MA MA EI

MA MA EI နတ္တလင်းဒေသထွက် ယောက်ျားကြီးရည်ကျိ

ဒီ page လေးကိုပစ်ထားမိခဲ့တာ ကြာသွားပြီ 🙇🙇🙇🙇🙇ချစ်မိတ်ဆွေများအားလုံး ဘေးရန်အန္တရာယ်ခပ်သိမ်းမှ ကင်းစင်ပပြီး ကိုယ်စိတ်နှလုံး...
13/06/2021

ဒီ page လေးကိုပစ်ထားမိခဲ့တာ ကြာသွားပြီ 🙇🙇🙇🙇🙇
ချစ်မိတ်ဆွေများအားလုံး ဘေးရန်အန္တရာယ်ခပ်သိမ်းမှ ကင်းစင်ပပြီး ကိုယ်စိတ်နှလုံး ချမ်းမြေ့သာယာရှိကြပါစေရှင်... 🙏🙏🙏🙏🙏

ဒီနေ့တော့ စိတ်ပင်ပန်းသက်သာသလိုရှိတာနဲ့ ဒီလိုလေး တကူးတကလုပ်စားဖြစ်ပါတယ် 🙂

ချစ်မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါရှင်.… 🙏MA MA EI တို့အားလုံး ကိုယ်တိုင်တောင်မသိလိုက်ပဲ တွေဘယ်လောက်တောင်သယ်ဆောင်မွေးမြူ...
26/01/2021

ချစ်မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါရှင်.… 🙏
MA MA EI တို့အားလုံး ကိုယ်တိုင်တောင်မသိလိုက်ပဲ တွေဘယ်လောက်တောင်သယ်ဆောင်မွေးမြူနေမိပြီလဲ ?? စဉ်းစားကြည့်ဖူးမှာတောင် မဟုတ်ဘူးနော်၊ နေ့စဉ်ဘဝမှာ သမုဒ္ဒရာဝမ်းတထွာအတွက် ပြေးရလွှားရ ရှာရဖွေရ ရုံးတက်ရကျောင်းတက်ရ သင်တန်းတွေပြေးရ အိမ်ပြန်ရောက်တော့အိမ်မှုကိစ္စတွေလုပ်ရ စသဖြင့်လုံးပန်းနေကြရတော့ လွယ်လွယ်ပြုမူမိလိုက်တဲ့အရာတွေဆိုတာလည်း များသားလားနော်
အဲ့ဒီလိုလွယ်လွယ်ပြုလုက်လိုက်တာတွေထဲကမှ ရေသန့်နဲ့ပတ်သက်ပြီး သိသင့်တဲ့အကြောင်းအရာလေးတွေကို MA MA EI Page ကနေ ချစ်မိတ်ဆွေတို့အတွက် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်
ဘာတွေကဆောင်သင့်ပြီး ဘာတွေကိုတော့ရှောင်သင့်သလဲဆိုတာ အောက်မှာ ဆက်ဖတ်ပေးသွားကြပါဦးနော်

ရေသန့်ကို ထမင်းဟင်းချက်တဲ့နေရာသုံးမိတယ်

ရေသန့်ကို
ရေနွေးကျိုသောက်တာ​
မဟုတ်ပဲနေပူထဲချထားရင်တောင်
ကင်ဆာဖြစ်ပါတယ်

ရေသန့်ဖြစ်ဖို့ကလိုရင်းဆေးခပ်ရပါတယ်
ရေသန့်ထဲမှာထည့်ထားတဲ့
ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ
ကလိုရိုဖောင်းဓာတ်အဖြစ်
ပြောင်းလဲသွားပြီး
ကြာရှည်အပူပေးသုံးစွဲလာတဲ့အခါ
မအီမသာဖြစ်ခြင်း
ခေါင်းကိုက်ခြင်း
ပျို့အန်ခြင်း
အမည်မဖော်နိုင်တဲ့ရောဂါတွေဖြစ်လာခြင်းများဖြစ်ပေါ်လာပြီး
ကင်ဆာဘက်ကို
နွယ်လာနိုင်တာမျိုးဖြစ်နိုင်ချေများပါတယ်

မယုံရင်ဆက်ပြီး
အပူပေးကျိုသောက်ကြပါ
ဖြစ်ရင်ခံကြပါ
ရိုးရိုးရေသန့်သည် ph 7 ပါ

ph 7 ကိုထပ်သန့်စင်ရင်
အယ်လ်ကာလီ ရေသန့်ဖြစ်လာပါတယ်

အယ်လ်ကာလီ သောက်ရေသန့်ဖြစ်သွားပါတယ်
အယ်လ်ကာလီသောက်ရေသန့်သည်
ကျန်းမာရေးအတွက်
အရမ်းအဆင်ပြေပါတယ်
အယ်လ်ကာလီ ကနေ
အယ်လ်ကာလိုင်းထိ
ထပ်ပြောင်းလဲလို့ရပါတယ်

ရေသန့်ဆိုတာ
ရေစစ်နဲ့ စစ်ထားတဲ့
မြစ်ရေချောင်းရေကျိုသောက်တာ
ပြသာနာမရှိပေမယ့်
အခုနံမည်တပ်ရောင်းနေတဲ့
ရေသန့်အားလုံးသည်
အပူပေးကျိုချက်သောက်လို့မရပါ

MA MA EI ရဲ့ ချစ်မိတ်ဆွေတို့အတွက် တဆင့်ပြန်လည်ကူးယူ ဝေမျှပါတယ်နော်...MA MA EI ရဲ့ ဆောင်ပုဒ်လေး "သဘာဝနဲ့အနီးဆုံးမှာ တို့တ...
25/01/2021

MA MA EI ရဲ့ ချစ်မိတ်ဆွေတို့အတွက် တဆင့်ပြန်လည်ကူးယူ ဝေမျှပါတယ်နော်...
MA MA EI ရဲ့ ဆောင်ပုဒ်လေး "သဘာဝနဲ့အနီးဆုံးမှာ တို့တတွေနေကြမယ်" ဆိုတဲ့အတိုင်းဖြစ်ဖို့ဆိုရင် ဒါလေးတွေလည်းသိထားရပါမယ်နော် 👇

စျေးထဲက လတ်ဆတ်လွန်းတဲ့ အစိမ်းရောင် အရွက်တွေအကြောင်း

Copper sulfate ဆိုတာ ကော့ပါးနဲ့ ဆာလဖာရောထားတဲ့ ပိုးသတ်ဆေးတမျိုး။
သူ့ရဲ့ အဆိပ်သင့်မှုအနည်းအများက ကော့ပါးပမာဏ အနည်းအများပေါ် မူတည်တယ်။
သူ့ရဲ့ ဓာတ်ကြွင်းပမာဏများတဲ့ ဟင်းသီးဟင်းရွက်တွေကို ရေရှည်စားနေမိရင် သွေး၊ အသည်းနဲ့ အထူးသဖြင့် ကျောက်ကပ်ကို ထိခိုက်စေတယ်လို့ ဆိုတယ်။
လေ့လာတွေရှိချက်များအရ copper affect သည် ကင်ဆာဖြစ်နိုင်ချေနည်းသော်လည်း သူ့ရဲ့အဓိက အဆိပ်သင့်မှုက အမျိုးသမီးတွေအပေါ် ပိုများတယ်လို့တွေ့ရှိရတယ်။
မျိုးရိုးဗီဇဆိုင်ရာ ထိခိုက်မှု၊ ဟော်မုန်းပြသနာနဲ့ ရေရှည်ကျောက်ကပ်ပျက်စီးခြင်းတို့ကို copper ဓာတ်ကြွင်းသည် female အပေါ် ပိုသက်ရောက်မှုရှိကြောင်း သုတေသနအဖြေတွေရှိတယ်။
Copper sulfate သည် ရေမှာပျော်ဝင်နိုင်မှုများတယ်။ ပမာဏများလျှင် အရွက်တွေကြွပ်ဆတ်ပြီး အစာချက်လုပ်မှုကို နှောက်ယှက်တယ်။

ဤအချက်သည် ဒီ post အတွက် အရေးကြီးသွားရော။ copper sulfate (ပိုးသတ်ဆေးအဖြစ်အသုံးပြုနေသော) ပမာဏကို သတ်မှတ်တာထက်ပိုလိုက်လျှင်၊ သို့မဟုတ် ဖျော်စပ်မည့် ရေပမာဏကို လျော့လိုက်လျှင်
အဲဒါ အမြဲစိမ်းအရွက်တွေအတွက် တလွဲသုံးလို့ရသွားပြီဖြစ်တယ်။
ကော့ပါးဆာလဖိတ် နှုန်းထားပို (or) high concentration ပြင်းအားများ (ရေနည်းနည်းနဲ့ရောခြင်း) ကို ဟင်းရွက်တွေမှာ စိမ်ထားရင် သာမန်ထက် ၃ ရက်မှ ၅ ရက်အထိ ပိုပြီး အစိမ်းရောင်ပြနိုင်တယ်။
အရွက်တွေက တော်ရုံ မညှိုးတော့ဘူး။ လတ်ဆတ်နေမယ်။ ကြွတ်ဆတ်နေမယ်။
သူ့ကို coloring agent လို့လည်း ခေါ်ကြတယ်။
အစိမ်းရောင်ကို ကြာရှည်စေသောဆေးပေါ့။

ဆိုတော့ကာ
ကော့ပါးဆာလဖိတ်သုံးထားရင် အရွက်သည် သာမန်ထက် အများဆုံး ၅ ရက် ပိုစိမ်းနေမယ်။
သူ့ရဲ့ half life ကိုလေ့လာကြည့်ရင် ၁၀ရက်အနည်းဆုံးဖြစ်တယ်။
ဝယ်လာပြီး စိမ်းစိုလတ်ဆတ်နေတုန်းစားဖို့အတွက် စိတ်မချရသော ကာလဖြစ်နေတယ်။

သို့သော် သူက water solubility မြင့်တယ်။
ရေစိမ်ပါ။ ရေဆေးပါ။ ဆားရည်စိမ်ပါ။
အဲလိုစိမ်ရင်း အရွက်က ပျော့လာမယ် ရေစိုနာကွက်လို ပေါ်လာမယ်ဆိုရင်တော့ မနှမြောရင် လွှင့်သာပစ်လိုက်ပါ။
နှမြောရင်တော့ ကျက်အောင်ချက်စားပါ။ အစိမ်းမစားပါနဲ့။

ဒါက အရွက်မှာ စိမ်းဖို့သုံးကြတာပါ။

အသီးတွေ ခရမ်းချဉ်သီး ပန်းသီး ငရုပ်သီး ပဲသီး စတာတွေ စိမ်းရောင်လေးပေးပြီး မာတောင့်နေဖို့ကျတော့ copper sulfate မသုံးကြပါဘူး။
Rhodamine oxide (malachite green) ဆိုတဲ့ ဓာတုပစ္စည်းပါတဲ့အရာကို သုံးကြတာပါ။ သူကတော့ carcinogenic ပါ။
သူက non water soluble ပါ။ ရေတွင်ပျော်ဝင်ဖို့ခက်ပါတယ်။ ဒါကြောင့် ရေဆေးတာနဲ့တင် မလုံလောက်ပါ။
ကျက်အောင်ချက်စားဖို့သာ အကြံပြုချင်ပါတယ်။
ခရမ်းချဉ်သီးအစိမ်းလေးနဲ့မှ အသုပ်သုပ်စားချင်သော မမများ သတိပြုဖွယ်အချက်တခုလို့ ပြောပါရစေ။

Copper Sulfate စိမ်ထားသောဟင်းသီးဟင်းရွက်သည်
- အစိမ်းရောင် သာမန်ထက်ပိုရင့်ပါသည်။
- ကြွတ်ဆတ်ပါသည်။ (ကျိုးလွယ်၊ ပဲ့လွယ်)
- အရွက်ကို လက်မှာလုံးခြေကြည့်လျှင် လွယ်ကူစွာ ကြေမွသွားတတ်ပါသည်။ (နူးညံ့သည်ဟု ထင်ရ၏)
- သာမန်သဘာဝ ဟင်းသီးဟင်းရွက်များကို လက်မှာလုံးခြေကြည့်လျှင် မွမွမကြေပါ။
ဤ နည်းဖြင့် သိနိုင်ပါသည်။

Crd :

Dr. DaDa
Ph.D Entomology

ချစ်မိတ်ဆွေများ မင်္ဂလာပါရှင်... 🙏ဒီနေ့ MA MA EI page လေးကနေ အရမ်းကိုမှလွယ်ကူရိုးရှင်းပြီး စားလို့ကောင်းတဲ့ မုန့်လုပ်နည်...
13/01/2021

ချစ်မိတ်ဆွေများ မင်္ဂလာပါရှင်... 🙏
ဒီနေ့ MA MA EI page လေးကနေ အရမ်းကိုမှလွယ်ကူရိုးရှင်းပြီး စားလို့ကောင်းတဲ့ မုန့်လုပ်နည်းလေးတခုကို ဝေမျှပေးသွားမယ်နော်
အဲ့ဒါကတော့ Banana pancake 🥞 လုပ်နည်းလေးပဲဖြစ်ပါတယ်ရှင်

ပါဝင်ပစ္စည်းလေးတွေက
🍌 သီးမွှေးငှက်ပျောသီး ၂ လုံး
🥚 ကွကျဥ ၂ လုံး
🍯 ပျားရည် ထမင်းစားဇွန်း ၃ ဇွန်း

လုပ်နည်းလေးက
ငှက်ပျောသီးနဲ့ ကြက်ဥကို Blender နဲ့ ညက်နေအောင်ကြိတ်ပါနော်၊ ပြီးရင်တော့ မကပ်အိုး ဒါမှမဟုတ် fried pan 🍳 ထဲကို အနေတော်အချပ်လေးတွေရအောင်ထည့်ပြီး ဖုတ်ပါမယ်နော်၊ အကြာကြီးထားစရာမလိုဘူးနော်၊ ခဏထားပြီး ဟိုဘက်ဒီဘက်လှန်ပေးရင်ရပါပြီ ☺️
ပန်းကန်လေးထဲမှာ အချပ်လေးတွေထပ်ပြီးတော့ အပေါ်ကနေ ပျားရည်လေးလောင်းပြီး စားသုံးလိုရပါပြီရှင် 😋
Dressing အနေနဲ့ 🍒 ချယ်ရီသီးအနီရောင်လေးတွေသုံးလို့ရပါတယ်နော်

Oven လည်းမလို၊ ပါဝင်ပစ္စည်းတွေကလည်း လက်တကမ်းမှာရနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့အရာတွေဖြစ်ပြီး လုပ်ရတာလဲမခက်လို့ လိုက်လုပ်စားကြည့်ဖို့ပြောချင်ပါတယ်ရှင် 🥰🥰🥰

ချစ်မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်... 🙏ဒီနေ့တော့ မိတ်ဆွေတို့သိထားပြီးသားအကြောင်းအရာတွေထဲက သိပြီးသူတွေလည်းပြန်ပြီးသတိပြ...
02/01/2021

ချစ်မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်... 🙏
ဒီနေ့တော့ မိတ်ဆွေတို့သိထားပြီးသားအကြောင်းအရာတွေထဲက သိပြီးသူတွေလည်းပြန်ပြီးသတိပြုဆင်ခြင်နိုင်ရလေအောင်၊ မသိသေးသူတွေရှိရင်လည်း ဗဟုသုတ တခုတိုးပွားအောင်လို့ SLS လို့ခေါ်ခေါ်နေတဲ့ SODIUM LAURYL SULPHATE အကြောင်း ပြောပြပေးသွားမယ်နော်...

အမြုပ်ထွက်နေတဲ့ ရေချိုးခန်းထဲကလူသတ်သမား...
=================================

ကျွန်မတို့ နေ့စဉ်အသုံးပြုနေတဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး စတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေမှာ
SLS ( Sodium Lauryl Sulphate) လို့ခေါ်တဲ့ ဓာတုပစ္စည်းတမျိုး ပါဝင်လေ့ရှိပါတယ်...

SLS ရဲ့အစွမ်းသတ္တိကတော့ အမြုပ်တွေတစီစီထွက်စေတဲ့အပြင် ခန္ဓာကိုယ်အရေပြားကထွက်တဲ့ အဆီတွေကို သန့်စင်ပေးနိုင်ခြင်းဖြစ်ပါတယ်...

SLS ဟာ အဆီနဲ့ ကြေးညှော်တွေကို သန့်စင်နိုင်စေရုံသာမက အရေပြားအတွင်းထဲကအဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့ တကယ်တမ်းပြောရမယ်ဆို အမြုပ်ထွက်တိုင်းမကောင်းဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်၊ သိပ်ကိုမှ အန္တရာယ်ကြီးတာကို တွေ့ရှိရပါတယ်...

ထို့ပြင် အခန့်မသင့်ရင် အလာဂျီ (Allergy) ပါ ဖြစ်နိုင်စေပါတယ်...

ဒီထက်ဆိုးတာက အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ပြီး အမျိုးသားတွေဆိုရင်တော့ မျိုးမအောင်တာမျိုးထိ ဖြစ်နိုင်တယ်လို့ဆိုပါတယ်...

ဒီ SLS က ခန္ဓာကိုယ်ထဲဝင်သွားပြီးရင် ပြန်မထွက်တော့ပါဘူး...

ဒါကြောင့်မို့ SLS ကို ရေချိုးခန်းထဲကလူသတ်သမား (Killer in Bathroom) လို့ ခေါ်ကြတာပဲဖြစ်ပါတယ်...

အခုနောက်ပိုင်းမှာတော့ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်နဲ့ အလှပြင်ပစ္စည်း စတာတွေမှာ SLS Free ဆိုတဲ့ အာမခံစာတမ်းကို သုံးစွဲသူတွေ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချယုံကြည်စွာ ဝယ်ယူအသုံးပြုနိုင်ကြစေဖို့ ရေးထည့်ပေးထားတာကို တွေ့လာရပါတယ်...

ကဲ... အခုဆိုရင်တော့ မိတ်ဆွေတို့သုံးမယ့် အသုံးအဆောင်ပစ္စည်းတွေထဲမှာပါဝင်နေတဲ့ SLS ဆိုတာ မိတ်ဆွေတို့အတွက် ဘယ်လောက်ထိအန္တရာယ်ရှိနိုင်တယ်ဆိုတာသိထားပြီးပြီဆိုတော့ နောက်ဆိုရင် ပစ္စည်းဝယ်တော့မယ့်အခါတိုင်းမှာ SLS FREE ဆိုတဲ့စာတမ်းလေးပါမပါ သတိထားပြီး ရှာဝယ်ကြပါနော်လို့ တိုက်တွန်းအသိပေးရင်း...

ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး
Arogyam Health Magazine
2013 Oct, No.255 ရဲ့
ဆပ်ပြာကပေးတဲ့သင်္ခန်းစာမှ ကိုးကားပြီး

MA MA EI page မှ တဆင့်ပြန်လည် ဝေမျှလိုက်ပါတယ်နော်... 🙏🙏🙏🙏🙏

အားလုံးသောမိတ်ဆွေများ အနာရောဂါကင်းရှင်းပြီး ကျန်းမာလို့ သက်ရှည်ကြပါစေရှင်... 😘😘😘

ဒီစာလေးကိုပြန်လည်ကူးယူဝေမျှမယ်ဆိုရင် မူရင်းဆောင်းပါးရှင် ဒေါက်တာဦးကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး) ၏ အမည်ကို မပျက်မကွက် ထည့်သွင်းရေးသားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင် 🙏

31/12/2020

ချစ်ရတဲ့မိတ်ဟောင်းမိတ်သစ်များအားလုံး ...
နှစ်သစ်မှာ အနာရောဂါကင်းရှင်းပြီး စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ၊
စီးပွားဥစ္စာများ လျှံပါယ်ပေါပြည့်ကြွယ်ဝကြပါစေလို့ MA MA EI မှ ဆုမွန်ကောင်း တောင်းပါတယ်ရှင် 🙏🙏🙏🙏🙏

ချစ်မိတ်ဆွေတို့ရေ...ပုံလေးမြင်တာနဲ့ ဘာဟင်းလေးလဲဆိုတာသိကြလားရှင့်ဟိုတနေ့က MA MA EI ပြောပြပေးထားတဲ့ ကြက်သားငရုတ်ပွသီးချက်န...
26/12/2020

ချစ်မိတ်ဆွေတို့ရေ...
ပုံလေးမြင်တာနဲ့ ဘာဟင်းလေးလဲဆိုတာသိကြလားရှင့်
ဟိုတနေ့က MA MA EI ပြောပြပေးထားတဲ့ ကြက်သားငရုတ်ပွသီးချက်နည်းလေးအတိုင်း
ဒီနေ့မှာ MA MA EI က ဝက်သားလေးတွေနဲ့ ချက်ထားတာပဲဖြစ်ပါတယ်
ငရုတ်ပွသီးနဲ့ ကိုင်းခရမ်းချဉ်လေးတွေပေါတဲ့အချိန်ဆိုတော့ MA MA EI က ခဏခဏ ချက်စားဖြစ်နေတယ်ရှင့်
မေမေတို့လည်း ကြိုက်နှစ်သက်ရာ အသားငါးလေးတွေနဲ့ လိုက်ချက်စားကြည့်ပါနော်
ငရုတ်ပွသီးက သာမန်ငရုတ်သီးတွေလိုမျိုး အရမ်းမစပ်တဲ့အတွက် သားသားမီးမီးလေးတွေလည်း စားလို့ရပါတယ်
ချဉ်ရည်ဟင်းလေးနဲ့လည်း အရမ်းလိုက်ဖက်တယ်နော်
ချစ်မိတ်ဆွေများ စားမြိန်ကြပါစေရှင်...

မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်... 🙏MA MA EI ရဲ့ စားမယ် ချက်မယ် ဝေမျှမယ်အစီအစဉ်လေးကနေ ဒီနေ့မှာတော့ တောင်တွင်းကြီးဒေသမှာ...
23/12/2020

မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်... 🙏
MA MA EI ရဲ့ စားမယ် ချက်မယ် ဝေမျှမယ်အစီအစဉ်လေးကနေ ဒီနေ့မှာတော့ တောင်တွင်းကြီးဒေသမှာ အများဆုံးချက်စားဖြစ်တဲ့ #ကြက်သားငရုတ်သီးချက် လေးအကြောင်း ပြောပြပေးသွားပါမယ်ရှင့်
ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ စားမြိန်ဟင်းလျာလေးတစ်ခွက် ဘယ်လိုချက်သလဲ ကြည့်လိုက်ကြရအောင်
ဒီဟင်းလေးချက်ဖို့အတွက်

ဗမာကြက် ၂၅ ကျပ်သား
ကိုင်းခရမ်းချဉ် အရွယ်တော်လေး ၅ လုံး
ငရုတ်ပွသီး ၁၅ တောင့် ပဲ လိုပါတယ် 🤗🤗

ချက်ပြုတ်ဖို့အတွက် အရင်ဆုံး ဗမာကြက်လေးကို ရေစင်အောင်ဆေးပြီး အတုံးသေးသေးလေးတွေတုံးပါနော်၊ ဆီပြန်ဟင်းချက်တဲ့အရွယ်အတုံးမျိုးဆို ဒီဟင်းချက်ဖို့ကြီးလွန်းပါတယ်ရှင်၊ ပြီးရင် ဆားနနွင်းလေးသင့်ရုံနယ်ပြီးနှပ်ထားပေးပါရှင်၊ ကိုင်းခရမ်းချဉ်သီးမှည့်မှည့်‌လေးတွေကို ရေဆေးပြီး ချက်မယ့်အိုးထဲမှာ လက်နဲ့ဖျစ်ချေပေးရပါမယ်၊ ဓါးနဲ့လှီးပြီးထည့်ချက်တာထက် လက်ဆိပ်ပိုဝင်ပြီး အရသာပိုကောင်းစေပါတယ်ရှင်၊ ခရမ်းချဉ်သီးတွေအကုန်ဖျစ်ချေပြီးသွားရင် မျှင်ငပိလေးအသက်သွင်းထည့်နယ်ရပါမယ်၊ ဟင်းရဲ့အရသာကို လေးလေးပင်ပင်နဲ့ပိုစားကောင်းစေပါတယ်ရှင်၊ ပြီးရင်တော့ နှပ်ထားတဲ့ကြက်သားလေးတွေထည့်ပြီး သမအောင်နယ်ပေးပါ၊ ရပြီဆိုရင်တော့ ဆီနည်းနည်းပိုထည့်ပြီး မီးအေးအေးနဲ့ချက်ပေးရပါတယ်၊ ကြက်သားချက်နေတဲ့အချိန်မှာ ငရုတ်ပွသီးလေးတွေကို ရေဆေးပြီး ငရုတ်ဆုံထဲမှာ မမဲသွားအောင်ဆားနည်းနည်းငယ်ထည့်ပြီး လေးစိပ်ကွဲလေးထောင်းထား‌ရပါမယ်၊ ကြက်သားလုံးထားတာလေး ဆီပြန်လာရင် နူးမနူးကြည့်ပေးပါရှင်၊ ခရမ်းချဉ်သီးကထွက်တဲ့အရည်နဲ့ ကြက်သားနူးတယ်ဆိုရင် ရေထပ်မထည့်လည်းရပါတယ်၊ ဆီပြန်ပြီး ကြက်သားလည်းနူးပြီ၊ အရသာလည်းအနေတော်ပြီဆိုရင်တော့ ထောင်းထားတဲ့ငရုတ်သီးလေးတွေထည့်၊ ဆုံရေလေးနည်းနည်းကျင်းထည့်ပြီး ခဏလောက်ဆက်တည်ထားပေးပါ၊ ငရုတ်သီးအရမ်းမနူးသွားရအောင် ဆုံရေကို နည်းနည်းငယ်ပဲထည့်ပေးရမယ်နော်၊ ဆုံရေခမ်းပြီး ဆီပြန်လာပြီဆိုရင် ကြက်သားငရုတ်သီးချက်လေး စားဖို့ Ready ဖြစ်ပါပြီရှင်...
ပါဝင်ပစ္စည်းလေးလည်းမများပဲ အလွယ်တကူပဲချက်လို့ရတဲ့ ဟောဒီ ကြက်သားငရုတ်သီးချက်လေးက ကင်ပွန်းချဉ်ရွက်ဟင်းရည်လေးနဲ့ အင်မတန်မှလိုက်ဖက်ညီလှတဲ့အပြင် ငရုတ်သီးနံ့မွှေးမွှေးလေးနဲ့ ထမင်းစားလို့မြိန်လှတဲ့ ဟင်းလျာလေးဖြစ်တာကြောင့် လိုက်ချက်စားကြည့်ဖို့ ပြောချင်ပါတယ်ရှင်
ငရုတ်ပွသီးလေးတွေက တခြားငရုတ်သီးတွေလောက်မစပ်တာကြောင့် သားသားမီးမီးလေးတွေလည်း စားလို့ရတယ်နော်
ကြက်သွန်ဖြူနီထည့်စရာမလိုထောင်းစရာမလိုတဲ့အတွက် အချိန်ကုန်လည်းသက်သာစေပါတယ်
အားလုံးပဲ စားမြိန်ကြပါစေရှင်... 😊😊

MA MA EI
23122020
1:01 pm

22/12/2020

ချစ်မိတ်ဆွေတို့ရေ...
မနက်ဖြန် MA MA EI ရဲ့ စားမယ် ချက်မယ် ဝေမျှမယ် အစီအစဉ်လေးကနေ အညာဒေသဟင်းလျာချက်နည်းလေး ပြောပြပေးပါမယ်ရှင် ☺️

မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါရှင့်... 🙏MA MA EI ရဲ့ စားမယ် ချက်မယ် ဝေမျှမယ်ဆိုတဲ့အစီအစဉ်လေးကနေ ဒီနေ့ပြောပြသွားပေးမယ့်အက...
20/12/2020

မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါရှင့်... 🙏
MA MA EI ရဲ့ စားမယ် ချက်မယ် ဝေမျှမယ်ဆိုတဲ့အစီအစဉ်လေးကနေ ဒီနေ့ပြောပြသွားပေးမယ့်အကြောင်းအရာလေးကတော့ #ကုလားပဲရွက် ရဲ့ အသုံးပြုပုံနည်းလမ်းလေးပဲဖြစ်တယ်နော်
ရာသီစာဖြစ်တဲ့ ကုလားပဲရွက်လေးတွေက ခုဆိုရင် လှိုင်လှိုင်ပေါတဲ့အချိန်ကို ရောက်လာပါပြီရှင်
အိမ်ရှင်မမေမေတွေလည်း ရာသီချိန်ပဲစားရတာမို့ မကြာခဏဝယ်စားဖြစ်နေကြတယ်ဟုတ်
ဟုတ်ပါပြီ... ဒါဆိုရင်တော့ MA MA EI က ကုလားပဲရွက်လေးတွေရဲ့ သဘာဝအကြောင်းလေး အရင်ပြောပြပေးဦးမယ်နော်
ဒီကာလတွေမှာ တောင်သူဦးကြီးတွေက အညွှန့်အခက်တွေပွားစေဖို့အတွက် ကုလားပဲညွန့်လေးတွေကို မကြာခဏခူးဆွတ်ရောင်းချနေသလိုပဲ ချိုတဲ့အသီးအနှံတွေဆိုအကြိုက်တွေ့ကြတဲ့ ကိုရွှေပိုးကောင်တို့ အရမ်းကျတဲ့ရာသီဖြစ်လို့နေပါပြီနော်
ကိုရွှေပိုးကောင်တို့ ဖျက်စီးလို့မကုန်ရအောင် တောင်သူဦးကြီးများလည်း ဆေးနိုင်နိုင်ဖျန်းနေရတဲ့အချိန်အခါမို့လို့ အခုဆိုရင် ဈေးကွက်ထဲမှာရောက်နေတဲ့ မေမေတို့အကြိုက် ကုလားပဲညွှန့်လေးတွေဟာ မနက်ဆေးဖျန်း၊ ညနေခူးပြီး နောက်နေ့မနက် ဈေးကွက်တင်တဲ့ စားစရာဖြစ်လို့နေပါပြီနော်
ဒါကြောင့်မို့လို့ MA MA EI က မေမေတို့နဲ့ မေမေတို့ရဲ့မိသားစု‌ဘဝတွေ အသက်ရှည်ရှည် အနာကင်းကင်း ကျန်းကျန်းမာမာနေထိုင်သွားနိုင်ဖို့ သဘာဝနဲ့အနီးစပ်ဆုံးဖြစ်အောင် ဘယ်လိုစီမံချက်ပြုတ်ရမယ်ဆိုတာ ပြောပြပေးသွားချင်ပါတယ်
ဈေးထဲကဝယ်လာတဲ့ ကုလားပဲညွှန့်လေးတွေကို ဆေးအာနိသင်တွေပျက်ပြယ်သွားအောင်လို့ မုန့်ဖုတ်ဆော်ဒါနဲ့ ရေအရင်စိမ်ပေးရပါမယ်
မုန့်ဖုတ်ဆိုဒါ (Baking soda) က ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာပါတဲ့ ပိုးသတ်ဆေးရဲ့ ၉၆% အထိ ဖယ်ထုတ်ပေးနိုင်တယ်လို့ သုတေသနတခုက ဆိုပါတယ်
မုန့်ဖုတ်ဆိုဒါမှာ အယ်လ်ကာလိုင်းဆား (Alkaline Salt) ပါဝင်တာကြောင့် ဓါတုဆေးဝါးတွေကို ပြောင်စင်အောင်ဖယ်ထုတ်ပေးနိုင်တာပဲဖြစ်ပါတယ်
၁၅ မိနစ်လောက်စိမ်ပြီး ရေအေးအေးနဲ့ပြန်ဆေးလိုက်ရင် သဘာဝနဲ့အနီးစပ်ဆုံးစားစရာတွေရပြီပေါ့
မုန့်ဖုတ်ဆိုဒါမရှိရင် အိမ်သုံးဆားနဲ့လည်း စိမ်ထားပြီးဆေးပေးလို့ရပါတယ်ရှင်
ကဲ... ဒါဆိုရင်တော့ မေမေတို့ကြိုက်တဲ့ ကုလားပဲညွှန့်ချိုချိုလေးတွေကို အန္တရာယ်ကင်းစွာ စီမံချက်ပြုတ်လို့ရပြီပေါ့ရှင် ☺️
ကုလားပဲညွှန့်လေးတွေကို ဟင်းချိုချက်တာ၊ ဆီနည်းနည်းရေနည်းနည်းနဲ့ကြော်ချက်(သောက်/ဆမ်း)ချက်တာ၊ ကြော်စားတာတို့အပြင် ရေနွေးလေးဖျောပြီး ဆီချက်၊ ပဲမှုန့်၊ မြေပဲ၊ အာလူး၊ ပုစွန်ခြောက်မှုန့် စတာတွေနဲ့သုပ်စားလို့လည်း ရပါသေးတယ်ရှင်
ချစ်မိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်... ☺️☺️

မိတ်ဆွေများအားလုံး မင်္ဂလာပါရှင့်... 🙏MA MA EI ရဲ့ စားမယ် ချက်မယ် ဝေမျှမယ် အစီအစဉ်လေးကနေ ဒီနေ့မှာတော့  #ဝက်သားလုံးကြော်န...
19/12/2020

မိတ်ဆွေများအားလုံး မင်္ဂလာပါရှင့်... 🙏
MA MA EI ရဲ့ စားမယ် ချက်မယ် ဝေမျှမယ် အစီအစဉ်လေးကနေ ဒီနေ့မှာတော့ #ဝက်သားလုံးကြော်နည်း လေးအကြောင်း ပြောပြပေးသွားမယ်နော်
ဝက်သားလုံးကြော်လေးက သက်ရွယ်ကြီးရင့်တဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် အရမ်းကိုမှသင့်လျော်တဲ့ ဟင်းလျာလေးပဲဖြစ်ပါတယ်၊ သားသားမီးမီးလေးတွေလည်း ကြိုက်ကြတယ်နော်
ဝက်သားလုံးကြော်ဖို့အတွက်
ဝက်သားအသားကောင်း ၂၅ ကျပ်သား
ကြက်သွန်ဖြူ ၅ မွှာ
ချင်း လက်တစ်သစ်
ဆား လ္ဘက်ရည်ဇွန်း တစ်ဇွန်း
ကြက်သားမှုန့် လ္ဘက်ရည်ဇွန်း တစ်ဇွန်း
နနွင်းမှုန့် လ္ဘက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် လ္ဘက်ရည်ဇွန်း တစ်ဇွန်း
မဆလာ လ္ဘက်ရည်ဇွန်း တစ်ဇွန်း
တို့ လိုအပ်ပါတယ်
ပြင်ဆင်ပုံကတော့ ဝက်သားကိုရေစင်အောင်ဆေးပြီး ပါးပါးလေးတွေလွှာပါမယ်၊ ဒါမှ နုတ်နုတ်စင်းတဲ့အခါ မြန်မြန်ကြေညက်မှာဖြစ်လို့ပါ၊ Blender နဲ့ကြိတ်မယ်ဆိုရင်တော့ အတုံးသေးသေးလေးတွေ တုံးပါနော်၊ MA MA EI က ရှေးမူလက်ရာအတိုင်း စဉ့်နှီတုံးပေါ်တင်ပြီး ဓါးနဲ့နုတ်နုတ်စင်းပါတယ်၊ ကြက်သွန်ဖြူနဲ့ချင်းကို ငရုတ်ဆုံထဲထည့်ထောင်းပြီး ကြေညက်ပြီဆိုရင် နုတ်နုတ်စင်းထားတဲ့အသားတွေနဲ့ ပါဝင်ပစ္စည်း‌တွေပါ အကုန်ထည့်ပြီး ရောထည့်ထောင်းပါ‌တယ်ရှင်၊ အသားတွေကို ငရုတ်ဆုံထဲ‌ထည့်ထောင်းလိုက်တော့ နုတ်နုတ်စင်းတုန်းကထက်ပိုစီးသွားပြီး လုံးလို့ပိုကောင်းသွားပါတယ်၊ အရသာတွေနဲ့ ချင်းကြက်သွန်ဖြူ အသားတွေနှံ့စပ်သွားပြီဆိုရင် အရွယ်အသင့်အတင့်လေးတွေလုံးပြီး ပြုတ်အိုးထဲမှာ မီးအေးအေးနဲ့ ၁၅ မိနစ်လောက်ပြုတ်ပါတယ်၊ ရေခမ်းပြီဆိုရင် အသားလေးတွေလည်းနူးသွားပါပြီရှင်၊ ပြီးရင်တော့ ဆီပူပူမှာ ‌မီးအေးအေးနဲ့ လိုချင်တဲ့အနေအထားရအောင် ကြော်ပြီး ထမင်းပူပူလေးနဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီရှင် 😋😋

MA MA EI
19122020
8:23 pm

ချစ်မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါရှင့်... 🙏ဒီနေ့မှာတော့ MA MA EI ရဲ့  စားမယ် ချက်မယ် ဝေမျှမယ် အစီအစဉ်လေးကနေ ချစ်မိတ်ဆွေ...
15/12/2020

ချစ်မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါရှင့်... 🙏
ဒီနေ့မှာတော့ MA MA EI ရဲ့ စားမယ် ချက်မယ် ဝေမျှမယ် အစီအစဉ်လေးကနေ ချစ်မိတ်ဆွေတို့ကို #တာလပေါငပိရည်ဖျော် နည်းလေးအကြောင်း ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်

#တာလ‌ပေါငပိရည်ဖျော်
တာလပေါငပိရည်ဖျော်ဖို့အတွက် ပါဝင်ပစ္စည်းလေးတွေကို ပြောပြပေးသွားမယ်နော်
ရည်ကျိုငါးငပိ ၁၀ ကျပ်သား
ကျော့ပုစွန် ၁၀ ကျပ်သား
တညင်းသီး ၁၀ လုံး
ငရုတ်သီးစိမ်း ၃၀ တောင့်
ကုလားအော်သီး ၅ တောင့်
ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
ကြက်သွန်ဖြူ ၁၀ ဥ နံ
နနွင်း လ္ဘက်ရည်ဇွန်း ၂ ဇွန်း တို့ပဲဖြစ်ပါတယ်

ပြင်ဆင်ပုံလေး ပြောပြပေးမယ်နော်
ပထမဦးဆုံး ကျော့ပုစွန်လေးတွေကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါနော်၊
ပြီးရင် ဒယ်အိုးပူပူထဲမှာ အညှာခြွေထားတဲ့ငရုတ်သီးစိမ်းလေးတွေ ထည့်လှော်ပါရှင်၊
ဒုတိယအဆင့်အနေနဲ့ ငါးငပိလေးတွေကို နနွင်းမှုန့်လေးထည့်ပြီး မီးအေးအေးလေးနဲ့ ကျိုထားရပါမယ်၊
ငါးငပိကျိုထားတုန်းမှာ ကုလားအော်သီးလေးတွေရယ် ကြက်သွန်ဖြူရယ် တညင်းသီးရယ်နဲ့ ရေစစ်ထားတဲ့ပုစွန်တွေကို မီးဖုတ်ရပါမယ်၊
မီးဖုတ်ပြီးသွားတဲ့ ကြက်သွန်ဖြူလေးတွေ၊ တညင်းသီးနဲ့ ပုစွန်တွေကို အခွံချွတ်ထားပေးပါရှင်၊
လှော်ထားတဲ့ ငရုတ်သီးစိမ်းလေးတွေနဲ့ မီးဖုတ်ထားတဲ့ကြက်သွန်ဖြူလေးတွေကို မညက်တညက်လေး ထောင်းထားရမယ်နော်၊
ငါးငပိကို ဆူပွက်ပြီး အရိုးလေးတွေကြေသွားသည်အထိ၊ ရေအကြည်လေးတွေပျောက်ပြီး နောက်နောက်ပျစ်ပျစ်လေးရသည်ထိ ကျိုပေးပါရှင်၊
ကျိုထားတဲ့ငပိရည်လေး လိုချင်တဲ့အနေအထားရောက်ပြီဆိုရင် မီးဖိုပေါ်ကချလို့ရပါပြီ။

ဖျော်နည်း‌လေး ပြောပြပါဦးမယ်
ပန်းကန်လုံးလေးထဲမှာ တညင်းသီးရယ်၊ ပုစွန်တွေရယ်နဲ့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထောင်းထားတာလေးတွေထည့်ပါမယ်၊
အရောင်လှစေဖို့အတွက် ငရုတ်သီးအလှော်မှုန့်လေးပါထည့်ပေးရမယ်နော်၊
ပြီးရင် ကျိုထားတဲ့ ငါးငပိရည်ကို အရိုးတွေမပါလာအောင် သေချာလေးစစ်ပြီးမှ ထည့်ပေးပါရှင်၊
နောက်ဆုံးမှာတော့ အားလုံးကိုနှံ့စပ်အောင်မွှေပြီးပြီဆိုရင် မီးဖုတ်ထားတဲ့ ကုလားအော်သီးလေးတွေထည့်ပြီး အလှဆင်ပါမယ်၊
ဒါဆိုရင်တော့ မွှေးချိုပြီး အနံ့အရသာနဲ့ပြည့်စုံလှတဲ့ #တာလ‌ပေါငပိရည်ဖျော် လေး ရပါပြီရှင် 🥰🥰
နှစ်သက်ရာ တို့စရာများနဲ့ အရသာရှိရှိသုံးဆောင်ကြပါရှင်...

MA MA EI ရဲ့ #တာလေပါငပိရည်ဖျော် လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like & Share လေး လုပ်ပေးသွားကြပါဦးနော်... 🤗🤗🤗

MA MA EI
15122020
09:36 am

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959781225797

Website

Alerts

Be the first to know and let us send you an email when MA MA EI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share