Aung never give up

ဗီလာအသင်းကိုအနိုင်ယူပြီတန်ဆင်းဇုံထဲကနေရုန်းထွက်လာနိုင်ပြီဖြစ်တဲ့စပါးအသင်းကတော့အခြေနေအကောင်းဘက်ကိုဉီးတည်လာခဲ့ပါပြီ ဗီလာအသ...
04/05/2026

ဗီလာအသင်းကိုအနိုင်ယူပြီတန်ဆင်းဇုံထဲကနေရုန်းထွက်လာနိုင်ပြီဖြစ်တဲ့စပါးအသင်းကတော့အခြေနေအကောင်းဘက်ကိုဉီးတည်လာခဲ့ပါပြီ ဗီလာအသင်းကိုအနိမ့်ဆုံးသရေရရင်အခြေနေမဆိုးတော့ဘူးထင်ထားပေမဲ့အနိုင်ရအောင်ကစားပြသွားခဲ့တဲ့နည်းပြဒီဇာဘီရဲ့စပါးအသင်းကတော့ တန်းတင်ကျန်ဖို့စိတ်ဓါတ်ခွန်အားတွေအပြည့်နဲ့အခြေနေကောင်းလာခဲ့ပြီပဲဖစ်ပါတယ် နော်တင်ဟန်ဖောရက် စပါး ဝက်ဟမ်းတို့(3)သင်းထဲကတော့သေချာပေါ့(1)သင်းကတော့တန်းဆင်းသွားရမှာပဲဖြစ်ပါတယ် ဝက်ဟမ်းဆိုရင်လဲတန်းမဆင်းရတာအတော်ကြာပြီစပါးအသင်းလဲတူတူပဲနော်တင်ဟန်ဖောရက်ကတော့တန်းပြန်တက်လာတာမကြာသေးဘူးဒါပေမဲ့ချန်ပီယံလိဒ်ဆုဖလားကြီး(2)လုံးအထိရင်ဝယ်ပိုက်ထားခဲ့တယ် ပရိတ်သတ်တို့ကရောဘယ်အသင်းကတန်းဆင်းသွားသင့်တဲ့အသင်းဖြစ်မလဲ🥰 # #အားလုံးကိုလေးစားလျှက် #

ဗီလာအသင်းသရေကျရင်တောင် မန်ယူအသင်းနဲ့ငယ်ချစ်ဉီးလီဗာပူးအသင်းတို့ထပ်ခွဲရအုံးမယ်ထင်ပါတယ် မန်ယူအသင်းကတော့စိတ်ဆိုးနေလို့ဖြစ်မယ...
03/05/2026

ဗီလာအသင်းသရေကျရင်တောင် မန်ယူအသင်းနဲ့ငယ်ချစ်ဉီးလီဗာပူးအသင်းတို့ထပ်ခွဲရအုံးမယ်ထင်ပါတယ် မန်ယူအသင်းကတော့စိတ်ဆိုးနေလို့ဖြစ်မယ် လီဗာပူးအသင်းကိုအရှုံးခံမှနီးစပ်နိုင်မှာကိုသိသိရက်ကြီးနဲ့ကိုစောစောစီးစီး(2)ဂိုးသွင်းလိုက်မှတော့ လီဗာပူးအသင်းနဲ့ပြန်နီးစပ်ဖို့ဘယ်လိုတွေတောင်ချော့မော့ရအုံးမှာလဲမသိတော့ဘူး ကြားထဲမှာဗီလာအသင်းကကြားညှပ်ဖို့ဝင်ချောင်းနေတော့ဗီလာအသင်းနဲ့စပါးအသင်းကန်မဲ့ပွဲမှာစပါးအသင်းအနိုင်ရမှမန်ယူအသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ချစ်ကြိုးသွယ်ကနီးစပ်နိုင်တော့မှာပါ စပါးအသင်းအနိုင်ရမှာအရာအားလုံးအဆင်ပြေမယ်ထင်တယ် စပါးအသင်းအတွက်လဲတန်းဆင်းဇုံကနေလွတ်မြောက်မယ် မန်ယူအသင်းနဲ့လီဗာပူးအသင်းလဲချစ်ကြိုးသွယ်လို့ရမယ်အခုတော့မန်ယူအသင်းဖြုတ်တာကိုတော့လီဗာပူးအသင်းသည်းခံနေရှာပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

03/05/2026

ဘယ်အသင်းကိုပဲရောက်ရောက်အမှားလုပ်လိုက်ရမှစားဝင်အိပ်ပျော်တဲ့ #ဂိုးသမား 🥰

အာဆင်နယ်အသင်းရဲ့ပရီးမီးယားလိဒ်ဆုဖလားကြီးလုပွဲကလဲအဆုံးသတ်သွားတော့မယ်ထင်ပါတယ် မန်စီးတီးအသင်းကိုလောလောဆယ်(6)မှတ်အထိဖြတ်ထားလ...
03/05/2026

အာဆင်နယ်အသင်းရဲ့ပရီးမီးယားလိဒ်ဆုဖလားကြီးလုပွဲကလဲအဆုံးသတ်သွားတော့မယ်ထင်ပါတယ် မန်စီးတီးအသင်းကိုလောလောဆယ်(6)မှတ်အထိဖြတ်ထားလိုက်ပြီပဲဖြစ်ပါတယ် နည်းပြအာတေတာကတော့အာဆင်နယ်အသင်းဝေးကွာနေတဲ့ပရီးမီယားလိဒ်ဆုဖလားကြီးကို(22)နှစ်နဲ့အဆုံးသတ်ပြတော့မှာပဲဖြစ်ပါတယ် နည်းပြအာတေတာကတော့အာဆင်နယ်အသင်းရဲ့အကောင်းဆုံးသမိုင်းဝင်နည်းပြဖြစ်ဖို့အတွက်ချန်ပီယံလိဒ်ဆုဖလားကြီးကိုဘယ်အသင်းကမှမရရှိထားဖူးသေးတဲ့ ရွှေရောင်ချန်ပီယံလိဒ်ဆုဖလားကြီးကိုရယူပေးဖို့ပဲကျန်ရှိနေပါတော့တယ်🥰 # #အားလုံးကိုလေးစားလျှက် #

စပါးအသင်းအတွက်တော့လမ်းကြောင်းပွင့်လာပါပြီ ဝက်ဟမ်းတို့ဒီညတော့ပြေးလို့မလွတ်နိုင်လောက်တော့ပါဘူး ပျားပိတုံးဘရက်ဖို့ဒ်အသင်းကတ...
02/05/2026

စပါးအသင်းအတွက်တော့လမ်းကြောင်းပွင့်လာပါပြီ ဝက်ဟမ်းတို့ဒီညတော့ပြေးလို့မလွတ်နိုင်လောက်တော့ပါဘူး ပျားပိတုံးဘရက်ဖို့ဒ်အသင်းကတကယ်ဆော်ထည့်တော့မှာနှစ်သင်းစလုံးအတွက်ကတော့အမှတ်တွေလိုအပ်နေခဲ့ပါတယ် ဘရက်ဖို့ဒ်အသင်းအတွက်ကတော့ချန်ပီယံလိဒ်လားယူရိုပါလိဒ်လားဝေခွဲမရဖြစ်နေတဲ့အချိန်ဝက်ဟမ်းအသင်းပတော့တန်းမဆင်းရဖို့အတွက်ရုမ်းကန်နေရတဲ့ဖို့ဆိုပေမဲ့ဘရက်ဖို့ဒ်အသင်းဖိအားကိုဝက်ဟမ်းအသင်းတို့မခုခံနိုင်လောက်ပါဘူး ကြားထဲကနေတော့စပါးအသင်းအမြတိထုတ်သွားနိုင်ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

အဂ်လန်ကလပ်အာဆင်နယ်အသင်းကတော့ပရီးမီးယားလိဒ်မှာပဲရွှေဖလားယူတာအားမရတော့လို့ခြေဆန့်ပြီတော့ချန်ပီယံလိဒ်မှာပါရွှေဖလားယူဖို့ပြင...
02/05/2026

အဂ်လန်ကလပ်အာဆင်နယ်အသင်းကတော့ပရီးမီးယားလိဒ်မှာပဲရွှေဖလားယူတာအားမရတော့လို့ခြေဆန့်ပြီတော့ချန်ပီယံလိဒ်မှာပါရွှေဖလားယူဖို့ပြင်ဆင်နေပါပြီ တစ်ခါမှမရဖူးတဲ့ချန်ပီယံလိဒ်ဆုဖလားကြီးကိုအခုချိန်မှာတော့ရွှေဖလားနဲ့ယူဖို့တောင်လက်တစ်ကမ်းအလိုမှာပဲရှိနေခဲ့ပါတယ် အာဆင်နယ်အသင်းသာရှုံးပွဲမရှိစံချိန်နဲ့ချန်ပီယံလိဒ်ကိုဆွတ်ခူးသွားမယ်ဆိုရင်တော့ သမိုင်းဝင်မှတ်တမ်းနဲ့အတူချန်ပီယံလိဒ်ရွှေဆုဖလားကြီးနဲ့ပါသိမ်းပိုက်နိုင်တော့မှာပဲဖြစ်ပါတယ် ဆရာပပ်ရဲ့တပည့်နည်းပြအာတေတာကတော့ခေသူမဟုတ်ဘဲဆရာထက်တောင်အစွမ်းပြပြီ ဘယ်အသင်းဘယ်နည်းပြမှမစွမ်းဆောင်ထားနိုင်တဲ့စံချိန်သစ်ကိုလဲလက်တစ်ကမ်းအလိုမှာလုပ်ပြနိုင်တော့မဲ့အခွင့်ရေးရှိနေခဲ့ပါတယ် အာဆင်နယ်အသင်းအတွက်(2025-26)ဘောလုံးရာသီကတော့ရွှေဖလားကြီးနဲ့ရာသီသိမ်းဖို့တော့မြင်ယောင်နေမိပါပြီ🥰 # #အားလုံးကိုလေးစားလျှက် #

02/05/2026

အမှားနှစ်ခုကိုမိနစ်အနည်းငယ်အတွင်းမှာပဲပြုလုပ်ခဲ့မိပြီဂိုး(2)ဂိုးပေးလိုက်ရတဲ့ #အကောင်းဆုံးဂိုးသမား

ဘာစီလိုနာအသင်းရဲ့(2026-27)ရဲ့ဘောလုံးရာသီအတွက်ပြင်ဆင်ထားတဲ့အိမ်မက်ထဲကလူစာရင်းပါ ပက်ထရို အန်ဇို ရီကာဒိုတို့ကိုခေါယူပြီနေရာ...
02/05/2026

ဘာစီလိုနာအသင်းရဲ့(2026-27)ရဲ့ဘောလုံးရာသီအတွက်ပြင်ဆင်ထားတဲ့အိမ်မက်ထဲကလူစာရင်းပါ ပက်ထရို အန်ဇို ရီကာဒိုတို့ကိုခေါယူပြီနေရာအလိုက်ဖြန့်ကျက်ထားတော့မှာပဲဖစ်ပါတယ် ပရိဟိတမင်းသားကြီးကိုတော့ကန်ထုတ်ဖို့အစီစဉ်ဆွဲနေပြီ ရက်ဖို့ဒ်ကိုတော့အရံနေရာမှာပဲလျာထားတဲ့သဘောပါပဲ လာပေါတာကတော့ဘာစီလိုနာအသင်းငွေကြေးအကျပ်တည်းကြားကနေအသင်းကို ကစားသမားတွေကိုအသင်းဆီရောက်အောင်ခေါဆောင်လာနိုင်တဲ့အရည်အချင်းကတော့လက်ဖျားခါလောက်တယ် အခုလဲ အန်ဇို ပက်ထရို ရီကာဒိုတို့အိမ်မက်အသင်းကိုတည်ဆောက်ဖို့ပြင်ဆင်နေပါတယ် ဘာစီလိုနာအသင်းကတော့တကယ်မလွယ်ဘူးနော်🥰 # #အားလုံးကိုလေးစားလျှက် #

အာဆင်နယ်အသင်းနည်းပြအာတေတာအတွက်အကောင်းဆုံးနှစ်တစ်နှစ်လို့ပြောရင်လဲမမှားပါဘူး တခါမှမရဖူးတဲ့ချန်ပီယံလိဒ်ဆုဖလားကြီးနဲ့လက်တစ်...
01/05/2026

အာဆင်နယ်အသင်းနည်းပြအာတေတာအတွက်အကောင်းဆုံးနှစ်တစ်နှစ်လို့ပြောရင်လဲမမှားပါဘူး တခါမှမရဖူးတဲ့ချန်ပီယံလိဒ်ဆုဖလားကြီးနဲ့လက်တစ်ကမ်းအလိုမှာရှိနေသလို ပရီမီးယားလိဒ်ဆုဖလားကြီးကလဲ လက်တစ်ကမ်းအလိုမှာ​ကေ်လာပြန်ပါတယ် ဖလား(2)လုံးအပိုင်သိမ်းနိုင်ခဲ့ရင်စံချိန်တင်ရမှာရှိသလို အာဆင်နယ်အသင်းမှာလဲအကြာကြီးအခြေထိုင်နိုင်ဖို့အခွင့်ရေးလဲရရှိတော့မှာပဲဖစ်ပါတယ် ချန်ပီယံလိဒ်ဖလားကြီးကိုသာယူပေးလိုက်နိုင်ရင်တော့ အာဆင်နယ်အသင်းကလဲအဂ်လန်ကလပ်တွေမှာပြီပြည့်စုံသွားပါလိမ့်မယ်🥰 # #အားလုံးကိုလေးစားလျှက် #

01/05/2026

ကွင်းလယ်ဒိုင်နောက်ပြောင်မှုကြောင့်(VAR)ကပယ်ဖျက်လိုက်တဲ့ပင်နယ်တီ🥰 #နည်းပြတုံ့ပြန်ပုံ

ပရီးမီးယားလိဒ်မှာအဆင့်(15)ရှိနေတဲ့နောတင်ဟန်ဖောရက်အသင်းကတော့ယူရိုပါလိဒ်မှာ ဗီလာအသင်းကိုအနိုင်ယူပြီပထမအကျော့မှာအခြေနေကောင်...
01/05/2026

ပရီးမီးယားလိဒ်မှာအဆင့်(15)ရှိနေတဲ့နောတင်ဟန်ဖောရက်အသင်းကတော့ယူရိုပါလိဒ်မှာ ဗီလာအသင်းကိုအနိုင်ယူပြီပထမအကျော့မှာအခြေနေကောင်းကိုဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ် ဗီလာနည်းပြအူးနိုင်းအမ်မရီကယူရိုပါလိဒ်မှာဆိုစပယ်ရှယ်ဝမ်းနည်းပြလို့ပြောရမှာကိုနော်တင်ဟန်ဖောရက်အသင်းကတော့အိမ်ကွင်းအနိုင်ကန်နိုင်ခဲ့ပါတယ် နော်တင်ဟန်ဖောရက်အသင်းရဲ့ပြုပြင်ပြောင်းလဲနိုင်မှုကလဲအံမခန်းပါပဲ ပရီးမီးယားလိဒ်မှာဆိုရင်အခြေနေတော်တော်ဆိုးခဲ့ပြီတန်းဆင်းဇုံထဲမှာနစ်မြုပ်ခဲ့ဖူးတယ် အခုတော့ယူရိုပါလိဒ်ဆီးမီးဖိုင်နယ်ပထမအကျော့မှာအနိုင်ကန်ထားနိုင်ပြီ ပရီးမီးယားလိဒ်မှာတန်းတင်ကျန်ဖို့အခြေနေကောင်းနေပြီအဆင့်(15)နေရာရပ်တည်နေခဲ့ပါတယ် ဒုတိယအကျော့မှာတော့ယူရိုပါလိဒ်ဘုရင်ကြီးဗီလာအသင်းနည်းပြအူးနိုင်းအမ်မရီရဲဝှက်ဖဲကိုမြင်တွေ့ခွင့်ရတော့မှာဖြစ်သလိုနှစ်သင်းစလုံးရဲ့ဝေးကွာနေတဲ့ဉရောပအောင်မြင်မှုအတွက်အကြိတ်အနယ်ယှဉ်ပြိုင်ပြီပရိတ်သတ်တွေကိုဉ​ရောပရဲ့အကောင်းဆုံးပွဲတစ်ပွဲနဲ့ဖျော်ဖြေပေးသွားအုံးမှာပါ🥰 # #အားလုံးကိုလေးစားလျှက် #

ဗီအက်ဂျီအသင်းရောဘိုင်ယန်မြူးနစ်အသင်းပါဘယ်အသင်းကပဲတက်တက်ဖလားရမဲ့အသင်းဆိုတာသက်သေပြသွားခဲ့ပြီဖြစ်ပေမဲ့ ဘောလုံးဟာလုံးနေခဲ့တဲ...
30/04/2026

ဗီအက်ဂျီအသင်းရောဘိုင်ယန်မြူးနစ်အသင်းပါဘယ်အသင်းကပဲတက်တက်ဖလားရမဲ့အသင်းဆိုတာသက်သေပြသွားခဲ့ပြီဖြစ်ပေမဲ့ ဘောလုံးဟာလုံးနေခဲ့တဲ့အတွက်ဗိုလ်လုပွဲမှာတော့ဘာမဆိုဖြစ်သွားနိုင်ပါတယ် ဒီဘက်နှစ်သင်းကလဲချန်ပီယံလိဒ်မရထားခဲ့တဲ့အတွက်အာဆင်နယ်အသင်းရောအက်သလက်တီဂိုအသင်းပါတဖြေးဖြေးချင်းနဲ့ဗိုလ်လုပွဲဆီကိုချဉ်းကပ်လာနိုင်ခဲ့ကြပါတယ် ဗိုလ်လုပွဲတိုင်းမှာများသောအားဖြင့်က တိုက်စစ်ဖွင့်ကစားတဲ့အသင်းနဲ့ခံစစ်အနုပညာပြတဲ့အသင်းတို့ကဗိုလ်လုပွဲတိုင်းလိုလိုလာဆုံကြလေ့ရှိပါတယ် ခြေစွမ်းပိုင်းကြည့်မယ်ဆိုရင်ဘိုင်ယန်နဲ့ဗီအက်ဂျီအသင်းတို့ကိုယှဉ်ပြိုင်နိုင်တဲ့အသင်းဗိုလ်လုပွဲဆီကိုတက်မလာနိုင်ခဲ့ပါဘူး🥰 # #အားလုံးကိုလေးစားလျှက် #

Address

Jalan Sultan
Kuala Lumpur

Telephone

+601127269424

Website

Alerts

Be the first to know and let us send you an email when Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share