18/08/2026
Skincare ပစ္စည်း အမျိုးစုံသုံးလေလေ အသားအရေ ပိုကောင်းလေလေဆိုတာ… တကယ်ဟုတ်လား? 🤔
တကယ်တော့ Skincare ပစ္စည်းတွေ အများကြီးသုံးတိုင်း အသားအရေက ပိုကောင်းလာတာမျိုး မဟုတ်ပါဘူးနော်။
ကိုယ့်အသားအရေနဲ့ မကိုက်တဲ့ Skincare တွေကို အများကြီးသုံးမိရင် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် Skincare ရွေးတဲ့အခါ ပစ္စည်းအများကြီးသုံးဖို့ထက် ကိုယ့်အသားအရေက ဘာလိုအပ်နေလဲဆိုတာ အရင်သိဖို့ ပိုအရေးကြီးပါတယ်။
အဓိကအနေနဲ့ ကိုယ့်ရဲ့ Skin Type က ဘာလဲ၊ အသားအရေမှာ ဘာပြဿနာရှိနေလဲ ဆိုတာ သိထားပြီး ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Skincare ကို ရွေးချယ်သုံးသင့်ပါတယ်နော်။ 💗
Skincare များများသုံးတာထက် ကိုယ့်အသားအရေနဲ့ ကိုက်တာကို မှန်မှန်သုံးတာက ပိုအရေးကြီးပါတယ်။ ✨