတယ်.. Potential သိပ်ကောင်းတဲ့ စျေးကွက်ကြီးဖြစ်လာနေတယ်.. ဆန်မြင်တိုင်း ကိုယ့်တိုင်းပြည်ကိုလွမ်းမိတယ်.. ကျွန်တော်တို့ Future Food Asia အဖွဲ့သားတွေ Functional Ingriedient Trade အတွက် ကုမ္ပဏီတွေ ဘဏ်တွေ ဒေသကိုယ်စားပြုအဖွဲ့အစည်းတွေနဲ့တွေ့ကြတယ်.. ဆန်အခြေပြုထုတ်ကုန်မျိုးစုံတွေနမူနာရတယ်.. အထူးသဖြင့် ဥရောပ၊ ဂျပန်၊ အမေရိကားတိုက်အထိ လှမ်းရောင်းနေတဲ့ အော်ဂဲနစ်ဆန်ထုတ်ကုန်တွေများတယ်.. ထိုင်းနိုင်ငံရဲ့ ဆန်နဲ့ဆန်အခြေပြုထုတ်ကုန် ပြည်ပပို့ကုန်ရငွေတန်ဖိုးက ၂၀၂၅ ကစပြီး တစ်နှစ်ကို USD 4 Billion လောက်ရနေတယ်.. အဲ့ဒီပမာဏဟာ ပြည်တွင်းမှာထွက်နေတဲ့ ဒီဇယ် ဓါတ်ဆီမလောက်လို့ အခြားနိုင်ငံက တင်သွင်းရတဲ့ Annual Import Value နဲ့ ချေလို့ရတယ်လို့ဆိုတယ်.. လက်မှတ်ရအော်ဂဲနစ်ဆန်တင်ပို့နိုင်မှုက တစ်နှစ်ကို တန်(၂၃၀၀၀)လောက်ရှိတယ်.. ဒါ့အပြင် Value Added လုပ်ပြီး အော်ဂဲနစ်ဆန်ကထုတ်တဲ့ ခေါက်ဆွဲမျိုးစုံလည်း ကမ္ဘာကိုတင်ပို့နေတယ်..

ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော အဲ့လိုမလုပ်နိုင်ဘူးလားလို့မေးစရာရှိတယ်..

ဆန်ကို အော်ဂဲနစ်လို့သတ်မှတ်နိုင်ဖို့ Food System မှာ Organic Certification Process အသက်ဝင်ဖို့လိုတယ်.. မြေထွန်ယက်ပြုပြင်ခြင်းကနေ မျိုးကျဲ ကောက်စိုက် ရိတ်သိမ်းခြွေလှေ့ ကြိတ်ခွဲထုပ်ပိုးတဲ့အထိ အဆင့်တိုင်းမှာ မှတ်တမ်းတင်ဖို့ Audit System ရယ် ဒါတွေကို စစ်ဆေးအတည်ပြုပေးနိုင်ဖို့ Certification Body Representative တွေရယ်လိုတယ်.. အမေရိကားကိုပို့ဖို့ USDA Organic , ဂျပန်ဆို JAS Organic, China Organic စတာတွေကနေ ဥရောပ- အင်္ဂလန်အထိပို့မယ်ဆိုရင် Supply Chain တစ်ခုလုံးမှာ HACCP, GMP / GHP, ISO 22000, BRCGS, FSSC 22000 လက်မှတ်တွေအောင်ထားဖို့လိုတယ်..

မြန်မာပြည်မှာလုပ်မယ်ဆိုဖြစ်နိုင်တဲ့နည်းတွေရှိပါတယ်.. ဒေသခံသမဝါယမအသင်းတွေနဲ့ချိတ်ဆက်ပြီး ကုမ္ပဏီကြီးတွေဝင်ပါမှရမယ်.. Farm Level - Collection Level- Processing Level အထိ Organic Standard ကိုမြှင့်ကြရမယ်.. ကျွန်တော်ဉာဏ်မီသလောက်မေးကြည့်တော့ ထိုင်းကုမ္ပဏီတွေက မြန်မာကိုကူညီထောက်ပံ့ပေးပြီး ကမ္ဘာ့စျေးကွက်ကိုတူတူတွဲရောင်းဖို့ အကျိုးစီးပွားဘက်မျှစွာ လုပ်ကိုင်ကြဖို့စိတ်ဝင်စားတယ်.. သတိထားစရာတွေတော့ရှိတယ် .. ဥပမာ- ဥရောပစျေးကွက်အကြိုက် Pasta ခေါက်ဆွဲ၊ ဂျပန်စျေးကွက်အကြိုက် Ramen ခေါက်ဆွဲတွေလုပ်ဖို့ ဆန်အမျိုးအစားကွဲတွေကိုစိုက်ပျိုးအောင်မြင်တဲ့ နေရာဒေသမတူကြဘူး... Soil Test, Yield Test တွေလုပ်ပြီးသုတေသနအရင်လုပ်ရမယ်.. ပြီးရင် ဧကရာနဲ့ချီပြီး တစ်ပြိုင်တည်းစိုက်ကြရမယ်.. ဒီမှာက Farmer Community Coorporative တွေက ပညာတတ် လူလတ်ပိုင်းတွေဦးစီးပြီး ကုမ္ပဏီတွေနဲ့ ဆက်ဆံရေးကောင်းတယ်.. အစိုးရသိပ်မပါလည်း သူတို့ဘာသာစီးပွားဖြစ်အောင်လုပ်နိုင်တယ်.. တစ်ခုပဲရှိတာ မြန်မာပြည်မှာလို ဒေသဆိုင်ရာလုပ်ပိုင်ခွင့်နဲ့ သယ်ယူပို့ဆောင်ရေးအတွက် ဆက်ကြေးပေးရတဲ့ Hidden Cost တွေမရှိဘူး.. မေတ္တာကြေးဆိုတာလောက်တော့ ရှိတယ်.. “ငါကျေနပ်အောင်မဆက်သထားရင် စီးပွားဖျက်လိုက်မှာနော်” ဆိုတဲ့ ခြိမ်းခြောက်တာမျိုးမရှိဘူး..

စိတ်ဝင်စားစရာကောင်းတာက အခြားအနောက်နိုင်ငံအကြိုက်ခေါက်ဆွဲအမျိုးမျိုးတင်မကပဲ အော်ဂဲနစ်ဖတ်ထိုင်းခေါက်ဆွဲဟာလည်း ကမ္ဘာ့စျေးကွက်မှာအရောင်းသွက်ထုတ်ကုန်တစ်ခုဖြစ်နေတယ်..

ထိုင်းကနေ ကျွန်တော်တို့သင်ယူခွင့်ရနေတဲ့ Sustainable Food System နည်းနာတွေကို အသုံးချဖို့အခွင့်အရေးသာရခဲ့ရင်- သမ္မာအာဇီ၀လုပ်ပြီး ဘယ်သူ့မျက်နှာကိုမှမကြောက်ရရင်- ကိုယ့်ပစ္စည်းကိုယ် တရားဝင်သယ်တာတောင် ဘာကြေးညာကြေးတွေပေးနေရတာမျိုးမရှိခဲ့ရင် ကျွန်တော်မြန်မာပြည်ပြန်ပြီး အော်ဂဲနစ်ဆန်စိုက်ရင်ကောင်းမလားလို့တောင်တွေးနေမိတယ်..

ที่อยู่

Food Innovation, Nutrition And Health, Asian Institute Of Technology
Rangsit
12120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Future Food Asia - Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์