Skyyyyyy ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Skyyyyyy, ร้านขายของชำ, Ban Nong Bon Daeng.

AJ sq ကchou tank pro ထည့်ထားတာကိုတစ်ချက်ရှိုး  haha
11/10/2024

AJ sq ကchou tank pro ထည့်ထားတာကိုတစ်ချက်ရှိုး haha

Mage pro
05/10/2024

Mage pro

Aww တိုးလည်းတိုးတက်ပါတယ် 😭😭😭
02/10/2024

Aww တိုးလည်းတိုးတက်ပါတယ် 😭😭😭

1993ခုနှစ် ပဲခူးတိုင်း ပဲခူးမြို့ဆိုတဲ့ မြို့လေးမှာမွေးဖွားခဲ့တယ်😍Facebook မရှိသေးဘူး။ ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။...
15/05/2024

1993ခုနှစ် ပဲခူးတိုင်း ပဲခူးမြို့ဆိုတဲ့ မြို့လေးမှာမွေးဖွားခဲ့တယ်😍

Facebook မရှိသေးဘူး။
ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။

ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်
10 မိနစ် ငါးဆယ်/တစ်ရာ ပေးပြောခဲ့ရတယ်။

ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။

အိပ်ယာဝင်ချိန်တွေ စောတယ်။

လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့
ဖတ်တယ်။

တဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေ
ချရေးတယ်။ဘောလုံးကန်လို့ဒူးပြဲတဲ့ဒဏ်ရာက
အနာဖေးကို‌သွေးထွက်‌အောင်ခွာသွေးထွက်လာတော့
အဲသွေးနဲ့စာရွက်အဖြူပေါ်မှာချစ်တယ်ဆိုတဲ့စာကိုရေး
ကိုကြိုက်နေတဲ့ကောင်မလေးကိုပေးလိုပေး😅😅

ရုပ်ရှင်ဆိုတာ
လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။

သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။

TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက်မိုးဦး၊လွင်မိုးနဲ့ခိုင်သင်းကြည်။

TV Channel က
MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊
၉ နာရီမှာ ကျန်ကျောင်းကား၊ လုရီကား ကို
ရင်ခုန်စွာကြည့်ခဲ့ရတယ်။

လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတလက်နဲ့ သမီးရည်းစား
ပိုးပန်းကြတယ်။

ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
တူတူသွား ကြတယ်။

ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်။

ဆယ်ကျော်သက်အရွယ်မှာ
လွန်းထားထား၊လမင်းမိုမို၊ ပုညခင်၊
မီကိုဇူးဇင်၊နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း။

မင်းလူ တာရာမင်းဝေ
မင်းခိုက်စိုးစန် နီကိုရဲ ပို့စ်မော်ဒန်ကဗျာတွေ
တချို့ကဗျာတွေခုထိအလွတ်ရတုန်း ရူးသွပ်ခဲ့ရတာတွေ

ကာတွန်းဆိုရင် တွတ်ပီ(ဆွေမင်း ဓနုဖြူ)
ဆရာအောင်ရှိန် မိုးကြိုး တင်မောင်ဝင်း ကိုပူစီ
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် ။

မင်းသိခ် ဆရာအောင်သင်း ဆရာဖေမြင့်
ဆရာသော်တာဆွေ ဆရာကြီးရွှေဥဒေါင်း
လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
PS:ဆရာသော်တာဆွေရဲ့စာအုပ်ဖတ်ရင်အရက်သောက်ချင်တယ်😁😁

ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
သိပ်လှကြတာ.... ကျောင်းမှာ Crush
ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။

မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ။

ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတချို့က
သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။

သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
ဇနီးမယားတွေ စိတ်ချမ်းသာမှု
ပြည့်ဝနေကြတယ်။

အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ
ပြိုင်ဆိုင်လိုစိတ်နည်းတယ် ၊
ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး။

ဟိရိဩတ္တပတရားတွေ အင်အားကြီးတုန်း။
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
ဖြစ်ကြတုန်း

သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ

တခါတလေတော့လည်း အဲ့အချိန်တွေကို
လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။

ဒါတွေက
တို့ရဲ့ ငယ်ဘဝတွေ .........
အဲ့ဒီအချိန်ကာလမှာ
လူတချို့ဆီကနေ အရောင်မပါ
စိတ်ထားဖြူစင်မှုတွေ
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။

အပူအပင်ကင်းတဲ့
ငယ်ငယ် က ဘဝလေးကို
ပြန်သတိရ မိပါတယ်

ByBy😭😭😭သားကြီးရေ7yearနုပ်ဆက်ခဲ့ပါတယ်
09/05/2024

ByBy😭😭😭သားကြီးရေ
7yearနုပ်ဆက်ခဲ့ပါတယ်

မိန်းမတစ်ယောက်ရည်းစားတွေအများကြီးထားဖူးတယ်...ဘာဘာညာညာ ကိစ္စတွေဖြစ်ဖူးတယ်နားလည်ပေးလို့ရတယ်... ☺️မိန်းမ တစ်ယောက်Night out ...
07/05/2024

မိန်းမတစ်ယောက်
ရည်းစားတွေအများကြီးထားဖူးတယ်...
ဘာဘာညာညာ ကိစ္စတွေဖြစ်ဖူးတယ်
နားလည်ပေးလို့ရတယ်... ☺️

မိန်းမ တစ်ယောက်
Night out ထွက်တယ်
ကလပ်တက်တယ်
နေ့တိုင်း ညဉ့်နက်မှ အိမ်ပြန်တယ်..
ဖြစ်တယ်.. သီးခံပေးလို့ရတယ်...😊

မိန်းမတစ်ယောက်
ငွေအသုံးဖြုန်းကြီးတယ်
စရိုက်ကြမ်းတယ်
အိမ်မှုကိစ္စတွေ မတတ်ဖူး
မသိသလို နေပေးလို့ရတယ်... 😕

မိန်းမ တစ်ယောက်
ကိုယ်နဲ့တွဲနေရဲ့သားနဲ့
တခြားဘဲတွေနဲ့လည်း ကြူတယ်
ကိုယ့်အပေါ်လည်း respect မရှိဖူး
ဘာမှ မပြောဘဲ နေလို့ရသေးတယ်...😌

နောက်ဆုံးကွာ......
လင်ငယ် ယူသွားအုံးတော့....
ခွင့်လွှတ်ပေးလို့ ရသေးတယ်....🙂

တစ်ခုဘဲ......

အဲ့ဒီ မိန်းမက
ကိုယ့် မိန်းမ မဖြစ်ဖို့တော့ လိုတာပေါ့..🤗

ဒီတစ်ခေါက်တော့လက်လျှော့လိုက်ပါပီ😢😢😢
17/04/2024

ဒီတစ်ခေါက်တော့လက်လျှော့လိုက်ပါပီ😢😢😢

05/03/2024

ที่อยู่

Ban Nong Bon Daeng

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Skyyyyyyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์