Hein Kyaw

Directions

Hein Kyaw ဂျပန်လျှပ်စစ်စက်ဘီးနှင့် အပိုပစ္စည်းရောင်းဝယ်ရေး

Shout out to my newest followers! Excited to have you onboard! Aung Aung, Ř Kâř, မင်းဗညား အောင်, Than Htike
21/10/2026

Shout out to my newest followers! Excited to have you onboard! Aung Aung, Ř Kâř, မင်းဗညား အောင်, Than Htike

ခါးဆွဲမော်တာထဲ ရေဝင်ထားပြီး မော်တာမိန်းရှပ်ကဘောတစ်လုံးနှင့် ကွိုင် ရိုတာက ‌မိန်းဘောတစ်လုံး ရေဝင်ပျက်ဆီးသွားခဲ့တာကို ပြန်...
19/10/2026

ခါးဆွဲမော်တာထဲ ရေဝင်ထားပြီး မော်တာမိန်းရှပ်ကဘောတစ်လုံးနှင့် ကွိုင် ရိုတာက ‌မိန်းဘောတစ်လုံး ရေဝင်ပျက်ဆီးသွားခဲ့တာကို ပြန်လည်လဲလှယ်ပြီး ဘောအသစ်ပြန့်ထည့်ပေးထားတာသာဖြစ်ပါတယ်။

ကွိုင်ကရိုတာမိန်းဘောပျက်ဆီးမှုက အလွန်ပင်ရှားသလို ကွိုင်အုံကိုလည်း တော်ရုံမကိုင်ကြပါဘူး။ အောက်က သံချေးရောင်တွေကတော့ မော်တာထဲရေဝင်ထားတဲ့ပုံသာဖြစ်ပါတယ်။

မိုးတွင်းအခါမှာ ခါးဆွဲမော်တာများအတွင်းသို့ ရေစိမ့်ဝင်တတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းမှာလည်း မော်တာအခွံနှစ်ခြမ်းဆက်ကြားက ပါကင်နှင့် ကော်မရှိခြင်းကြောင့်သာဖြစ်ပါတယ်။ ရေမြုပ်တဲ့ထဲမှာ ခါးဆွဲမော်တာတွေက တော်ရုံဖြင့် ရေမဝင်ပါဘူး။ သို့သော် ဝင်တတ်ပါတယ်။ ဒါကြောင့် မော်တာစက်ဘီးများကို စီးတဲ့အခါ မိုးရွာထဲစီးတာက ရွေ့လျားမှုရှိနေတဲ့အတွက် ရေဝင်ရန်မလွယ်ပဲ မိုးရွာထဲတွင် ရပ်ထားမိပါက အနည်းနဲ့အများ ရေဝင်တတ်ပါတယ်။ ဒါဟာ ခါးဆွဲမော်တာတွေမှာ အဖြစ်များပါတယ်။ ဘာကြောင့်ရေဝင်ရသလဲဆိုလျင် ရေလုံ seal တွေ မရှိတော့လို့သာဖြစ်ပါတယ်။

ရှေ့ဆွဲ၊ နောက်ဆွဲများမှာတော့ တော်ရုံဖြင့်ရေမဝင်နိုင်သလို ရေဝင်နိုင်သည့် တစ်ခုတည်းသောနေရာမှာ မော်တာကြိုးသွားသော ဝင်ရိုးအလယ်မှသာဖြစ်ပါတယ်။ ရှေ့ဆွဲနောက်ဆွဲမော်တာများမှာ တစ်ဖက်ဖွင့် နှစ်ဖက်ဖွင့် မော်တာများရှိပြီး တစ်ဖက်ဖွင့်နှင့် နှစ်ဖက်ဖွင့်တို့တွင် ရေလုံseal များမှာ အဖုံး တစ်ဖက်ခြမ်း၊ နှစ်ဖက်ခြမ်းတို့တွင် အမြဲပါဝင်ပါတယ်။

ဘယ်လိုမော်တာဘီးပဲဖြစ်ဖြစ် မော်နာထဲရေဝင်လို့ မော်တာမပျက်ဆီးသွားသလို မော်တာလည်ပတ်မှုလည်း ရပ်မသွားပဲ လည်မြဲလည်နေမှာသာဖြစ်ပါတယ်။ ခါးဆွဲမော်တာကို မိုးရေထဲထားဗသာဘီးများတွင် ငါးကန်သဖွယ် မော်တာထဲတွင်ဖြစ်နေတတ်ပါတယ်။ သို့သော် မော်တာ ရှော့ခ်ဖြစ်ခြင်း ကွိုင်လောင်ခြင်းများမရှိပဲ မော်တာထဲရေထည့်ပြီးစိးနေသလိုသာဖြစ်ပေသည်။ နောက်ဆုံးဖြစ်လျှင် Control card ကို reset ပြန်လည်ချပေးခြင်းဖြင့် မော်တာကို ပြန်လည်လည်ပတ်စေပါတယ်။

အလျဉ်းသင့်သလို ဗဟုသုတများကိုဆက်လက်မျှဝေပေးသွားပါမည်။

Hein Kyaw (Smile Fact)

19/10/2026

မဟာသမယသုတ်တော်ကြီးကို လေ့လာရွတ်ဖတ်ပူဇော်မိတော့မှ တွေ့မြင်လာရတဲ့အကျိုးအာနိသင်အကျဉ်းကတော့ မြတ်စွာဘုရား တရားဟောစဉ် မြတ်စွာဘုရားတရားကို နာယူရန်ကြွရောက်လာကြကုန်သော စကြာဝဠာအပေါင်းတိုက်တစ်သောင်းတို့မှာ မှီတင်းနေထိုင်ကြသော သမ္မာဒေဝနတ်ကောင်းနမြတ်တို့နှင့်အတူ အပ္ပါယ်ဘုံသားကျွတ်တန်းဝင်နိုင်သူများ စုရုံးနာယူနေကြစဉ် မာနတ်ရဲ့ စစ်ချီပြီး ဘုရားရှင်ရဲ့တရားပွဲကို ဖျက်ဆီးရန် အကြံအသည်ဖြင့် မာနတ်မှ အမျိုးမျိုးသောနည်းလမ်းများဖြင့် တရားနာကြွရောက်လာကြကုန်သူအားလုံးကို ခြောက်လှန့်ခြောက်ခြားစေပြီး ဘုရားရှင်၏ တရားပွဲကို စတင်ဖျက်ဆီးပါတော့သည်။ မာနတ်၏ နှောက်ယှက်ဖျက်ဆီးမှုကို ဘုရားရှင်မှ သိမြင်သောအခါ တရားတော်နာကြွလာကြကုန်သော နတ်အပေါင်းနှင့် ရဟန္တာ၊ ရဟန်း တို့ကို ချစ်သားတို့ တစ်ပါးအာရုံစိတ်မရောက်စေပဲ တရားကိုသာ အထူးမှတ်လော့။ ဘယ်ဈာန်ကိုဝင်စား တရားမှတ်လော့ဟု မိန်တော်မူလေသည်။ ထိုအခါ နတ်အပေါင်းတို့လည်း ဘုရားရှင်၏လမ်းပြညွှန်ကြားမှုဖြင့် တရားမှန်ကြလေသည်။ မာနတ်သည် အကြိမ်ကြိမ်အခါခါ နည်းအမျိုးမျိုးအဖုံဖုံဖြင့် နှောယှက်ဖျက်ဆီး တရားပွဲကို ပျက်စီးစေကာမူ မည်သူတစ်ဦးမှ တုပ်တုပ်မျှမျှမလှုပ်ပဲ တရားထဲတွင်သာ အာရုံနစ်လျှက် ရှိနေကြသောအခါ နောက်ဆုံးတွင် မာနတ်သည် အရှုံးပေးဝန်ခံ၍ ထွက်ခွာခဲ့ရလေသည်။

မဟာသမယသုတ်၏ အချုပ်သည်ကား မည်သည့်အမှုကိစ္စ၌မဆို အာရုံထွေပြား စိတ်မများ ဗျာပါဒမဖြစ်စေပဲ မိမိသွားရာလမ်းကြောင်းကိုသာ အာရုံစိုက်လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုတစ်ခုအားရရှိမည်ကို ညွှန်ကြားပြသခဲ့သည်ကို တွေ့ရှိရပေသည်။

ဥပမာ မိမိမှာ သူများထက်သာလွန်ချမ်းသာလာလျှင် မိမိအား မနာလိုသူတစ်စုမှ တိုက်ခိုက်လာတတ်ကြပါသည်။ ဒါကို ဘုရားရှင်က တိုက်ခိုက်လာသူများကို စိတ်ထဲမထားပဲ မိမိလျှောက်လှမ်းနေသော လမ်းကို တည့်တည့်ကြည့်၍ ဆက်လက်လျှောက်လှမ်းနိုင်ရန်ကို လမ်းညွှန်ပြသခဲ့ခြင်းသာဖြစ်ပါတယ်။

နတ်တို့ချစ်ခင် မဟာသမယသုတ်ဆိုသည်မှာ နတ်အပေါင်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူးမြော်ရင်း ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏အရှေ့ဝယ် ဘုရားရှင်နှင့်အတူ တရားကျင့်ကြံအားထုတ်ရပြီး တရားတော်နာကြွရောက်လာကြကုန်သော နတ်အပေါင်းကို အေးဆေးတည်ငြိမ်စွာ တရားအားထုတ်နိုင်ရန် ကာကွယ်ပေးသော မဟာမသမယသုတ်ဖြစ်တဲ့အတွက် နတ်အပေါင်းက လေးစားကော်ရော် မြတ်နိုးကြသော မဟာသမသုတ်တော်သာဖြစ်ပါပေသည်။

ကျွန်တော်သည် ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်သည်နှင့်အညီ ယနေ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ ယိုးဒယားအယူ ယာမာယန ဗုဒ္ဓနှင့် တရုတ်အယူ ဇင်ဗုဒ္ဓတို့နည်းတူ ထေရဝါဒစင်စစ်က တဖြည်းဖြည်း မှေးမှိန်လာနေပါသည်။ ဒါကို အကျယ်ချဲ့မပြောလိုတော့ပါ။

ဒါကြောင့် စစ်မှန်အေးချမ်းသော ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဖြစ်တည်အရေးအတွက် မြတ်စွာဘုရားရှင်ဆုံးမဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အလျဉ်းသင့်သလို ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆက်လက်လေ့လာသွားရင်း စက်ဘီးအရောင်းအဝယ်လုပ်ငန်းများကိုလည်း တရားကျင့်ကြံအားထုတ်မှုနှင့်အတူ မျှတသော စိတ်ဖြင့်သာ ဆက်လက်ဆောင်ရွက်လေ့လာဿွားမည်သာဖြစ်ပါတယ်။

ဘုရားရှင်၏ ဆုံးမတရားတော်များကို ရွတ်ဖတ်နေရုံဖြင့်မရပဲ လက်တွေ့ကျင့်ကြံအားထုတ်နိုင်မှသာလျှင် တရားထူးရရှိမည်သာဖြစ်ကြောင်းကိုလည်း တရားတော်လာ စာပေများအရ သိမြင်အလင်းရခဲ့ပါသည်။

ဘုရားရှင်သည် ငါသည်သခင်မဟုတ်၊ လောကမှာ မိမိကိုယ်သာကိုးကွယ်ရာဖြစ်သည်ဟုဆုံးမခဲ့ပြီး လမ်းပြဆုံစမပေးခဲ့သော ကျေးဇူးအနန္တ၊ ဂုဏ်တော်အနန္တတို့ဖြင့် ပြည့်စုံတော်မူသော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ကျေးဇူးတော်ရှင် မြတ်ဘုရားသာဖြစ်ပါပေသည်။

မဟာသမယသုတ်ကို သေချာလေ့လာရွတ်ဖတ်ပူဇော် လေ့လာကြည့်ပါက မဟာသမယသုတ်၏ ထူးဆန်းမှုကို တွေ့ရှိလာမည်သာဖြစ်ပါတယ်။ သို့သော် ချွင်းချက်အနေဖြင့် ဘုရားရှင်ဆုံးမခဲ့သလို ပညာဉာဏ်တော့ လိုအပ်ပါတယ်။ ပညာဉာဏ်ဆိုသည်မှာ မိမိ၏ အမှားအမှန်ခွဲခြားနိုင်သော အသိတရားသာဖြစ်ပါတယ်။

မဟာသမယသုတ်ကြီးအားရွတ်ဖတ်ပူဇော်သူတိုင်း မဟာသမယသုတ်ကြီး၏ အဓိပ္ပါယ်ကို ရှင်းလင်းစွာ သိမြင်အလင်းရနိုင်ကြပြီး လက်တွေ့ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။

Hein Kyaw(Smile Fact)

16/10/2026

အစအဆုံးပြန်တင်ပေးလိုက်ပါတယ်

၁၆ လက်မ BMME နောက်ဆွဲ မော်ဒယ်အမြင့်  ၂၀၂၃ဘတ္ထရီ  24V 5.8 ah( ငါးမိုင်ခရီးပေါက်၊ တောင်ဥက္ကလာနဲ့ အောင်မင်္ဂလာအသွားတစ်ကြောင...
15/10/2026

၁၆ လက်မ BMME နောက်ဆွဲ မော်ဒယ်အမြင့် ၂၀၂၃
ဘတ္ထရီ 24V 5.8 ah( ငါးမိုင်ခရီးပေါက်၊ တောင်ဥက္ကလာနဲ့ အောင်မင်္ဂလာအသွားတစ်ကြောင်းရ)

တစ်ယောက်စိးဖြစ်တဲ့အတွက် ခြင်း၊ ကယ်ရီယာမပါပါ။

ဟွန်း၊ မီး၊ နောက်အလှမီး၊ ချာဂျာဗူးပါမည်။

ပြေးချက်က အကောင်နဲ့မလိုက်အောင်ပြေး

မော်ဒယ်မြင့်နောက်ဆွဲဖြစ်တဲ့အတွက် အနောက်ဂီယာ one way သာဖြစ်ပါတယ်

ခရီးသွားတဲ့အခါ ခေါက်ပြီး သယ်သွားလို့လွယ်ကူ လက်ဆွဲသေတ္တာ အရွယ်လောက်တောင်မရှိတဲ့ ခေါက်ဘီးလေးပါ

ရောင်းဈေး။ 550000/_

ဆက်သွယ်ရန်
--------------------

တောင်ဥက္ကလာပဘုရားမှတ်တိုင်အနီး။

၇/ရပ်ကွက်၊ တောင်ဥက္ကလာ။

09 422663406
09 687078643

Sold Out
04/10/2026

Sold Out

ဂျပန်ကွန်တိန်နာကျအသစ်ဆင်Yamaha 26 စတီးဂွေ အလွိုင်းဖရိန်Digital လီဘာဘတ္ထရီ   24V 8.7 ( လီဘာကုန်ဆွဲ ဆယ်မိုင်ခရီးပေါက်)နောက...
03/10/2026

ဂျပန်ကွန်တိန်နာကျအသစ်ဆင်

Yamaha 26 စတီးဂွေ အလွိုင်းဖရိန်

Digital လီဘာ

ဘတ္ထရီ 24V 8.7 ( လီဘာကုန်ဆွဲ ဆယ်မိုင်ခရီးပေါက်)

နောက်ဘီးဂီယာ( ၃ )ချက်

မှတ်ချက် ။

မော်တာအဆွဲအရုန်းနှင့် စက်ဘီးဖွဲ့စည်းပုံပေါ်မူတည်ပြီး ခရီးအကွာအဝေး ကွားခြားတတ်ပါသည်။ စက်ဘီးအားလုံးကတော့ ပါဝါတူများသာဖြစ်ပါတယ်။

ခြင်း၊ ဟွန်း၊ မီး၊ ဆိုဖာ၊ ခြေတင်၊ ချာဂျာ ပစ္စည်းအစုံပါမည်

အော်ဆေးသားများသာဖြစ်ပါတယ်။

ရောင်းဈေး ။ ၇၆၀၀၀၀/_ကျပ်

ဆက်သွယ်ရန်
---------------------
တောင်ဥက္ကလာပဘုရားမှတ်တိုင်အနီး။

၇/ဂပ်ကွက်၊ တောင်ဥက္ကလာ

09 422663406
09 687078643

01/10/2026

တောပြောင်းလည်း ကျားကကျားပဲ
****************************************************

ရွာမပြောင်းလည်း သူကောင်းဖြစ်နိုင်တယ်

“သေချင်တဲ့ကျား တောပြောင်းတယ်” ဆိုတဲ့စကားလည်း ရှိပါတယ်။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့စကားလည်း ရှိပါတယ်။

တစ်ခုက နေရာပြောင်းရုံနဲ့ အန္တရာယ်ကနေ မလွတ်နိုင်ဘူးလို့ သတိပေးတာ။

နောက်တစ်ခုကတော့ အမြဲတမ်းနေရာတစ်ခုတည်းမှာပဲ နေနေရင် အတွေ့အကြုံနည်းပြီး တိုးတက်ဖို့ခက်နိုင်တယ်လို့ ဆိုလိုတာပါ။

ဒါပေမယ့် ဒီစကားနှစ်ခုရဲ့ ဆန့်ကျင်ဘက်အဓိပ္ပါယ်ကို တွေးကြည့်မယ်ဆိုရင်—

“တောပြောင်းတာနဲ့ ကျားမပြောင်းဘူး။
ရွာမပြောင်းတာနဲ့ လူမကောင်းတာ မဟုတ်ဘူး။”

ဆိုတာကိုလည်း တွေ့ရပါတယ်။

---

နေရာပြောင်းတာထက် စိတ်ဓာတ်ပြောင်းတာက ပိုအရေးကြီးတယ်

လူတချို့က ဘဝအဆင်မပြေရင်
“ဒီနေရာက မကောင်းဘူး” လို့ ထင်တတ်ကြတယ်။

အလုပ်မအောင်မြင်ရင် နေရာပြောင်းတယ်။

လူမှုဆက်ဆံရေးအဆင်မပြေရင် အပေါင်းအသင်းပြောင်းတယ်။

အချစ်ရေးအဆင်မပြေရင် လူပြောင်းတယ်။

ဒါပေမယ့်—

ကိုယ့်အကျင့်က မပြောင်းဘူး။
ကိုယ့်စိတ်ဓာတ်က မပြောင်းဘူး။
ကိုယ့်အမှားကို မမြင်ဘူး။

ဒါဆို နေရာအသစ်ရောက်သွားလည်း
ပြဿနာဟောင်းတွေက နောက်ကလိုက်လာမှာပါပဲ။

လူတစ်ယောက်ဟာ နေရာပြောင်းသွားနိုင်ပေမယ့်
ကိုယ့်အကျင့်ကိုတော့ ကိုယ်နဲ့အတူ သယ်သွားရပါတယ်။

---

ကျားက တောပြောင်းသွားလည်း ကျားပါပဲ

ကျားတစ်ကောင်ကို တောတစ်တောကနေ
တခြားတောတစ်တောကို ရွှေ့လိုက်တာနဲ့
ကျားရဲ့သဘာဝက ပြောင်းသွားမှာမဟုတ်ပါဘူး။

အဲဒီလိုပဲ—

ဒေါသကြီးတဲ့လူက နေရာပြောင်းလည်း ဒေါသကြီးနေဦးမှာပါ။

လိမ်တတ်တဲ့လူက လူအသစ်တွေနဲ့တွေ့လည်း လိမ်တတ်နေဦးမှာပါ။

အလုပ်မကြိုးစားတဲ့လူက နိုင်ငံခြားရောက်သွားလည်း အလုပ်မကြိုးစားရင် အောင်မြင်မှာမဟုတ်ပါဘူး။

နေရာအသစ်က အခွင့်အရေးအသစ်ပေးနိုင်ပေမယ့်
အောင်မြင်မှုကိုတော့ ကိုယ့်အကျင့်နဲ့ ကိုယ်တည်ဆောက်ရတာပါ။

---

တစ်ရွာမပြောင်းလို့ သူကောင်းမဖြစ်ဘူးလား?

မဟုတ်ပါဘူး။

လူကောင်းဖြစ်ဖို့
ရွာဘယ်နှစ်ရွာပြောင်းခဲ့သလဲဆိုတာ မလိုပါဘူး။

သူတစ်ပါးအပေါ် ဘယ်လိုဆက်ဆံသလဲ၊
ကိုယ့်တာဝန်ကို ဘယ်လောက်ကျေပွန်သလဲ၊
မိဘကို ဘယ်လောက်ရိုသေသလဲ၊
အခက်အခဲကြားမှာ ဘယ်လိုရပ်တည်သလဲ၊
ကိုယ့်အမှားကို ဘယ်လောက်ဝန်ခံနိုင်သလဲ
ဆိုတာတွေက ပိုအရေးကြီးပါတယ်။

ရွာမပြောင်းဘဲ
စာဖတ်နိုင်တယ်။

ရွာမပြောင်းဘဲ
အလုပ်ကြိုးစားနိုင်တယ်။

ရွာမပြောင်းဘဲ
ပညာသင်နိုင်တယ်။

ရွာမပြောင်းဘဲ
သူတစ်ပါးကို ကူညီနိုင်တယ်။

ရွာမပြောင်းဘဲ
ကိုယ့်ဘဝကို တိုးတက်အောင်လုပ်နိုင်တယ်။

နေရာက လူကောင်းဖြစ်အောင် မလုပ်ပေးပါဘူး။
ကိုယ့်လုပ်ရပ်တွေကသာ ကိုယ့်တန်ဖိုးကို ဖန်တီးပေးတာပါ။

---

ဒါပေမယ့် နေရာပြောင်းဖို့ မလိုဘူးလို့လည်း မဆိုလိုပါဘူး

တချို့အချိန်တွေမှာ
နေရာပြောင်းတာဟာ အရေးကြီးပါတယ်။

အခွင့်အရေးပိုကောင်းတဲ့နေရာကို သွားဖို့။

ပညာသင်ဖို့။

အလုပ်အကိုင်ကောင်းရဖို့။

မကောင်းတဲ့ပတ်ဝန်းကျင်ကနေ ထွက်ဖို့။

ကိုယ့်အမြင်ကို ကျယ်ပြန့်ဖို့။

နေရာပြောင်းတာက အမှားမဟုတ်ပါဘူး။

ဒါပေမယ့်—

နေရာပြောင်းတာကို ဘဝပြောင်းသွားပြီလို့ မထင်လိုက်ပါနဲ့။

နေရာက အခွင့်အရေးပေးတာပါ။

ဘဝကို ပြောင်းပေးမှာက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တွေပါ။

---

တစ်ချို့လူတွေက
နိုင်ငံခြားသွားပြီး ဘဝတိုးတက်ကြတယ်။

တစ်ချို့ကတော့
နိုင်ငံခြားရောက်ပြီး ပိုပြီးနစ်မွန်းသွားကြတယ်။

ဘာကြောင့်လဲ?

နေရာက တစ်ခုတည်းမဟုတ်ပါဘူး။

လူရဲ့အကျင့်၊ စိတ်ဓာတ်၊ အလုပ်ကြိုးစားမှုနဲ့ ဆုံးဖြတ်ချက်တွေက မတူကြလို့ပါ။

ဒါကြောင့်—

“နေရာပြောင်းရင် ဘဝပြောင်းမယ်” လို့ မယုံပါနဲ့။
“ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်ရင် ဘဝပြောင်းနိုင်တယ်” လို့ ယုံပါ။

---

အဆုံးမှာ မှတ်ထားသင့်တာက…

တောပြောင်းလည်း ကျားက ကျားပဲ။
ရွာမပြောင်းလည်း လူကောင်းဖြစ်နိုင်တယ်။

နေရာက ကိုယ့်ဘဝရဲ့ ပတ်ဝန်းကျင်ကို ပြောင်းပေးနိုင်ပါတယ်။

ဒါပေမယ့်
ကိုယ့်ဘဝရဲ့ ဦးတည်ရာကိုတော့ ကိုယ်တိုင်ရွေးရပါတယ်။

ဘယ်နေရာမှာနေနေ
ရိုးသားပါ။

ဘယ်နိုင်ငံရောက်ရောက်
အလုပ်ကြိုးစားပါ။

ဘယ်သူတွေနဲ့တွေ့တွေ့
လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

နေရာပြောင်းဖို့ထက်
အတွေးအခေါ်ပြောင်းပါ။

ပတ်ဝန်းကျင်ပြောင်းဖို့ထက်
အကျင့်ပြောင်းပါ။

ဘဝပြောင်းချင်ရင်
အရင်ဆုံး ကိုယ့်ကိုယ်ကို ပြောင်းလဲပါ။

အဲဒီအခါ—

တစ်ရွာမပြောင်းလည်း သူကောင်းဖြစ်နိုင်ပါတယ်။
တစ်တောမပြောင်းလည်း ဘဝကောင်းတစ်ခု တည်ဆောက်နိုင်ပါတယ်။

ကျေးဇူးပါရှင့် 🙏🙏🙏

#ဘဝပညာ
#အတွေးအမြင်
#ကိုယ့်ဘဝကိုယ်တည်ဆောက်ပါ
#လူမှုဆက်ဆံရေး
#ပညာပေးဆောင်းပါး

မူရင်း Crd

Yamaha မော်တာစက်ဘီးနှင့် Panasonic မော်တာစက်ဘီး ဘာတွေကွာခြားသွားသလဲ။Yamaha မော်တာစက်ဘီးအများစုမှာ မော်ဒယ်အနိမ့်ဖြစ်ဖြစ်၊...
01/10/2026

Yamaha မော်တာစက်ဘီးနှင့် Panasonic မော်တာစက်ဘီး ဘာတွေကွာခြားသွားသလဲ။

Yamaha မော်တာစက်ဘီးအများစုမှာ မော်ဒယ်အနိမ့်ဖြစ်ဖြစ်၊ မော်ဒယ်အမြင့်ဖြစ်ဖြစ် အားလုံးက စက်ဘီးဒီဇိုင်း ဖရိန်ပုံတွေက ခန့်ခန့်ထည်ထည် ကြွားကြွားဝါရှိကြတယ်။

Panasonic မော်တာစက်ဘီးတွေမှာက socket ဆက်လာတဲ့ဘီးတွေမှာ ဖရိန်အလုံးသေးပြီး ပုံစံက ယဉ်ယဉ်လေးနဲ့သာလာပါတယ်။ Panasonic ဟော်လိုဖရိန်တွေမှာတော့ Yamaha နည်းတူ ပုံစံကြွားကြွားဝါဝါနဲ့လာကြပါတယ်။

Yamaha မော်တာစက်ဘီးတွေဟာ ကြံ့ခိုင်မှုကို ဦးစားပေးထုတ်လုပ်ထားတဲ့အတွက် စီးရတဲ့အခါမှာ စက်ဘီးခုန်ပါတယ်။ ငြိမ့်ညောင်းမှုမရှိပါဘူး။

Panasonic မော်တာစက်ဘီးတွေမှာတော့ ကြံ့ခိုင်မှုအားနည်းတယ်ထင်ရပေမယ့် Panasonic မော်တာစက်ဘီးရဲ့စွမ်းရည်ကတော့ ငြိမ့်ညောင်းမှုနှင့် ကြံ့ခိုင်မှုကို ဆတူပေါင်းစပ်ထုတ်လုပ်ထားတာပဲဖြစ်တယ်။

Yamaha မော်တာစက်ဘီးတွေမှာ ဖရိန်ကြံ့ခိုင်မှုနှင့်အတူ မော်တာကြံ့ခံမှုကိုပါ အဓိကထားထုတ်လုပ်ထားပါတယ်။ Yamaha နှင့် Panasonic မော်တာစက်ဘီးနှစ်စီးမှာ start စဆွဲချိန်မှာ Yamaha မော်တာဟာ Panasonic မော်တာထက် ပိုဆောင့်ရုန်းပါတယ်။ Panasonic မှာ start စဆွဲချိန်မှာ ရုန်စပေမယ့် Yamaha လောက် မော်တာအရုန်းမကြမ်းပါ။

Yamaha မော်တာအများစုမှာ မော်တာလည်ပတ် ပင်နယံရုန်းသံကို ကြားကြရပေမယ့် Panasonic မော်တာ‌မှာတော့ မော်တာအသံဟာ မကြားရသလောက်ကို အတော့်ကိုငြိမ်ပါတယ်။

Yamaha ပဲဖြစ်ဖြစ်၊ Panasonic ပဲဖြစ်ဖြစ် ခံနိုင်ရည်အား လုပ်ဆောင်အားခြင်းက အတူတူသာဖြစ်ပြီး စက်ဘီးစီးရာတွင်တော့ Panasonic မော်တာစက်ဘီးများက ငြိမ့်ညောင်းမှုကိုသာ ပေးစွမ်းသွားကြပါတယ်။ Panasonic မော်တာစက်ဘီးအများစုမှာ ဒီဇိုင်းပိုင်းဆိုင်ရာမှာရိုးရိုးယဉ်ယဉ်သာဖြစ်ပြီး Yamaha မော်တာစက်ဘီးလို ပုံစံမကြွားပဲသာရှိပါတယ်။ မော်တာနှင့် ငြိမ့်ညောင်းမှုအပိုင်းမှာတော့ Yamaha မော်တာစက်ဘီးဟာ Panasonic မော်တာစက်ဘီးရဲ့ ငြိမ့်ညောင်းမှုကို မမီပါဘူး။

Yamaha နှင့် Panasonic မော်တာစက်ဘီးတွေရဲ့ကွာဟချက်ကတော့ အထက်ဖော်ပြပါအချက်တွေသာဖြစ်ပါတယ်။ Panasonic ဟာ Yamaha ဘီးလို ရုပ်ထွက်မလှပေမယ့် ကြံ့ခိုင်မှုနှင့် ငြိမ့်ညောင်းမှုကိုတော့ တပြိုင်နက်ထဲပေးစွမ်းပါတယ်။

ကျွန်တော်ပြောတာမယုံလျှင် Yamaha ဘီးနှင့် Panasonic စက်ဘီးတို့ကို လေအတင်းထိုးပြီး ချိုင့်ခွက်များနဲ့နေရာမှာ ယှဉ်စီးကြည့်ပါက ပို၍ သိနိုင်ပါတယ်။ ဘယ်ဘီးပိုငြိမ့်ညောင်းသလဲဆိုတာ ပိုသိသာပါတယ်။ Yamaha ဘိးကလေတင်းတာနဲ့အမျှ ခုန်ပေမယ့် Panasonic ဘီးကတော့ လှိုင်းစီးရသလိုသာငြိမ့်ညောင်းမှုရှိပါတယ်။

ဆက်လက်ပြီးလည်း ကျွန်တော်သိသမျှ မော်တာစက်ဘီးအကြောင်းများကို ပြန်လည်မျှဝေပေးသွားပါမည်။ ဒိရက်ပိုင်းတောက်လျှောက် စက်ဘီးတွေဆင်နေရ၍ မအားသေးသလို အခွင့်ကြုံမှသာ ပြောစရာကြုံမှသာ ဒီလိုဗဟုသုတများကို ချပြလို့သာရပါတယ်။

ကောမန့်ထဲတွင်လည်း ဝင်ရောက်ဆွေးနွှေးနိုင်ကြပါတယ်ခင်ဗျာ။

အောက်ကကောင်လေးကတော့ ဒီနေ့ ၁၅ မိုင်ခရီးကို စမ်းစီးတာ ဘတ္ထရီရှယ်ကောင်းဗျာ။ ဆယ်မိုင်ကို လီဘာအကုန်ဆွဲစီးပြီး နောက်ထပ်ငါးမိုင်ကို လီဘာ တဝက်မရှိတရှိဆွဲစီးလာတာ ထင်တောင်မထင်ထားဘူးဗျာ။

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

29/09/2026

လက်မ ၂၀ ရှေ့ဆွဲမေးနေကြတဲ့ customer များ ခဏလောက်စောင့်ပေးကြပါ ဈေးကွက် ပစ္စည်းဝင်ပြီး မူလဈေးအတိုင်း ပြန်ဖြစ်လာရင် ပြန်တင်ပေးပါ့မယ်။ လာမေးထားသူများကိုလည်း ဦးစားပေးပြပေးပါ့မယ်။ လကုန်ပြီးလောက်ဆို စက်ဘီးတွေ ပြန်ဝင်လာနိုင်ပါတယ်။ ဈေးကြီးကြီးနဲ့ဝယ်ဆင်တဲ့အခါ ဝယ်တဲ့သူမှာ ဈေးထပ်မြင့်ပြီးပေးဝယ်ရမှာမလို့ ဈေးသက်သက်သာသာနဲ့ အများသူငှါဝယ်နိုင်အောင်သာ ပြန်လည်စီမံရောင်းချပေးသွားပါမည်ခင်ဗျာ။

အားပေးသူ customer များကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပစ္စည်းများ‌ကို ကောင်းသည်ထက်ကောင်းအောင် အစဉ်ကြိုးစားနေလျှက်

Address

Yangon
PUBLIC

Website

Alerts

Be the first to know and let us send you an email when Hein Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share