Triple K Myanmar Food

Triple K Myanmar Food Health Food

🤤 ဒီနေ့ နေ့လယ်စာ ဘာစားကြမလဲ စဉ်းစားရခက်နေသူတွေအတွက်...​ဝက်သားဟင်း စပ်စပ်လေးကို ထမင်းပူပူလေးနဲ့ တွဲစားဖို့ အကြံပြုပါရစေ! ...
29/10/2025

🤤 ဒီနေ့ နေ့လယ်စာ ဘာစားကြမလဲ စဉ်းစားရခက်နေသူတွေအတွက်...
​ဝက်သားဟင်း စပ်စပ်လေးကို ထမင်းပူပူလေးနဲ့ တွဲစားဖို့ အကြံပြုပါရစေ!

"​အားရပါးရ ထမင်းစားဖို့ဆိုရင်... ဒီ "ငါးကြော်နှပ်" နဲ့ဆို လုံလောက်ပြီ! 🔥"
28/10/2025

"​အားရပါးရ ထမင်းစားဖို့ဆိုရင်... ဒီ "ငါးကြော်နှပ်" နဲ့ဆို လုံလောက်ပြီ! 🔥"


"🍲 အိမ်ချက်ဟင်းရဲ့ အရသာက အကောင်းဆုံးပါပဲ။ ဒီနေ့တော့ အချိုဓာတ်နဲ့ အာဟာရပြည့်တဲ့ ကြက်သားဘူးသီးချက်လေး ချက်ထားတယ်။ စားချင်သ...
27/10/2025

"🍲 အိမ်ချက်ဟင်းရဲ့ အရသာက အကောင်းဆုံးပါပဲ။ ဒီနေ့တော့ အချိုဓာတ်နဲ့ အာဟာရပြည့်တဲ့ ကြက်သားဘူးသီးချက်လေး ချက်ထားတယ်။ စားချင်သူတွေ ပြောခဲ့နော် 😉"

"ပြီးပြည့်စုံတဲ့ အရသာရှိတဲ့ ခေါက်ဆွဲစပ်စပ်လေး... မြင်တာနဲ့တင် စားချင်စိတ်ဖြစ်ပြီမလား? 😉"
26/10/2025

"ပြီးပြည့်စုံတဲ့ အရသာရှိတဲ့ ခေါက်ဆွဲစပ်စပ်လေး... မြင်တာနဲ့တင် စားချင်စိတ်ဖြစ်ပြီမလား? 😉"




အသားငါး ဝယ်တဲ့အခါ -          အသားငါးဝယ်တဲ့အခါ ဒီနည်းလေးတွေကို လိုက်လုပ်ကြည့်ပါ။၁။           မည်းညိုဖြစ်နေတဲ့၊ အနံ့ထွက်နေ...
25/10/2025

အသားငါး ဝယ်တဲ့အခါ -

အသားငါးဝယ်တဲ့အခါ ဒီနည်းလေးတွေကို လိုက်လုပ်ကြည့်ပါ။

၁။ မည်းညိုဖြစ်နေတဲ့၊ အနံ့ထွက်နေတဲ့၊ မာခဲခဲ၊ ပျစ်ချွဲချွဲဖြစ်နေတဲ့ ဝက်သား၊ အမဲသားတွေကို မဝယ်ရဘူးနော်။

၂။ ကြက်သားဆိုရင်လည်း အရောင်မစိုဘဲမှိန်နေရင်၊ အနံ့ထွက်နေရင်၊ မာခဲခဲ၊ ပျစ်ချွဲချွဲဖြစ်နေရင် ရှောင်သင့်ပါတယ်။

၃။ အရောင်ပြယ်နေတဲ့ငါး၊ ပျစ်ချွဲချွဲဖြစ်နေတဲ့ငါး၊ ငါးညှီနံ့ အရမ်းဆိုးနေတဲ့ငါးကို မဝယ်ပါနဲ့။

၄။ အပြင်က Packing ပျက်စီးနေတာ၊ ပြဲနေတာတွေ ရှိရင်လည်း မဝယ်သင့်ပါ။




"​ဒီထဲက ဘယ်ဟင်းကို အရင်ဆုံး စားချင်ပါသလဲ? ကွန်မန့်မှာ ပြောပြခဲ့နော်! 👇"
24/10/2025

"​ဒီထဲက ဘယ်ဟင်းကို အရင်ဆုံး စားချင်ပါသလဲ? ကွန်မန့်မှာ ပြောပြခဲ့နော်! 👇"




23/10/2025

😋 ဖက်ထမင်း (Pha-Hta-Min)
​မြင်ရုံနဲ့ စားချင်စဖွယ်၊ မွှေးမွှေးကြိုင်ကြိုင် ဖက်ထမင်းကို အိမ်မှာ ကိုယ်တိုင် ဘယ်လို လွယ်လွယ်ကူကူ ချက်မလဲဆိုတာ ဒီဗီဒီယိုမှာ အသေးစိတ် ပြသထားပါတယ်။
​အခုပဲ ချက်နည်းကို ကြည့်ပြီး ကိုယ့်မိသားစုအတွက် ချက်ကျွေးလိုက်ပါနော်!





ဒီနေ့တော့ ဖက်ထမင်း လေးနဲ့ အားဖြည့်ရမယ်! 🍛ကြက်တောင်ပံကြော်၊ ဟင်းသီးဟင်းရွက်နဲ့ အစုံအလင်ဆိုတော့ လုံးဝပြည့်စုံနေပြီ။ စားချင...
23/10/2025

ဒီနေ့တော့ ဖက်ထမင်း လေးနဲ့ အားဖြည့်ရမယ်! 🍛
ကြက်တောင်ပံကြော်၊ ဟင်းသီးဟင်းရွက်နဲ့ အစုံအလင်ဆိုတော့ လုံးဝပြည့်စုံနေပြီ။ စားချင်သူတွေရှိလား?

ဆလပ်ရွက်က🥬 ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတယ်                    ဇီဝကမ္မဖြစ်စဉ်ဆိုတာက🤔 စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓ...
22/10/2025

ဆလပ်ရွက်က🥬 ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတယ်

ဇီဝကမ္မဖြစ်စဉ်ဆိုတာက🤔 စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် ပြောင်းလဲသွားခြင်းနဲ့🤗 တခြား အရေးကြီးတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပေးပါတယ်။

ဆလပ်ရွက်က ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့အပြင် မဂ္ဂနီဆီယမ်၊​ သံဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တွေလည်း🤫 ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့😁 B-Complex ဓာတ်တွေလည်း အများကြီး ပါဝင်နေပါတယ်။




"​ဒီနေ့☀ နေ့လယ်စာအတွက် ပင်လယ်စာငပိရည်ချက်🥘 ပူပူလေးရယ်၊ တို့စရာစုံစုံလေးတွေရယ်နဲ့🍐 စားရတာ တကယ်အရသာရှိလွန်းတယ်။ ပင်လယ်စာချ...
22/10/2025

"​ဒီနေ့☀ နေ့လယ်စာအတွက် ပင်လယ်စာငပိရည်ချက်🥘 ပူပူလေးရယ်၊ တို့စရာစုံစုံလေးတွေရယ်နဲ့🍐 စားရတာ တကယ်အရသာရှိလွန်းတယ်။ ပင်လယ်စာချစ်သူတွေအတွက် လက်မလွတ်သင့်တဲ့ဟင်းလေးပါပဲ။ 🦀🍤🌶️"






"ဒီနေ့ နေ့လယ်စာကတော့ အကြိုက်ဆုံး ဘဲဥဟင်းလေးပါ။😋 အိမ်ချက်လက်ရာက ဘယ်ဟာနဲ့မှ မလဲနိုင်ဘူးနော်။"
21/10/2025

"ဒီနေ့ နေ့လယ်စာကတော့ အကြိုက်ဆုံး ဘဲဥဟင်းလေးပါ။😋 အိမ်ချက်လက်ရာက ဘယ်ဟာနဲ့မှ မလဲနိုင်ဘူးနော်။"





ထောပတ်သီး🥑     ထောပတ်သီးစား တာဟာ ကျန်းမာရေးကိုအကျိုးပြုတဲ့ အစားအစာတစ်မျိုးအဖြစ် လူသိများလှပေမယ့် အများစုကတော့ ဝိတ်ချဖို့...
21/10/2025

ထောပတ်သီး🥑
ထောပတ်သီးစား တာဟာ ကျန်းမာရေးကိုအကျိုးပြုတဲ့ အစားအစာတစ်မျိုးအဖြစ် လူသိများလှပေမယ့် အများစုကတော့ ဝိတ်ချဖို့အတွက်သာ အဓိက အသုံးပြုကြပါတယ်။

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ။

တကယ်တော့ ထောပတ်သီးဟာ ဝိတ်ချတာအပြင် တခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါတယ်။ ဗီတာမင်နဲ့ သက်စောင့်ဓာတ် အမျိုး ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့ ကူညီတာအပြင် နှလုံးရောဂါကို ကာကွယ်ပေးတာ၊ သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။

ဒါတွေက ထောပတ်သီးရဲ့ အကောင်းဆုံးအပိုင်းမဟုတ်သေးပါဘူး။ ထောပတ်သီးကို နေစဉ်စားပေးသင့်ရတဲ့ အဓိက အကြောင်းတရားက ဝမ်းဗိုက်ကို ကျန်းမာစေတာကြောင့်ပါပဲ။ ဝမ်းဗိုက်နဲ့ အစာအိမ်လေး ကျန်းမာနေတာက သင့်ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာမှုရဲ့ အဓိက သော့ချက်ပါ။🥰




ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Triple K Myanmar Foodผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์