02/10/2025
အရာအားလုံးဟာကျေးဇူးတော်သက်သက်ပါပဲ။ မပြည့်စုံခြင်း အားနည်းခြင်းများထဲက ဘုရားသခင် ချစ်အားကြီးခဲ့သည်။ လုပ်နိုင်တာသေးသေးလေးပါ။ ကျွန်တော့အတွက်အောင်မြင်ခြင်းက သူတို့ရဲ့ လွတ်လပ်ပေါ့ပါးစေတဲ့ အပြုံး နဲ့ ရယ်မောသံတွေပါ။ ပျောက်ဆုံးမေးမှိန်နေတဲ့ သူတို့မျော်လင့်ချက်တွေ နေရာမာ အရောင်ဖျော့ဖျော့ ပြန်တောက်ပလာတဲ့ သူတို့ မျက်လုံးတွေက ကျွန်တော့အတွက် ခွန်အားပေါ့။ ကူညီပေးသူ ပြည်တွင်းပြည်ပ အလှူရှင်များကျေးဇူးအထူးတင်ပါသည်။ အစမှာ စိုးရိမ်စိတ်တွေနဲ့ မြင်ခဲ့ တားခဲ့ကြတယ်။ ဘုရားသခင်ပေးတဲ့ ခွန်အား အခွင့်နဲ့လုပ်တာပါလို့ ဖြေခဲ့တယ်။ ဘုရားသခင်ကောင်းမြတ်ပါတယ်။ ၂၀၂၁ ဇွန်မှာ အစပြုခဲ့ပါသည် ယခု ၄ နှစ်ကျော်ခဲ့ပါပြီ Client ၁၃၇ ဦးကို ချိတ်ဆက်ပေး ကူညီပေးနိုင်ခဲ့ပါသည်။ ထို Client တွေထဲ မှာ တောင်သူလယ်သမားများ ငါးမွေးမြူရေးလုပ်ငန်းရှင်များ ဝက်မွေးမြူရေးလုပ်ငန်ရှင်များ ကလောစိုက်တောင်သူများ စျေးဆိုင်လုပ်ငန်းရှင်များ ပါဝင်ကြပါသည်။ ပူပေါင်းချိတ်ဆက်ကာ ပါဝင်ပေးသော Client များကို လည်း ကျေးဇူးတင်ပါသည်။ ဆက်လက်လုပ်ဆောင်ဖို့ ချီတက်နိုင်ဖို့ ဆုတောင်းကူညီပေးကြပါ။
ထမ်းရွက်စရာ ဝန်ချင်းကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရာကို ကျင့်ကြလော့။ ဂလာတိ ၆:၈