Phyo Lin ဗဟုသုတ၊ဟာသရသများအား အစဉ်တစိုက် အမြဲအားပေးနေသူများကို ကျေးဇူးတင်ပါတယ် 🙏

ရုပ်လေးက ဘယ်လိုလေးလဲ
08/05/2026

ရုပ်လေးက ဘယ်လိုလေးလဲ

အသိပညာလိုအပ်တယ်
08/05/2026

အသိပညာလိုအပ်တယ်

အညှိုးမထားဘူး***********************ကိုယ့်မူနဲ့ ကို နေထိုင်တတ်ပေမဲ့ အကောင်းမြင်စိတ်တော့ ကျွန်တော်မွေးတယ် ပတ်ဝန်းကျင်ကလွှ...
08/05/2026

အညှိုးမထားဘူး
***********************
ကိုယ့်မူနဲ့ ကို နေထိုင်တတ်ပေမဲ့ အကောင်း
မြင်စိတ်တော့ ကျွန်တော်မွေးတယ် ပတ်ဝန်းကျင်က
လွှမ်းမိုး လာတဲ့ သူတွေမလိုအပ်တဲ့ လွှမ်းမိုးမှုတိုင်းကို လက်မခံဘူးကျွန်တော့မှာ အမှားတွေ
ရှိရင် သင်ခန်းစာ ယူတတ်တယ် ဘယ်သူနဲ့
ဖြစ်ဖြစ် မှားမှား မှန်မှန်အကျိုးမရှိရင်တော့
ပြိုင်မငြင်းဘူး ကျွန်တော်က ကြိုးစားနေသူတယောက်မို့ မအောင်မြင်သေးတာတွေ ကြိုးစားနေချိန်မှာရှိမှာပါ
ကျရှုံးမှုကိုတော့ မခံဘူးလေ လဲကျတိုင်း ပြန်ထမယ်
တခြားလူတွေ ပြောတဲ့ စကားကို ယုံလွယ်
သူတော့ မဟုတ်ဘူး ဆင်ခြင်သုံးသပ်ပြီးမှ ဆုံးဖြတ်တယ် မလိုအပ်ရင် စကားတွေ အများကြီး မပြောဘူး
အရာရာကိုတော့မှတ်သားတယ် အညှိုးမထားဘူး ကျွန်တော်တအား သန်မာနေတာတော့
မဟုတ်ဘူး မိမိ ကိုယ်ကို မပြိုလဲအောင်
ထိမ်းတယ် ကိုယ့်ကိုယ် ကိုယ်
အားပေးပြီး သန်မာအောင် နေတယ်
အဆိုးတွေပြီးရင် တနေ့နေ့ အကောင်းတွေ
ရောက်လာမယ်လို့ ယုံကြည်တယ် အခက်အခဲ ကြုံတိုင်း
ရှုံးနိမ့်တတ်တာ မဟုတ်လို့ ကြိုးစားနေတဲ့ ကျွန်တော့အတွက်အောင်မြင်မှု ဆိုတဲ့ ပန်းတိုင် တကယ်ရှိပါတယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

မိမိလုပ်ရပ်ကြောင့်သူတစ်ပါး စိတ်ဆင်းရဲရရင်ကိုယ်ကိုယ်တိုင်လည်းစိတ်ချမ်းသာဖို့ မစဉ်းစားပါနဲ့။လောကမှာပြုသမျှ ပြန်ရတတ်ပြီးနာက...
08/05/2026

မိမိလုပ်ရပ်ကြောင့်သူတစ်ပါး စိတ်ဆင်းရဲရရင်
ကိုယ်ကိုယ်တိုင်လည်းစိတ်ချမ်းသာဖို့ မစဉ်းစားပါနဲ့။
လောကမှာပြုသမျှ ပြန်ရတတ်ပြီး
နာကျင်စေခဲ့သမျှကတစ်နေ့မှာ
တူသောအကျိုးအဖြစ်ကိုယ့်ဆီ ပြန်လာတတ်ပါတယ်။
ဒါကြောင့်ဘယ်အရာကိုမဆို
မေတ္တာနဲ့ ဆက်ဆံပါနားလည်မှုနဲ့ ပြုမူပါ
စိတ်ကောင်းရှိသူဟာနောက်ဆုံးမှာ
စိတ်ချမ်းသာမှုကိုပဲပိုင်ဆိုင်ရတတ်ပါတယ်။

တရုတ်တွေ ဝိုင်းနှိပ်စက်ခံရပြီး ဆေးရုံတက်နေရတဲ့ မြန်မာမောင်လေး — သတင်းအဆက်----------------------------------ဒီဖြစ်စဉ်မှာ ...
07/05/2026

တရုတ်တွေ ဝိုင်းနှိပ်စက်ခံရပြီး ဆေးရုံတက်နေရတဲ့
မြန်မာမောင်လေး — သတင်းအဆက်
----------------------------------
ဒီဖြစ်စဉ်မှာ မြန်မာမောင်လေးကို လက်ရှိ မြန်မာ
အသိုင်းအဝိုင်းတချို့နဲ့ “ခွန်ကမ်” တို့က
ကူညီပေးနေကြပြီး၊ တရုတ်ဘက်မှ
ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ
အရေးယူနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
မောင်လေးရဲ့ ပြောပြချက်အရ
ဖေ့ဘွတ်ကနေ သိကြတဲ့ လူတစ်ဦးက ထိုင်းနိုင်ငံမှာ
တရုတ်-မြန်မာ စကားပြန်အလုပ် ချိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် ပတ်စပို့နဲ့ ထိုင်းကို ဝင်ရောက်လာပြီး
ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ စကားပြန်အဖြစ်
အလုပ်လုပ်ခဲ့ပါတယ်။လစာအနေနဲ့ ဘတ် 20,000 မှ 30,000 အထိ ရမယ်လို့ ကတိပေးခဲ့ပေမယ့်
၂လကြာ အလုပ်လုပ်ပြီးနောက် လစာရှင်းရာမှာ
ဘတ် 24,000 သာ ရရှိခဲ့ပြီး ကျန်ငွေ
ဘတ် 10,000 ကျော် မရရှိသေးဘူးလို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ “ကျန်ငွေ လာယူနိုင်ပါတယ်” လို့ ပြောပြီး စားသောက်ဆိုင်တစ်ခုရဲ့ ရုံးခန်းထဲကို ခေါ်သွားခဲ့ကြပါတယ်။ အဲ့ဒီနေရာမှာ တရုတ်အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၅ ယောက် စောင့်နေပြီး —
တံခါးပိတ်ထားတဲ့ အခန်းထဲမှာ မောင်လေးကို ရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်။ နှိပ်စက်မှုတွေမှာ
လက်ချောင်းတွေကို ကိရိယာနဲ့ ညှပ်ခြင်း
သံတုတ်နဲ့ ရိုက်နှက်ခြင်း
ရေနွေးပူတွေ လောင်းချခြင်း (ပါးစပ်အပါအဝင်)
တရုတ် ၇ ယောက်က ညနေ 4:30 မှ ည 9:30 အထိ ဆက်တိုက် နှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်တစ်ကြိမ် ရေနွေးပူ ထပ်လောင်းဖို့ ကြိုးစားချိန်မှာ
မောင်လေးက အသက်စွန့်ပြီး ထွက်ပြေးနိုင်ခဲ့ပါတယ်။
လမ်းမပေါ်ကို ထွက်ပြေးလာတဲ့အခါ အနီးအနားရှိ မြန်မာနဲ့ ထိုင်းလူမျိုးတွေက တွေ့ရှိပြီး ကူညီပေးခဲ့ကြပြီး၊ နောက်ဆုံး “ခွန်ကမ်” ဆီကို အကြောင်းကြားကာ အကူညီတောင်းခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ
မောင်လေးဟာ အရိုက်ခံရတာ ၄ ရက်ခန့်ရှိနေပြီး
ပတ်စပို့စာအုပ်ကိုလည်း တရုတ်ဘက်က သိမ်းထားသေးပြီး ကိုယ်ပိုင် ပိုက်ဆံလည်း မရှိတဲ့ အခြေအနေဖြစ်နေပါတယ်“ခွန်ကမ်” ပြောကြားချက်အရ —
မောင်လေးကို လူမဆန်အောင် နှိပ်စက်ထားတဲ့ သက်သေထောက်ထားများရှိနေပြီး တရားစွဲဆိုနိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဆေးကုသမှု ဆက်လက်ပြုလုပ်နေပြီး နောက်ထပ် အခြေအနေတွေကို ဆက်လက် အသိပေးသွားမယ်လို့ ဆိုပါတယ်။မောင်လေးအတွက် တရားမျှတမှု ရရှိပါစေ

#သတင်းထူးသတင်းဦး #ထိုင်းသတင်း #ထိုင်းရောက်မြန်မာ

"အသက်ကွာခြားမှုက အတားအဆီးမဟုတ်ပါဘူး" — အသက် 30 နီးပါးကွာပေမဲ့ သာယာနေတဲ့ Tubtim ရဲ့ အချစ်ရေး ___________________________ထ...
07/05/2026

"အသက်ကွာခြားမှုက အတားအဆီးမဟုတ်ပါဘူး" —
အသက် 30 နီးပါးကွာပေမဲ့ သာယာနေတဲ့
Tubtim ရဲ့ အချစ်ရေး
___________________________
ထိုင်းမင်းသမီးချောလေး Tubtim Anyarin က
သူမရဲ့ ချစ်သူ P' Tide နဲ့ ပတ်သက်ပြီး
လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေကို ပွင့်ပွင့်လင်းလင်း
ရင်ဖွင့်လာခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ အသက်ကွာခြားမှု 30 နီးပါး
ရှိနေတဲ့အတွက် “မလိုက်ဖက်ဘူး” ဆိုတဲ့
ဝေဖန်သံတွေ မကြာခဏ ကြားနေရပေမယ့်
Tubtim ကတော့ သူမရဲ့ ရွေးချယ်မှုအပေါ်
ယုံကြည်မှုအပြည့်ရှိနေဆဲပါ။သူမရဲ့ အမြင်မှာတော့
“အသက်ကွာခြားမှုထက် အပြန်အလှန် နားလည်ပေး
နိုင်မှုက ပိုအရေးကြီးပါတယ်” လို့ ဆိုပါတယ်။
Tubtim ဟာ မိသားစုနဲ့ အမြဲတမ်း နီးနီးကပ်ကပ်
နေထိုင်သူဖြစ်တာကြောင့် သူမရဲ့ ချစ်သူကလည်း
မိသားစုကို နားလည်ပေးနိုင်ဖို့ အရေးကြီးတယ်လို့
အမြဲတွေးထားသူပါ။
P' Tide ကတော့ Tubtim ကိုသာမက
သူမရဲ့ မိသားစုကိုပါ နွေးနွေးထွေးထွေး
လက်ခံပေးထားသူဖြစ်ပြီး ဒီလိုနားလည်ပေးနိုင်တဲ့သူမျိုး
နောက်ထပ်ရှာတွေ့ဖို့ မလွယ်တော့ဘူးလို့ Tubtim က
ဖွင့်ဟလာခဲ့ပါတယ်။တချို့အချစ်တွေက အသက်နဲ့ မတိုင်းတာနိုင်ဘဲ နားလည်မှု၊ ဂရုစိုက်မှုတွေနဲ့ပဲ တည်ဆောက်ထားကြတာပါ


#ထိုင်းသတင်း #ထိုင်းရောက်မြန်မာ

ပြည်သူ့အချစ်တော် ဒေါင်းရဲ့ အောင်မြင်မှု့ကတော့ကြက်သီး ထလောက်ပါတယ် 😘🥰----------------မြန်မာ ပရိတ်သတ်တွေတင်မက ထိုင်း ပရိတ်သ...
07/05/2026

ပြည်သူ့အချစ်တော် ဒေါင်းရဲ့ အောင်မြင်မှု့ကတော့
ကြက်သီး ထလောက်ပါတယ် 😘🥰
----------------
မြန်မာ ပရိတ်သတ်တွေတင်မက ထိုင်း ပရိတ်သတ်တွေကပါ ဒီဇာတ်လမ်းကို အရမ်းစိတ်ဝင်စားတဲ့အပြင် မင်းသား ဒေါင်း ​မြန်မာလို့ ပြောပြတာနဲ့တင် သိပ်ကို ဂုဏ်ယူမိပါတယ် အားပေးလျှက်ပါ အချစ်တော်ရေ 21ရက်နေ့ စတင်ပြပြီဆိုတာနဲ့ ကြည့်ဖို့ အဆင်သင့်ပါ Channel 7ကလည်း ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်း ခံထားရပါတယ်။


#ထိုင်းရောက်မြန်မာ #မင်းသားဒေါင်း #ထိုင်းသတင်း

မြောက်ဥက္ကလာမြို့နယ် ခမရ ၄၃၅ ၊ ၄၃၆ တပ်ရင်းအနီးရှိ အမှတ် ၂ ရပ်ကွက်တွင် လက်နက်ကိုင်ဆောင်ထားသူများက ဓားပြဝင်တိုက်၊ ပြည်သူမျ...
07/05/2026

မြောက်ဥက္ကလာမြို့နယ် ခမရ ၄၃၅ ၊ ၄၃၆ တပ်ရင်းအနီးရှိ အမှတ် ၂ ရပ်ကွက်တွင် လက်နက်ကိုင်ဆောင်ထားသူများက ဓားပြဝင်တိုက်၊ ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခြင်းကြောင့် ဓားပြ အားလုံးကို အရှင်ဖမ်းမိ

-------------------------------------------------------------------

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ခမရ ၄၃၅ ၊ ၄၃၆ တပ်ရင်းအနီးရှိ အမှတ် ၂ ရပ်ကွက်တွင် လက်နက်ကိုင်ဆောင်ထားသူများက ဓားပြဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခြင်းကြောင့် ဓားပြ အားလုံးကို အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ် အမှတ် ၂ ရပ်ကွက်၊ သုဇိတာ ၇ လမ်းတွင်နေထိုင်သော ဗေဒင်ဆရာ ထိုက်အောင်လင်း နေအိမ်ကို သေနတ် ၂ လက်ကိုင်ဆောင်ထားသူ ၃ ဦးက ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓားပြဝင်ရောက်တိုက်နေစဉ် အိမ်ရှင် မိသားစုဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူး လှိုင်ဝင်းထွန်းကို ဖုန်းဆက် အကြောင်းကြားခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးအဖွဲ့က အဆိုပါနေအိမ်သို့ ရောက်ရှိသွားကြောင်း၊ ထိုသို့ အုပ်ချုပ်ရေးမှူး ရောက်ရှိလာစဉ် ဓားပြများက ၎င်းတို့ အားလုံးသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) များဟု ပြောဆိုခဲ့ကြောင်း၊ ထို့နောက် အုပ်ချုပ်ရေးမှူးက စရဖ အကူ ၁ နှင့် အကူ ၂ မည်သည့် အဖွဲ့မှ ဖြစ်ကြောင်း မေးမြန်းစဉ် ဓားပြများက နေအိမ်ပေါ်မှ ဆင်း၍ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ထွက်ပြေးသွားစဉ် ရပ်ကွက်နေပြည်သူများက ဓားပြများကို လိုက်လံ ဖမ်းဆီးရာ သစ္စာလမ်းထိပ်အရောက်တွင် ဓားပြများက သေနတ် ၂ ချက်ပစ်ဖောက်ပြီး လိုက်လံ ဖမ်းဆီးသည့် ပြည်သူများကို ဟန့်တားခဲ့သော်လည်း အနီးကပ် လုံးထွေး ဖမ်းဆီးနိုင်ခဲ့သောကြောင့် ဓားပြ ၃ ဦးလုံးကို အရှင် ဖမ်းနိုင်ခဲ့ကြောင်း သိရသည်။
"နေ့ခင်းဘက်ကြီးကို ဓားပြဝင်တိုက်တာ ပြီးတော့ ၂ ရပ်ကွက်ဆိုတာ ခမရ ၄၃၅ ၊ ၄၃၆ တပ်ရင်းနဲ့ နီးနီးလေး ပြည်သူတွေ ဝိုင်းဖမ်းလို့ မိသွားတာ မဟုတ်ရင် မိမှာမဟုတ်ဘူး။ ဓားပြတွေ သေနတ် ပစ်ဖောက်သွားတာ သေနတ်သံ ၂ ချက်လောက်ကြားလိုက်ရတယ်။ ပြည်သူတွေက ဝိုင်းပြီး လိုက်ကြတော့ ဟန့်တာပေါ့။ အနီးကပ်တွေ ဝင်လုံးနိုင်ခဲ့တော့ အကုန်လုံးကို ဖမ်းဆီးနိုင်ခဲ့တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ဖမ်းဆီးရမိသော ဓားပြ ၃ ဦးလုံးကို မြောက်ဥက္ကလာမြို့နယ် ရဲတပ်ဖွဲ့သို့ သက်သေခံပစ္စည်းများနှင့် အတူ အပ်နှံလိုက်ကြောင်း သိရသည်။

#သတင်းထူးသတင်းဦး

😱 အမေရိကန်မှာ နာမည်ကြီး စားသောက်ဆိုင်ပိုင်ရှင်က မိသားစုကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်‼********************အမ...
07/05/2026

😱 အမေရိကန်မှာ နာမည်ကြီး စားသောက်
ဆိုင်ပိုင်ရှင်က မိသားစုကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်
အဆုံးစီရင်‼
********************
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ လူသိများတဲ့ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက သူ့ရဲ့ ဇနီးနဲ့ သားသမီး (၂) ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ စိတ်မကောင်းဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေမှာ အသက် (၅၂) နှစ်အရွယ် Matthew Mitchell၊ ဇနီးဖြစ်သူ အသက် (၃၉) နှစ်အရွယ် Thy Mitchell နဲ့ သူတို့ရဲ့ (၈) နှစ်အရွယ် သမီး Maya၊ (၄) နှစ်အရွယ် သား Max တို့ ဖြစ်ကြပါတယ်။
သူတို့မိသားစုကို မေလ (၄) ရက်နေ့ ညနေပိုင်းက ဟူစတန်မြို့ River Oaks လူနေရပ်ကွက်ရှိ နေအိမ်အတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
မိသားစုနဲ့ အဆက်အသွယ်မရတာကြောင့် ကလေးထိန်းနဲ့ ဆွေမျိုးတစ်ဦးက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး ရဲအရာရှိတွေ သွားရောက်စစ်ဆေးရာမှ ဖြစ်စဉ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကတော့ “အခင်းဖြစ်နေရာက သက်သေတွေအရ Matthew Mitchell က မိသားစုဝင် (၃) ဦးကို ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ကာ အဆုံးစီရင်ခဲ့တာ ဖြစ်တယ်” လို့ ထုတ်ပြန်ထားပါတယ်။
Matthew Mitchell နဲ့ Thy Mitchell တို့ ဇနီးမောင်နှံဟာ ဟူစတန်မြို့မှာ လူသိများတဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်တွေ ဖြစ်ပြီး Travelers Table နဲ့ Traveler’s Cart ဆိုတဲ့ နာမည်ကြီး စားသောက်ဆိုင်တွေကို ဖွင့်လှစ်ထားသူတွေ ဖြစ်ပါတယ်။
သူတို့ရဲ့ စားသောက်ဆိုင်တွေဟာ Food Network ရဲ့ “Diners, Drive-Ins, and Dives” အစီအစဉ်မှာ ပါဝင်ဖော်ပြခံခဲ့ရဖူးသလို ဆိုင်ရဲ့ စားဖိုမှူးတစ်ဦးက နာမည်ကြီး Chef Bobby Flay ကို ပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
Matthew ဟာ Emory တက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်ပြီး စာရေးဆရာ၊ ဂျာနယ်လစ်အဖြစ် လန်ဒန်၊ ပါရီနဲ့ နယူးယောက်မြို့တွေမှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ဆေးဝါးကုမ္ပဏီ CEO အဖြစ် တာဝန်ယူခဲ့ပြီးမှ စားသောက်ဆိုင်လုပ်ငန်းလောကထဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဇနီးဖြစ်သူ Thy ကတော့ ဗီယက်နမ်စားသောက်ဆိုင်လုပ်ငန်း နောက်ခံရှိတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပြီး HR ခေါင်းဆောင်တစ်ဦးအဖြစ်လည်း အောင်မြင်ခဲ့သူလို့ သိရပါတယ်။
“ခရီးသွားရတာကို ဝါသနာပါတာနဲ့ အစားအသောက်ကို ချစ်မြတ်နိုးတာကပဲ သူတို့နှစ်ဦးကို ဆုံစည်းပေးခဲ့တာ” လို့ သူတို့ရဲ့ စားသောက်ဆိုင်ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
လက်ရှိမှာ Thy ရဲ့ ညီမဖြစ်သူကလည်း “ညီမလေး Thy နဲ့ ချစ်ရတဲ့ တူမ Maya၊ တူလေး Max တို့ ဆုံးပါးသွားတဲ့အတွက် အရမ်းစိတ်ထိခိုက် ကြေကွဲရပါတယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပြီး သတင်းကို အတည်ပြုထားပါတယ်။
ယခုအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#နိုင်ငံတကာသတင်း #ဟူစတန်

“စိတ်ဆိုးအောင်လုပ်… စိတ်နာအောင်တော့ မလုပ်နဲ့” ဆိုတဲ့ စကားကို တကယ်ဖြစ်သွားစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု _________________________...
07/05/2026

“စိတ်ဆိုးအောင်လုပ်… စိတ်နာအောင်တော့ မလုပ်နဲ့”
ဆိုတဲ့ စကားကို တကယ်ဖြစ်သွားစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ____________________________________

ထိုင်းနိုင်ငံ ဆာရပူလီမြို့မှာ မေလ ၆ ရက်နေ့
မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီအမှုမှာ —
အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခင်ပွန်းဖြစ်သူကို
ကားနဲ့တိုက်ပြီး သေဆုံးစေခဲ့ကာ နောက်ပိုင်းမှာ
ကိုယ်တိုင် အဖမ်းခံခဲ့ပါတယ်။
CCTV မှတ်တမ်းတွေအရ —
ကားတိုက်မှုဖြစ်ပြီးနောက် အမျိုးသမီးဟာ
အလွန်စိတ်နာနေတဲ့ပုံစံနဲ့ သေဆုံးနေတဲ့ ခင်ပွန်းရဲ့
မျက်နှာကိုတောင် ခြေထောက်နဲ့ နင်းခြေခဲ့တာ တွေ့ရပါတယ်။စစ်ဆေးချက်တွေအရ အမျိုးသမီးအသက် ၄၂ နှစ်ရှိပြီး သေဆုံးသူခင်ပွန်းက ၃၈ နှစ်အရွယ်ဖြစ်ကာ၊ ယခုခင်ပွန်းဟာသူမရဲ့ ဒုတိယမြောက် အိမ်ထောင်ဖက်ဖြစ်တယ်လို့ သိရပါတယ်။ပထမခင်ပွန်း သေဆုံးပြီးနောက် သူ့ရဲ့ သူငယ်ချင်းဖြစ်သူနဲ့ ပြန်လည်လက်ထပ်ခဲ့ကြတာဖြစ်ပြီး၊ နှစ်ဦးစလုံးမှာ ကိုယ်စီ ကလေးတစ်ယောက်စီ ရှိကြပါတယ်။အမျိုးသမီးဟာ ပထမခင်ပွန်း သေဆုံးချိန်က
အသက်အာမခံကြေး ဘတ် ၁ သန်းကျော် ရရှိခဲ့ပြီး —
နောက်ခင်ပွန်းဖြစ်သူက အဲ့ဒီငွေတွေကို သုံးဖြုန်းခဲ့တယ်လို့သိရပါတယ်။ပိုက်ဆံကုန်လာတဲ့နောက်ပိုင်းမှာတော့ —
ဆဲဆိုမှုတွေ၊ ရိုက်နှက်မှုတွေ၊ ပြဿနာတွေ
စတင်ဖြစ်ပေါ်လာခဲ့ပြီး အချစ်ကနေ စိတ်နာမှုအဖြစ်
ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၆ ရက် မနက်ပိုင်းမှာတော့ —
ခင်ပွန်းဖြစ်သူ ဆိုင်ကယ်စီးသွားတာကို ကားနဲ့
နောက်ကလိုက်ပြီး တိုက်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးကတော့ “စိတ်နာလို့ လုပ်ခဲ့တာ” လို့
ဝန်ခံခဲ့ပြီး လက်ရှိမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။ဒေါသနဲ့ စိတ်နာမှုတွေက တစ်ခဏအတွင်း ဘဝတွေကို ပျက်စီးသွားစေနိုင်တာ တကယ် ကြောက်စရာကောင်းပါတယ်… 💔

#ဗဟုသုတ #ထိုင်းသတင်း

မသိလို့ မေးချင်တာပါ။ ၂၀၂၅ ဦးပိန်တံတားမှာ သံပုရာသီးသုပ်ရောင်းပြီး ဖက်တီးမ နာမည်ကြီးတော့ သူ့ယောက်ျားကို ဗီဒီယိုတွေ၊ အင်တာ...
07/05/2026

မသိလို့ မေးချင်တာပါ။ ၂၀၂၅ ဦးပိန်တံတားမှာ သံပုရာသီးသုပ်ရောင်းပြီး ဖက်တီးမ နာမည်ကြီးတော့ သူ့ယောက်ျားကို ဗီဒီယိုတွေ၊ အင်တာဗျူးတွေထဲမှာ လုံးဝ မတွေ့ရ၊
-------------------------------
အဲဒီတုန်းက ကိုယ်တွေများ ဖြည့်တွေးပါတယ်။ ယောက်ျားဆိုတဲ့ အမျိုးက ဒီလိုပဲ၊ ကိုယ်ဝန်ဆောင်သည် မိန်းမကို ထားခဲ့တယ်ပေါ့။ ”လောကဓံကိုကြုံ မဖြုံဘူးဟေ့” ဆိုတဲ့ သီချင်းနဲ့ တစ်တော့မှာ ဖက်တီးမက သံပုရာသီးသုပ်တွေ နယ်ပြတော့လည်း အားပေးလိုက်ရတာ၊ ကားနဲ့ပါ တင်ခိုင်းပြီး အလုအယက် ဝယ်စားရတာ၊
ဟော ငလျင်ကြီး လှုပ်တော့လည်း ဖက်တီးမက မီးဖွားစရိတ်တွေ အကုန်လှူပစ်တော့ သူ့ခမျာ ယောက်ျား မရှိဘဲ ရုန်းကန် ရတာဆိုပြီး မီးဖွားစရိတ်တွေ လွှဲပေးတာ ကေပေးအကောင့်တွေပါ လစ်မစ် ပြည့်ကုန်တယ်။ ငလျင်ကိုတောင် အဲဒီလောက် မလှူဖြစ်ဘူး။
အဲဒါနဲ့ ဖက်တီးမ ငါးအရေခွံ့ကြော် စရောင်းပြီး အရမ်းရောင်းရလို့ စက်ရုံတွေ ဘာတွေ ဖွင့်တော့မှ သူ့ယောက်ျား ဆိုသူကို ဗီဒီယိုထဲ မြင်ရတော့တယ်။ ရုပ်ရှင်ထဲက ပြေတီဦးလို နိုင်ငံခြား ၃ နှစ် သွားပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ ပိုက်ဆံအပြည့်ပါတဲ့ သေတ္တာနဲ့ ”ငါချမ်းသာလာပြီ” ဆိုပြီး ပြန်လာတာလား မသိဘူး။
အဲဒီနောက်ပိုင်းတော့ ကားဝယ်လည်းပါ၊ ကမ်းခြေသွားလည်းပါ၊ ဘုရားဖူးလည်းပါ၊ ထိုင်းသွားလည်းပါ နေတော့တာပဲ။ အရင်က ပျောက်နေပြီး အခုမှ ပေါ်လာလို့ ထူးဆန်းတာတော့ အမှန်ပဲ။
မနာလိုတာတော့ မဟုတ်ပါဘူး၊ ဦးပိန် တံတားမှာ အချဥ်ပေါင်း ရောင်းနေတုန်းက ထောင်ထောင်မောင်းမောင်း ယောက်ျားက ဘယ်ရောက်နေတာလဲလို့ ဆယ်လီ ဖက်တီးမကို မေးပေးဦးနော်။

#ဖက်တီးမ

ที่อยู่

Mae Sot
63110

เบอร์โทรศัพท์

+66806237758

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyo Linผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์