16/05/2024
ပြောင်သွားတဲ့နဖူးကဆံပင်တွေနဲ့ပါတ်သက်ပြီး review ပေးချင်လို့ပါ
စီကာပတ်ကုံးရေးမတတ်လို့ တတ်သလိုရေးလိုက်ပါတယ်
ပြီးခဲ့တဲ့နှစ်က စိတ်ကျရောဂါဝင်ပြီးအထွေးလိုက်ကျွတ်ကျကုန်တဲ့ဆံပင်တွေရယ် နဂိုနဖူးအပြည့်အမွှေးရှိသူမို့ သိသိသာသာပြောင်သွားတာကို အောက်ပါနည်းအတိုင်းပြန်ပြုပြင်ခဲ့ရာ baby hair တွေအများကြီးပြန်ထွက်လာပါတယ်
-ထောလပတ်ရွက် သို့မဟုတ် ကြိတ်မှန်ရွက်ကိုအခြောက်လှန်းအမှုန့်ကြိတ်ပြီး အုန်းဆီနှင့်စိမ်ထားပါ ထိုဆီကို ခေါင်းမလျှော်ခင် ၁နာရီခန့်အရင် ဦးရည်ပြားအနှံ့နှိပ်နှယ်ပေးပါ
(ကျမကတော့ ညဘက်ကတည်းကထည့်ထားပြီး မနက်လျှော်ပါတယ်)
-ခေါင်းမလျှော်ခင် ရေဝအောင်သောက်ပါ။အပူကျပါသည်
-ခေါင်းမလျှော်ခင်အရင်ဆံပင်ရှင်းပါ ခန္ဓာကိုယ်ကိုရေဝအောင်လောင်းပြီးမှ ခေါင်းကိုရေလောင်းပါ ခေါင်းက်ု ရေဝအောင်လောင်းပြီးမှ (khaokho for hair loss)ခေါင်းလျှော်ရည်နဲ့လျှော်ပါတယ်
-ခေါင်းကိုသေချာနှိပ်နယ်ပြီး အကြမ်းတခါ အချောတခါလျှော်ပါတယ်
-ခေါင်းလျှော်ရည်ကို စင်အောင်ဆေးချပြီး ဆံပင်ပေါ်ကရေကို အနည်းငယ်ညှစ်ချက conditioner ကို ဆံပင်အပေါ်ရံနှင့် ဆံပင်အဖျားများနှံ့အောင် ထည့်ပါတယ်
ခဏနှပ်ထားပြီး
သွားတိုက်မျက်နှာသစ်လုပ်ပါတယ်(ထိုအချိန်မှာ scrub တိုက်လည်းရပါတယ်)
-3မိနစ်ခန့် ရေချိုးခန်းအဆိုတော်လုပ်ပြီး(စတာ😜) conditioner ပြောင်အောင်ဆေးချပါတယ်
-ထို့နောက် ဆံပင်ကိုရေအနည်းငယ်ညှစ်ပြီးဆံပင်အဖျားများကို Hair mask နှံ့အောင်လိမ်းပါတယ်
စိမ့်ဝင်အောင်ဆွဲပေးပါတယ်
ထို့နောက် ရေချိုးခန်းအဆိုတော်ထပ်လုပ်ပါတယ်
စတာစတာ😜 ဆပ်ပြာတိုက်ဘာတိုက်ညာတိုက်ပါတယ်
၃မိနစ် (or)၅မိနစ်အကြာမှာရေလုံးဝဆင်အောင်ဆေးချပါတယ်
(ဒီနေရာမှ hair mask ထည့်လျှင် ဦးရည်ပြားမထိအောင်သတိထား၍ ရေကိုလုံးဝစင်အောင်ဆေးချဖို့အရေးကြီးပါတယ် မဟုတ်ရင်ဘောက်ထတတ်ပါတယ်)
ဆံပင်များရေစင်ကြယ်အောင်ဆေးပြီးရင်တော့ ခေါင်းလျှော်ခြင်းပြီးပါပြီ
(အလုပ်ချိန်လည်းနောက်ကျသွားပါပြီ😜စတာ)
-ဆံပင်ကိုတဘက်နဲ့ဖွဖွလေးပွတ်ပေးပြီး
ရေအစက်မကျတော့ရင် ဦးရည်ပြားထဲကို vitamin spray နှံ့အောင်ဖျန်းပါတယ်
-Hair vitamin boosterဆံပင်အနှံ့လိမ်းပါတယ်
ထို့နောက်မှ လေအေးနေနဲ့ dryer နဲ့ပုံသွင်းပါတယ်
ဒါပါပဲ
အဆုံးထိဖတ်ပေးတာသိုင်းကျူး
ထီပေါက်ရင် ဒွင်းသီးဝယ်ကျွေးမယ်
တာ့တာ
-