Revolutionary Calendar Of Burma

โทร เส้นทาง

Revolutionary Calendar Of Burma လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့ အဓိပ္ပါယ် တို့တော်လှန်မှရလိမ့်မယ်

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) ယနေ့တွင် (၇၉) နှစ်ပြည့်မြောက်သည်။၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ ...
19/07/2026

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့)
ယနေ့တွင် (၇၉) နှစ်ပြည့်မြောက်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး (The Secretariat) ၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အမှုဆောင်ကောင်စီ (Executive Council) အစည်းအဝေး ကျင်းပနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်များ ကျဆုံးခဲ့ကြသည်။

ကျဆုံးခဲ့သော အာဇာနည် ၉ ဦး
ဗိုလ်ချုပ်အောင်ဆန်း – အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်။
သခင်မြ – ဘဏ္ဍာရေးဝန်ကြီး။
ဦးဘဝင်း – ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး (ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို)။
ဒီးဒုတ်ဦးဘချို – သတင်းအချက်အလက်ဝန်ကြီး။
မန်းဘခိုင် – စက်မှုဝန်ကြီး။
ဦးရာဇတ် – ပညာရေးနှင့် အမျိုးသားစီမံခန့်ခွဲရေးဝန်ကြီး။
စဝ်စံထွန်း – တောင်တန်းဒေသရေးရာဝန်ကြီး။
ဦးအုန်းမောင် – အတွင်းရေးရာဝန်ကြီး။
ကိုထွေး – ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော်။

#မမေ့နဲ့
#အာဇာနည်နေ့

ကျောင်းသားအရေးတော်ပုံ...မမေ့ကြနဲ့၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် (7 July 1962) ဟာ မြန်မာနိုင်ငံ တော်လှန်‌ရေးသမိုင်းမှာ ကျောင်...
07/07/2026

ကျောင်းသားအရေးတော်ပုံ...မမေ့ကြနဲ့

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် (7 July 1962) ဟာ မြန်မာနိုင်ငံ တော်လှန်‌ရေးသမိုင်းမှာ ကျောင်းသားအရေးတော်ပုံတခုအဖြစ် သမိုင်းဝင်ပါတယ်။

အဲဒီနေ့စွဲမှာ ... စစ်အာဏာရှင် နေဝင်းဦးဆောင်တဲ့အစိုးရရဲ့ မှုဝါဒများနှင့် ကျောင်းသားသမဂ္ဂ အပေါ်ဆောင်ရွက်ချက်များကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင်လ (၇) ရက်နေ့မှာတော့ လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြကျောင်းသားများကို သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ကျောင်းသားအများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြပြီး
နောက်တစ်နေ့ ဇူလိုင်လ (၈) ရက် နေ့မှာ‌တော့ အာဏာရှင် နေဝင်းတို့အုပ်စုဟာ သမ္မဂ အဆောင်အအုံကိုပါ ဖောက်ခွဲ ဖျက်စီးပစ်ခဲ့ကြခြင်းဖြစ်ပါတယ်။

" အဆောက်အဦးကိုသာ ဖြို့ချလို့ရခြင်ရမယ်။
ငါတို့ရင်ထဲက သမ္မဂစိတ်ဓာတ်ကိုတော့
ဘယ်တော့မှ ဖြိုဖျက်လို့မရ " ဆိုတဲ့ ကြွေးကြော်သံတခု သမိုင်းတွင်ခဲ့ပါတယ်။

ေ့နိုင်

ที่อยู่

Maesot
Mae Sot

เบอร์โทรศัพท์

+66979579320

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Revolutionary Calendar Of Burma โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่