10/01/2024
ဒီစာလေးကို ဖတ်ချင်ယောင်မဆောင်လိုက်ပါနဲ့
ဖတ်ဖြစ်အောင်ဖတ်ပါ။
အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ပြသနာတွေ
ကိုသူ့ဆရာဆီမှာ ရင်ဖွင့်ပါတယ် ။”
ဆရာ..ကျမနုပျိုလှပခဲ့ စဉ်တုန်းက
ကျမထက် အသက်ကြီးတဲ့
အမျိုးသားတစ်ယောက်နဲ့
အိမ်ထောင်ကျ ခဲ့တာ ဆရာ အသိပါ..
အိမ်ထောင်ကျခါစ တုန်းက
ကျမ အမျိုးသားဟာ အင်မတန်
အားကိုးထိုက်တဲ့သူလို့ခံစား ခဲ့ရတယ် ။
ကျမ သူ့ အပေါ်အထင်တကြီးနဲ့
အားကိုးချစ်ခင် ခဲ့တယ် ။
ဒါပေမဲ့ ……….
နှစ်တွေကြာမြင့် ပြောင်းလဲ လာတော့
ကျမရဲ့စိတ်တွေပြောင်းလဲလာခဲ့တယ် ။
သူ့မှာအားကိုးချင်စရာ ဘာမှမရှိဘူး ။
အထင်ကြီးစရာတွေ မကျန်တော့ ဘူး ။
ကျမကို အရင်လို စိတ်ကိုမကြည်လင်
စေတော့ဘူး ။
ပျော်ရွှင်မူ့မပေးနိုင်တော့ဘူး ။
အဲ့ဒါ ဘာကြောင့်ပါလဲ ဆရာ …..။
အိမ်ထောင်ကျတယ်ဆိုတာအချစ် ရဲ့
သင်္ချိုင်း လေလား ?
အိမ်ထောင်ကျသွားရင်
သမီးရည်းစားဘဝက အချစ်တွေက
ကုန်ဆုံးသွားတတ်လား?
သူမပြောတာ နားထောင်ပြီးတော့
သူ့ ဆရာက ,ဆရာ့နောက်ကို ခဏလိုက်ခဲ့
ဆိုပြီး…သူမကိုတောင်ကြီးတစ်လုံးကိုမြင်နိုင်တဲ့
နေရာခေါ်သွားပြီး
တောင်ကြီးကိုလက်ညိုးထိုးပြပြီးတော့ မေးတယ်..
အဲ့ဒီတောင်ကြီးကို ကြည့်စမ်း ….
ဘယ်လို မြင်လဲ?
ကြီးမား ပြီး လှပခန့်ငြားပါတယ်
မြင်ရတာ စိတ်ကြည်လင်လန်းဆန်း
စေပါတယ်..လို့
သူမကပြန်ဖြေတယ် ။
ကဲ လာဆရာနဲ့တောင်ပေါ်တက်
ကြည့်ကြစို”့ ဆိုပြီး
တောင်ပေါ်ကိုနှစ်ယောက် လှမ်းတက်
သွားကြတယ် ။
လမ်းတစ်လျှောက်လုံးစကားတစ်ခွန်းမှ
မပြောဖြစ်ပါဘူး ။
တောင်ကိုသာတက်ပြီးရင်းတက်နေ
တော့တယ် ။
သူမဟာ တဖြေးဖြေး မောပန်းလာတယ်..
တောင်တက်လမ်းကလည်း ကျောက်တုံး
ကျောက်ခဲတွေနဲ့ကြမ်းတမ်းလာတယ် ။
သူမနုတ်က, မောတယ် ၊ ပန်းတယ်
ပင်ပန်းတယ်နားချင်တယ် ,စသဖြင့်အသံတွေ
ထွက်လာတော့တယ် ။
တောင်ထိပ်ကိုရောက် တော့ဆရာက
ဒါ..နင်စောစောက မြင်တဲ့တောင်ကြီးပဲလေ”
ဆိုတော့…….
ဒီတောင်ကြီးကမလှပါဘူး …..
လမ်းကလည်း ကျောက်တုံး ကျောက်ခဲတွေနဲ့
ကြမ်းတမ်းလိုက်တာ..
သစ်ပင်တွေ ခြုံတွေ ကလည်း
ရှုပ်ထွေးနေတာပဲ..
ဟိုဖက်ကတောင်ကပိုတောင်
လှနေသေးတယ်။
ဆိုပြီးတစ်ခြားတောင်တစ်လုံးကို
ညွှန်ပြတယ်
ဆရာက ရယ်ပြီး …….
နင်တို့တွေ ချစ်သူဖြစ်ခဲ့ ကြတုန်းကလည်း….
ဒီသဘောပဲ
တောင်ကိုအဝေးကကြည့်သလို
လှပမှုတွေ
ခန့်ညားမှုတွေပဲမြင်ပြီးကြိုက်ခဲ့ကြတယ်။
မင်္ဂလာဆောင်ပြီးတော့ တောင်ပေါ်ကို
တက်လာသလိုပဲ ….
တွေ့ရတဲ့..အရာကြုံတွေ့ရ သမျှတွေဟာ
ပုံမှန်သဘာဝအတိုင်း
ဘာမှ..ထူးခြားမူ့မရှိတဲ့အရာ
ပင်ပန်းဆင်းရဲမူ့သက်သက်လို့
ထင်လာတယ် ။
တောင်ထိပ်ကိုတက်လာတဲ့အခါ
မျက်လုံးထဲမှာ ဒီတောင်ရဲ့အလှ ကို
မမြင်ရတော့ဘူး။
တစ်ခြားဘေး ကတောင်တွေရဲ့အလှကိုပဲ
နင်ြမင်တွေ့တော့တယ် ။
တကယ်တော့တောင်က
ပြောင်းလဲမသွား ဘူး …
နင်သာပြောင်းလဲသွားတာ..
နင့်စိတ်ခံစားချက် ပြောင်းလဲသွားလို့
အမြင်ပြောင်းသွားတာ ။
နှစ်သက်မြတ်နှိုးမှု မရှိ တဲ့အခါ
တောင်ကလည်းမလှ တော့ဘူးလို့
ခံစားလာရတယ် ။
မနှစ်သက်လေလေ ကိုယ့်အတွက်
ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေလေလေ ပါပဲ ။
နင်ဒီနေရာမှာရပ်တည်နေပြီးတော့
ဘာ့ကြောင့် ….. တစ်ခြားတောင်ကိုပဲ
မြင်နေရသလဲဆိုရင်
နင်ဒီတောင်ကြီးပေါ်မှာ တက်နင်းထားပြီး
ရပ်နေလို့ပဲ ..။
တကယ်ဆိုရင်နင် ဒီတောင်ရဲ့ဂုဏ်ကျေးဇူးကို
သိရမှာ..အဲ့ဒီအမျိုးသမီးရဲ့ သူ့အမျိုးသားအပေါ်
ပြောင်းလဲသွားတဲ့ ဒီသဘောတရား အတိုင်းပါပဲ။
တစ်ချို့လည်း သူများမိဘ တွေကျတော့
ကောင်းလိုက်တာ ကိုယ့်မိဘတွေ ကျတော့ ဟိုလို
ဖြစ်တယ် ဒီလိုဖြစ်တယ်လို့ အလိုမကျဖြစ်နေကြ
တဲ့ သားသမီးတွေ လည်းထိုနည်းတူပါပဲ။
ကိုယ်နဲ့အနီးဆုံးအခင်ဆုံးသူတွေ ရဲ့
ကောင်းကွက်တွေ ကို
ဘယ်တော့မှမမေ့လိုက်မိပါစေနဲ့ ။
တစ်နေ့နေ့ တစ်ချိန်ချိန်ခွဲခွာ
ကြရစရာ အကြောင်းကြုံလာတဲ့ အခါ
ကောင်းမွန်တဲ့သတိရစရာ တွေးတိုင်း
ကြည်နုးစရာ အကြောင်းအရာ လေးတွေ
ကျန်ခဲ့ကြရလေအောင် ချစ်ကြ ခင်ကြ ပါ ။
အကြာကြီးပေါင်းသင်းလာခဲ့ကြတဲ့
ခင်မင်မှုတွေကိုလည်း
ထိန်းသိမ်းထားနိုင်ကြပါစေ ။
မိတ်ဆွေကောင်းဆိုတာ
လောကကြီးကပေးထား တဲ့
တန်ဖိုးဖြတ်မရတဲ့
အကောင်းဆုံး လက်ဆောင်တစ်ခုပါ…………
Crd #မူရင်းရေးသားသူ
War Hlaing