03/11/2021
ဒီဂရုထဲမှာ PDFထဲဝင်ချင်တယ်ဆိုပြီး
ပိုစ့်တင်တဲ့လူကတင်တယ်။ ပြီးတော့
ကျနော် ကျမ လည်း ဝင်ချင်ပါတယ်ဆိုပြီး
ဒုနဲ့ဒေး ဝင်မန့်နေကြတာလည်းတွေ့ရတယ်
ဒါကြောင့် စစ်ခွေးတွေရဲ့ထောင်ချောက်ထဲမရောက်ရအောင် သတိပေးပါရစေ။ အခုဆိုရင်အရေးခင်း
ကာလက ၈လကျော်နေပြီ။ သက်ဆိုင်ရာမြို့နယ်PDF
တွေကလည်း သူနေရာဒေသနဲ့အတူ အသားကျနေပြီ။
ပြည်သူတွေကိုလည်း သူတို့မြို့နယ် အလိုက်
PDFဖွဲ့စည်းထားကြောင်းကို ကြေငြာထားပါတယ်။
သူတို့မြို့နယ်အမည်နဲ့pageတွေထောင်ထားပါတယ်။
တကယ်PDFထဲဝင်ချင်ရင် ဆန္ဒရှိရင် သူတို့ယုံကြည်နိုင်လောက်တဲ့အထောက်ထားနဲ့ သူတို့သတ်မှတ်ထားတဲ့အချက်လက်တွေကိုဖော်ပေးနိုင်ရင် လက်ခံကောင်းလက်ခံလိပ်မယ်လို့တော့ထင်တယ်။ (အာမတော့မခံဘူ)
လုံခြုံရေးက ပိုအရေးကြီးလို့လေ။ ဆိုတော့
အနည်းဆုံးတော့ အခုအကြံပြုခဲ့သလို
သက်ဆိုင်ရာကိုယ့်မြို့နယ်က PDF pageကိုရှာပါ
ဥပမာ လည်းကူးဆိုရင်( Hlegu Defence Force)
ဆိုပြီးရိုက်ရှာပါ။
လိုင်းပေါ်မှာတော့ ပိုစ့်တင်ပြီးမမေးနဲ့ PDFထဲမရောက်ပဲ စစ်ခွေးတွေထောင်ချောက်ထဲရောက်သွားလိပ်မယ်။
ဒီကိစ္စက လူသိရှင်ကြားစုံစမ်းရတာမျိုးမဟုတ်ဖူး။
တိတ်တိတ်လေးစုံစမ်းပါ။ တိတ်တိတ်လေးလှုပ်ရှားပါ။
အသံကြောင့်ဖားသေမဖြစ်စေနဲ့။
အကယ်၍ PDFအဖွဲ့နဲ့
ပြောဆိုရသော်လည်း လုံခြုံရေးအရ သူတို့လက်မခံရင်လည်း နားလည်ပေးလိုက်ပါ။ တကယ်တော့ လက်နက်ရှိမှ PDFဖြစ်တာမဟုတ်ဖူး။ မိမိရဲ့စိတ်ဆန္ဒက
ဒီမတရားမှုကိုလက်မခံရင်ကို ခင်ဗျာဟာ
PDFတစ်ယောက်ဖြစ်ပါတယ်။
ဒါကြောင့် ငါ့မှာ ဘာလက်နက်မှမရှိဘူးဆိုပြီး
မိမိကိုယ်ကိုအသုံးမဝင်ဘူးလို့မထင်လိုက်ပါနဲ့
လှုနိုင်ရင် လှုတဲ့နေရာကပါဝင်ပါ။
ကိုယ့်မြို့နယ်ရဲ့ ဒလန်တွေကိုစုံစမ်းပြီးလိုင်းပေါ်တင်ပေးပေါ့။ စစ်ခွေးတွေရှိတဲ့နေရာ စစ်ခွေးအင်အား
ခန့်မှန်းချေ တင်ပြပေါ့။
စသည်ဖြစ် ကိုယ်လုပ်နိုင်တဲ့အပိုင်းကနေလုပ်နေတာဟာလည်း တော်လှန်ရေးအတွက် အင်အားဖြစ်ပါတယ်။ အသုံးမဝင်ဘူးဆိုတာမရှိဘူး။ Ok?
ဒါကြောင့် လိုင်းပေါ်မှာ မမေးကြပါနဲ့ အန္တာရယ်များလို့
သတိပေးတာပါ။ အခု ကျနော်နားလည်သလောက်အကြံပြုချင်းဟာ ဘေးကင်းပြီး တော်လှန်ရေးအတွက်ခင်ဗျာလည်းအရေးပါတယ်ဆိုတာကို အကြုံပြုလိုက်ပါတယ်။ အရေးတော်ပုံ မုချ အောင်ရမည်။