23/02/2026
တအာင်းလူမျိုးတွေရဲ့ စိတ်သဘောထား ကြီးမားမှု
====================================
တအာင်းလူမျိုးစုတို့သည် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်
ကတည်းက မြန်မာနိူင်ငံမှာ အခြေချနေထိုင်ပီး ရေကြည်ရာ
မြက်နုရာကို ရှာဖွေရင်း အေးအေးချမ်းချမ်းနဲ့ နေထိုင်ရတာကို
နှစ်သက်သဘောကျတဲ့ လူမျိုးစုဖြစ်တယ်။
တအာင်းလူမျိုးတွေက အာဏာမက် လေသလား ???
======================================
တအာင်းလူမျိုးစုတို့သည် ကိုယ်ပိုင်ဘာသာစကား ကိုယ်ပိုင်
ယဉ်ကျေးမှု ကိုယ်ပိုင်စာပေ ကိုယ်ပိုင်စော်ဘွား နှင့် နယ်မြေ
ဒေသတစ်ခုမှာ တစ်စုတစ်စည်းထဲ နေထိုင်လာခဲ့တယ်။
တအာင်းလူမျိုးတွေသာ အာဏာမက်မောခဲ့လျှင် မြန်မာနိူင်
ငံရဲ့ ပထမဦးဆုံး (သမ္မတ ) အဖြစ် လုပ်ဆောင်ပေးဖို့ ဗိုလ်
ချုပ်အောင်ဆန်းရဲ့ အကြိမ်ကြိမ် ကမ်းလှမ်းတောင်းဆိုမှု ကို
တအာင်းလူမျိုးစုရဲ့ စော်ဘွားဖြစ်တဲ့ တောင်ပိုင်စော်ဘွားကြီး
စဝ်ခူန်ပါန်စိင် က ငြင်းဆိုခဲ့ပါ့မလားပေါ့ ???။
တောင်ပိုင်စော်ဘွားကြီး စဝ်ခူန်ပါန်စိင်သည် ပင်လုံစာချုပ်
တွင် ပါဝင်လက်မှတ်ရေးထိုးသည့် စော်ဘွားတစ်ဦးဖြစ်
သည်။
တောင်ပိုင်နယ် တအာင်းပြည်နယ်ကို ရှမ်းပြည်နယ်ထဲ သတ်
သွင်း ခံရပီးတဲ့နောက် တအာင်းပြည်နယ် ပျောက်ဆုံးခဲ့ရ
တယ်။
စဝ်ခူန်ပါန်စိင်သည် တအာင်းပြည်နယ် ရရှိရန် တောင်းဆိုဖို့
ထက် ရှမ်းပြည်နယ်သားများအတွက် ရှမ်းပြည်နယ်နေ့ ဖြစ်
ပေါ်လာရေး နှင့် ရှမ်းပြည်နယ်အလံ ပေါ်ထွက်လာရေးတို့ကို
စော်ဘွားများ ကောင်စီဥက္ကဌ တစ်ဦးအနေဖြင့် တာဝန်ကျေ
ပွန်စွာ ဦးဆောင်ခဲ့တယ်။
ဒီ သမိုင်းအချက်အလက်တွေ ကို ကြည့်ခြင်းအားဖြင့် တ
အာင်းလူမျိုးစုတွေ ဘယ်လောက်အထိ ရိုးသားပီး သဘော
ထားကြီးမားခဲ့တယ်ဆိုတာ မြင်တွေ့နိူင်ပါတယ်။
ကိုယ့်ကံကြမ္မာကို ဖန်းတီးယူနိူင်ဖို့အတွက် မလွဲသာလို့သာ
လျှင် လက်နက်ကိုင်ပီး တော်လှန်ရတာပါ တအာင်းလူမျိုး
စုတွေသည် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရတာကို နှစ်သက်
သဘောကျတဲ့လူမျိုးစု တစ်စု ဖြစ်တယ်။
မာည်းအညီ ပါင်မို
( 23 . 2 . 2025 )