Keto for You

Keto for You Eat Ready for Your Keto ďż˝

Information sharing 💚
30/10/2022

Information sharing 💚

✨"Keto Diet အကြောင်း"✨

👩🏻‍⚕️ဆရာမတို့ အခုခေတ်မှာ ဆိုရင် Ketodiet , Intermittent Fasting , Detox စသည်ဖြင့် ဝိတ်ချဖို့ ကိုယ်အလေးချိန်ချဖို့ Diet မျိုးစုံပေါ်လာပါတယ်။
ဒီထဲမှာ အစားလည်း စားရတယ် ဝိတ်ကလည်း ကျမယ်ဆိုတဲ့ Keto Diet ကတော့ လူတော်တော်များများစိတ်ဝင်စားကြတယ်ဆို မမှားပါဘူး။ ဒီတော့ Keto Diet လေးအကြောင်းပြောကြည့်ကြရအောင်☺️

✨Keto Diet က အဆီဓါတ်ကို အဓိက စားရတဲ့ အခြေခံတယ့် ပုံစံတစ်မျိုးပါ။ အရင်ကအတက်ရောဂါရှိတဲ့ကလေးတွေမှာ ကုသမှုအနေနဲ့သုံးရင်း ယနေ့ခေတ်ဝိတ်ချရာမှာပါ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

👩🏻‍⚕️ Keto Diet ဆိုတာ တကယ်တော့ ဆရာမတို့ တစ်နေ့တာလိုအပ်တဲ့စွမ်းအင်၊ စားသုံးရမယ့်စွမ်းအင်ထဲမှာ အဆီဓါတ်က ၇၀% ၊ အသားဓါတ် ၂၀% နဲ့ ကစီဓါတ်က ၅-၁၀% အချိုးနဲ့ နေရာယူထားပြီးစားတာပါ။ ပုံမှန်ဆရာမတို့စားနေကျ Balanced Diet မှာတော့ ကစီဓါတ် ၅၅-၇၀%၊ အဆီဓါတ် ၂၀-၃၀%၊ အသားဓါတ်က ၁၀-၁၅% ပါ။ အရမ်းကိုကွာခြားပါတယ်။ အဆီတွေအများကြီးစားလို့ခန္ဓာကိုယ်က ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားချက် ရစေပါတယ်။ တော်ရုံလည်း ဗိုက်ပြန်မဆာတတ်ပါဘူး။

👩🏻‍⚕️ Keto က ဘယ်လိုအလုပ်လုပ်တာလဲ ဆိုရင် ဆရာမတို့ မြန်မာလူမျိုးတွေ အဓိကစားသောက်တဲ့ ကစီဓါတ်ကို မီးတောက်လေးအနေနဲ့ယူဆကြည့်ရအောင်။ ကစီဓါတ်ရဲ့သဘောသဘာဝက မီးတောက်လေးဆိုရင် အဆီကလောင်စာပါ။ မီးတောက်မရှိရင်လောင်စာက အပြည့်အဝမလောင်ကျွမ်းနိုင်သလို ကစီဓါတ်မရှိရင် အဆီကအပြည့်အဝမလောင်ကျွမ်းနိုင်တဲ့အတွက် စားလိုက်တဲ့ အဆီဓါတ်က Ketone Bodies ဆိုတာတွေပြောင်းသွားပါတယ်။ Ketone Bodies ကနေတဆင့်တစ်နေ့တာလိုအပ်တဲ့စွမ်းအင်ကိုယူပြီးသုံးတော့ အနှစ်နှစ်အလလစုဆောင်းထားတဲ့ အဆီပိုတွေက ခန္ဓာကိုယ်ထဲမှာ မြန်မြန်လောင်ကျွမ်းပြီး ဝိတ်ကအမြန်ကျတာပါ။

👩🏻‍⚕️ Keto Diet စစချင်းတစ်လနှစ်လမှာဝိတ်က
အရမ်းကျပါတယ်။ ဒါကြောင့်လည်း တော်တော်များများ သဘောကျကြတာပါ။ တဖြည်းဖြည်းနဲ့ အလေးချိန်ကျရင်းPlateau phase ရောက်သွားရင် ဝိတ်ကဆက်မကျတော့ပါဘူး။ဒါ့အပြင် Ketoဝင်သူတွေမှာ Ketoရပ်ပြီး ကစီဓါတ်ပြန်စားရင် အရင်ကိုယ်အလေးချိန်ပြန်ရောက်ပြီး သံသရာလည်နေတတ်ပါတယ်။

👩🏻‍⚕️ ဒါ့အပြင်Keto Diet မှာဆိုးကျိုးတွေလည်းရှိပါတယ်။ စစချင်းမှာ Keto Fluဆိုတဲ့ နေထိုင်မကောင်းတာတွေဖြစ်တတ်တယ်။ ပုံမှန်ဆိုရင်ဦးနှောက်က ကစီဓါတ်ကိုအဓိကလောင်စာအဖြစ်သုံးတာဖြစ်လို့​သွေးတွင်းသကြားဓါတ်ကျလာတာနဲ့အမျှ မူးဝေလာမယ်၊ နုံးမယ်၊ အားမရှိဘူး၊ မလှုပ်ချင်မကိုင်ချင်တွေဖြစ်မယ်စတာတွေဖြစ်တတ်ပါတယ်။

👩🏻‍⚕️Keto ရဲ့ရေရှည်ပြဿနာကတော့ အဆီတွေအများကြီးစားရတဲ့အတွက် ကြာလာရင် ကျောက်တည်တာမျိုးတွေ၊ အသည်းအဆီဖုံးတာ၊ သွေးထဲမှာအသားဓါတ်တွေနည်းလာတာ စသည်ဖြင့်ဖြစ်တတ်ပါတယ်။ သွေးတွင်းအဆီများတဲ့လူတွေလည်း မစားသင့်ပါဘူး။ ဗိုက်တာမင်ဓါတ်တွေလည်းချို့တဲ့တာဖြစ်နိုင်ပါတယ်။ ဒီကနေတဆင့်လည်းရောဂါတွေဝင်ရောက်လာနိုင်ပါတယ်။ နိုင်ငံတကာက အာဟာရပညာရှင်တော်တော်များများက ဒါကြောင့် Keto နဲ့ဝိတ်ချတာကို အားပေးတာရှားပါတယ်။

👩🏻‍⚕️ဒါပေမယ့် Keto Diet နဲ့ပါတ်သတ်တဲ့ ရေရှည်လုပ်တဲ့သုတေသနတွေနည်းသေးတာကြောင့် အခြားအရာတွေကတော့အခုထိလေ့လာနေဆဲပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဦးတည်ချက်က မဖြစ်မနေစားရမယ်ဆိုရင် လည်း တတ်ကျွမ်းတဲ့ အာဟာရဆရာဝန်တွေနဲ့သေချာတိုင်ပင်သင့်ပါတယ်။

👩🏻‍⚕️ဝိတ်ချတာဟာ ရေရှည်စီမံကိန်းပါ။ ရေတိုလမ်းစဉ်တွေကို လိုက်တာထက် ဖြည်းဖြည်းမှန်မှန် အားကစားလေးတွေလုပ်မယ်၊ ကိုယ်အမြဲတမ်းလိုက်နာစားသောက်နိုင်တဲ့သင့်တင့်မျှတတဲ့ Balanced Diet ကိုသာဦးစားပေးပြီးစားဖို့ တိုက်တွန်းချင်ပါတယ်။

✨Onlineမှ Consultation လုပ်ချင်သူများအနေနဲ့ မိမိအဆင်ပြေမယ့်အချိန်ကို ဆေးခန်းချိန် မနက် 10နာရီမှ ညနေ 6 နာရီအတွင်း Booking ယူနိုင်ပါတယ်နော်။

✨De'OrchidAestheticandWellnessCenter ဆေးခန်းမှာ ကျန်းမာရေးနှင့်အာဟာရဆိုင်ရာကုသမှုတွေအပြင် အလှအပဆိုင်ရာကုသမှုတွေပါ ပြုလုပ်နိုင်ပါတယ်နော်။

NutriBeauty by Dr.Ei




Opening hour: 10am to 6pm
တနလ်ာနေ့တိုင်းဆေးခန်းပိတ်ပါသည်။

အသေးစိတ်ဆက်သွယ်စုံစမ်းရန်....
☎️ 018601326, 09880100623
Viber and Telegram: 09880100623
🏠အမှတ်(8),တပင်ရွှေထီးလမ်း၊ရန်းကင်းမြို့နယ်၊ ရန်ကုန်။

Diet က အဆီကို စားရမှာ? Keto Diet က ဘယ်လို အလုပ်လုပ်တာလဲ? 🤔ပုံမှန်ဆိုရင် ခန္ဓာကိုယ်က Carbohydrates ၊ Proteins နှင့် Fat တ...
18/05/2022

Diet က အဆီကို စားရမှာ? Keto Diet က ဘယ်လို အလုပ်လုပ်တာလဲ? 🤔

ပုံမှန်ဆိုရင် ခန္ဓာကိုယ်က Carbohydrates ၊ Proteins နှင့် Fat တို့ကို တစ်နေ့တာလိုအပ်တဲ့ Energy အတွက် သုံးပါတယ်။ Diet လုပ်တဲ့ အချိန်မှာ Carbohydrates လျှော့စား Fat ကို ပိုစားပြီး Ketosis ဟုခေါ်တဲ့ နည်းလမ်းနဲ့ စားလိုက်တဲ့ Fat တွေနဲ့အတူ ခန္ဓာကိုယ်က Fat တွေကို‌ပါ Energy အဖြစ် လောင်ကျွမ်းစေတာက Keto Diet ပါ ။ Protein ကတော့ ကြွက်သားတွေ တည်ဆောက်ဖို့ အတွက် သုံးပါတယ်။

Keto Diet က အခြား Diet တွေနဲ့ ဘာမတူတာလဲ? 🤔

တခြား Diet တွေရဲ့ အဓိက ရည်ရွယ်ချက်ကလည်း Carbohydrates ပမာဏကို လျှော့စားတာ ဖြစ်ပေမဲ့ Diet အများစုက Protein အများကြီး စားရပါတယ်။ Keto Diet က Protein ပမာဏ အလယ်အလတ်ပဲ စားရတာပါ ။ Protein တွေပဲစားပြီး Fat မစားဖြစ်ရင် ခန္ဒာကိုယ်က Energy အတွက် Fat ကိုပဲ အသုံးပြုသည့် Ketosis အခြေအနေကို မရောက်နိုင်သလို Fat‌ တွေလည်း မလောင်ကျွမ်းတော့ပါဘူး ။

ဆိုလိုတာက အသားတွေ အရွက်တွေပဲ စားနေရင် ရိုးရိုး Diet ပါ အဆီတွေ လောင်ကျွမ်းဖို့ Ketosis တကယ်ရချင်ရင် အသားကို တော်သင့်ရုံနဲ့ အဆီစားရမှာပါ ။ အဆီဆိုတိုင်း အကုန်တော့ စားလို့မရပါဘူး။ Keto အတွက် သင့်တော်တဲ့ အဆီတွေက သံလွင်ဆီ၊ ထောပတ်သီးဆီ၊ အခွံမာသီး‌တွေ ၊ အစေ့တွေကို များများ စားရမှာပါ။

အောက်က ပုံလေးမှာ ရှောင်ရမှာ စားရမှာတွေ နဲ့ ဘယ်လောက် ပမာဏ စားရမယ်ဆိုတာ အကုန်ပါပါတယ်။

Keto အတွက် လိုအပ်တဲ့ မှန်ကန်တဲ့ အဆီ ပါဝင်တဲ့ အသင့်စား စားသောက်စရာ အမျိုးမျိုး ၊ ကိုယ်တိုင် ချက်မယ်ဆိုရင်လည်း ဟင်းချက်ရင်သုံးရမဲ့ Keto Ingredient အမျိုးမျိုးကို ဒီ Keto for You Page ကနေ ရောင်းပေးသွားမှာပါ။ 🤗
ပြီး‌တော့ Keto စားရင် Keto Out သွားမှာ ကြောက်ပြီး မုန့်မစားရမှာ မပူပါနဲ့တော့။ ကိုယ်တိုင်လည်း မုန့်တွေ အရမ်းကြိုက်လို့ Keto Friendly မုန့်တွေ ရှာရောင်းပေးဦးမှာပါ။ 😁
Keto အတွက် လိုတာ စားချင်တာ အကုန်ရဖို့ ဒီ Page လေးကို Follow ပြီး ဘာတွေ ရောင်းမလဲ စောင့်ပြီး အားပေးကြပါဦး ❣️

Keto for You ကနေ Keto Diet ကို စိတ်ဝင်စားတဲ့ သူတွေအတွက် Keto Diet အကြောင်းကို ပြောပြပေးသွားမှာပါ ❣️ KETO ကဘာလဲ? "Ketogen...
15/05/2022

Keto for You ကနေ Keto Diet ကို စိတ်ဝင်စားတဲ့ သူတွေအတွက် Keto Diet အကြောင်းကို ပြောပြပေးသွားမှာပါ ❣️

KETO ကဘာလဲ?

"Ketogenic" ဆိုတာက ကာဗိုဟိုက်ဒရိတ်နည်းသော အစားအစာတွေ စားတာ (low-carb diet) ကို ခေါ်တာပါ 🥑

အစားနည်းနည်းလေးနဲ့ ဗိုက်မပြည့်အောင် စားရတာမျိုး ညနေစာ မစားပဲ ဗိုက်ဆာနေရတာမျိုး မဟုတ်ပဲ စားနေတဲ့ အစားအသောက်တွေကို ပြောင်းပြီးစားရုံနဲ့ ဗိုက်ပြည့်ပြီး အလွယ်တကူလုပ်နိုင်တဲ့ diet မျိုးပါ 🍳

ဆိုလိုတာကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လိုရီကို ပုံမှန်စားနေကျ ကာဗိုဟိုက်ဒရိတ် ကနေ လျှော့ယူပြီးတော့ အသားဓာတ် နဲ့ အဆီ ကနေ ပိုယူရတာမျိုး ပါ 🍖

နေ့တိုင်းစားနေကျ ထမင်း၊ ဆန်ပါတဲ့ စားစရာတွေ၊ ခေါက်ဆွဲ ပေါင်မုန့် စတဲ့ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေ၊ ပြီးတော့ ပဲ၊ အာလူး တို့မှာ ကာဗိုဟိုက်ဒရိတ်တွေ အများကြီး ပါပါတယ် 🍚🌾🍜
(တခြား carbohydrates ပါတာတွေရော အတိအကျကို နောက်ကျ share ပေးပါမယ်)
အဲ့တာတွေကို တတ်နိုင်သမျှ လျှော့စားပေးဖို့ လိုပါတယ် ❌

လျှော့စားရုံနဲ့မရပဲ လုံးဝ ဖြတ်ပစ် စရာလိုတာ တစ်ခုလည်းရှိပါသေးတယ် 🤔
အဲ့တာကတော့ သကြားပါ ❌❌❌

အချိုကြိုက်တဲ့ သူတွေ စိတ်မပူပါနဲ့‌နော် 😁
ဒီ page ကနေ Keto စားရင်း သကြားအစား စားလို့ရမယ့် အချိုလေးတွေကို ရောင်းပေးမှာမလို့ ဒီ page လေးကို follow ပေးထားကြပါဦး 😍

နောက်တစ်ခေါက်တွေကျရင် Keto ဘယ်လိုအလုပ်လုပ်လဲ ဘာတွေကို ဘယ်လိုစားလို့ရမလဲ ဆိုတာတွေကို ပြောပြပေးမှာမလို့ page လေးကို follow ထားပြီး ဖတ်ပေးကြပါဦး ❣️

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when Keto for You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share