Perfexy

Perfexy CONFIDENCE BREEDS BEAUTY! Established 2017

🇲🇲 အာဇာနည်နေ့ တို့မမေ့ 🇲🇲19-7-2023အာဇာနည့်နေ့ အားဂုဏ်ပြု ဂါရဝ ပြုအပ်ပါသည်။၇၆ ကြိမ်မြောက် အာဇာနည်နေ့ဗိုလ်ချုပ်အောင်ဆန်းနှ...
19/07/2023

🇲🇲 အာဇာနည်နေ့ တို့မမေ့ 🇲🇲

19-7-2023
အာဇာနည့်နေ့ အားဂုဏ်ပြု ဂါရဝ ပြုအပ်ပါသည်။

၇၆ ကြိမ်မြောက် အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော
သူရဲကောင်း အာဇာနည်ခေါင်းဆောင်များ အားလုံးကို ရိုသေလေးစားစွာ ဂါရဝပြုပါသည်။🙏🇲🇲

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်

ဆံသားတွေ ဘယ်လိုကြောင့် ကျွတ်တတ်သလဲ ?👇👇👇👇⛔️ အာဟာရဓာတ်ချို့တဲ့ရင်လည်း ကျွတ်တတ်တယ် (သံဓာတ်နဲ့ဇင့် (Zinc))⛔️ ပဋိသန္ဓေတားဆေးတ...
04/07/2023

ဆံသားတွေ ဘယ်လိုကြောင့် ကျွတ်တတ်သလဲ ?
👇👇👇👇
⛔️ အာဟာရဓာတ်ချို့တဲ့ရင်လည်း ကျွတ်တတ်တယ် (သံဓာတ်နဲ့ဇင့် (Zinc))
⛔️ ပဋိသန္ဓေတားဆေးတွေ၊ သွေးကျဲဆေးတွေ၊ သိုက်ရွိုက်ဆေးတွေ၊ gout အတွက်ဆေးတွေ၊ ကင်ဆာဆေးဝါး တွေသောက်သုံးနေတဲ့ အချိန်မှာလည်း ကျွတ်တတ်တယ်
⛔️ အမျိုးသားတွေမှာတော့ ဟော်မုန်းကြောင့် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တတ်တယ်
⛔️ ဆံပင်သားမကောင်းတဲ့အခါလည်း ကျွတ်တတ်တယ်
⛔️ ဆံပင်ကိုဆေးဆိုးတာ၊ ဖြောင့်တာ၊ ကောက်တာ စတာတွေခဏခဏလုပ်ရင်လည်း ကျွတ်တယ်
⛔️ ခေါင်းလျှော်ရည် မတည့်ရင် ဦးရေပြားခြောက်ပြီး ဗောက်ထရင်လည်းကျွတ်တယ်
⛔️ပျော့ဆေး၊ ပေါင်းဆေး သုံးပြီး ရေဆေးတာမပြောင်ဘဲ ဗောက်ထရင်လည်း ကျွတ်တယ်
⛔️ စိတ်ဖိစီးမှုတွေများတဲ့အခါ ဆံပင်ကျွတ်တယ်
⛔️ အလုပ်ကြောင့်၊ ကျောင်းစာကြောင့်၊ ပူပန်စရာတွေ များရင်လည်း ကျွတ်တယ်
⛔️ ကလေးအမေတွေ ကလေးမွေးပြီးခါစမှာ ဆံပင်အများကြီး ကျွတ်တတ်တယ်
⛔️ ကိုယ်ခံအားစနစ် ဖောက်ပြန်နေရင်လည်း ဆံပင်ကျွတ်နိုင်တယ်
ဒါတွေကတော့ ဆံပင်ကျွတ်နိုင်တဲ့ အကြောင်းအရင်းများထဲက အချက်တွေပါ ... ဒီထဲမှာ မပါတဲ့ အကြောင်းများကြောင့်လည်း ကျွတ်နိုင်ပါသေးတယ် ...
cb မှာ လာမေးကြတဲ့ ကာကာတွေလည်း သိနိုင်အောင်ပါ ...
ဆံသား ဘာကြောင့်ကျွတ်လဲဆိုတာ အနီးစပ်ဆုံးသိရမှ ဘယ်လိုလုပ်ရင် ကျွတ်တာရပ်မလဲ ဆိုတာလေးတွေ ပြောပြ ညွှန်းပြလို့ ရမှာပါရှင့်.........

 #ဆီးဖြူသီးကို ဘာကြောင့် စားပေးသင့်တာလဲ (သို့) ဆီးဖြူသီး စားခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ~~~~~- Ind...
04/07/2023

#ဆီးဖြူသီးကို ဘာကြောင့် စားပေးသင့်တာလဲ (သို့) ဆီးဖြူသီး စားခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ
~~~~~
- Indian Gooseberry လို့ ခေါ်ကြတဲ့ ဆီးဖြူသီးဟာ အပူပိုင်းဒေသမှာ ပေါက်ရောက်တတ်တဲ့ အသီးတစ်မျိုးပါ။ ချဉ်တင်တင်၊ ဖန်တန်တန် အရသာရှိပြီး ဆီးဖြူသီးစားပြီးရင် ရေလေးတစ်ခွက်သောက်လိုက်ရင် ပါးစပ်ထဲမှာ ချိုပြီးတော့ ကျန်နေခဲ့တယ်လို့ လူသိများကြပါတယ်။ တကယ်တော့ ဆီးဖြူသီးဟာ ဗိုက်တာမင်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တေွ အများကြီး ပါဝင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးဖြူသီးကို သုတ်စား၊ ထောင်းစားကြသလို သွားရည်စာအဖြစ်လည်း စားသုံးကြပါတယ်။ ဒါအပြင် ဆီးဖြူသီးစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဆီးဖြူသီးကို စားသုံးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတေွ ရနိုင်သလဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျန်းမာရေးကို ကောင်းမွန်စေတယ်
---------------------------------------------------

ဆီးဖြူသီးကို ပုံမှန် စားပေးမယ်ဆိုရင် ဝိတ်ကျ စေနိုင်ပါတယ်။ ဒါအပြင် ဝမ်းချုပ်ရောဂါကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။ လည်ချောင်းထဲက ချှဲသလိပ်တေွကို ရှင်းလင်းပေးနိုင်သလို လည်ချောင်းနာ ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အပူငြိမ်းစေတဲ့အတွက် သေွးသားကိုလည်း သန့်စင်စေနိုင်ပါတယ်။

၂။ အသားအရေ ထိန်းသိမ်းရေးအတွက်လည်း အကျိုးရှိတယ်
-------------------------------------------------------------------

ဆီးဖြူသီး စားပေးခြင်းက သေွးသားကို သန့်စင်စေနိုင်တဲ့အတွက် အရေပြားအပေါ်ယံအလွှာက အရေပြားဆဲလ်သေတေွကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်သေ၊ ဆဲလ်ဟောင်းတေွကို ဖယ်ရှားပြီးရင် သန့်စင်တဲ့ ဆဲလ်သစ်တေွကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ ဆီးဖြူသီးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တေွဟာ အရေပြားနေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပြီး အသားအရေကို မူလအတိုင်း ပြန်လည်ဖြူဝင်းလာစေနိုင်ပါတယ်။ ဆီးဖြူသီးရဲ့ ကောင်းကျိုး နောက်တစ်ခုကတော့ အရေပြား အိုမင်းရင့်ရော်ခြင်းကို နေှးကေွးစေနိုင်တာပါပဲ။ ဒါအပြင် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဝက်ခြံအပေါက်များတဲ့ သူတေွဆိုရင်လည်း ဆီးဖြူသီးစားပေးရင် ဝက်ခြံကင်းစင်လာစေနိုင်မှာပါ။

၃။ ကိုယ်ခံအားလည်း ကောင်းမွန်စေတယ်
-------------------------------------------------

ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ကူးစက်ရောဂါပိုးတေွနဲ့ ဗိုင်းရပ်စ်ပိုးမွှားတေွကို တိုက်ဖျက်ရာမှာ အရေးပါတာကတော့ ကိုယ်ခံအားစနစ်ပါ။ အဲဒီကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့အတွက် ဆီးဖြူသီးက ကူညီပေးနိုင်ပါတယ်။ ဒါအပြင် ဆီးဖြူသီးကို ဖျော်ရည်လုပ်ပြီးတော့ ရံဖန်ရံခါ သောက်သုံးပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတေွကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးဖြူသီးဖျော်ရည်က အစာခြေစနစ် ပိုမိုကောင်းမွန်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်တေွနဲ့လည်း တည့်ပါတယ်။

၄။ ဆံသားကိုလည်း လှပစေတယ်
---------------------------------------

ပိုးသားလေးလို လှပချောမေွ့တဲ့ ဆံကေသာလေးကို မနှစ်သက်တဲ့လူ မရှိပါဘူး။ ဆံသားကျန်းမာရေးအတွက် ဆီးဖြူသီးရဲ့ ကောင်းကျိုးတေွ အများကြီးရှိပါတယ်။ ဆီးဖြူသီးနဲ့ ပြုလုပ်ထားတဲ့ အဆီဟာ ဆံပင်လေးတေွကို အမြစ်ကနေ အရင်းထိ သန်စွမ်းစေပါတယ်။ နောက်ပြီးတော့ ဆံသားလေးတေွပေါ်မှာ ကပ်ညိနေတဲ့ ဗောက်ဖြူဖြူလေးတေွကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါအပြင် ဆံပင်ဖြူတဲ့ ပုဂ္ဂိုလ်တေွရှိရင်လည်း ဆီးဖြူသီးအဆီကို လိမ်းပေးမယ်ဆိုရင် အရင်အတိုင်း ဆံသားလေးတေွကို တဖြည်းဖြည်းနဲ့ ပြန်လည်မဲနက်လာစေမှာပါ။

ရေဝါးရွက်က အသားအရေ ကျန်းမာစေသလား!ရေဝါးရွက် ဆိုတာကို ဆီးချို နဲ့ သွေးတိုးအတွက် အသုံးပြုကြတဲ့ ဆေးပင် တစ်မျိုးလို့ တော်တော်...
04/07/2023

ရေဝါးရွက်က အသားအရေ ကျန်းမာစေသလား!

ရေဝါးရွက် ဆိုတာကို ဆီးချို နဲ့ သွေးတိုးအတွက် အသုံးပြုကြတဲ့ ဆေးပင် တစ်မျိုးလို့ တော်တော်များများက သိထားကြပေမယ့် အသားအရေ ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တယ်ဆိုတာကိုတော့ သိသူက နည်းပါတယ်။ ဒီတစ်ခေါက်တော့ ရေဝါးရွက်က အသားအရေ ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ …… ရေဝါးရွက်က အသားအရေ ကျန်းမာရေးစေသလား ဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

ရေဝါးရွက် ဆိုတာ
ရေဝါးရွက် ဆိုတာက ရေဝါးပင်ရဲ့ အရွက်ပါ။ ရေဝါးပင်ဆိုတာက နွယ်ပင်တစ်မျိုးပါ။ အပင်က အပေါ်ကို နွယ်တက်တာမျိုး မဟုတ်ဘဲ လိုက်ကာလေးလိုမျိုး အောက်ဘက်ကို နွယ်ဆင်းတာပါ။ အရွက်က ခရမ်းရောင်ကနေ အနီရောင်ရှိပါတယ်။ အရွက်လေးတွေက ထိပ်ပိုင်းမှာ ချွန်ချွန်လေးပါ။ ရိုးတံနဲ့ အရွက်လေးတွေမှာ အမွေးပါးလေးတွေ ဖုံးနေပါတယ်။

ရေဝါးရွက်က အသားအရေ ကျန်းမာစေသလား
ရေဝါးရွက်က အသားအရေ ကျန်းမာရေးစေသလား ဆိုတော့ ရေဝါးရွက်က အသားအရေကို အခုလို ကျန်းမာစေနိုင်ပါတယ်။

အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်
ရေဓာတ် ကြွယ်ဝတဲ့ ရေဝါးရွက်က အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေပြား ခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ပုံမှန်လေး လိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီး အစိုဓာတ် ထိန်းပေးနိုင်မှာပါ။

အရေပြား ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ ဓာတ်တည့်မှု ရှိ၊ မရှိ အရင်စမ်းသပ်သင့်ပါတယ်။

အသားအရေ ကြည်လင်စေတယ်

ဆက်လက်ဖတ်ရှုမည်။

ရေဝါးရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက သွေးတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေမှုက အသားအရေ ကြည်လင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဆားဝက်ခြံ သက်သာစေတယ်
မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ နှာခေါင်းတဝိုက်က ဆားဝက်ခြံတွေ သက်သာစေဖို့ဆိုရင် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်ကို ကြိတ်ပြီး မျက်နှာပေါ်က ဆားဝက်ခြံတွေမှာ အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပြဿနာ ကင်းစေတယ်
အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုး အရေပြားပြဿနာတွေ ကင်းစေဖို့နဲ့ သက်သာစေဖို့ဆိုရင်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ အပင်တစ်မျိုးပါ။

အရောင်ကျစေနိုင်တယ်
ရေဝါးရွက်က ဝက်ခြံကြောင့် အရေပြားတွေကို ရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံတွေကြောင့် နီမြန်းရောင်ရမ်းနေရင် ရေဝါးရွက်ကို ကြိတ်ပြီး အုံပေးလို့ ရပါတယ်။

ဝက်ခြံ သက်သာစေတယ်
ရေဝါးရွက်ကို ပြုတ်ပြီးရလာတဲ့ အရည်ကို ဖြစ်ဖြစ်၊ ရေစင်အောင်ဆေးပြီး ကြိတ်ထားတဲ့ အနှစ်ကိုဖြစ်ဖြစ် ဝက်ခြံ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

အရေးအကြောင်းတွေကို သက်သာစေတယ်
ရေဝါးရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကို အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အသားအရောင် ညီစေတယ်
ရေဝါးရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ အသားအရောင် မညီတာကို သက်သာစေတာပါ။ အသားအရောင် ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဝက်ခြံ အမာရွတ်တွေကို သက်သာစေတယ်
ရေဝါးရွက်မှာ ပါဝင်နေတဲ့ အာဟာရတွေက ဝက်ခြံကိုတင် သက်သာစေတာ မဟုတ်ပါဘူး။ ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေတာပါ။ ဝက်ခြံ အမာရွတ် သက်သာစေဖို့အတွက် အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

သတိပြုရန်အချက်
ရေဝါးရွက်က အသားအရေကို ကျန်းမာစေတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ရေဝါးရွက်ကို ဒီအတိုင်းသုံးမယ်ဆိုရင် သန့်စင်ထားတာ မဟုတ်တဲ့အတွက် ဘေးထွက်ဆိုးကျိုး ရှိနိုင်တာကို သတိပြုသင့်ပါတယ်။ ဒါ့ပြင် အရင်တစ်ခေါက် သုံးပြီး ဓာတ်မတည့်ဖြစ်ဖူးသူတွေ၊ ထိခိုက်လွယ်အသားအရေရှိသူတွေအနေနဲ့ မသုံးသင့်ပါဘူး။ ရေဝါးရွက်ကို သုံးပြီး အထက်ပါ အရေပြားပြဿနာတွေ မသက်သာလာဘူး။ ပိုဆိုးလာတယ်ဆိုရင် အသုံးပြုတာကို ရပ်လိုက်ဖို့ လိုပါတယ်။

နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း***************နံ့သာဖြူဆိုတာက မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အမွှေးန...
04/07/2023

နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း
***************

နံ့သာဖြူဆိုတာက မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အမွှေးနံ့သာအနေနဲ့ သုံးကြတယ်လေ။ ဒီလိုမျိုး အသုံးပြုကြတဲ့ နံ့သာဖြူက အသားအရေကို ကျန်းမာစေသလား။ အသားအရေကို ဘယ်လိုမျိုး ကောင်းကျိုးတွေ ပေးစွမ်းလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း ဆိုတဲ့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။

နံ့သာဖြူ ဆိုတာ ဘာလဲ
နံ့သာဖြူ ဆိုတာက အမွှေးနံ့သာ တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အာရှဒေသမှာ အလေးအမြတ် သုံးစွဲခဲ့ကြတဲ့ အပင်တစ်မျိုးပေါ့။ ဆေးဖက်ဝင်သလို အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။ နံ့သာဖြူကို အရေပြားမှာ တိုက်ရိုက်လိမ်းကျံကြသလို ဘာသာရေး အခမ်းအနားတွေမှာ အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။

နံ့သာဖြူ အဆီကို အသုံးပြုကြသလို ဆပ်ပြာ၊ အလှကုန်၊ ဖယောင်းတိုင် ခရင်မ်တွေနဲ့ အမွှေးတိုင်အဖြစ်လည်း အသုံးပြုကြပါတယ်။

နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း
နံ့သာဖြူက အမွှေးနံ့သာ အနေနဲ့ အသုံးပြုလို့ ရသလို အသားအရေ လှပဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ဒီတော့ နံ့သာဖြူ ကပေတဲ့ အသားအရေလှပခြင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

အသားအရေ အေးမြစေတယ်
နံ့သာဖြူက အသားအရေကို အေး​မြစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နွေအပူရှိန်ကြောင့် အသားအရေတွေကို ပူစပ်စပ်ဖြစ်တာကနေ သက်သာစေဖို့အတွက်ဆိုရင် နံ့သာဖြူကို ခပ်ပါးပါးလေး အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ။

ဆက်လက်ဖတ်ရှုမည်။

အရောင်ကျစေနိုင်တယ်
အရေပြား ရောင်ရမ်းတာကို သက်သာစေဖို့လည်း နံ့သာဖြူကို အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံတွေကြောင့် ရောင်ရမ်းတာကို သက်သာစေသလို အရေပြားမှာ ထိခိုက်တာကြောင့် ရောင်ရမ်းတာကို သက်သာစေဖို့လည်း နံ့သာဖြူကို အသုံးပြုပေးလို့ ရပါတယ်။

အသားအရေကို အာဟာရ ဖြည့်ပေးနိုင်တယ်
နံ့သာဖြူက အရေပြားကို အေးမြစေသလို အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာပြီး အာဟာရပြည့်စေဖို့ဆိုရင် နံ့သာဖြူကို အရေပြားမှာ တိုက်ရိုက် လိမ်းကျံပေးတာကလည်း နည်းလမ်းကောင်းပါပဲ။

ဝက်ခြံသက်သာစေတယ်
နံ့သာဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေကို သက်သာစေဖို့အတွက် နံ့သာဖြူကို ဝက်ခြံတွေအပေါ်မှာ တိုက်ရိုက် လိမ်းကျံပေးလို့ ရပါတယ်။ ပုံမှန်လေး လိမ်းပေးမယ်ဆိုရင် ဝက်ခြံတွေကို သိသိသာသာ သက်သာစေမှာပါ။

အသားအရောင် ညီစေတယ်
အသားအရေ မညီတဲ့သူတွေအနေနဲ့ နံ့သာဖြူကို လိမ်းပေးလို့ ရပါတယ်။ နံ့သာဖြူကို အသားအရောက် မညီတဲ့နေရာတွေမှာ ပုံမှန်လေး လိမ်းကျံပေးတာက အသားအရောင် ညီစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

အစက်အပြောက်တွေ သက်သာစေတယ်
ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ သက်သာစေဖို့အတွက် နံ့သာဖြူကို အသုံးပြုပေးလို့ ရပါတယ်။ အမာရွတ်ဖြစ်တဲ့နေရာတွေမှာ ပုံမှန်လေး တိုက်ရိုက် လိမ်းကျံပေးရုံနဲ့ သိသိသာသာ သက်သာလာမှာပါ။ အသားအရေကို ကြည်လင်ဝင်းပစေဖို့ ထောက်ကူပေးနိုင်မှာပါ။

အသားအရေ တင်းရင်းစေတယ်
အသက်အရွယ်ကြောင့် ဖြစ်ဖြစ် နေထိုင်စားသောက်မှုပုံစံကြောင့်ဖြစ်ဖြစ် အရေပြားမှာ တင်းအားတွေ ကျဆင်းပြီး အသားအရေမှာ အရေးအကြောင်း ထင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ အသားအရေကို တင်းတင်းရင်းရင်းလေး လှချင်တယ်ဆိုရင် နံ့သာဖြူမှုန့်နဲ့ မျက်နှာ၊ လည်ပင်း အသားအရေတွေကို ပေါင်းတင်ပေးလို့ ရသလို အရေပြားမှာ လိမ်းကျံပေးလို့လည်း ရပါတယ်။

အသားအရေကြည်လင်စေတယ်
နံ့သာက အသားအရေကို ချောမွေ့စေပြီး ကြည်လင်စေဖို့လည်း ထောက်ကူပေးပါတယ်။ သဘာဝရဲ့ အရေပြား Glow စေတဲ့ အရာလေးပါ။ နံ့သာဖြူ ပုံမှန်လိမ်းပေးတာက အသားအရေကို ကြည်လင်စေပြီး ဝင်းပစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးပါတယ်။ အသားအရေကို ကြည်လင် ဝင်းပစေမှာပါ။

ဓာတ်မတည့်တာ သက်သာစေတယ်
အရေပြားမှာ ဓာတ်မတည့်တာကြောင့် နီမြန်းတာ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာ တိုက်ရိုက်လိမ်းကျံပေးလို့ ရပါတယ်။

ဘာတွေ သတိထားရမလဲ။
နံ့သာဖြူကို အရေပြားမှာ လိမ်းတာက များသောအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် နံ့သာဖြူလိမ်းပြီး အသားတွေ ယားလာတယ်၊ စပ်ဖျင်းဖျင်းဖြစ်လာတယ်ဆိုရင် လိမ်းတာကို ရပ်ပြီး ရေဆေးချဖို့ လိုပါတယ်။ အရင်က နံ့သာဖြူလိမ်းပြီး ဓာတ်မတည့်နဲ့ ပြဿနာဖြစ်ဖူးတဲ့သူတွေက ထပ်မလိမ်းသင့်ပါဘူး။ အရေပြားပြဿနာတစ်ခုခုအတွက် လိမ်းမယ်ဆိုရင်လည်း သက်ဆိုင်ရာဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။

ရင်ဖွင့်ကြမယ်...။
03/07/2023

ရင်ဖွင့်ကြမယ်...။

ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။==================== ဒီလိုပြောရတာက ဆံပင်ကို တင်းနေအောင် စည်းတာက ရေရှည်မှာ ဆိုးက...
03/07/2023

ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။

====================

ဒီလိုပြောရတာက ဆံပင်ကို တင်းနေအောင် စည်းတာက ရေရှည်မှာ ဆိုးကျိုး များလို့ပါ။ နေ့ခင်းဘက်မှာ ကိုယ်တိုင်က ဆံပင်ချ ထားရတာကို မကြိုက်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင် လိုအပ်ချက်ကြောင့်ဖြစ်ဖြစ် ဆံပင်ကို ခပ်တင်းတင်း စည်းနှောင်ထားတာက ဆံသား နဲ့ ဦးရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

====================

ညအိပ်တဲ့အခါ ဆံပင်ကို ဖြန့်ချပြီး အိပ်တာက အသင့်တော်ဆုံးပါ။ ဆံပင်တွေကို လေဝင်လေထွက် ကောင်းစေသလို ဆံပင်ကျွတ်တာ၊ ဆံပင်အမြစ်တွေ ထိခိုက်တာ၊ ဦးရေပြား သွေးစီးဆင်းမှုကို ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်တာကြောင့်ပါ။ ဆံပင်တွေ ကျိုးပျက်တာ၊ ပြတ်ထွက်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပေးနိုင်မှာပါ။

====================

ဆံပင်ကို ချပြီး မအိပ်ချင်ဘူးဆိုရင်တော့ ဆံပင်ကို ခပ်ဖွဖွလေး စည်းထားတာမျိုး၊ ကျစ်ဆံမြီး ကျစ်အိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆံပင်ကို စည်းတယ်ဆိုတဲ့ နေရာမှာလည်း သားရေကြိုးတွေ၊ သတ္တုကြိုးတွေနဲ့ စည်းမယ့်အစား အဝတ်စထဲမှာ သားရေကြိုး ခပ်ပျော့ပျော့လေး ထည့်လုပ်ထားတာမျိုး နဲ့ စည်းပေးပါ။ အပွင့်အခက်တွေ၊ ကျောက်တွေ ကပ်ထားတာမျိုး မဟုတ်ဘဲ ရှင်းရှင်းလေး ဖြစ်တာမျိုး နဲ့ ခပ်လျော့လျော့လေး စည်းပေးပါ။

====================

နောက်ဆုံး သတိထားရမှာ တစ်ချက်က ညအိပ်ရာမဝင်ခင်မှာ ဆံပင်ကို အာဟာရ ဖြည့်ပေးနိုင်မယ့် အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလိမ်းလို့ ဆံပင်ကို သေချာလေး ဖြီးသင် ပေးဖို့ပါ။

====================

ဒီလိုလုပ်ပေးတာက ဆံသားကို ကျန်းမာစေနိုင်သလို ဦးရေပြားကိုလည်း သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေတာကြောင့် ဆံသားနဲ့ ဦးရေပြားပြဿနာတွေ ဖြစ်ကြတဲ့ ဆံပင်ကျွတ်တာ၊ ဆံပင်အရှည်နှေးတာ၊ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဗောက်ထတာ လိုမျိုး ပြဿနာတွေကို ကင်းစေမှာပါ။

====================

ညအိပ်တဲ့အခါ ခန္ဓာကိုယ် သက်သောင့်သက်သာဖြစ်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အဝတ်အစားကို ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ရသလို ဆံသားကိုလည်း လေဝင်လေထွက် ကောင်းစေဖို့ ဖြန့်ထားတာ၊ ခပ်ဖွဖွလေး စည်းပေးတာ၊ ကျစ်ဆံမြီး ကျစ်တာတွေ လုပ်ပေးပါ။

====================

ဒါမှ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိပြီး အသားအရေရော စိတ်ကျန်းမာ ကိုယ်ကျန်းမာမှာ ဖြစ်သလို ဆံသားလည်း ကျန်းမာ လှပမှာပါ။

❝ အိမ်တွင်းတနိုင်တပိုင်စီးပွားဖြစ် ❞ ဆပ်ပြာနှင့် လူသုံးအလှကုန်ပစ္စည်းအမျိုးမျိုးပြုလုပ်နည်း စာအုပ်📝📝📝📝📝📝📝📝📝🟠ပါဝင်တဲ့ မာတ...
15/01/2022

❝ အိမ်တွင်းတနိုင်တပိုင်စီးပွားဖြစ် ❞ ဆပ်ပြာနှင့် လူသုံးအလှကုန်ပစ္စည်းအမျိုးမျိုးပြုလုပ်နည်း စာအုပ်
📝📝📝📝📝📝📝📝📝

🟠ပါဝင်တဲ့ မာတိကာတွေကတော့🟠

၁။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများ၏ အမည်
၂။ ဓါတုဗေဒပစ္စည်းများနှင့် မတည့်သော Soda Ash (or) အထူးရေပြုလုပ်နည်း
၃။ pH အကြောင်းသိမှတ်ဖွယ်ရာများ
၄။ ဆီအကြောင်းသိမှတ်ဖွယ်ရာများ
၅။ ဆပျပွာ၏ မာအားသတ်တိ
၆။ သဘာဝခေါင်းလျှော်ရည်အတွက် သဘာဝအသီးအနှံများအကြောင်း
၇။ Organic (သဘာဝပစ္စည်းသုံးဆပ်ပြာအမျိုးမျိုး) ပြုလုပ်ရာတွင် အသုံးပြုနိူင်သော ပစ္စည်းနှင့် ၎င်းတို့၏ အကျိုးသွားဂုဏ်သတ္တိများ”(ဓါတုလျော့ချနည်း Herbal)
၈။ အရွက်များကို ပြုတ်ရည်ပြုလုပ်ခြင်းနည်းပညာ
၉။ အသီးအရွက်များ၏အာနိသင်များ
၁၀။ ဆပ်ပြာခဲနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာများ
၁၁။ Rose Water
၁၂။ Toner
၁၃။ Serum
၁၄။ Perfume
၁၅။ အသားဖြူဆန်မှုန့် Toner
၁၆။ Organic Lotion
၁၇။ Organic Cleansing
၁၈။ Organic ဆံသားပြုပြင်နည်း
၁၉။ Whitening Cream
၂၀။ Whitening Toner
၂၁။ Dog Shampoo
၂၂။ Hair Conditioner
၂၃။ Hair GeL
၂၄။ Jelly Soap
၂၅။ Paper Soap
၂၆။ ဝါးမီးသွေးလုပ်နည်းနှင့် အသုံးဝင်ပုံ
၂၇။ ဝက်ခြံနှင့် အမာရွတ်ပျောက်စေရန်နည်း
၂၈။ ဆံပင်ပေါင်းတင်နည်း(Organic)
၂၉။ ဆံပင်ပေါက်ဆေးရည်
၃၀။ Hair Shampoo
၃၁။ ခြင်ပြေးဆေးရည်
၃၂။ MP နှင့်ဆပ်ပြာချက်နည်း (နနွင်းဆပ်ပြာ၊ ရှားစောင်းလက်ပတ်၊ ပျားသံပုရာ၊ ဆန်ဆပ်ပြာ၊ ကော်ဖီနနွင်း၊ သခွားသီး၊ ထောပတ်သီး၊ ဝါးမီးသွေး.. အစရှိသဖြင့်)
၃၃။ Unit ဆက်သွယ်ချက်များ
၃၄။ ပန်းကန်ဆေးဆပ်ပြာဆီပြုလုပ်နည်း
၃၅။ လက်ဆေးဆပ်ပြာဆီပြုလုပ်နည်း
၃၆။ အဝတ်လျှော်ဆပ်ပြာဆီပြုလုပ်နည်း
၃၇။ ရေချိုးဆပ်ပြာဆီပြုလုပ်နည်း
၃၈။ ခေါင်းလျှော်ရည်ပြုလုပ်နည်း
၃၉။ ဆပ်ပြာ Cream ပြုလုပ်နည်း
၄၀။ မှန်ကြည်ဆေး ပြုလုပ်နည်း
၄၁။ သွားတိုက်ဆေး ပြုလုပ်နည်း
၄၂။ ရေမလိုလက်သန့်ဆေးရည် ပြုလုပ်နည်း
၄၃။ ကြွေချေးချွတ်ဆေးရည် ပြုလုပ်နည်း
၄၄။ Soap Base ပြုလုပ်နည်း
၄၅။ ဆပ်ပြာမှုန့် ပြုလုပ်နည်း
၄၆။ Body Scrub
၄၇။ Face Scrub
၄၈။ Lip Scrub
၄၉။ Foot Scrub
၅၀။ မျက်မှန် Cleasing ပြုလုပ်နည်း
၅၁။ ဂျယ်လီဖယောင်းပြုလုပ်နည်း
၅၂။ ကြာရှည်ခံအိမ်သုံးဖယောင်းတိုင်လုပ်နည်း
၅၃။ Water Candle ပြုလုပ်နည်း (ရေပေါ်အလှဖယောင်းတိုင်)
၅၄။ ဖယောင်းအလှခဲပြုလုပ်နည်း
၅၅။ Lip Sleeping Mask ပြုလုပ်နည်း
၅၆။ Day Ceram
၅၇။ Night Cream
၅၈။ Hair Conditioner
၅၉။ Hair Mask
၆၀။ Body Lotion
၆၁။ Body Powder
၆၂။ Butter Cream
၆၃။ Petroleum Gel
၆၄။ Vaseline
၆၅။ Natural Deodorant
၆၆။ Lotion Bars
၆၇။ Body Batter Bars
၆၈။ Scrub Soap
၆၉။ Scrub Bar
၇၀။ Lip Moisturizer စသည်တို့ကို အသေးစိတ်သင်ပြပေးထားပါသည်။

⚠️ နားမလည်ရင်လည်း အချိန်မရွေး Viber မှာ လာမေးလို့ရပါတယ်။ ⚠️

👩‍❤️‍💋‍👩သူငယ်ချင်းတွေကို လက်ဆောင်ဘဲပေးပေး
ကိုယ်တိုင်ဘဲလုပ်ရောင်းရောင်းအဆင်ပြေတယ် နော်
မတတ်မှာမပူနဲ့ သေချာသင်ပေးထားပါတယ်။

🌸 သင်ထောက်ကူပစ္စည်း ကုန်ကြမ်းများကတော့ ကိုယ်တိုင်လုပ်ကြည့်မယ်ဆိုမှ ဝယ်ရမှာပါ။

📗 တစ်အုပ်ကို 15000 ကျပ်

🏦 K Pay or Wave Pay အစရှိသည့် 🪙Online Banking တို့ ဖြင့်ပေးချေနိုင်ပါသည်။

ဆက်သွယ်မှာယူရန်📞
☎️ 09 420195443

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့အခုလက်ရှိ မြန်မာနိုင်ငံမှာ အသေအပျောက်များတဲ့ ကိုဗစ်...
18/08/2021

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့
အခုလက်ရှိ မြန်မာနိုင်ငံမှာ အသေအပျောက်များတဲ့ ကိုဗစ်လှိုင်းကို ရင်ဆိုင်နေရပါတယ်။ ဒီကာလမှာ ကိုဗစ်ကြောင့် သေဆုံးသွားရသူတွေ ရှိသလို ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာသူတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာပေမယ့် ရုတ်တရက် သေဆုံးမှုတွေကလည်း မနည်းပါဘူး။ ကိုဗစ်ကနေပြီးတောင် ပြန်ကောင်းလာတယ်။ အခုဆို ၂၁ ရက်တောင် ကျော်နေပြီ။ ဒီနေ့မှ ရုတ်တရက်ကြီး အကောင်းကြီးကနေ ဆုံးပါးသွားတယ်ဆိုတာမျိုးတွေက ကိုဗစ်ကနေ နာလန်ထလာချိန်မှာ လိုက်နာရမယ့် အချို့အချက်လေးတွေကို မလိုက်နာမိတာကြောင့် ဖြစ်ရတာပါ။ ရောဂါအခံ ရှိတာကြောင့်လည်း ပါတာပေါ့လေ။

ဒီလို နာလန်ထချိန်မှာ ရုတ်တရက် သေဆုံးမှုတွေ မဖြစ်စေဖို့အတွက် မဖြစ်မနေ ဂရုစိုက်ဖို့ လိုမယ့် တစ်ချက်က ကိုယ်ခံအားပြည့်ဝလာစေဖို့ ပါ။ ကိုယ်ခံအား ပြည့်ဝလာစေဖို့ ဆိုတဲ့အချက်ကလည်း အကြောင်းတရား များစွာအပေါ်မှာ မူတည်နေပါတယ်။

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့ ဘာလုပ်ရမလဲ………..
ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား ပြည့်ဝစေဖို့ အတွက် လိုက်နာလုပ်ဆောင်ရမယ့် နည်းလမ်းတွေက ပုံသေ မရှိပါဘူး။ ဒီလိုပြောရတာက လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် တုံ့ပြန်ပုံချင်း မတူသလို ကျန်းမာရေး အခြေအနေချင်းလည်း မတူပါဘူး။

ဒါပေမယ့် ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာတဲ့အခါ ကိုယ်ခံအား ပြည့်ဝလာစေဖို့ လူတိုင်း မဖြစ်မနေ လိုက်လုပ်ရမယ့် ယေဘုယျ အချက်ကလေးတွေတော့ ရှိပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ…. အတူတူ ကြည့်လိုက်ရအောင်နော်။

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား ပြည့်ဝလာစေဖို့
ဒီတော့ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ မတော်တဆ အခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာပေးဖို့ လိုပါမယ်။

အိပ်ရေးဝ ပါစေ။
ညတိုင်း အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ပုံမှန် အိပ်ချိန် ရှိအောင် ဂရုစိုက်ပေးပါ။ လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာက ကိုယ်ခံအား ပြည့်ဝကျန်းမာစေဖို့ အနှောင့်အယှက် ဖြစ်ပါတယ်။

အိပ်ရေးပျက်တာ များလာတဲ့အခါ ဖျားနာတာ၊ နာလန်ထချိန် ပိုကြာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာချိန်မှာ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇ နာရီ ကနေ ၈ နာရီ ပုံမှန် ရှိအောင် ဂရုစိုက်ဖို့ လိုအပ်ပါမယ်။ ဒါမှ ကိုယ်ခံအားက ပုံမှန် အခြေအနေကို မြန်မြန် ရောက်ရှိမှာပါ။

အာဟာရ ပြည့်ဝမျှတပါစေ။
နေ့စဉ် စားသုံးမှုမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်တို့ ပြည့်ဝမျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ အမျှင်ဓာတ်က အူနံရံကို ကျန်းမာစေပြီး ကိုယ်ခံအား ပြည့်ဝစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်ကတော့ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေမှာပါ။ ကာဗိုဟိုက်ဒရိတ်ကတော့ အင်အား ဖြစ်စေပြီး အခြားသော ဗီတာမင် နဲ့ သတ္တုဓာတ်တွေက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပရိုတင်းကလည်း antibodies တွေကို ထွက်ရှိစေပြီး ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။

ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်၊ အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကြက်သား၊ ငါး၊ နို့ စတာတွေကို ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။

အချိန်ကိုက်ပါစေ။
ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာသူတွေ အနေနဲ့ တစ်နေ့ကို မနက်စာ၊ နေ့လယ်စာ၊ ညစာဆိုပြီး (၃) ကြိမ်ကိုတော့ မဖြစ်မနေ စားဖို့ လိုပါမယ်။ဒါ့ပြင် ကြားထဲမှာ နည်းနည်းနဲ့ ခဏခဏ စားပေးဖို့ လိုပါတယ်။

မဟုတ်ရင် အစာအိမ်က စားလိုက်တဲ့ အစားကို မချေဖျက်နိုင်တာမျိုး ဖြစ်ပြီး အစာမကြေတာ၊ လေပွတာ၊ အိပ်ပျော်ဖို့ ခက်တာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။

မစားဘဲနေပြန်တော့လည်း ခန္ဓာကိုယ်မှာ အင်အားပြည့်ဝဖို့ ခက်သွားတာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။ အစားအစာတွေကို ရွေးချယ်တဲ့အခါမှာလည်း အားဖြစ်စေပြီး အစာကြေလွယ်တာမျိုးကို ရွေးချယ်ပေးပါ။

အရမ်းဆာမှ စားတာမျိုး မဖြစ်စေဖို့နဲ့ အစာမကြေတာမျိုး မဖြစ်စေဖို့ အစားစားချိန် တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၄ နာရီ အတိ ခြားပါ။

ဗီတာမင်တွေ သတိရပါစေ။
နေကောင်းလာပြီ မှန်ပေမယ့် ရောဂါကို ကာကွယ်ဖို့ရော၊ ကုသဖို့ရော၊ နာလန်ထလာချိန်မှာ ကျန်းမာစေဖို့အတွက်ပါ ဗီတာမင်တွေက အရေးပါတယ်ဆိုတာကို သတိရပါ။

ဒါကြောင့် နေကောင်းကျန်းမာလာပြီ ဆိုရင်လည်း ဗီတာမင်တွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက်လက် သောက်သုံးတာမျိုး လုပ်ပေးဖို့လိုပါမယ်။ ဥပမာ သံဓာတ်၊ ဗီတာမင် C၊ ဇင့်၊ ဗီတာမင် D တို့လို ဗီတာမင်တွေပါ။ အလွန်အကျွံ မဖြစ်စေဖို့တော့ သတိရပါ။

လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ။
လေ့ကျင့်ခန်း လုပ်ဆိုတဲ့နေရာမှာ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမျိုးတွေ မဟုတ်ပါဘူး။ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် တရားထိုင်တာမျိုး၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုးနဲ့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာမျိုးတွေပါ။

ဒီလို လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်မှာ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တွေနဲ့ antibodies တွေကို ထွက်ရှိစေပါတယ်။ သွေးထဲမှာ သွေးဖြူဥဆဲလ်တွေနဲ့ antibodies တွေ များများ လည်ပတ်တာက မြန်မြန် ကျန်းမာလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း မိနစ် ၃၀ ကနေ မိနစ် ၆၀ လောက် လုပ်ပေးပါ။

နလန်ထချိန်မှာ လေ့ကျင့်ခန်းတွေကို အလွန်အကျွံ မလုပ်ဖို့ ပြောပါရစေ။ တစ်နေ့ကို မိနစ် ၉၀ ထက် ပိုပြီး လေ့ကျင့်ခန်း လုပ်သူတွေဟာ ကျန်းမာနေချိန်မှာတောင် ဖျားနာနိုင်ခြေ များပါတယ်။ ဒါကြောင့် နလန်ထချိန်မှာ လေ့ကျင့်ခန်းကို အလွန်အကျွံ မလုပ်မိစေဖို့ ဂရုပြုပေးပါ။

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို သေချာ ဂရုစိုက် လုပ်ပေးဖို့ အကြံပြုပါရစေ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Perfexy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Perfexy:

Share