Good Things Monee

Call Directions Contact the business

Good Things Monee အရေးတော်ပုံ အောင်ရမည်

27/09/2026
နိုင်ငံရေးပြဿာနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် NLD ပါတီထုတ်ပြန်လာပြန် 27 Sep 2026 By MPAနိုင်ငံရေးပြဿာနာမျာ...
27/09/2026

နိုင်ငံရေးပြဿာနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် NLD ပါတီထုတ်ပြန်လာပြန်

27 Sep 2026 By MPA

နိုင်ငံရေးပြဿာနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ယနေ့(စက်တင်ဘာ ၂၇ရက်)တွင် ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ တည်ထောင်ခြင်း ၃၈ နှစ်ပြည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် NLD ပါတီသည် ၁၉၈၈ လူထုအရေးတော်ပုံမှ ပေါက်ဖွားလာခဲ့သည့် နိုင်ငံရေးပါတီဖြစ်ပြီး ပြည်သူလူထု၏ ဆန္ဒနှင့် ကိုက်ညီသော ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးနှင့် အာဏာရှင်စနစ် ထပ်မံမပေါ်ပေါက်စေရေးကို ရည်မှန်း၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပါတီ၏ ၃၈ နှစ်တာ ခရီးစဉ်သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဆုတ်မနစ် ကြိုးပမ်းရုန်းကန်ခဲ့သည့် သမိုင်းနှင့် ဆက်စပ်နေကြောင်း NLD က ဆိုသည်။

ထိုကာလအတွင်း ဖိနှိပ်မှုများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံသည့် နိုင်ငံရေးယုံကြည်ချက်များကို ဆက်လက်ထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၇ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ပြည်သူများက လွတ်လပ်သည့် ဆန္ဒဖြင့် မဲပေးရွေးချယ်ခဲ့ခြင်းသည် NLD အပေါ် ယုံကြည်ထောက်ခံမှုကို ဖော်ပြသည့် သမိုင်းမှတ်တမ်းများဖြစ်ကြောင်းလည်း ပါတီက ပြန်လည်ထောက်ပြထားသည်။

ယင်းသမိုင်းမှတ်တမ်းများသည် NLD တစ်ပါတီတည်း၏ သမိုင်းမဟုတ်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် လွတ်လပ်ခွင့်များကို ပေးဆပ်ခဲ့ကြသည့် ပြည်သူများ၊ နိုင်ငံရေးအင်အားစုများနှင့် မျိုးဆက်အသီးသီးတို့၏ သမိုင်းလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အတိတ်ကို ပြန်လည်အမှတ်ရခြင်းသည် အောင်မြင်မှုများကိုသာ ဂုဏ်ပြုနေခြင်းမဟုတ်ဘဲ အားနည်းချက်များနှင့် သင်ခန်းစာများကိုလည်း ရိုးသားစွာ ပြန်လည်သုံးသပ်ရမည်ဟု NLD က ခံယူထားကြောင်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများနှင့် လူမဆန်သော ရက်စက်မှုများကြောင့် ပြည်သူများမှာ လူမှုစီးပွားရေးအကျပ်အတည်းများကို နေ့စဉ်ရင်ဆိုင်နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အရေးအကြီးဆုံးမှာ အကြမ်းဖက်မှုများ လျော့ကျလာရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ်နှင့် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးတို့နှင့်အတူ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည့် အခြေအနေများ ဖြစ်ထွန်းလာရေးဖြစ်ကြောင်း NLD က တိုက်တွန်းထားသည်။

ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်ရာတွင် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်စံနှုန်းများ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားများအပါအဝင် သက်ဆိုင်ရာအင်အားစုအားလုံး ပါဝင်နိုင်ရေးကို အခြေခံရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပါတီ၏ အနာဂတ်မျှော်မှန်းချက်မှာ ပြည်သူ့ဆန္ဒကို အခြေခံသော ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမျိုးနှင့် ဒေသအသီးသီးတို့၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အခွင့်အရေးများကို အာမခံပေးနိုင်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း NLD က ဆိုထားသည်။

ပါတီကို စတင်တည်ထောင်ခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အနစ်နာခံခဲ့ကြသူများ၊ အသက်ပေးခဲ့ကြသူများနှင့် ယနေ့တိုင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေသူများအားလုံးကို ဂုဏ်ပြုကြောင်း ဖော်ပြထားပြီး ပါတီ၏ မူဝါဒနှင့် ဂုဏ်ရည်များကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။

ယနေ့ကျရောက်သည့် ၃၈ နှစ်ပြည့်အခမ်းအနားသို့ NLD ပါတီနှင့် ဝေးကွာနေသည့် အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သည့် ဦးဟန်သာမြင့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

#နိုင်ငံရေး

အမေ့ကို ချစ်ကြသေးရဲ့လားအမေ့သားသမီးတွေ Like&Followလုပ်ခဲ့ပေးပါ #အရေးတော်ပုံအောင်ရမည်  #ဒေါ်စုသည်သာဒို့အမေ
26/09/2026

အမေ့ကို ချစ်ကြသေးရဲ့လား
အမေ့သားသမီးတွေ Like&Followလုပ်ခဲ့ပေးပါ

#အရေးတော်ပုံအောင်ရမည်
#ဒေါ်စုသည်သာဒို့အမေ

စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ ရဲဘော်တွေအတွက် ပြည်သူတွေ ပံ့ပိုးပေးလိုက်တဲ့ ရိက္ခာဆိုတာ အစားအသောက်သက်သက် မဟုတ်ပါဘူး။ "ငါတ...
26/09/2026

စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ ရဲဘော်တွေအတွက် ပြည်သူတွေ ပံ့ပိုးပေးလိုက်တဲ့ ရိက္ခာဆိုတာ အစားအသောက်သက်သက် မဟုတ်ပါဘူး။

"ငါတို့နောက်မှာ ပြည်သူတွေ ရှိနေတယ်" ဆိုတဲ့ အသိနဲ့ ရှေ့ဆက်ဖို့ ခွန်အားတွေ၊ နွေးထွေးမှုတွေပဲ ဖြစ်ပါတယ်။

ယခုဆိုရင် ပဲခူးအနောက်ရိုးမ နည်းဗျူဟာ- ၂၂ ရဲဘော်များရဲ့ “ရိက္ခာ ၂၂” ကမ်ပိန်းဟာ ၆၃% အထိ ရောက်ရှိနေပြီဖြစ်လို့၊ ကျန်ရှိနေတဲ့ လိုအပ်ချက်လေးကို အတူတူ လက်တွဲပြီး ပါဝင်အားဖြည့်ပေးကြရအောင်။

SCF နှင့်အတူ လုံခြုံစိတ်ချစွာ ထောက်ပို့ရန်
🌿👉 springcrowdfund.org

အရေးတော်ပုံအောင်ရမည်။

Address

Yangon

Telephone

+959683757243

Website

Alerts

Be the first to know and let us send you an email when Good Things Monee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Good Things Monee:

Shortcuts

Share