MAY KHIN

MAY KHIN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MAY KHIN, Grocers, Yangon.

17/05/2024
17/05/2024

အမှားနည်းချင်ရင်
စကားနည်းနည်းပဲပြော...

လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုကတော့ ပြောဆိုဆက်ဆံခြင်းပါပဲ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်နှုတ်ကထွက်ကျလာတဲ့ စကားလုံးတိုင်းက တန်ဖိုးရှိဖို့နဲ့ သူများကို မထိခိုက်စေဖို့က အရေးအကြီးဆုံးပါ။

လူတော်တော်များများက အနိုင်ရလိုဇောနဲ့ စကားတွေကို မထိန်းဘဲ ငါ့စကားနွားရ ပြောတတ်ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်ဆံရေးတွေ ပြတ်တောက်သွားစေတဲ့ အဓိက တရားခံကလဲ စကားလုံးတွေကြောင့်ပဲဖြစ်နေတတ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့က စကားတစ်ခွန်းပြောတေ့ာမယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား ပြန်စဉ်းစားဖို့ လိုပါတယ်။ ကိုယ်ပြောမဲ့ စကားရဲ့ အတိမ် အနက်ကို ကိုယ်တိုင်သိဖို့လဲ လိုပါတယ်။ စကားလုံးတွေက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ အဆင့်အတန်းကို ဖော်ပြနိုင်တဲ့အတွက် ကောင်းတဲ့စကားတွေပဲ ကိုယ့်နှုတ်က ထွက်နိုင်ဖို့ စာတွေဖတ်ရမယ်။ စာမဖတ်ရင် အကန်းနဲ့တူတယ် မဟုတ်လား။ စာတွေဖတ်မှပဲ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်တွေကို ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်းရှိပြီး အကျိုးရှိတဲ့ စကားလား။ အကျိုးမရှိတဲ့ စကားလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်မှာပေါ့။

ဒီတော့စကားများများပြောရင် အမှားများများပါတတ်လို့ ပြောမဲ့စကားတိုင်းကို ပြောသင့်၊ မသင့် အရင်စဉ်းစားပါ။ စကားကောင်းတွေပြောနိုင်ဖို့ ဗဟုသုတရရှိတဲ့ စာအုပ်တွေကို နေ့စဉ်ဖတ်ပါ။

အကောင့်ထဲက ဘဲ မရှိတဲ့သူများနဲ့😁 ဘဲရှိပီး  ဘဲနဲ့ဝေးနေရတဲ့ သူများ🥹အတွက်ရည်ရွယ်ပီးထိုးဖစ်တာလေးဘဲ လိုအပ်ခဲ့ရင်ဆက်သွယ်မှာယူနိ...
26/03/2024

အကောင့်ထဲက ဘဲ မရှိတဲ့သူများနဲ့😁 ဘဲရှိပီး ဘဲနဲ့ဝေးနေရတဲ့ သူများ🥹အတွက်ရည်ရွယ်ပီးထိုးဖစ်တာလေး
ဘဲ လိုအပ်ခဲ့ရင်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်🙂🙂

14/03/2024
11/03/2024

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လုပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''

"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ်ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''

10/03/2024

အားမငယ်ပါနဲ့...💌

ဘဝအောင်မြင်ဖို့ အတွက် တစ်နယ်တစ်ကျေးမှာစီးပွားရှာရတဲ့အခါ မိသားစုနဲ့ ဝေးကွာနေလို့
အားမငယ်ပါနဲ့ ။

ဘဝရဲ့ စိန်ခေါ်မှုတွေကြားမှာ အရှုံးတွေနဲ့
လဲကျတဲ့အခါ ခါးသီးလွန်းလို့ အားမငယ်ပါနဲ့။

နှုတ်ဆိတ်နေရုံမှတစ်ပါး ပြောခွင့်မရတဲ့ဘဝမို့
မတတ်သာလို့ အပြုံးတုနဲ့ အရှုံးပေးလိုက်ရတဲ့အခါဝမ်းနည်လွန်းလို့ အားမငယ်ပါနဲ့။

မနာလိုမှုတွေ ပြည့်နှက်နေတဲ့
အကြည့်တွေကြားမှာ မွန်းကျပ်လာတဲ့အခါ
နေရခက်လို့ အားမငယ်ပါနဲ့။

လိုအပ်ချက်တွေ ပြည့်နှက်နေတဲ့ဘဝမို့
အချစ်နဲ့ဘဝ လွန်ဆွဲကြလို့ နှလုံးသားကို စတေးပစ်ရတဲ့အခါ အသည်းကွဲလို့အားမငယ်ပါနဲ့။

ရွှေဂုဏ် ငွေဂုဏ် မက်မောနေတဲ့
လူတွေကြားမှာ သိမ်ငယ်စွာနဲ့ ရှင်သန်ရတဲ့အခါ
စိတ်ဓာတ်ကျလို့ အားမငယ်ပါနဲ့။

ဘယ်လိုအကြောင်းမျိုးနဲ့မှ အားမငယ်ပါနဲ့။

အားငယ်မှုတွေ များလာတဲ့အခါ
သိမ်ငယ်စိတ်နဲ့ ကြိုးစားချင်စိတ်မရှိတော့ဘူး။

ကြိုးစားချင်စိတ်မရှိတော့တဲ့အခါ
ယုံကြည်မှုတွေ ပျောက်ကွယ်လာတယ်။

ယုံကြည်မှုတွေ မရှိတော့တဲ့အခါ
လူတွေရဲ့ လှောင်ရယ်သံတွေနဲ့ အတူ
ကိုယ့်ဘဝဟာမြေကြီးထဲကို ချနင်းခြင်းခံရမှာပဲ။

အားငယ်ခြင်းဆိုတာ
ဘာမှ မကြိုးစားရသေးခင်ကတည်းက
အရာရာကို ရှုံးနိမ့်နေခြင်းတစ်မျိုးပါ။

အဲဒါကြောင့် သင်ဘယ်တော့မှ အားမငယ်ပါနဲ့။

မူရင်းရေးသားသူအား

Address

Yangon

Telephone

+959794071138

Website

Alerts

Be the first to know and let us send you an email when MAY KHIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAY KHIN:

Share

Category