Aung Phyo စိတ်ကြိုက်

11/03/2025

11 ညနေ

56 R

01/11/2024

အိမ်ထောင်တစ်ခု ဖြစ်လာပြီဆိုရင်
လင်က ဘာပဲဖြစ်နေဖြစ်နေ
နူနူဝဲဝဲ မယားကောင်းပီသစွာ ပေါင်းဖက်ရတယ်.
ကြင်နာရမယ်။ မိန်းမ အမှု ပြုပေးရမယ်။

ချစ်လို့ ကြိုက်လို့ ယူထားပြီးကာမှ
မလိုချင် ပြန်အမ်းမရဘူး..
သူလည်း လူပျိုပြန်မဖြစ်သလို
ကိုယ်လည်း အပျိုပြန်မဖြစ်ဘူး..

ကြည်ဖြူလို့ ယူထားပြီးရင် ဘယ်မိဘ
ဘယ်အသိုင်းအဝိုင်း ဘယ်သူငယ်ချင်းက
သွေးထိုး သွေးထိုး နားမယောင်ရဘူး...
ကိုယ်ယူတဲ့လင် ကိုယ့်တောင်းကျွေးလည်း
လက်ခံရမှာပဲ..

အိမ်ထောင်ရေးကို.စမယ်မကြံသေးဘူး
ယောက်ျားတစ်ယောက်ရဲ့ အစွမ်းအစကို
အထင်သေးလို့မရဘူး..

မြန်မာမိန်းခလေး အမျိုးဘာသာချစ်ပြရုံနဲ့လည်း
မိန်းမ မပီသသေးဘူး..မိသားတစ်စုရဲ့ သမီးကောင်း
လင်ယောက်ျားအတွက် ဇနီးကောင်း အိမ်အတွက်
အမေကောင်း/အိမ်ထောင်ရှင်မကောင်း တစ်ယောက်
ဖြစ်နေရမယ်/ုကြိုးစားရမယ်။

လူ....ဆိုတာ..
အပြန်အလှန် လေးစားအထင်ကြီးတတ်မှ
အပြန်အလှန် နားလည်မှုရှိမှ အဆင်ပြေပြေပေါင်းသင်းလို့ရတာ..

နားလည်မှုမရှိတဲ့ တံခါးကို ဆက်ခေါက်နေရင်
လက်ပေါက်ရုံပဲ ရှိမယ်..

မိန်းမဆိုတာ မယားတစ်ယောက် ဖြစ်လာတာနဲ့
သမီးရည်းစားတုန်းကလို စိတ်ဆိုးစိတ်ကောက်
လုပ်နေလို့မရတော့ဘူး...game ဆော့ ကလေးလုပ်နေလို့မရဘူး..facebook တစ်နေကုန်သုံးနေလို့မရဘူး..

ဟိုတုန်းက ကောင်မလေးတစ်ယောက်ဟုတ်ချင်ဟုတ်မယ်
အိမ်ထောင်ရှင် ဖြစ်လာရင် အမျိုးသမီးတစ်ယောက်လို
ရင့်ကျက်တည်ငြိမ်ရမယ်..အိမ်မှုကိစ္စ၊လင်မှုကိစ္စ ၊ နှစ်ဖက်မိသားစုအရေး မျှတအောင် စီမံရမယ်။စုဆောင်းရမယ်။ ပစ္စည်းဥစ္စာဖြို စဖိုက ဆိုတာ အလကားမဟုတ်ဘူး။ယောက်ျားရှာသမျှကို မျှသအောင် ထိန်းရမယ် ။
အခု သုံး၊လှူ၊စု၊ပေး ဤလေးခုကို မျှရမယ်။

အိမ်ရှင်မဆိုတာ အိမ်ကိုရှင်အောင်မ နေရသူပါ.
လင်သားမျက်နှာကို မကြည့်ပဲ
လင်သားကို.စိတ်ဆင်းရဲအောင် လုပ်နေပြီဆိုတည်းက
မိန်းမကောင်းလို့ ဆိုမရပြန်ဘူး..
အိမ်တစ်အိမ်ရဲ့ အသွင်အပြင် ဘုရားစင်နဲ့
ရေအိမ်ကိုကြည့်တာနဲ့ အဲ့ဒီလင်မယား ရဲ့ အကျင့် စရိုက် လက္ခဏာ
ကိုမြင်လို့ရပြီ။

အထက်မှာပြောခဲ့တယ်နော်..
အပြန်အလှန် နားလည်မှု အထင်ကြီးလေးစားမှု

အိမ်ထောင်ပြုတာ လွယ်တယ်..
အဲ့ဒီ အိမ်ထောင်ရေးကို.ရေရှည်တည်တံ့အောင်
ထိန်းသိမ်းနိုင်ဖို့ကျ ခက်ခဲတယ်..

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှု၊
အထင်ကြီး လေးစားမှူ၊ ကြင်နာဖေးမမှု..
ရှင်းရှင်းပြောရရင် သူ့မိဘဆီက ကိုယ်က လက်ခံပြောင်းယူတာပဲ..

သူ့အမေလို သူ့ကို ဂရုစိုက်ဖို့ ပြုစုယုယဖို့
သူ့အဖေလို ကာကွယ်ပေးဖို့ ဖေးမစောင့်ရှောက်ဖို့
အဓိက အဲ့ဒါပဲ..

တပ်မက်စိတ်တစ်ခုတည်းနဲ့ အိမ်ထောင်ပြုရင်.
အောက်ခြေမခိုင်တဲ့ ပရောဂျက်တစ်ခုလိုပဲ
ခဏလေးနဲ့ ပျက်စီးမှာပဲ...

သဝန်တိုတာ ချစ်လို့ မှန်တယ်..
သဝန်တိုတဲ့ အခြေခံအကြောင်းရင်းကိုလည်း
စီစစ်ရသေးတယ်။..

အမျိုးဘာသာချစ်ရုံနဲ့လည်း မိန်းမကောင်းမဟုတ်သေးဘူး..
မိန်းမတစ်ယောက် မိခင်နေရာရောက်လာပြီဆို
ပိုဆိုးတယ်..

ကိုယ်တိုင်တောင် ဒီဖောင်ဒေးရှင်းတစ်ခုကိုခိုင်မာအောင်
မတည်ဆောက်နိုင်တာ..မလုပ်နိုင်တာ..
ကိုယ့်သားသမီးကို ဘယ်လို ပြုစုပျိုးထောင်မလဲ..

ခလေးတွေရဲ့ ဦးနှောက်သေးသေးလေးထဲကို
ဘာတွေရိုက်ထည့်ပေးမလဲ..

ကိုယ့်ကို အသက်ထက်တမျှ ချစ်မြတ်နိုးတဲ့ မိန်းမ/ယောက်ျားဆိုတာ ဒီခေတ်မှာရှားတယ်။..

ယောက်ျားပေါတယ် လင်ကောင်းရှားတယ်။
မိန်းမပေါတယ်..မယားကောင်းရှားတယ်။

ယောက်ျားဖြစ်သူကလည်း ကိုယ်ယူထားတဲ့မိန်းမကို
အထင်သေးစရာလည်း မလိုဘူး
မိန်းမကလည်း ကိုယ်ယူထားတဲ့ ယောက်ျားတစ်ယောက် သူ့အလုပ်က ဖိနပ်စုတ်ချုပ်
ကူလီလုပ်စေဦး မထီမဲ့မြင်ပြုစရာမလိုဘူး..

လင်နဲ့မယားဆိုတာ..
ယောက်ျားယူတယ်ဆိုတာ သူ့သားကို
သူ့အမေကိုယ်စား ကိုယ်က မိခင်လိုကြည့်ရှုဂရုစိုက်ပေးခြင်းပဲ..

မိန်းမယူတယ်ဆိုတာလည်း သူ့မိဘတွေရဲ့နေရာကို
ကိုယ်ကတာဝန်ယူ
လက်လွဲပြောင်းခြင်းသဘောတရားပဲ.

အဲ့လို မှမသိပဲ တပ်မက်စိတ်တစ်ခုတည်းနဲ့ဆို
သေချာတယ်..

စိတ်ချမ်းမြေ့စရာအိမ်ထောင်ရေးဖြစ်လာမှာမဟုတ်ဘူး
အငြီအဟောက်ဆိုတာ ကြာရင် ငြီးငွေ့လွယ်တယ်။

ဒါဆို ဘယ်လိုချစ်ကြမလဲ..
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်
ကိုင်းကိုကျွန်းမှီ ကျွန်းကိုကိုင်းမှီနေကြရမယ်.

အပြန်အလှန်နားလည်မှုရှိရမယ်..
ကြင်နာရမယ်..စာနာတတ်ရမယ်။
စိတ်တူကိုယ်တူ နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင်နေရမယ်.

မသိတာကို သိအောင် နားမလည်တာကို.နားလည်အောင်
သင်ယူစေရမယ်..
သူစိမ်းနှစ်ယောက် တစ်အိပ်ယာတည်း အတူနေ
စိတ်တူကိုယ်တူ ဖြစ်ဖို့ဆိုတာကလည်း
ငြိယူရတော့မှာလေ..

သေချာတာတစ်ခုကတော့.
အိမ်ထောင်ပြုတယ်ဆိုတာ လိင်ကိစ္စတစ်ခုတည်းအတွက်
ပြုတာမဟုတ်ဘူး .
အထက်မှာရေးခဲ့သလိုပဲ သူ့မိဘကိုယ်စား တာဝန်လွဲပြောင်းယူတဲ့
သဘောတရားတစ်ခုပဲ..
မတူညီတဲ့ဘဝနှစ်ခုနဲ့ ဘဝတစ်ခု မိသားတစ်စု
တည်ထောင်ခြင်းပါပဲ။

♥♥♥

မယားကျင့်ဝတ်တရား၅ပါး.
♥♥♥♥♥

အိမ်တွင်းမှုလုပ် ၊ သိမ်းထုတ်သေချာ
မိစ္ဆာကျဉ်ရှောင် ၊ လျှော်အောင်ဖြန့်ချိ
ပျင်းရိမမူ ဝတ်ငါးဆူ..
အိမ်သူ ကျင့်အပ်ရာ...

မေ့နေလို့မှားရင်လည်း ပြင်ဆင်ဖတ်ရှုပေးပါ
***********************

လင်ဝတ်တရား၅ပါး
♥♥♥♥♥

မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၊ဝတ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာတဲ့..

**********************
မိသားစုတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ခင်ဗျာ ။


Min Thadan Htun Presentation

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို  လူတွေသိတယ်  ဒါပေမယ့်  လူတိုင်းက မင်း ကောင်းကြောင်းကို  ပြောချင်ကြမှာ မဟုတ်ပါဘူး ...  ဘာ...
25/10/2024

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...
ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။
မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထနိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
Credit
#မူရင်းPostတင်သူ

12/10/2024

“ နားလည်မှု ဆိုတာ ”...

နားလည်မှုဆိုတာ...
တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး နားလည်မှုဆိုတာ တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ တစ်ခါတလေ ကိုယ့်ဘက်ကမမှားလဲ တောင်းပန်ပေးလိုက်တာတွေ ကိုယ့်ဘက်က မလွန်လဲ စခေါ်ပေးခဲ့ရတာတွေ တုန့်ပြန်ချင်ပါလျှက် မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ ကိုယ့်စိတ်နဲ့ကိုယ် ပြတ်သားလိုက်ချင်ပေမယ့် ကိုယ့်အတ္တထက် တဖတ်သူဘက်ကို ဖြည့်တွေးပြီး လိုတာထက် စိတ်ကို ပိုရှည်ပေးထားရတဲ့ ကိုယ်မှ အလျှော့မပေးရင် ပြတ်တောက်သွားတော့မယ် ဆက်ဆံရေးတွေ ဒါကြောင့် နားလည်မှုဆိုတာ တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ ဒါပေမယ့်

ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး အနိုင်ကျင့်ချင်ကြတယ် အထက်စီးက ဆက်ဆံချင်ကြတယ် ငါ့သဘော ငါ့ဆန္ဒ နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ် ဒါ က

အတိုင်းအတာတစ်ခုထိဘဲကောင်းတယ် အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ
အလျှော့ပေးဆက်ဆံတဲ့သူတွေ အနားက ထွက်သွားတဲ့အခါ ဆုံးရှူံးသြားတဲ့အခါ ကိုယ့်နားမှာ အထီးကျန်မှုနဲ့ အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ် အဆင်ပြေနေချိန် အနားမှာ အဖော်ရှိနေချိန် တွဲထားတဲ့ လက်တွေ မြဲနေချိန် ခဏမှာတော့ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ဒါပေမယ့် ဘဝမှာ ဘယ်အရာမှာ အကြာကြီး အမြဲတမ်း ရှိမနေနိုင်ဘူး ပြောင်းလဲခြင်းတရားတွေဆိုတာ ကြုံ လာ ရ ဦး မှာ ဘဲ အဲ့အခါကျမှ အတောင်ကျိုးတဲ့ ငှက်လိုမျိုး ဘယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ် ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ ကိုယ် ဘယ်လို တုန့်ပြန်မှုတွေ ပြုတတ်သလဲ လူတွေက လုပ်ရက်လေခြင်းလို့ အပြစ်မတင်နဲ့လေ ပြန်စဉ်းစားကြည့်ပေါ့

ဘဝမှာ ဒါအရေးကြီးတယ် ကိုယ့်အလှည့်ကျမှ

ကိုယ့်အလှည့်တုန်းကရော

ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့

ဝဋ်တွေက တကယ်လည်တတ်ပါတယ်
တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး နားလည်ပေးတတ်စေချင်တယ် ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို ပို တန် ဖိုး ထား ပါ လူတိုင်းကို နားလည်မပေးနိုင်ရင်တောင် ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့ ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား နားလည်ပေးစေချင်တယ် တကယ်တော့ နား လည် မှု ဆို တာ နားလည်ခံရတဲ့သူက ပျော် ဖို့ ကောင်း သ လောက် နားလည်ပေးလိုက်ရတဲ့သူက တစ်ခါတလေမှာ နာကျင်နေရတတ်တယ် .. ဒါကြောင့် အနာကျင်ခံပြီး နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ ဘယ်အရာကိုပဲဖြစ်ဖြစ် မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား ရှိနေချိန်မှာ တန်ဖိုးထားပါ တစ်ချို့အရာတွေက မင်းဘဝထဲကို အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး နားလည်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ် အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး ...
Crd...
KHO...

11/10/2024

အိမ်ထောင်ရေးသာယာစေချင်လျှင်
*******************************

ခင်ပွန်းဖြစ်သူယောကျ်ားလေးက လက်နှစ်ခုကိုထိမ်းပါ
ဇနီးဖြစ်သူမိန်းမသားက လျှာနှစ်ခုကိုထိမ်းပါ။

လက်နှစ်ခုဆိုတာ ပထမလက်က
ကိုယ်ရှာဖွေလို့ရလာတဲ့ ငွေကြေးတွေကို
ကိုယ့်ဇနီးကို အပ်ရပါ့မယ်၊
အမျိုးသမီးမှန်သမျှ
မိဘတွေဆီက မုန့်ဖိုးရရင် ဝမ်းသာကြပါတယ်
ဒါပေမယ့် ကိုယ့်ခင်ပွန်းက သူရှာဖွေလို့ရလာတဲ့ငွေကြေးကို
ဇနီးကိုအပ်ရင် ဇနီးဖြစ်သူမှာ ကြည်နူးကြပါတယ်။

ဒုတိယလက်က တချို့အိမ်ထောင်ရှင်ယောကျ်ားတွေဟာ
စိတ်အခန့်မသင့်ရင် ဇနီးဖြစ်သူကို ရိုက်တတ်ကြတယ်
ကိုယ်ချစ်လို့ယူထားတဲ့ ကိုယ့်ဇနီးကို ရိုက်ဖို့မဆိုထားနဲ့
လက်နဲ့တောင် မရွယ်ပါနဲ့။

အဲဒီလိုလက်နှစ်ခုကို
ပေးကမ်းခြင်း၊ ကြင်နာခြင်းနှင့်ထိမ်းလျှင်
ဇနီးဖြစ်သူက
၁။ အထင်ကြီးခြင်း
၂။ အားကိုးခြင်း
၃။ လေးစားခြင်း
၄။ မြတ်နိုးခြင်း
၅။ ချစ်ခင်ခြင်းနှင့်တုန့်ပြန်လို့
အိမ်ထောင်ရေးသာယာပါတယ်။

ယောကျ်ားလေးတွေရဲ့သဘာဝဗီဇက
အထင်ကြီးခံချင်တယ် လေးစားခံချင်တယ်လေ။
တခြားသူတွေ အထင်မကြီး မလေးစားရင်နေပါစေ၊
ကိုယ့်ဇနီးရဲ့အထင်ကြီးခြင်း၊ လေးစားခြင်းကို
ခံချင်တဲ့သူတွေချည်းပါပဲ။
ကိုယ့်ဇနီးရဲ့ အထင်ကြီးခြင်း၊ လေးစားခြင်းမခံရရင်
လူဖြစ်ရကျိုး ယောကျ်ားဖြစ်ရကျိုး မနပ်ပါဘူး၊
လူဖြစ်ရကျိုး ယောကျ်ားဖြစ်ရကျိုးနပ်စေချင်ရင်
လက်နှစ်ခုကို ထိမ်းစေချင်။

ဇနီးဖြစ်သူမိန်းကလေးဘက်က လျှာ နှစ်ခုဆိုတာ၊
ပထမလျှာဆိုတာက
ကိုယ့်ခင်ပွန်းကို ကောင်းကောင်းချက်ပြုတ်
ပြင်ဆင်ကျွေးရပါ့မယ်၊
မချက်နိုင် ချက်ဖို့အချိန်မရရင် စီမံပေးပါ၊
ဆိုင်ကနေဝယ်စားလျှင် ခင်ပွန်းသည်အကြိုက်ကို
ဦးစားပေးပါ။

ဒုတိယလျှာ ဆိုတာက
ပူညံပူညံမလုပ်ပါနဲ့
ယောကျ်ားလေးမှန်သမျှ
ကျောပူသာခံနိုင်တာ နားပူမခံနိုင်ကြပါ။

အဲဒီလိုလျှာနှစ်ခုကိုထိမ်းရင် ယောကျ်ားဖြစ်သူက
၁။ ကြင်နာခြင်း
၂။ သနားခြင်း
၃။ ယုယခြင်း
၄။ မြတ်နိုးခြင်း
၅။ ချစ်ခင်ခြင်းနဲ့တုံ့ပြန်လို့ အိမ်ထောင်ရေးသာယာပါတယ်။

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်

09/10/2024

မင်းဒုက္ခရောက်နေတာတောင် မကူညီရကောင်းလား လို့
ဒေါသမထွက်ပါနဲ့။
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကြည်းလိုက်ပါနဲ့။
မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။ မပါချင် မပါဘူး။
လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ်။
သေချာတာ ကိုယ်သွားချင်တဲ့လမ်း!
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။!

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား?....
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်!
ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား?
လွတ်လပ်ခွင့်ပေးလိုက်!

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။
တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။
ထွေထွေထူးထူး ကြေကွဲမနေနဲ့။!
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူးနော်။


#ဗဟုသုတကော်လရှင်

06/10/2024

အပြောလွယ်သလောက် ရှင်သန်ဖို့ခက်တဲ့ ဘဝ

06/10/2024

မဖြစ်ချင်တာတွေ ဖြစ်လာမှာစိုးလို့ ကြိုတင်ကာကွယ်ခဲ့လည်း

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aung Phyoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์