เส้นทาง เว็บไซต์

Bokan Fish Paste ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Bokan Fish Paste, ร้านขายของชำ, Saraphi, Chiang Mai

မြန်မာငပိ၊ငံပြာရည်၊ငပိရည်ကျိုထုတ်ကုန်တွေကို စိမ်းစားရော၊အသင့်စားပါ အစုံအလင်ရရှိနိုင်မယ့် အွန်လိုင်းငပိဆိုင်ဖြစ်ပါတယ်။ မြန်မာပြည်ငပိစက်ရုံတိုက်ရိုက်ဖြစ်လို့ စျေးနှုန်းသက်သာပြီး စားသုံးသူစိတ်ကြိုက်အရည်အသွေးမျိုးစုံရွေးချယ်ဝယ်ယူနိုင်ပါတယ်။

"အလုပ်ပင်ပန်းလာတဲ့ ညနေတိုင်း ထမင်းမြိန်ဖို့ ဒါလေးပဲ လိုတာပါ..." 🤤🍚ထိုင်းမှာ အလုပ်လုပ်ရတာ စိတ်ရော လူရော ပင်ပန်းသမျှ ... ည...
19/10/2026

"အလုပ်ပင်ပန်းလာတဲ့ ညနေတိုင်း ထမင်းမြိန်ဖို့ ဒါလေးပဲ လိုတာပါ..." 🤤🍚

ထိုင်းမှာ အလုပ်လုပ်ရတာ စိတ်ရော လူရော ပင်ပန်းသမျှ ... ညနေ အိမ်ပြန်ရောက်လို့ တို့စရာလေးနဲ့ ငပိရည်ကျိုလေး နယ်စားလိုက်ရရင်ပဲ အမောတွေ ပြေသွားတာ မြန်မာလူမျိုးတွေရဲ့ သဘာဝပါ .. 🥗🌶️

ဒါကြောင့်မို့လို့ နှစ်ပေါင်း ၄၀ စေတနာအပြည့်နဲ့ ထုတ်လုပ်ထားတဲ့ "ဝင်းသန်း" ငပိနဲ့ ငံပြာရည်ကို ထိုင်းရောက် မြန်မာတိုင်း လက်လှမ်းမီအောင် သယ်ဆောင်လာပေးတာပါဗျာ 🇹🇭❤️

✨ ဘာလို့ ဝင်းသန်းကို ရွေးချယ်သင့်တာလဲ? ✨
🚫 တာရှည်ခံ ဆိုးဆေးများ လုံးဝမပါဝင်ပါ။
📦 အဆင်ပြေလွယ်ကူစွာ သိုလှောင်/စားသုံးနိုင်ပါတယ်။
🚚 ထိုင်းနိုင်ငံအနှံ့ ပစ္စည်းရောက်ငွေချေ (COD) စနစ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်။
✨✨ ချင်းမိုင်မြို့တွင်း Delivery Free နဲ့ ပို့ဆောင်ပေးပါတယ်ခင်မျ ..

ဒီနေ့ပဲ သင့်ထမင်းဝိုင်းကို မွေးရပ်မြေ အရသာနဲ့ အပြည့်အဝ အသက်သွင်းလိုက်ပါ! 🍛✨

ဝင်းသန်းငပိ၊ငံပြာရည် ရဲ့ page ပါခင်မျ၊ ဝင်းသန်းအကြောင်းကို လေ့လာလို့ရပါတယ်နော် မိတ်ဆွေ .....

https://www.facebook.com/WinThanMyinGyan

📩 မှာယူလိုပါက Send Message ကို နှိပ်ပြီးဖြစ်စေ သို့မဟုတ် Phone: 0840604409 သို့ ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်နော် .. 📲💬

ငပိနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးပါ၊ ဟိုးအရင်တုန်းက ဝင်းသန်းငပိရဲ့ page မှာဝေမျှခဲ့တာလေးတွေကို ပြန်လည်မျှဝေပေးတာပါခင်မျ...
19/10/2026

ငပိနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးပါ၊ ဟိုးအရင်တုန်းက ဝင်းသန်းငပိရဲ့ page မှာဝေမျှခဲ့တာလေးတွေကို ပြန်လည်မျှဝေပေးတာပါခင်မျ ..

ငပိနဲ့မကင်းနိုင်တဲ့ မြန်မာတို့အတွက် ဝင်းသန်းငပိ၊ ဘိုကံအသင့်စားငပိတွေကို ချင်းမိုင်မြို့မှာလဲ ဝယ်လို့ရပါတယ်နော်၊ ဒီ page ရဲ့ messenger ကနေ စာပို့ပြီး စုံစမ်းလို့ရပါတယ်ခင်မျ၊ လက်လီ/လက္ကားစျေးနှုန်းများလဲရှိပါတယ်၊ မြန်မာပြည်စက်ရုံတိုက်ရိုက်ရပါမယ်ခင်မျ။

https://www.facebook.com/share/p/1FSu61NDQY/

Facebook Friends တို့ကို မျှဝေပေးချင်တဲ့ ဗဟုသုတလေးကတော့ ငါးပိ အမျိုးအစားများအကြောင်းပဲဖြစ်ပါတယ်..
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာဖြစ်တဲ့..
❓ ငါးပိ အမျိုးအစားတွေက ဘာတွေလဲ
❓ ငါးပိ ဘယ်နှစ်မျိုး ရှိသလဲ
❓ ငါးပိကို ဘယ်ဒေသတွေမှာ ထုတ်လုပ်သလဲ
❓ ငါးပိကို ဘယ်လိုထုတ်လုပ်သလဲ
❓ ငါးပိကောင်းတွေရဲ့ လက္ခဏာက ဘာတွေလဲ
❓ ....... စသည် စသည်... တို့ကို ဝေမျှပေးချင်ပါတယ်..
စာရှည်ရင် ဖတ်ရတာ ပျင်းမှာစိုးတဲ့အတွက် သိသမျှ၊လေ့လာမိသမျှကို အကျဥ်းချုံးပဲမျှဝေပေးပါ့မယ်နော် ..
🍛 ငါးပိ အမျိုးအစားများ 🍛
-----------------------------------------------------------------
မြန်မာတို့နေ့စဉ်စားသုံးနေသော ငါးပိကို အကြမ်းအားဖြင့်အမျိုးအစားခွဲကြည့်ရင် ပုစွန်ငါးပိ နှင့် ငါးငါးပိ ဟု ၂မျိုးသာ ရှိပါတယ်။ ပုစွန်ဖြင့်လုပ်လျှင် ပုစွန်ငါးပိ၊ ငါးဖြင့်ပြုလုပ်လျှင် ငါးငါးပိဖြစ်ပါတယ်။
ပုစွန်ငါးပိကို ရေငန်အရပ်များဖြစ်သော ပင်လယ်ဖြစ်ချောင်းအင်းအိုင်းများမှ ဖမ်းဆီးရရှိသော ပုစွန်အမျိုးမျိုးမှ ထုတ်ယူရရှိပါတယ်။
ပုစွန်ငါးပိနှင့် ငါးငါးပိကို ဒေသအခေါ်အားဖြင့်လည်းကောင်း၊ လုပ်ငန်းဝေါဟာရအားဖြင့်လည်းကောင်း၊ စားသုံးမှုသဘောအားဖြင့်လည်းကောင်း - စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဓမင်းငါးပိ၊ ရေကျိုငါးပိ ဟု အမျိုးအစားများ ခွဲထားပါတယ်။
🦐 စိမ်းစားငါးပိ🦐
----------------------
ယခင်တုန်းကတော့ စိမ်းစားငါးပိ စစ်စစ်ကို မြိတ်၊ထားဝယ်နယ်များမှသာလျှင် အများအပြားထွက်ပီး စီပွားဖြစ်ရောင်းချကြပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသများက အနည်းငယ်သာ ထုတ်လုပ်ကြပါတယ်။ ဒီနေ့အချိန်မှာတော့ ပြောင်းပြန်ဖြစ်သွားပါပြီ။ မြိတ်၊ထားဝယ်ဘက်ကထွက်တဲ့ စိမ်းစားငပိက အရည်အသွေးအကောင်းဆုံးဖြစ်ပေမယ့် စျေးနှုန်းများတာနဲ့ ငပိတောင်သူ(ငပိထုတ်လုပ်သူ) နဲပါးလာတာတို့ကြောင့် စျေးကွက်ကျယ်ပြန့်မှုနဲပါးလာပါတယ်။ တဖက်မှာတော့ မြစ်ဝကျွန်းပေါ် (ဧရာဝတီတိုင်း) ပင်လယ်ဝဒေသများမှ တန်ဖိုးနဲပြီး အရည်အသွေးသင့်တင့်တဲ့ စျေးကွက်ဝင် မျှင်ငပိများကို အများအပြားထုတ်လုပ်လာကြပါတယ်။ မြိတ်၊ထားဝယ်ဘက်မှ ထွက်သောငပိစိမ်းစားကို မြိတ်ငပိဟုခေါ်ပြီး ဧရာဝတီတိုင်းမှထွက်သောငပိကို မျှင်ငပိ(ပုစွန်ငပိ)ဟု ခေါ်ပါတယ်။
စိမ်းစားငါးပိ သည် ရေငံပုစွန်ဆိတ် အကောင်သေးကလေးများဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ထိုပုစွန်ဆိတ်ကလေးများသည် ပင်လယ်ရေထရက်များတွင် အသိုက်အဝန်းဖွဲ့ကာ ရေမျက်နှာပြင်ပေါ်တွင် တဆွဆွခုန်ကူးပြေးလွှားနေခိုက် ကန်တော့အိတ်ပုံစံပိုက်ဖြင့် လိုက်လံထိုးယူရခြင်း ဖြစ်ပြီး ငါးဖမ်းသမားများက ဂွေးထိုးသည်ဟုခေါ်ပါတယ်။ ထိုပုစွန်ဆိတ်ကလေးများကို ဂွေး ဟု မြန်မာပြည်အောက်ပိုင်း(မြိတ်၊ထားဝယ်)မှ ရေလုပ်သားများခေါ်ဝေါ်လေ့ရှိကြပါတယ်။ ဧရာဝတီတိုင်းမှ ရေလုပ်သားများကတော့ မျှင် ဟုခေါ်ပါတယ်။
ဖမ်းယူရရှိထားသော ပုစွန်ဆိတ်ကလေးများကို ဆားပက် နေလှန်းပြီးနောက် အတော်အတန် သွေ့ခြောက်လာသည့်အခါ လက်ဆုံတွင်ထည့်ပီး ထောင်းလေသည်။ ဆားနှင့်ငါးပိ သမသည့်အခါ မြေအိုး မြေခွက်များတွင်ထည့်လျက် တလ နှစ်လကြာသည်အထိ သိပ်ထားရပါတယ်။
စိမ်းစားငါးပိဟု ခေါ်ခြင်းမှာ ထိုငါးပိကို ဖုတ်၊ကင်၊ကြော်လှော်ခြင်းမပြုပဲ စားသုံးနိုင်သောကြောင့်ဖြစ်ပါတယ်။
** စာရှည်သွားပြီမလို့ နောက်တခါမှ ဆက်ရေးပါဦးမယ်ခင်မျ။

17/10/2026

ဘိုကံကိုတွေ့ရင် ပျော်ရွှင်မှုကိုတွေ့ပြီပေါ့

16/10/2026

💥🫕 ဝင်းသန်းငံပြာရည်နဲ့ကြာဇံဟင်းခါးချက်မယ် 😋

🌻 ဝင်းသန်းနဲ့ဘိုကံထုတ်ကုန်များကို ချင်းမိုင်မြို့မှာ လက်လီ၊လက္ကားဝယ်ယူရရှိနိုင်ပါတယ် ..
🌻 မြန်မာပြည်စက်ရုံတိုက်ရိုက်ဖြစ်လို့ ပစ္စည်းအမျိုးအစားစုံလင်စွာရနိုင်ပြီး စျေးနှုန်းလဲ အထူးသက်သာပါမယ်နော် ...
🌻 အိမ်စားအတွက်ဖြစ်စေ၊ဆိုင်ရောင်းဖို့အတွက်ဖြစ်စေ ဝယ်ယူလိုလျှင် Bokan Fish Paste ရဲ့ page messenger ကိုနှိပ်ပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်ပါတယ်နော်
0922471274 (Line) ကနေလဲမှာယူလို့ရတယ်ခင်မျ

"စားသုံးသူအပေါင်း အဟာရသုခနဲ့ပြည့်စုံနိုင်ကြပါစေ"

13/10/2026
😋😋 ဒါမျိုးဟင်းတွေနဲ့ သာ ရွှဲရွှဲနယ်ပြီးလွေးလိုက်ရလို့ကတော့ ထမင်းတဇလုံ၊တဇလောင်းလဲ အသာလေးရယ်။ ငပိကောင်းရင် ဟင်းကောင်းတခွက်...
13/10/2026

😋😋 ဒါမျိုးဟင်းတွေနဲ့ သာ ရွှဲရွှဲနယ်ပြီးလွေးလိုက်ရလို့ကတော့ ထမင်းတဇလုံ၊တဇလောင်းလဲ အသာလေးရယ်။ ငပိကောင်းရင် ဟင်းကောင်းတခွက်ဖြစ်မှဖြစ်ပေါ့။ မြန်မာပါးစပ်ကတော့ ငပိနဲ့မကင်းနိုင်ဘူးလေ ..

♦ လေယူလေသိမ်းတောင် မြန်မာငပိသံလို့ ပြောစမှတ်ပြုရတဲ့အထိ ငါးပိ စားကြတာမလား ... ..

🍯💖 ငပိ၊ငံပြာရည်၊ငပိရည်ကျို၊ငပိထောင်းကောင်းကောင်းလေးနဲ့ လွေးပြီး မြန်မာပြည်ကို အလွမ်းဖြေချင်တယ်ဆိုရင်တော့ ..

👉 ဝင်းသန်းတံဆိပ်/ဘိုကံတံဆိပ်တွေကို မြည်းကြည့်ဖို့ ညွှန်းပေးချင်ပါတယ်မိတ်ဆွေ
💯 ဝင်းသန်းဆိုတာ ငါးပိ၊ငံပြာရည်၊ငါးပိရည်ကျိုနဲ့ ငါးပိထောင်းထုတ်ကုန်တွေချည်းသီးသန့်ထုတ်လုပ်တဲ့ လုပ်ငန်းတခုဖြစ်ပြီး မန္တလေးတိုင်း၊မြင်းခြံမြို့ကဖြစ်ပါတယ်
💯 ဝင်းသန်းဆိုတာ နှစ်ပေါင်း၄၀ကျော်သက်တမ်းရှိတဲ့ ငါးပိ၊ငံပြာရည်ရောင်းဝယ်ရေးလုပ်ငန်းတခုလဲဖြစ်ပါတယ်
💯 ဝင်းသန်းငပိထုတ်ကုန်တွေဟာ ကျန်းမာရေးထောက်ခံချက် FDA လက်မှတ်လဲရရှိထားပြီးဖြစ်သလို မြန်မာပြည်အလယ်ပိုင်း၊အထက်ပိုင်းနဲ့ရှမ်းပြည်တောင်ပိုင်း/မြောက်ပိုင်းတွေမှာ ရောင်းအားကောင်းပြီး မြန်မာပြည်အထက်ပိုင်း ငပိစျေးကွက်မှာ လူသိများတဲ့ Brand Name တခုလဲဖြစ်ပါတယ်
💯 ဘိုကံဆိုတာကတော့ ဝင်းသန်းငပိလုပ်ငန်းက ထုတ်လုပ်ထားတဲ့ အသင့်စားတံဆိပ်တခုဖြစ်ပြီး အခုဆိုရင်တော့ ချင်းမိုင်မြို့က ကုန်စုံဆိုင်တချို့မှာလဲ ဝယ်ယူလို့ရပါတယ်နော် .
💯 ဘိုကံအသင့်စားထုတ်ကုန်တွေက ငပိရည်ကျိုအနှစ်၊ငံပြာရည်ကြော်၊ငပိထောင်း၊ဘာလချောင်၊မန်ကျီးသီးစိမ်းငပိကြော် ဆိုပြီး မျိုးစုံရှိပြီး ဘိုကံတံဆိပ်အားလုံးက အသင့်စားတွေချည်းဖြစ်လို့ ကျို၊ချက်၊ကြော်၊လှော်ရတဲ့ ဒုက္ခတွေလဲမရှိပါဘူးနော်၊ ထမင်းစားတဲ့အချိန်မှပဲ အသင့်ဖောက်စားလိုက်ရုံပါပဲ

💯 ကြိုက်တဲ့ဘိုကံကိုစား လျှာလည်ရုံတင်မဟုတ်ပဲ လျှာနတ်ပြည်တက်သွားဖို့ပါ အာမခံပါတယ်နော် 🙂 🙂

🌻 အရည်အသွေးလဲမှီ၊ လူကြိုက်လဲများသော ဝင်းသန်းနဲ့ဘိုကံထုတ်ကုန်များကို လက်လီ၊ လက္ကား၊ ကိုယ်စားလှယ် စနစ်များဖြင့် မိတ်ဆွေတို့ရဲ့ အိမ်ဆိုင်၊ စျေးဆိုင်များသို့ အရောက်ပို့ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...
🌻 မြန်မာပြည်စက်ရုံတိုက်ရိုက်ဖြစ်လို့ ပစ္စည်းအမျိုးအစားစုံလင်စွာရနိုင်ပြီး စျေးနှုန်းလဲ အထူးသက်သာပါမယ်နော် ...
🌻 အိမ်စားအတွက်ဖြစ်စေ၊ဆိုင်ရောင်းဖို့အတွက်ဖြစ်စေ ဝယ်ယူလိုလျှင် Bokan Fish Paste ရဲ့ page messenger ကိုနှိပ်ပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်ပါတယ်နော်
0922471274 (Line) ကနေလဲမှာယူလို့ရတယ်ခင်မျ

"စားသုံးသူအပေါင်း အဟာရသုခနဲ့ပြည့်စုံနိုင်ကြပါစေ"

ที่อยู่

Saraphi
Chiang Mai
50140

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Bokan Fish Paste โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์