TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက်

  • Home
  • Myanmar
  • Yangon
  • TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက်

TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက်, Health Food Shop, No. 7(A), Parami Road, 7 Ward, Mayangone Township, Yangon.

မြိတ်ကျွန်းစုဒေသရှိ ကိုယ်ပိုင်ငှက်သိုက်အိမ်ထွက် အရည်အသွေးအကောင်းဆုံး သဘာဝမြိတ်ငှက်သိုက်စစ်စစ် 𝐓𝐂𝐓 [𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟏]
❌အရောအနှော၊ အတုအပများနှင့် မြိတ်ကျွန်းစုဒေသထွက်မဟုတ်သော အခြားငှက်သိုက်များ လုံးဝမရောင်းပါ။❌

အားရှိအောင် ငှက်သိုက်ပေါင်းသောက်ပါမယ်ဆို ငှက်မွှေးနှုတ်ရင်း ဇက်ကြောတက်၊ မူးလဲမလို ဖြစ်ဖူးတဲ့ သူတွေရှိကြလားရှင် 😝ဟိုတစ်လေ...
22/06/2026

အားရှိအောင် ငှက်သိုက်ပေါင်းသောက်ပါမယ်ဆို ငှက်မွှေးနှုတ်ရင်း ဇက်ကြောတက်၊ မူးလဲမလို ဖြစ်ဖူးတဲ့ သူတွေရှိကြလားရှင် 😝

ဟိုတစ်လောက ပိုစ့်လေးတစ်ခုတွေ့လိုက်တာလေ…
တစ်ယောက်က အားရှိအောင် ငှက်သိုက်ပေါင်းတိုက်မယ်ဆိုပြီး ငှက်သိုက်ခြောက်တွေယူလာတာ။ သူကိုယ်တိုင် ငှက်မွှေးတွေနှုတ်၊ ဆေးနေရင်းနဲ့ ဇက်ကြောတွေတက်ပြီး မူးသွားတော့ သူ့ကိုအရင် ဆေးဆိုင်ပြေးပြီး ငှက်သိုက် ပြန်တိုက်လိုက်ရတယ်ဆိုတဲ့ အကြောင်းလေးလေ 😁 ဖတ်မိကြလားမသိဘူး?

TCT ရဲ့ customer တွေထဲမှာကော အဲ့လို ကြုံဖူးကြလား သိချင်လာလို့ပါ😝

✅ ငှက်သိုက်သောက်ကြတဲ့သူတွေထဲမှာ တချို့ကြတော့လည်း ကိုယ်တိုင်သန့်စင်၊ ပေါင်းသောက်ရမှ စိတ်ကျေနပ်ကြတဲ့သူတွေလည်း ရှိကြပါတယ်။✨

💢ကိုယ်တိုင် ငှက်သိုက်ကို သန့်စင်၊ အမွှေးနှုတ်ရတာက လွယ်တော့မလွယ်နေပါဘူး။

အာရုံစိုက်ရတယ်၊ အချိန်ပေးရတယ်၊ အထပ်ထပ်အခါခါ သန့်စင်ရတာ အလုပ်လည်း ရှုပ်ပါတယ်။

👉 လုပ်နေကြ ကျွမ်းကျင်သူတွေက ကိစ္စမရှိပေမယ့်…
အခုမှ စမ်းလုပ်ကြည့်မယ့်သူတွေဆိုရင်တော့ ငှက်မွှေးနှုတ်တဲ့အဆင့်မှာတင် အာရုံစိုက်ရလွန်းလို့ ဇက်ကြောတက်ပြီး မူးနေလောက်တယ်…😅

ပြီးရင် ပေါင်းဦး ပြုဦးနဲ့ စနစ်တကျ အပူချိန်မှန်မှန် ပေါင်းတတ်မှလည်း အာဟာရက ပြည့်ပြည့်ဝဝ ရမှာဆိုတော့လေ…

✅ ငှက်သိုက်လုပ်ငန်းတွေမှာဆိုရင် သန့်စင်တဲ့အဆင့်မှာ…

♦️ဓာတုဆေးတွေသုံးပြီး ချွတ်တာမဟုတ်ဘဲ အချိန်ပေး၊ အပင်ပန်းခံပြီး တစ်မျှင်ချင်းစီကို လက်နဲ့ စနစ်တကျ သန့်စင်ပေးပြီးတော့၊

♦️ သတ်မှတ်ထားတဲ့ အပူချိန်မှာ ငှက်သိုက်တွေကို အခြောက်ခံပြီး ပုံပြန်သွင်းရတဲ့ အဆင့်ဆင့်ကို ဂရုတစိုက် လုပ်ဆောင်ရတာပါ။

အဲ့တာကြောင့်လည်း သန့်စင်ပြီးသား ငှက်သိုက်တွေက စျေးပိုများတတ်တာပါရှင်။

✅ ဓာတုဆေးဝါးတွေ လုံးဝ မသုံးဘဲ စနစ်တကျ လက်နဲ့ သန့်စင်ထားတဲ့ ငှက်သိုက်တွေက အာနိသင်ထူးပြီး မလျော့နေသလို အာဟာရဓာတ်တွေကလည်း အပြည့်အဝပါဝင်နေတုန်းပါပဲရှင်။

🔶 ဇက်ကြောလည်း အတက်မခံချင်ဘူး၊ အလုပ်ရှုပ် အချိန်ကုန်မခံချင်ဘူးဆိုရင်တော့…

✅ TCT မှာရှိတဲ့ သန့်စင်ပြီးသားငှက်သိုက်ခြောက် အမျိုးအစားတွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်။

💢 ငှက်သိုက်ကို စနစ်တကျမပေါင်းတတ်သူတွေနဲ့ ကိုယ်တိုင်ပေါင်းဖို့ အချိန်မရှိတဲ့သူများအတွက်လည်း အချိုဓာတ် လုံးဝမပါဘဲ မှာယူမှ လတ်လတ်ဆတ်ဆတ်ပေါင်းပေးတဲ့ အသင့်သောက် ငှက်သိုက်ပုလင်းလေးတွေလည်း ရှိပါတယ်ရှင်။

✅ TCT ကငှက်သိုက်တွေက အရည်အသွေးကို အပြည့်အဝ အာမခံချက် ပေးထားသလို၊ ဝယ်ယူစားသုံးဖူးတဲ့ Customer တိုင်းဆီကလည်း Feedback ကောင်းတွေ အများကြီး ရရှိထားတာမို့ ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ်ရှင်။

~~~~~~

📌 TCT မှာ ရရှိနိုင်တဲ့ ရွေးချယ်စရာ ငှက်သိုက်အခြောက် Quality အမျိုးအစားစုံစုံလင်လင်နဲ့ ဈေးနှုန်းတွေအကြောင်း အသေးစိတ်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်ရှင်။

https://www.facebook.com/share/p/1BwoYfVwbS/

သဘာဝငှက်သိုက်အခြောက်ပေါင်းနည်းကို ဗီဒီယိုနဲ့ တစ်ဆင့်ချင်းစီ ရှင်းပြပေးထားတာ ကြည့်ချင်ရင် ဒီ Link လေးမှာ ဝင်ကြည့်ပေးပါနော်။💗

https://www.facebook.com/2604144023146238/posts/3632813026945994

———————

TCT မြိတ်ငှက်သိုက်များကို မှာယူလိုပါက -

✔️Messenger: https://m.me/TCTBirdsNest

✔️Website: https://tctmm.com တို့မှတဆင့်

📞 09 428 761 495 (+ Viber available)

📞 09 453 836 195 (+ Viber available) တို့ကို

📍 ရုံးချိန် ၉ နာရီ မှ ၄ နာရီအတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်။ (တနင်္ဂနွေနေ့ နှင့် Public Holiday တိုင်း ရုံးပိတ်ပါသည်။)

𝐓𝐂𝐓 (ရန်ကုန်ရုံး) − ခြံအမှတ် 7(A)၊ ပါရမီလမ်းမ၊ 7 မိုင် (AD မီးပွိုင့်အနီး)၊ မရမ်းကုန်း။

❝ သင် တန်ဖိုးထားရသူတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးဂရုစိုက်ပေးမယ့် မြိတ်ဒေသထွက် သဘာဝဇီဝဇိုးငှက်သိုက်စစ်စစ် 𝐓𝐂𝐓 [𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟏] ❞

💢ငှက်သိုက်အာနိသင် နှစ်ဆတိုးစေမယ့် ထိရောက်တဲ့ အတွဲအစပ်များ✨ငှက်သိုက်ကို သူ့ချည်းပဲသောက်ရင်လည်း အာဟာရပြည့်ဝပေမယ့် တချို့သေ...
20/06/2026

💢ငှက်သိုက်အာနိသင် နှစ်ဆတိုးစေမယ့် ထိရောက်တဲ့ အတွဲအစပ်များ

✨ငှက်သိုက်ကို သူ့ချည်းပဲသောက်ရင်လည်း အာဟာရပြည့်ဝပေမယ့် တချို့သော သဘာဝအားဖြည့်စာတွေနဲ့ တွဲဖက်လိုက်တဲ့အခါမှာတော့ "အာနိသင် နှစ်ဆ" ရရှိစေပါတယ်။ ဒါဆိုရင် ငှက်သိုက်နဲ့ တွဲသောက်သင့်တဲ့ ဆေးဖက်ဝင်အတွဲအစပ်လေးတွေအကြောင်း ဖတ်ကြည့်ကြရအောင်။

၁။ ငှက်သိုက် + ပျားရည် 🍯

✅ ဒါကတော့ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး အတွဲအစပ်ပါ။ ပျားရည်မှာ သဘာဝပိုးသတ်အာနိသင်ရှိပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ငှက်သိုက်နဲ့ တွဲလိုက်တဲ့အခါ အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုး၊ ရင်ကျပ်သမားတွေအတွက် အထူးကောင်းမွန်စေပါတယ်ရှင်။✨

💢 ငှက်သိုက် ပေါင်းနေတုန်း ပျားရည်ကို ထည့်မကျိုသင့်ပါဘူးနော်။ 🚫 ငှက်သိုက်​ပေါင်းပြီးလို့ ခပ်နွေးနွေး အနေအထား (သို့) အေးသွားမှသာ ပျားရည်ကို အနည်းငယ် ထည့်ပါ။ ပျားရည်နဲ့ တွဲသောက်ရင် ကျောက်သကြား ထည့်စရာမလိုတော့လို့ ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

၂။ ငှက်သိုက် + သစ်ဂျပိုး (Cinnamon)

သစ်ဂျပိုးဟာ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ငှက်သိုက်နဲ့ တွဲဖက်သောက်သုံးရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အအေးမိ၊ နှာစေးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။😷🤧

❄️အေးတဲ့ရာသီမျိုးမှာ ဒါမှမဟုတ် ကိုယ်လက်မအီမသာ ဖြစ်နေချိန်မှာ သစ်ဂျပိုးခေါက်လေး တစ်ခုထည့်ပြီး ငှက်သိုက်ပေါင်းသောက်တာက အကောင်းဆုံးပါပဲ။💯

၃။ ငှက်သိုက် + ဖန်ခါးသီး (သို့မဟုတ်) ဆီးသီးခြောက် (Red Dates)

✅ ဆီးသီးခြောက်က သွေးအားကောင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဆီးသီးခြောက်မှာပါတဲ့ Vitamin C နဲ့ Antioxidant တွေက ငှက်သိုက်ထဲက Collagen တွေနဲ့ ပေါင်းစပ်သွားတဲ့အခါ အသားအရေကို ပိုမိုကြည်လင်စေပြီး အရေးအကြောင်းတွေကိုပါ သက်သာစေပါတယ်ရှင်။ ✨

‼️ဆီးသီးခြောက်ရဲ့ အစေ့ဟာ ခန္ဓာကိုယ်ကို အပူတက်စေတတ်လို့ အသုံးမပြုခင် အစေ့ကို ထုတ်ပစ်ရပါမယ်နော်။

🤗အခုလိုမျိုး ငှက်သိုက်ကို သဘာဝ တခြားဆေးဖက်ဝင် အစာတွေနဲ့ စနစ်တကျ တွဲဖက်ပြီး ညအိပ်ရာဝင်ခါနီးမှာ သောက်ပေးရင် စိတ်ကိုကြည်လင်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေမှာပါရှင်။💯

စာဖတ်သူတို့ရော ငှက်သိုက်ကို ဘာနဲ့တွဲသောက်ရတာ အကြိုက်ဆုံးလဲ❓ ပျားရည်နဲ့လား၊ ဒါမှမဟုတ် ဒီတိုင်းရိုးရိုးပဲ သောက်နေကြတုန်းလား❓

တရုတ်တိုင်းရင်းဆေးပညာအရ….ငှက်သိုက်ပုံမှန်စားခြင်းက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို အဓိက အားကောင်းစေတယ်လို့ထင်လဲ❓အဖြေလေး...
19/06/2026

တရုတ်တိုင်းရင်းဆေးပညာအရ….

ငှက်သိုက်ပုံမှန်စားခြင်းက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို အဓိက အားကောင်းစေတယ်လို့ထင်လဲ❓

အဖြေလေးကို comment မှာဝင်ရောက်ဖြေဆိုပေးခဲ့ပါဦးရှင်။ 🥳👇

#ငှက်သိုက် #ကျန်းမာရေးဗဟုသုတ

TCT သဘာဝမြိတ်ငှက်သိုက်စစ်စစ်တွေကို အမြဲမှာယူအားပေးတဲ့အပြင် အခုလို Feedback ပြန်ပြောပေးကြတဲ့ Customer များအားလုံးကို ကျေး...
18/06/2026

TCT သဘာဝမြိတ်ငှက်သိုက်စစ်စစ်တွေကို အမြဲမှာယူအားပေးတဲ့အပြင် အခုလို Feedback ပြန်ပြောပေးကြတဲ့ Customer များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် ❤️

TCT Bird's Nest မှာ ဝယ်ယူရရှိနိုင်တဲ့ သဘာဝငှက်သိုက်အမျိုးအစား တစ်မျိုးချင်းစီအလိုက် စျေးနှုန်းတွေကို ဒီ link ကို ထောက်ပြီး ကြည့်လို့ရပါတယ်ရှင့် 👇

https://www.facebook.com/TCTBirdsNest/posts/pfbid02kihkSe5XvJYvUQF5BUkpEZhTQqPwnkHcVpfNswhzGhE2fsVqnG4tGhiqnDFRB11Al

❝ သင် တန်ဖိုးထားရသူတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးဂရုစိုက်ပေးမယ့် မြိတ်ဒေသထွက် သဘာဝဇီဝဇိုးငှက်သိုက်စစ်စစ် 𝐓𝐂𝐓 [𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟏] ❞

💢အရေးအကြောင်းတွေကို လျော့ပါးစေပြီး အသားအရေဆဲလ်အသစ်တွေကို ပြန်လည်ဖြည့်တင်းပေးမယ့် ငှက်သိုက်ထဲက EGF (Epidermal Growth Fact...
17/06/2026

💢အရေးအကြောင်းတွေကို လျော့ပါးစေပြီး အသားအရေဆဲလ်အသစ်တွေကို ပြန်လည်ဖြည့်တင်းပေးမယ့် ငှက်သိုက်ထဲက EGF (Epidermal Growth Factor) အကြောင်း သိပြီးပြီလားရှင်?✨

✅ကော်လာဂျင်ဓာတ် ထုတ်လုပ်မှုကို ပြန်လည်ဖြည့်တင်းပေးတယ်။✨

✅အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အရေးအကြောင်းတွေကို လျော့ပါးစေတယ်။

✅အသားအရေ ခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ဖို့ တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးပေးရုံနဲ့တင် ထိရောက်တဲ့ ရလဒ်ကို ရရှိစေမှာပါ။😍✨💗

Customer များရှင် ❌မှာဖို့အတွက် စာပို့တဲ့အခါ TCT ဘက်က sales team က ကွန်ပျူတာသုံးပြီး စာပြန်တဲ့အတွက် ဖုန်းထဲက messenger လ...
15/06/2026

Customer များရှင်
❌မှာဖို့အတွက် စာပို့တဲ့အခါ TCT ဘက်က sales team က ကွန်ပျူတာသုံးပြီး စာပြန်တဲ့အတွက် ဖုန်းထဲက messenger လို edit လုပ်ရင် နိုတီထပ်တက်တာမျိုး၊ မေးထားတဲ့စာကို react လက်မပေးလို့ နိုတီတက်တာမျိုး ကွန်ပျူတာနဲ့ဖြေရင် မမြင်ရပါဘူးရှင်။

ဒါကြောင့် Confirm ယူဖို့မေးထားတဲ့ မေးခွန်းကို စာပြန်ပို့ပြီး မဖြေဘဲ မေးထားတဲ့စာကို react ပေးတာမျိုး ပြောပြီးသားစာများကို Edit ပြန်လုပ်တာမျိုး မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်ရှင်။

တနေ့တာစာများကိုလည်း မနက်ရုံးချိန်စတာနဲ့ sales team မှ အစဉ်လိုက် စာပြန်ပေးတာမျိုးလုပ်ပြီး အသစ်အသစ်ဝင်လာသမျှ ဆက်တိုက်ဖြေနေရတဲ့အတွက် edit ပြန်လုပ်ထားတာ၊ react ပေးတာမျိုးက noti လည်းမတက်၊ စာအသစ်အနေနဲ့လည်း မပေါ်တဲ့အတွက် ပြန်စစ်ဖို့ အချိန်မမရှိအောင် စာအဝင်များနေတဲ့အခါမျိုးမှာ နားလည်မှုလွှဲစေတာ၊ react ကိုမမြင်ဘဲ ပြန်မဖြေဘူးထင်ပြီး အော်ဒါမပို့လိုက်တာ၊ ကျန်ခဲ့တာမျိုးရှိနိုင်ပါတယ်ရှင်။

ဒီလိုမျိုးမဖြစ်အောင် TCT sales team က ဖြေပြီးသားစာများကို ထပ်ကာထပ်ကာ ပြန်စစ်တာမျိုးလုပ်ပေးလို့ အော်ဒါကျန်ခဲ့တာမျိုး အဖြစ်နည်းပေမယ့် စာပြန်ပို့ပြီး ပြန်ဖြေတာမျိုးက မြန်မြန်သိ မြန်မြန်အော်ဒါ confirm ဖြစ်ပြီး မြန်မြန် Delivery စီစဉ်လို့ရတာကြောင့် ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ကြောင်း Yes No ဖြစ်ဖြစ် စာပြန်ပို့ပေးစေလိုပါတယ်ရှင်။

စာမပြန်လို့ ဖုန်းနံပါတ်ပေးထားတဲ့သူတွေကို ဖုန်းဆက်မေးရင်လည်း အများစုက ဖုန်းဆက်ရကောင်းလားဆိုပြီး ရန်တွေ့သေးတဲ့အပြင် ဖုန်းဆက်တာ မကြိုက်ကြလို့ ဖုန်းဆက်မေးတာ မကြိုက်ရင် စာနဲ့ပြန်ဖြေပါရှင်။

❗TCT ရဲ့ sales team ဘက်က ကုမ္ပဏီကသတ်မှတ်ထားတဲ့ sales procedure အတိုင်းမေးဖို့လိုအပ်သမျှ သတ်မှတ်ထားတဲ့အတိုင်း မေး၊ ဖုန်းဆက်ဖို့လိုအပ်ရင် ဆက်နဲ့ သေချာ confirmation ရမှ အော်ဒါလက်ခံတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ရှိပါတယ်ရှင်။

နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။

‼️ဝယ်ထားတဲ့ အသင့်သောက်ပေါင်းပြီးသားပုလင်းတွေ သိမ်းထားရင်းနဲ့ အဖတ်တွေ ပျောက်သွားလို့ ??ငှက်သိုက်အသင့်သောက်ပေါင်းပုလင်းတွေ...
13/06/2026

‼️ဝယ်ထားတဲ့ အသင့်သောက်ပေါင်းပြီးသားပုလင်းတွေ သိမ်းထားရင်းနဲ့ အဖတ်တွေ ပျောက်သွားလို့ ??

ငှက်သိုက်အသင့်သောက်ပေါင်းပုလင်းတွေကို ဝယ်ပြီး သိမ်းထားရင်း ရောက်လာကစလိုမဟုတ်ဘဲ ငှက်သိုက်ဖတ်တွေ မရှိတော့တာမျိုး ဖြစ်ဖူးကြလားနော်❓

💢 အဲလိုဖြစ်လာရင် မကောင်းတော့တာလား၊ သောက်လို့ရပါ့မလားလို့ စိတ်ပူတတ်ကြပါတယ်။

💁🏻‍♀️ အသင့်သောက်ပေါင်းပြီးသားပုလင်းမှ မဟုတ်ဘဲ အိမ်မှာ ကိုယ်တိုင်ပေါင်းသောက်တဲ့ ငှက်သိုက်ပေါင်းဆိုရင်လည်း သိမ်းထားရင်းနဲ့ ငှက်သိုက်ဖတ်တွေ တဖြည်းဖြည်း ပျောက်ကုန်တာမျိုး ဖြစ်ဖူးကြရင် စိတ်မပူပါနဲ့နော်…✨

✅ သဘာဝငှက်သိုက်စစ်စစ်ဖြစ်လို့ ပေါင်းတဲ့အခါ ရေရောနှုန်း၊ ပေါင်းတဲ့အပူချိန် တူတူပေါင်းရင်တောင်မှ ငှက်သိုက်ဖတ်လေးတွေရဲ့ အသားအထူအပါး အနုအရင့်ပေါ်မူတည်ပြီး ပေါင်းပြီး ငှက်သိုက်ဖတ်က ရေထဲကို တဖြည်းဖြည်းပျော်ဝင်နှုန်း မတူတာမို့ တစ်ခါတလေမှာ ငှက်သိုက်ဖတ်တွေက မြန်မြန်ပျော်ဝင်သွားလို့ ပေါင်းကာစကလိုမျိုး ငှက်သိုက်ဖတ်အများကြီးမတွေ့ဘဲ အရည်တွေချည်းဖြစ်သွားတာမျိုး ဖြစ်တာ ပုံမှန်ပါပဲရှင်။

✅ ငှက်သိုက်ဖတ်က ပေါင်းရည်ထဲကိုပဲ ပျော်ဝင်သွားတာမျိုးဖြစ်တာကြောင့် အဖတ်မစားရတာကလွဲပြီး ငှက်သိုက်အာနိသင်က ပေါင်းရည်မှာ အပြည့်အဝရှိနေပါတယ်ရှင်။ အဲ့တာကြောင့် စိတ်မပူဘဲ စိတ်ချလက်ချ သောက်သုံးလို့ရပါတယ်နော်…💛

ဒီနေ့ရဲ့ ဉာဏ်စမ်းပဟေဠိလေးကတော့ ငှက်သိုက်ရဲ့ သမိုင်းကြောင်းအစလေးအကြောင်း ဖြစ်ပါတယ်။👉 အဖြေမှန်က A လား၊ B လား ဆိုတာ ရွေးချယ...
12/06/2026

ဒီနေ့ရဲ့ ဉာဏ်စမ်းပဟေဠိလေးကတော့ ငှက်သိုက်ရဲ့ သမိုင်းကြောင်းအစလေးအကြောင်း ဖြစ်ပါတယ်။

👉 အဖြေမှန်က A လား၊ B လား ဆိုတာ ရွေးချယ်ပြီး ဖြေပေးခဲ့ပါဦးနော် 😍✨

အခုလို သောက်သုံးရတာ လွယ်ကူအဆင်ပြေပြီး နေကောင်းကျန်းမာလာတဲ့ Review လေးကို ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ...
11/06/2026

အခုလို သောက်သုံးရတာ လွယ်ကူအဆင်ပြေပြီး နေကောင်းကျန်းမာလာတဲ့ Review လေးကို ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။💗✨

အသင့်သောက်ပေါင်းပုလင်းတွေရဲ့ အားသာချက်က မှာယူမှသာ လတ်လတ်ဆတ်ဆတ်ပေါင်းပေးတာဖြစ်သလို အချိုဓာတ်မပါဝင်တာမို့ ဆီးချိုရှိသူတွေတောင် စိတ်ချလက်ချသောက်လို့ရပါတယ်နော်…💗

#သဘာဝငှက်သိုက်

ငှက်သိုက်ကို နည်းလမ်းမှန်မှန် သောက်သုံးနေရဲ့လား? ✨ငှက်သိုက်သောက်တာ အာဟာရဓာတ် အပြည့်အဝရဖို့ဆိုရင် ဘယ်လိုသောက်ရမလဲဆိုတဲ့ ဆ...
10/06/2026

ငှက်သိုက်ကို နည်းလမ်းမှန်မှန် သောက်သုံးနေရဲ့လား? ✨

ငှက်သိုက်သောက်တာ အာဟာရဓာတ် အပြည့်အဝရဖို့ဆိုရင် ဘယ်လိုသောက်ရမလဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သိထားဖို့ လိုပါတယ်နော်။ 🥰😍

Address

No. 7(A), Parami Road, 7 Ward, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959428761495

Alerts

Be the first to know and let us send you an email when TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက်:

Share