Boost Services By BZ Boost your any social media 100% believe 🫱🏻‍🫲🏼

Hello 👋အခုမှ Run နေတဲ့ Creator / Page Owner တွေအတွက် Community Sharing ပုံစံနဲ့ ကူညီပေးနေပါတယ် 😊📚စာပေ👗Fashion⭐Entertainm...
24/05/2026

Hello 👋
အခုမှ Run နေတဲ့ Creator / Page Owner တွေအတွက် Community Sharing ပုံစံနဲ့ ကူညီပေးနေပါတယ် 😊

📚စာပေ
👗Fashion
⭐Entertainment / ဟာသ / ရုပ်ရှင်
🌱စိုက်ပျိုးရေး / မွေးမြူရေး
💚ကျန်းမာရေး စီးပွားရေး Community Gp တချို့ရှိလို့ပါ
မိတ်ဆွေတို့ရဲ့ Content နဲ့ ကိုက်ညီတဲ့ Audience Community တွေမှာ ရွေးချယ်ပြီး Post တင် မျှဝေပေးနိုင်ပါတယ် ✨

FB Policy နဲ့ကိုက်ညီတဲ့ Content Idea၊ Caption Style နဲ့ Creator Experience တွေကိုလည်း သိသလောက် မျှဝေပေးပါတယ် 💡

ဒီ Service ကို Time & Effort စိုက်ပြီး လုပ်ပေးတာဖြစ်လို့
Support / Donation ပုံစံနဲ့ ကူညီနိုင်ပါတယ် 🙏

📩 စိတ်ဝင်စားရင် Chat Box မှာ ဆက်သွယ်နိုင်ပါတယ်

12/05/2026

အဆက်မပြတ်ဆိုးနေတဲ့ ချောင်းကို အမြစ်ပြတ်အောင် ချေမှုန်းပေးမယ့် မီးဖိုချောင်ထဲမှာတင် အလွယ်တကူရနိုင်မယ့် ဆေးစွမ်းကောင်း

ပျားရည်လက်ဖက်ရည်

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနွေးနွေးလေးနဲ့ ရောနှောပြီး တစ်ရက် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် သောက်သုံးပေးလိုက်ပါ။ သုတေသန လေ့လာချက်များအရ ပျားရည်က ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေတယ်လု့ိ လေ့လာတွေ့ရှိထားပါတယ်။

ဂျင်း

ဂျင်းတုံးများကို ရေနွေးပူထဲထည့်ပြီး နှပ်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာ စိမ်ထားပြီးတဲ့နောက်မှာ ပျားရည် (သို့) သံပုယိုရည်နဲ့ရောနှောလိုက်ပါ။ ရရှိလာတဲ့ ဂျင်းဖျော်ရည်ကို စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။ ဂျင်းက ချောင်းခြောက်ဆိုးခြင်းနဲ့ ရင်ကြပ်ရောဂါအခံကြောင့် ချောင်းဆိုးခြင်းတို့ကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

ဆားရေဖြင့် ပလုတ်ကျင်းပါ

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရေနွေးနွေးထဲထည့်ပြီး ဖျော်လိုက်ပါ။ ရေနွေးကို မိနစ်အနည်းငယ်ကြာ အအေးခံပြီးတဲ့နောက်မှာ ပလုတ်ကျင်းပေးရပါတယ်။ လည်ချောင်းယားပြီး ချောင်းဆိုးချင်တဲ့အချိန်တိုင်း ပလုတ်ကျင်းပေးရပါမယ်။ ဒါဆိုရင်တော့ ချောင်းဆိုးခြင်း သက်သာသွားမှာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ချောင်းဆိုးခြင်းကိုတော့ တားဆီးလို့မရပေမယ့် ချောင်းဆိုးခြင်းရဲ့ရှေ့ပြေးရောဂါတစ်မျိုးဖြစ်တဲ့ အအေးမိဖျားနာခြင်း မဖြစ်ပွားအောင် နည်းလမ်းအချို့ကို လိုက်နာကျင့်သုံးပြီး ကာကွယ်ပေးနိုင်ပါတယ်။

အအေးမိဖျားနာနေသူများ၊ တုပ်ကွေးဖြစ်နေသူများ၊ ချောင်းဆိုးနေသူများနဲ့ နီးနီးကပ်ကပ်နေခြင်းကို ရှောင်ကြဉ်ပါ။

ဆပ်ပြာနှင့် ရေနွေးနွေးလေး အသုံးပြုပြီး လက်နှစ်ဖက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ကလေးများကိုလည်း လက်ဆေးတတ်တဲ့အလေ့အကျင့်ကောင်းများ မွေးမြူပေးပါ။

ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝစွာနေထိုင်ပါ။

စိတ်ဖိစီးမှုများ၊ စိတ်ညစ်စရာများနဲ့ ကင်းကင်းရှင်းရှင်းနေပါ။ စိတ်ဖိစီးမှုများလေ ခုခံအားကျဆင်းလေဖြစ်တဲ့အတွက်ကြောင့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။ နားနားနေနေအနားယူပြီး ခန္ဓာကိုယ်ကြွက်သားများကို အနားပေးပါ။

အိပ်ရေးဝဝအိပ်စက်အနားယူပါ။

Source: medicalnewstoday.com

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီးဆေးဆိုင်မှတဆင့် မျှဝေပေးခြင်း
Credit

အင်တာနက်သုံးတဲ့ ကလေးတွေကိုလုံခြုံစေဖို့။ယနေ့ကာလမှာ ကလေးတိုင်း အင်တာနက်ကိုသုံးကြပြီ။ Electronic device တွေကိုကျွမ်းကျွမ်း...
04/12/2025

အင်တာနက်သုံးတဲ့ ကလေးတွေကိုလုံခြုံစေဖို့။
ယနေ့ကာလမှာ ကလေးတိုင်း
အင်တာနက်ကိုသုံးကြပြီ။ Electronic device တွေကိုကျွမ်းကျွမ်းကျင်ကျင် ကိုင်နေကြပြီ။

မိဘများ အနေနဲ့ ကလေးကို Electronic Device တွေ၀ယ်ပေးရင် ဖုန်းထက် Tablet ကိုသာ၀ယ်ပေးစေချင်ပါသည်။ စာဖတ်လို့ရသည်။ စာသင်လို့ရသည်။

Primary လောက်တော့ ကလေးက Tablet လေးနဲ့ အဆင်ပြေနေသေးသည်။ သူတို့လဲ ကြိုက်ကြသည်။

အသက် ၁၀ နှစ်ကျော်လာရင် ကလေးက ဖုန်းပဲလိုချင်လာသည်။ သူငယ်ချင်းတွေကလည်း ဖုန်းလေးတွေနဲ့ဖြစ်လာပြီ။

Tablet သို့မဟုတ် Ipad ကိုလူကြားထဲမှာ မကိုင်ချင်တော့။ ဖုန်းပဲကိုင်ချင်လာသည်။ အိတ်ထဲမှာ ထည့်ထားလို့ရသည်။ အချိန်မရွေးထုတ်ကြည့်လို့ရသည်။ အထာကျသည်။ ဓာတ်ပုံရိုက်လို့ကောင်းသည်။

ကလေးက ဖုန်း၀ယ်ပေးဖို့တောင်းဆိုလာပြီ။ ဒါသဘာ၀ ဖြစ်သည်။ ကိုယ်က တတ်နိုင်လို့ ၊ ကလေးကို အလိုလိုက် ချင်လို့ ဖုန်းရော Tablet ရော နှစ် ခုလုံး၀ယ်ပေးထားတယ်ဆိုရင် ကိုယ်တိုင်အလုပ်ရှုပ်ခံပြီး ထိန်းပါ။ မဟုတ်ရင် Tablet အားကုန်ရင်ဖုန်း၊ ဖုန်း အားကုန်ရင် Tablet ။ Screen နဲ့မျက်နှာ မခွါတော့ပါ။ ဒါကြောင့် ထိန်းပါ။

စာလုပ်ချိန်ဖုန်းကိုသိမ်း ထားခိုင်းပါ။ စာ နဲ့ပက်သက် လို့ ရှာစရာရှိရင် tablet နဲ့ရှာခိုင်းပါ။ Tablet က Screen ကြီးသည်။ စာရိုက်ရတာခက်သည်။ ဖုန်းလောက် သယ်ရတာမလွယ် ။ ဒါကိုက ကလေးအတွက်ကောင်းသည်။

ကလေးအများစုသည် Tablet ထက် ဖုန်းကို ပဲ လိုချင်တာဖြစ်ပါသည်။ ဒါကို ကိုယ်က သတိထားရမည်။ ဖုန်းပူဆာရင် လည်း အလွယ်တကူ ၀ယ်မပေး ဘဲ နည်းပေါင်းစုံ အချိန်ဆွဲပါ။ နောက်ဆုံးအဆင့်မှ ၀ယ်ပေးပါ။

ဒါတောင် အချိန်နဲ့သုံးခိုင်းပါ။ ဖုန်းကို Password မခံခိုင်းပါနဲ့။ Password ခံထားလည်း မိဘကပါ သိအောင် လုပ်ထားပါ။ ေမမေ့ ကိုလည်း password ပြောထား။ ဖုန်းကိုမေမေယူမကြည့်ဘူး ဆိုပြီးကတိပေးထားပါ။

သူအိပ်ပျော်မှ ဖုန်းယူစစ်ပါ။ ယူစစ်မှန်း လည်း သူမသိပါစေနဲ့။

social media သုံးရင်၊ ကလေးရဲ့အကောင့်ကို ကိုယ့်ဖုန်းထဲမှာပါ ထည့်ထားနိုင်ရင်ကောင်းပါတယ်။

ကလေးကိုအကျိုးအကြောင်းပြောပြ ကျားဖျန့်တွေ ပေါနေလို့ အကောင့် ပျောက်မှာစိုးလို့ ဘာညာ လျှောက်ပြော ပြီးထည့်ထားပါ။ ကလေး ရဲ့
telegram/tiktok အကုန်ထည့်ထားလို့ရပါတယ်။

phone setting / Tablet setting ထဲက Parental Controls ကို ဖွင့်ထားပါ။ တစ်ချို့ကလေးတွေကဒါကို မကြိုက်ပါ။ ကိုယ် Download ချင်တဲ့ Game software ဘာညာ ဒေါင်းမရလို့ပါ။

အပေးအယူလုပ်ပါ။ သားရဲ့ facebook/tiktok/telegram အကောင့် မေမေ့ကိုပေးထား။ Parental Controls မထားဘူး ဆိုပြီးလုပ်ပါ။

ဆယ်ကျော်သက် လေးတွေ ဆိုရင်တော့ ဒီနည်းက သိပ်အလုပ်မဖြစ်တော့။ သူတို့ကလည်လာပြီ။ မည်သို့ပင်ဖြစ်စေ တတ်နိုင်သလောက်ကတော့ ထိန်းပါ။ ဖုန်းထဲမှာ ရည်းစားနဲ့ ကြူထားတာတွေ့လည်း မဆူပါနဲ့။ အရိပ်အခြေကြည့်နေပါ။ မကြာမကြာ ဖုန်းကိုစစ် ကြည့်ပါ။

( privacy ကိုမေ့လိုက်ပါ။ အသက်မပြည့်တဲ့ကလေးကို privacy အပြည့်ပေးမထားသင့်ပါ။ မြန်မာ
စတိုင်ပေါ့။ မိမိ အမြင်သာဖြစ်၍ ပညာရှင်များ သဘောထားကွဲလွဲနိုင်ပါသည်။ )

မေမေ သိတယ်နော် ဟင်းဟင်း နင်နာမယ် ဘာညာ သွား မလုပ်ပါနဲ့။ ပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောပါ။ တော်ကြာ ကလေးက အမေမသိအောင်သဲလွန် စ အကုန်ဖျောက် တဲ့ အကျင့်ဖြစ်နေမယ်။

ကိုယ်တွေ့ပါ။ ကလေးကို သွား
ဟန့်လိုက်တာ နင်လုပ်နေတာငါသိနေတယ်နော်ဆိုတဲ့ပုံစံမျိုး ဟန့်လိုက်တာ။ ကလေးက ၁၃ နှစ်သမီး ။ သူလည်းဘယ်ခေမလဲ ။

ရတယ်လေကြည့်ကြတာပေါ့ဆိုပြီး၊ (သူ့စိတ်ထဲကပြောရင်ပြောနေမှာ )
နောက်ရက် ချက်ဘောက် က Chat ထားတာ သူငယ်ချင်းတွေနဲ့ပြောထားတာအကုန်ဖျက်။ သူ့ဖုန်းကို လုံးဝ clear ထားတော့တာ။ တကယ်တော့ သူအဲလိုလုပ်ချင်တာမဟုတ်ဘူး။ ကိုယ်က သွားစိန်ခေါ်သလိုဖြစ်တော့ ၊ ကလေး သဘာ၀ အရ ၊ သူကလည်း ရတယ်လေ ဒီလိုလား ခုဘာတတ်နိုင်လဲ ဆိုတဲ့ လူကြီးနဲ့ ဥာဏ် ချင်း ကစား ပြိုင် တဲ့ စတိုင် လုပ် ပြတာပါ။

ဒါကလေးသဘာ၀ ပါ။ လူကြီးတစ်ခုခုလုပ်ခိုင်းရင် ဆန့်ကျင်ဘက် လုပ် ပြတတ်တဲ့၊ No ပဲ ပြောတတ်တဲ့ stage တခုကို ကလေးတွေ ဖြတ်သန်းဖူးပါတယ်။ ဆိုးတာမဟုတ်ဘူး။ ကစားတာ။ အတန်းရှင်းယူတာ တစ်မျိုး ပါပဲ။ အဆင့်တစ်ခုကို ဖြတ်သန်းတာပါ။

ပုန်ကန်ချင်စိတ်၊ မခံချင်စိတ် ၊ မေးခွန်းထုတ်ချင်စိတ်တွေ ဖြစ်တာသဘာဝပါ။ လူကြီးကစိတ်ရှည်ပါ။

အင်တာနက်မှာ သတိဆိုတာပိုသည်မရှိပါ။ လူပေါင်းစုံ အလွှာပေါင်းစုံ။ ရှိနေလို့ ကိုယ့်ဘက်က အဖိုးတန်သားသမီးများ မပျက်စီးဖို့၊ သားကောင်မဖြစ်ဖို့ ထိန်းနိုင်ကြဖို့ပါ။ မိမိကလေးသုံးနေတဲ့ apps တွေ Website တွေသိအောင်လုပ်ပါ။ သူတို့ကို လွှမ်းမိုးတဲ့ Influencer တွေကိုသိအောင်လုပ်ပါ။

ဆိုတော့ကာ ကလေးတွေ ရဲ့ screen time ထိန်းဖို့ Parental Controls ဖွင့်နည်းလေးတွေ အောက်မှာပြ ထားပါတယ်။ မသိသေးသူများ လုပ်ကြည့်ကြဖို့ပါ။

အနက်ရောင်ပုံတွေက Android အတွက်ဖြစ်ပြီး၊ အဖြူရောင်က Apple အတွက် ဖြစ်ပါတယ်။

အောင်မြင်ကြပါစေ။





အားလုံးကိုခင်မင်လျှက်
#ညီလတ်ထွန်း(နည်းပညာ)

Google Gemini မှာအသစ်ထည့်သွင်းထားတဲ့ imagen အကြောင်းGoogle Gemini မှာ မကြာသေးခင်ကမှ Imagen ဆိုတဲ့ AI ပုံဖော်စနစ်အသစ်တစ်ခ...
03/09/2025

Google Gemini မှာအသစ်ထည့်သွင်းထားတဲ့ imagen အကြောင်း

Google Gemini မှာ မကြာသေးခင်ကမှ Imagen ဆိုတဲ့ AI ပုံဖော်စနစ်အသစ်တစ်ခု ထပ်ထည့်လိုက်ပါတယ်။ ဒီစနစ်ဟာ သုံးစွဲသူတွေရဲ့ စာသားနဲ့ ပုံတွေကို ပေါင်းစပ်ပြီး စိတ်ကူးထဲက ပုံရိပ်တွေကို လက်တွေ့ဆန်ဆန် ဖန်တီးပေးနိုင်ပါတယ်။

Imagen ရဲ့ အဓိက လုပ်ဆောင်နိုင်စွမ်းများ
Imagen ကို အဓိကအားဖြင့် ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။

* Text-to-Image (စာသားမှ ပုံသို့ပြောင်းလဲခြင်း):

ဒီဟာက စာကြောင်းတစ်ကြောင်း၊ ဒါမှမဟုတ် စာပိုဒ်တစ်ခုကို အခြေခံပြီး ပုံအသစ်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ- "A futuristic cityscape at sunset" (နေဝင်ချိန်မှာ ခေတ်မီမြို့ပြပုံရိပ်) လို့ ရိုက်ထည့်လိုက်ရင် အဲဒီဖော်ပြချက်နဲ့ ကိုက်ညီတဲ့ ပုံတစ်ပုံကို ထုတ်ပေးပါလိမ့်မယ်။ သင့်ရဲ့ စိတ်ကူးထဲက ဇာတ်လမ်း ဒါမှမဟုတ် မြင်ကွင်းကို အသေးစိတ်ဖော်ပြလေ၊ Imagen က ပိုပြီးတိကျတဲ့ ပုံရိပ်ကို ဖန်တီးပေးနိုင်လေပါပဲ။

* Image Editing (ပုံပြင်ဆင်ခြင်း):

Imagen က ပုံအသစ်တွေ ဖန်တီးပေးနိုင်ရုံသာမက ရှိပြီးသားပုံတွေကိုလည်း ပြင်ဆင်နိုင်ပါတယ်။ ဥပမာ- သင့်မှာ ပင်လယ်ကမ်းခြေက ပုံတစ်ပုံရှိတယ်ဆိုရင် "Add a vintage car on the beach" (ကမ်းခြေပေါ်မှာ ရှေးဟောင်းကားတစ်စီး ထပ်ထည့်ပေးပါ) လို့ ရေးလိုက်ရုံနဲ့ အဲဒီပုံထဲကို ကားတစ်စီး ထပ်ထည့်ပေးပါလိမ့်မယ်။ နောက်ခံပုံ ပြောင်းတာ၊ အရောင်တွေ ချိန်ညှိတာ၊ အရာဝတ္ထုတွေ ဖျက်တာ၊ ထပ်ထည့်တာ စသဖြင့် စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။

ပုံတွေကို ဘယ်လိုဖန်တီးမလဲ?

Imagen နဲ့ ပုံတွေကို ဖန်တီးဖို့အတွက် လွယ်ကူတဲ့ နည်းလမ်းလေးတွေရှိပါတယ်။
* အသေးစိတ် ဖော်ပြချက်တွေ ထည့်သွင်းပါ: သင်လိုချင်တဲ့ ပုံရဲ့ အကြောင်းအရာ၊ အရောင်၊ ပုံစံ (ဥပမာ- ပန်းချီပုံစံ၊ ဓာတ်ပုံပုံစံ)၊ အလင်းအမှောင်နဲ့ ရှုခင်းနောက်ခံ စတာတွေကို အတတ်နိုင်ဆုံး အသေးစိတ်ဖော်ပြပါ။ ဥပမာ- "A hyperrealistic photograph of a tiger with a neon pink glow in a dense jungle" (အလင်းရောင် အစိမ်းရောင်တောက်နေတဲ့ ကျားတစ်ကောင်ရဲ့ တကယ့်လက်တွေ့ဆန်တဲ့ ဓာတ်ပုံ) လိုမျိုး အသေးစိတ်ရေးသားနိုင်ပါတယ်။

* အဓိက စကားလုံးတွေ အသုံးပြုပါ: "Create," "Generate," "Make," "Draw" စတဲ့ စကားလုံးတွေနဲ့ စတင်ပြီး ပုံဖော်ချင်တဲ့အရာကို အဓိကထားပြီး ရေးသားနိုင်ပါတယ်။ ဥပမာ- "Draw a cat in a spaceship" လို့ ရေးမယ့်အစား "Generate a photorealistic cat sitting in a futuristic spaceship cockpit, with Earth visible outside the window" လို့ ပိုပြီးတိကျအောင် ရေးနိုင်ပါတယ်။

* ပုံရဲ့ အချိုးအစား (Aspect Ratio) ကို ထည့်သွင်းပါ: ပုံကို ဘယ်လိုအချိုးအစားနဲ့ လိုချင်တယ်ဆိုတာကိုပါ ဖော်ပြလို့ရပါတယ်။ "16:9" (Wide screen), "3:2" (Classic photo), "1:1" (Square) စတဲ့ အချိုးအစားတွေကို ထည့်သွင်းနိုင်ပါတယ်။ ဥပမာ- "Create a 16:9 photo of a peaceful forest with sunlight streaming through the trees."

ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်မလဲ?

Imagen ဟာ ပညာရှင်တွေရော၊ အပျော်တမ်း သုံးစွဲသူတွေအတွက်ပါ အသုံးဝင်တဲ့ tool တစ်ခုပါပဲ။
* Creative Content Creation: Social media post တွေ၊ blog post တွေ၊ ဒါမှမဟုတ် YouTube thumbnail တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပုံတွေ ဖန်တီးနိုင်ပါတယ်။

* Concept Art & Design: ဒီဇိုင်နာတွေနဲ့ အနုပညာရှင်တွေဟာ စိတ်ကူးတွေကို ပုံကြမ်းထုတ်ဖို့၊ ဒါမှမဟုတ် ပရောဂျက်အသစ်တွေအတွက် Concept တွေ ဖန်တီးဖို့ အသုံးပြုနိုင်ပါတယ်။

* Education & Personal Use: ကိုယ်ပိုင်အသုံးပြုဖို့ ဒါမှမဟုတ် ကျောင်းပရောဂျက်တွေအတွက် လိုအပ်တဲ့ပုံတွေကို လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။

Gemini ရဲ့ Imagen ဟာ သင့်စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် အကောင်းဆုံး ပုံဖော်ပေးနိုင်တဲ့ ai tool တစ်ခုပါပဲ။




မိသားစုက လျော်ကြေးငွေ သိန်း ၂၁၀၀ ကျော် ပေးပြီးနောက် ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လ...
25/08/2025

မိသားစုက လျော်ကြေးငွေ သိန်း ၂၁၀၀ ကျော် ပေးပြီးနောက် ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ

ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်

အသက် ၁၉ နှစ်အရွယ် ချစ်သူကောင်လေးကို မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းတစ်ခုထံ ဒေါ်လာ ၁၄၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၁၀၀၀၀၀ နဲ့ ရောင်းချခဲ့သူလို့ စွပ်စွဲခံနေရတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဉီး ပါဝင်သောအမှုကို တရုတ်နိုင်ငံရှိ တရားရုံးတစ်ရုံးက ကြားနာတော့မှာဖြစ်ပါတယ်။

‘ဟောင်’လို့ခေါ်တဲ့ အမျိုးသားဟာ သူ့ရဲ့မိသားစုက ဒေါ်လာ ၄၈၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၃၅၀၀၀၀ ကို ကျားဖြန့်ဂိုဏ်းတစ်ခုထံ ပေးပြီးနောက် ဇွန်လကုန်မှာ လွတ်မြောက်လာခဲ့ပါတယ်။

‘ဟောင်’ဟာ လေးလနီးပါး ဖမ်းဆီးခံခဲ့ရပြီး အဆိုပါကာလအတွင်း မကြာခဏ ရိုက်နှက်ခံခဲ့ရလို့ နားထိုင်းလာခဲ့ပါတယ်။ ဟောင်ရဲ့အစ်မဖြစ်သူက ဖြစ်စဉ်ကို လူမှုကွန်ရက်မှာ မျှဝေခဲ့လို့ တရုတ်ပြည်မ ကြီးရဲ့ လူမှုကွန်ရက်မှာ လူသိများလာခဲ့ပါတယ်။

‘ဟောင်’ဟာ ‘ကျိုး’လို့ခေါ်တဲ့ ချစ်သူကောင်မလေးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း တ ရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ ဘိလိယက်ခန်းမတစ်မှာ တွေ့ဆုံခဲ့ပြီး ချစ်ကြိုက်ခဲ့ ပါတယ်။

သူဟာ ဖုကျန်ပြည်နယ်မှဖြစ်ပြီး သူ့ရဲ့မိဘတွေဟာ တရုတ်နိုင်ငံတစ်ဝှမ်း ရင်းနှီးမြှုပ်နှံမှုတွေရှိ ကြောင်း ‘ကျိုး’က ‘ဟောင်’ကို ပြောခဲ့ပါတယ်။ အလုပ်မရှိတဲ့ ‘ဟောင်’ ကို သူ့မိသားစုတွေ စီးပွားရေးလုပ် ငန်းအချို့ လုပ်ကိုင်ရာ မြန်မာနိုင်ငံမှာ အလုပ်ရှာဖို့ ‘ကျိုး’က ဖျောင်းဖျခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်မှာ ‘ဟောင်’က မိသားစုကို အသိမပေးဘဲ ‘ကျိုး’ နဲ့အတူ ထိုင်းနိုင်ငံသို့ လေ ကြောင်းနဲ့ သွားရောက်ခဲ့ပါတယ်။

အဆိုပါစုံတွဲဟာ ထိုင်းနဲ့မြန်မာကြားရှိ နယ်စပ်ကို ဆက်သွားခဲ့ပြီး လက်နက်ကိုင်လူတစ်ဉီးက ၎င်းတို့ကို လာရောက်ခေါ်ဆောင်ကာ ‘ဟောင်’ ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ မိုဘိုင်းဖုန်းကို သိမ်းဆည်းခဲ့ပါ တယ်။

‘ဟောင်’ က ခဏ ဂိမ်းကစားချင်လို့ ဖုန်းပြန်ပေးဖို့ ‘ကျိုး’ ကို တောင်းပန်ခဲ့ပြီး မိသားစုထံ ဖုန်း ဆက်ကာ အကျိုးအကြောင်း ရှင်းပြခဲ့ရာ မိသားစုဝင်တွေက တရုတ်ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်း ကြားခဲ့ပါတယ်။

သူ့ကို မြန်မာနိုင်ငံရှိ Kaixuan လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတွေရှိရာ နေရာတစ်ခုသို့ ခေါ်ဆောင်ခဲ့ ပြီး သူ့ကို ကတုံးတုံးကာ အွန်လိုင်းမှာ ငွေလိမ်ဖို့ သင်ကြားပေးခဲ့တယ်လို့ ‘ဟောင်’က ပြောပါတယ်။

သူဟာ တစ်ရက်မှာ ၁၆ နာရီမှ ၂၀ နာရီအထိ လုပ်ကိုင်ခဲ့ရပြီး သတ်မှတ်ချက် မပြည့်မီပါက သံ တုတ်နဲ့ ရိုက်နှက်ခြင်း၊ ပါးရိုက်ခံရခြင်းရှိကြောင်း၊ ရိုက်နှက်ခံရမှုကြောင့် ‘ဟောင်’ က နားမကြားဖြစ်လာ ခဲ့ပြီး ၁၀ ကီလိုဂရမ်ကျော် ဝိတ်ကျသွားခဲ့ပါတယ်။

‘ဟောင်’ ကို ဝယ်ယူဖို့ ‘ကျိုး’ ကို ယွမ် ၁၀၀၀၀၀ ပေးခဲ့ရလို့ မိသားစုက လျော်ကြေးငွေပေးပါက ‘ဟောင်’ ကို လွှတ်ပေးဖို့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်က နောက်ပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။

လျော်ကြေးငွေကိစ္စကို မြန်မာနိုင်ငံရှိ Chaoshan ကုန်သည်အသင်းရဲ့ အကူအညီနဲ့ ညှိနှိုင်းပြီး နောက် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်က ယွမ် ၃၅၀၀၀၀ ပမာဏကို လက်ခံဖို့ သဘောတူခဲ့ပါတယ်။

‘ဟောင်’ ဟာ ဇွန်လအတွင်း တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီး သူ့ချစ်သူကောင်မလေးမှာ ထိုင်းနိုင်ငံမှ ပြန်လာပြီး ၁၀ ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါအမှုကို ကနဉီးက ဇူလိုင်လကုန်မှာ ကြားနာဖို့ စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် ရက်ပြောင်းခဲ့ပါတယ်။

ကိုးကား - South China Morning Post
Ref; Chinese man sold by teenage lover to Myanmar fraud ring freed after family pays US$48,000

01/06/2025
ရွှေပြည်သာကအဆောင်မှာနေထိုင်ပြီးဂျပန်သွားဖို့ပြင်နေရင်း အ that ခံရသူ မသီရိနွယ်ရဲ့ မိသားစုများအတွက် အလှူငွေလှူဒါန်းပေးခဲ့က...
18/05/2025

ရွှေပြည်သာကအဆောင်မှာနေထိုင်ပြီးဂျပန်သွားဖို့ပြင်နေရင်း အ that ခံရသူ မသီရိနွယ်ရဲ့ မိသားစုများအတွက် အလှူငွေလှူဒါန်းပေးခဲ့
ကျန်ရစ်သူမိသားစုကို လက်ရှိမှာ လိုက်လံကူညီပေးနေတဲ့ ညိုမိသားစုက ' အ that ခံရသူ မသီရိနွယ်ဟာ မိဘမျိုးရိုးစဥ်ဆက် လယ်ယာကိုင်းလုပ်ကိုင်ကြတာဖြစ်လို့ သူမအလှည့်မှာ ဂျပန်ကိုသွားရောက်ပြီး မိဘတွေကို ကောင်းကောင်းမွန်မွန် ထားချင်တဲ့အတွက် ဂျပန်သွားဖို့ပြင်ဆင်နေတာ ၂နှစ်ရှိပါပြီတဲ့. မသီရိနွယ်ရဲ့ မိခင်အတွက် မညိုညိုက ၅သိန်း ကိုရီးယားမှာအလုပ်လုပ်နေသူ တစ်ဦးက စာနာစိတ်ဖြင့် ၅သိန်း လှူဒါန်းပေးခဲ့ပါတယ်' လို့ ဆိုထားပါတယ်.
အဆိုပါအမျိုးသမီးငယ်လေးဟာ ရွှေပြည်သာမြို့နယ်က အဆောင်တစ်ခုမှာ လက်ရှိနေထိုင်ခဲ့တာဖြစ်ပြီး ညအချိန်နောက်ကျမှ ရေဆင်းချိုးရင်း အခုလို အ that ခံ.လို.က်ရတယ်လို့ ပြောကြတာရှိနေပေမယ့် ညိုမိသားစုကတော့ ' သုံ:ပိုင်:မဟုတ်သလိုညအချိန်ကြီးလဲထွက်တာမဟုတ်ပါ..that ခံ.ရ.သူသမီးလေးကရိုးသားသူပါ..အကုန်.ပုံ.တွေနဲ့တကွမှ.တ်တမ်:အကုန်ရှိပါသည်အချိန်တန်ရင် ပြသပေးပါ့မယ်. ပြု.လု.ပ်.သူ.များကို ထိ.ရောက်စွာ အရေ:ယူ.နိုင်ဖို့ အားလုံးဝိုင်းဝန်းပြီး ဆက်လက်လုပ်ဆောင်နေပါတယ်လို့ ဆိုထားတာ တွေ့ရပါတယ်.
အဆိုပါအမျိုးသမီးငယ်လေးဟာ အသက် ၂၁နှစ်အရွယ် မြင်းခြံဇာတိဖြစ်ပြီး ဂျပန်သွားဖို့သင်တန်းလာတက်ရင်း ရွှေပြည်သာ ၈ရပ်ကွက်က အဆောင်မှာ နေထိုင်ခဲ့တာပါ. ပြီးခဲ့တဲ့ မေလ ၈ရက်နေ့မှာ အဆောင်သို့ပြန်မလာဘဲ ပျေ,ာက်ဆုံ:နေကြောင်း စတင်သိရှိခဲ့ကြပြီး မေလ ၁၁ရက်နေ့မှာ ရွှေပြည်သာ ရဲ.စ.ခန်:ကို လူပျေ.ာက်.တို.င်.ခဲ့ကြပါတယ်. ဖေ.ာ်ထုတ်ချက်များအရ အဆောင်တစ်ခုတည်းမှာနေထိုင်သူ အသက် ၂၂နှစ်အရွယ် အမျိုးသားနှင့် ၎င်း၏သူငယ်ချင်း ၂ဦး (အသက် ၁၄နှစ်အရွယ်) တို့က ၃ဦးပေါင်:ပြီး ပြု.လုပ်.ခဲ့ကြကြောင်း ကနဦး သိရှိရတယ်လို့ ဆိုထားပါတယ်. လက်ရှိမှာ တစ်ဦး ကို မ.မိ.သေးဘူးလို့ သိရပါတယ်.
Crd

ရဲလေးမ ဝိုင်းခြုံမ ဖက်တီးမ နဲ့ မ တွေပဲ ဈေးရောင်းရင်းသူဌေးဖြစ်သွားတာဆိုတော့ ယူတို့လည်း ရောင်းသင့်နေပီ လိုင်းစုံမ ဆိုပြီးတ...
18/03/2025

ရဲလေးမ
ဝိုင်းခြုံမ
ဖက်တီးမ နဲ့ မ တွေပဲ ဈေးရောင်းရင်း
သူဌေးဖြစ်သွားတာဆိုတော့
ယူတို့လည်း ရောင်းသင့်နေပီ လိုင်းစုံမ ဆိုပြီးတော့ 🤣
Crd

အချိန်မရလဲ ( ၂ )မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ် ၊၊မနက် 11 : 30 အချိန်လောက် ရှိနေပြီ လမ်းဘေးကကော်ဖီဆိုင်ရဲ့မြေတလ...
02/03/2025

အချိန်မရလဲ ( ၂ )မိနစ်စာလောက် ခဏဝင်၍
ဖတ်ကြည့်ပေးစေချင်တယ် ၊၊

မနက် 11 : 30 အချိန်လောက် ရှိနေပြီ
လမ်းဘေးကကော်ဖီဆိုင်ရဲ့

မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ် ၊
အမေအို တစ်ယောက်နဲ့ တွေ့တော့စကားမစပ် မေးမိပါတယ် "

အမေ" ဒီမှာ ဘာထိုင်လုပ်နေတာလဲ လို့ပေါ့

ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာကတုန်ကယင် အသံလေးတွေနဲ့ ..အမအိုပြောပုံက

သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက်ဆံလာထုပ်တာပါ
ဘဏ်ရုံးမဖွင့်သေးလို့. ခနထိုင်စောင့်နေတာပါတဲ့

အမေ ဘာစားပြီးပြီလဲမေးတော့ဘာမှ့မစားရသေးပါဘူး သားရယ် မနက်ကတည်းကရုံးဖွင်မည့်အချိန်ကို စောင့်နေတာ "

လာပါ " အမေ ဆိုပြီးမုန့်ဟင်းခါးဆိုင်ဘေးနားကထမင်းဆိုင်လေးမှာ

အမေအို အတွက်ထမင်းပွဲလေး မှာပြီး စီစဉ်ပေးလိုက်တယ် ၊၊

ဗိုက်ဆာနေလို့လား မသိပါဘူး " အမအို စားလိုက်တာ ဇွတ်ရောတင်းရောပဲ

ကျမဖြင့် သနားလိုက်တာမျက်ရည်တောင် ဝဲမိတယ်

နေ့လယ်အချိန်ရောက်လာတော့
ရုံးက မဖွင့်သေးဘူး ဒီနေ့ရုံးပိတ်များလား မသိဘူး

သေချာအောင် အမေ့ သားသမီးတွေဆီ
ဖုန်းဆက်ကြည့်ပါ့လား ဖုန်းပါလား

မေးလိုက်တော့ ပါတယ် ပါပါတယ် သမီးရယ် ပြောကာ အိပ်ထဲက. ဖုန်းလေးကို မမျိတမိ ဆွဲကာ

ကျွန်မကို လှမ်းကြည့်နေတယ်ဖုန်းနံပတ်သိလားအမေ

ဒါပဲ သမီး ဒီဖုန်းနံပါတ်ပဲဆိုပြီး
ပြောရင်းဆိုရင်း အမေအိုက ဖုန်းကိုဖွင့်ကာ

နံပတ်တွေအား နှိပ်တော့တယ်လက်တွေ တုန်နေတာမို့
နှိပ့်၍ မရပေ

ကျွန်မလည်း ဖုန်းနံပတ်ကို အတိအကျ နှိပ့်ပြီး ဖုန်းခေါ်ကြည့်တော့ ......

ဖုန်းဝင်သွားတယ်ဗျ( ဟဲလို ) အကို..ဒီမှာ အကိုရဲ့ အမေ " ဘဏ်ရုံးမှာ လွှဲပေးတဲ့ အကိုပိုက်ဆံအချို့ကိုလာပြီး ထုပ်တယ်အကို လွဲပေးလိုက်ပြီလား

လွဲမပေးပါဘူး ပိုက်ဆံရှာရတာ လွယ်တာ မဟုတ်ဘူးကွ
အိမ်လည်း ပြန်လာမအားဘူးအလုပ်ရူပ်နေတယ်

ကျွန်မ အဖွားအိုဘက် တစ်ချက်လှည့်ကြည့်တော့ ပြုံးစိစိနဲ့ အဖွားကလုပ်နေတယ်

ငါ့သားလေးက ငါ့ကို လွမ်းနေတဲ့ အကြောင်းတွေ ပြောနေတာ ဖြစ်မယ်ဆိုပြီး....

အဖွားက ပြုံးပြုံးလေးနဲ့ ပြောပြနေတယ်
( ဟဲလို ) ....အမ. ရှင်... ပိုက်ဆံ လွဲမပေးတော့ဘူးလို့ ပြောလိုက် အဲ့အဖွားကြီးကို

ပြီးတော့ ငါကဒီမှာမိသားစုရှိနေပြီ ပျော်ပျော်ရွှင်ရွှင်လေး နေပါရစေကွာ

လာမနှောက်ယှက်ပါနဲ့လို့ ပြောလိုက် အဖွားကြီးကို ဒါပဲ ဖုန်းချပြီ

ဖုန်းပြောပီးအချိန်မှာ.အမေအိုက.သားဘာပြောလဲဟင်
အမေ့ကို နေကောင်းလားလိုမေးတယ်မလား
အိမ်ပြန်လာမယ်လို့ရော ပြောသေးလား ....

အမေအို ကြားချင်နေတဲ့ စကားတွေ ကျွန်မ လိမ်ညာပီး ဖြည့်ပြောပေးရမှာလား

သားသမီးတွေရဲ့ စကားတွေကို ပြန်ပြောပြလိုက်ရင် အမေအို ရင်ကွဲပက်လက်ဖြစ်သွားမှာ စိုးတယ်

ကျွန်မထိန်းမရတဲ့မျက်ရည်တွေနဲ့ငိုချပစ်လိုက်တယ်

အမေ့ရဲ့အဖြစ်ကို ကြည့်ပြီး ရင့်ကျိုးမရဖြစ်ခဲ့မိတယ် ...

ကျွန်မငိုတာကို.အမေအိုက မြင်တော့ ဘာလို့ ငိုနေတာလဲ " သမီး

သြော်..အမေ့ရဲ့.သားသမိးတွေဆီက ဝမ်းသာတဲ့ စကားကြားရလို့ပါ .ဒါကြောင့်ငိုတာပါ

အမေလို့ပြန်ပြောရင်း.
ကျွန်မ အမေအိုကို အိမ်ခေါ်သွားတယ်

အိမ်ပြန်ရောက်တော့ " ယူပါ အမေ.

ဒါကအမေ့ရဲ့ သားသမီးဆီက လွှဲပေးတဲ့
ငွေတွေပါ.တကယ်တော့ အဖွားအို မသိအောင်ကျွန်မရဲ့. ပိုက်ဆံအိပ်ထဲက. ငွေ ( ၂ )သိန်းကို ထုတ်ပြီး

အဖွားအိုအတွက် ကန်တော့လိုက်တာပါ
ကျေးဇူးမသိတဲ့ သားတွေ ၊ သမီးတွေအတွက်
ရင်လေးမိပါတယ်

မုန်းလည်း မုန်းတီးမိပါတယ် ရှာမကျွေးချင်နေပါ ဒုက္ခမပေးကြပါနဲ့.လုပ်မကျွေးချင်နေပါမစော်ကားကြပါနဲ့..

မေမေအပေါ် ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်နိုင်ကြတဲ့ သားကောင်း သမီးကောင်း ရတနာလေးများ.ဖြစ်နိုင်ကြပါစေ။

#မေတ္တာရောင်ခြည် 💔💔💔

#ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙
Credit

ဖြု တ်ချက်🫡
20/11/2024

ဖြု တ်ချက်🫡

ที่อยู่

Ban Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Boost Services By BZผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์