KHUN Tom NANG Do you like freedom?

 #ပေါင်မုန့်သည်ကပေးတဲ့သင်ခန်းစာသူတောင်းစား တစ်ယောက် ပေါင်မုန့်ဆိုင်တစ်ဆိုင်ရဲ့ ရှေ့ မှာ ပေါင်မုန့် ဝယ်ယူဖို့ တန်းစီနေတယ်...
31/05/2024

#ပေါင်မုန့်သည်ကပေးတဲ့သင်ခန်းစာ

သူတောင်းစား တစ်ယောက် ပေါင်မုန့်ဆိုင်တစ်ဆိုင်ရဲ့ ရှေ့ မှာ ပေါင်မုန့် ဝယ်ယူဖို့ တန်းစီနေတယ်။ ရှေ့ နောက် တန်းစီနေတဲ့ လူရော၊ အနီးအနားမှာ ရှိတဲ့ လူများကပါ ရွံတယ် ဆိုပါတော့၊ အနား မကပ်ချင်ကြ ပါဘူး ။ တန်းစီရင်းနဲ့သူတောင်းစား အလှည့် ရောက်လာ ပါတယ် ။ သူတောင်းစားက မဝံ့ မရဲ နဲ့ ပြောလိုက်ပါတယ်။

" ကျွန်တော် ဈေးချိုတဲ့ ပေါင်မုန့်လေး ဝယ်ချင်ပါတယ် "

ဆိုင်ရှင်ရဲ့ မြေးတော်သူက သူတောင်းစားကို မောင်းထုတ်ဖို့ ပြင်ဆင်လိုက်ပါတယ်။ ဆိုင်ရှင်ကိုယ်တိုင်က ဝေဆာနေတဲ့အပြုံးနဲ့ ပေါင်မုန့်ကို ထုတ်ပိုးပြီး အပြုံးချိုချိုနဲ့ သူတောင်းစားကို လှမ်းပေးလိုက်ပါတယ်။ ပိုက်ဆံယူပြီးတော့ ပြောလိုက်ပါသေးတယ်။

" နောက်တခါ ကြွရောက် အားပေးဖို့ ဖိတ်ခေါ်ပါတယ် " တဲ့ ။

မြေးဖြစ်သူက တကယ်နားမလည်နိုင်တော့ပါ၊ အဖိုးဖြစ်သူကို မေးလိုက်ပါတယ်။

" အဖိုး၊ သူက သူတောင်းစား တယောက်ပဲ၊ သူ့ကို ဘာဖြစ်လို့ လေးလေး စားစားနဲ့ ဆက်ဆံရပါသလဲ " ပေါ့လေ ။ ဆိုင်ရှင် အဖိုးဖြစ်သူ ပြောလိုက်တဲ့ စကားက မှတ်သားစရာပါ။

" သူဟာ ငါတို့ဆိုင်ရဲ့ ဖောက်သည်လေ၊ သူပေါင်မုန့် ဝယ်ဖို့အတွက် အကြာကြီး တန်းဆီပြီးပြီ၊ ငါတို့ ဒီအတွက်နဲ့ မလေးစား သင့်ဘူးလား၊ ဂုဏ်ယူပြီး မဝမ်းမြောက် သင့်ဘူးလား " တဲ့ ။ အဖိုးက ထပ်ပြောလိုက် ပါသေးတယ်။

" သူဟာ ဖောက်သည်ပါ။ စားသုံးသူပါ။ စားသုံးသူတိုင်းဟာ ဘုရားသခင်ပါ " တဲ့ ။

မြေးဖြစ်သူက အဖိုးရဲ့ ပြောစကားကို မှတ်သားထားလိုက်ပါတယ်။ နောင်အခါမှာ၊ ဂျပန်နိုင်ငံရဲ့ ကျော်ကြား ထင်ရှားတဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်သွားပါတယ်။ စားသုံးသူတိုင်းကို အပြည့်အဝ လေးစားရပါမယ်။

သင် ဘာကောင်ကြီး ဖြစ်နေဖြစ်နေ၊ ဘယ်အဆင့် ဘယ်ရာထူးပဲ ရောက်ရောက်၊ သူတပါးကို လေးစားတတ်ဖို့ လိုပါတယ်။

လေးစားတတ်ခြင်းဟာ ယဉ်ကျေးမှု တစ်ရပ်ပါ။ လေးစားခြင်းဟာ အောက်ကနေ အထက်ကို၊ ဝါနုသူက ဝါရင့်သူကို၊ ငယ်ရွယ်သူက ကြီးရင့်သူကို ဆိုတဲ့ပုံစံမျိုး မဖြစ်သင့်ပါဘူး။ လေးစားခြင်း အစစ်အမှန်ဟာ အပြန်အလှန်ပါ။

အသိမိတ်ဆွေ ဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ်၊ လေးစားတတ်ဖို့ လိုပါလိမ့်မယ်။ လေးစားတတ်ခြင်းဟာ ဉာဏ်ပညာတမျိုး ဖြစ်ပါတယ်။ သတ္တိတမျိုး လည်း ဖြစ်ပါတယ်။ မိမိကိုယ်မိမိ လေ့ကျင့်ခြင်း တမျိုးလည်း ဖြစ်ပါတယ်။

ဖတ်မိသမျှစာပေလေးတွေ ပြန်လည်ဝေမျှခြင်း

01/05/2024

😇

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KHUN Tom NANGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์