12/02/2026
❤️ချစ်သူဘဝဆိုတာ လက်ကိုပဲ တွဲရတာ မဟုတ်ပါဘူး။
ဘုရားရှင်ထံကိုပါ တွဲခေါ်နိုင်ရပါမယ်။
❤️မင်းကို ချစ်လို့ပဲ မဟုတ်ဘူး၊
မင်းကို ဘုရားနဲ့ နီးစပ်စေချင်လို့
ကျမ်းစာဖတ်ဖို့ ခေါ်တတ်တဲ့သူ၊
ဆုတောင်းဖို့ ဦးဆောင်တတ်တဲ့သူ၊
ဝတ်ပြုဖို့ လက်တွဲခေါ်တတ်တဲ့သူက
တကယ့်ကို တန်ဖိုးရှိတဲ့ အမျိုးသား/အမျိုးသမီးပါ။
❤️Relationship က ခံစားချက်ပေါ်မူတည်ရင် မတည်မြဲနိုင်ဘူး။
ဒါပေမဲ့ ဘုရားပေါ်မှာ တည်ဆောက်ထားတဲ့ ချစ်ခြင်းကတော့
လှိုင်းလေတွေကြားထဲမှာတောင် မပျက်နိုင်ဘူး။
“ဘုရားရှင်ကို အရင်ရှာကြပါ” (မဿဲ 6:33)
နှစ်ယောက်စလုံး ဘုရားကို အရင်ထားရင်
တစ်ယောက်ကို တစ်ယောက် ပိုပြီးမှန်ကန်စွာ ချစ်နိုင်ပါလိမ့်မယ်။
သူငယ်ချင်းတို့ရေ ….
တစ်ယောက်ကို တစ်ယောက် အပျော်အပါးထဲမက
ဘုရားရှင်ဆီသို့ပါ တွဲခေါ်နိုင်တဲ့ ချစ်သူများဖြစ်ကြပါစေ။ 🙏✨
ဦးကောင်း JMT