Ko Nyi

Ko Nyi #ရွှေညာမုန့်ဟင်းရည်ထုတ်
#သဘာဝအားဖြည့်ဖြည့်စွက်စာ
#ဝါးခယ်မ

တစ်နေ့ကို (၁၀) လုံးပဲ အစိမ်းလိုက်ဝါးစားပါ...။ ကင်ဆာကို ကာကွယ်ပေးတယ်၊ ကျောက်ကပ်နဲ့ အသည်းကို အားကောင်းစေတယ်၊ အစာအိမ်အနာမဖြ...
30/05/2025

တစ်နေ့ကို (၁၀) လုံးပဲ အစိမ်းလိုက်ဝါးစားပါ...။
ကင်ဆာကို ကာကွယ်ပေးတယ်၊ ကျောက်ကပ်နဲ့ အသည်းကို အားကောင်းစေတယ်၊ အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးတယ်။ နေ့တိုင်း ဝါးစားရင် ဆီးချိုကျတယ်၊ သွေးတိုးနဲ့ သွေးတွင်းက ပုံမှန်မဟုတ်တဲ့ သွေးဥတွေကို လျှော့ချပေးတယ်။ သွေးခဲခြင်းကိုလည်း ဟန့်တားပေးတယ်။

မကြာခဏ စားပေးတာ ကောင်းပါတယ်။ မောပန်းလွယ်တာ၊ သွေးတွင်းအဆီများတာဆိုရင် ခရမ်းကစော့သီးကို ဝါးစားပါ။ အဆီကျစေဖို့ ကူညီပေးပါတယ်။

ကျွန်တော့်အဘွားကတော့ နေ့တိုင်းခူးပြီး စားရတာ ကြိုက်တယ်။ ဝမ်းမှန်စေပြီး ဝမ်းကိုလည်း ပျော့စေတာကြောင့် ဝမ်းသွားရတာ ပိုလွယ်ကူစေပါတယ်။ အသက်ကြီးလို့ ဝမ်းချုပ်တတ်သူတွေ စားပေးသင့်ပါတယ်။ ဖန်ခွက်ထဲထည့်ပြီး ရေနွေးနဲ့ သောက်လို့လည်း ရပါတယ်။ ကျန်းမာရေး ယိုယွင်းမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ပူပူနွေးနွေးလေးသောက်ရင် အစာအိမ်ကို ကောင်းမွန်စွာ အကျိုးပြုပါတယ်နော်၊၊

💢“လူတွေ သတိမထားမိတဲ့ အန္တရာယ်ရှိတဲ့  #အိမ်မြှောင်ချေး အကြောင်း”💢အိမ်မြှောင် ချေးတစ်ခုမှာဆိုရင် ထိပ်မှာကပ်လျက်ရှိနေတဲ့ အဖ...
21/04/2025

💢“လူတွေ သတိမထားမိတဲ့ အန္တရာယ်ရှိတဲ့ #အိမ်မြှောင်ချေး အကြောင်း”💢

အိမ်မြှောင် ချေးတစ်ခုမှာဆိုရင် ထိပ်မှာကပ်လျက်ရှိနေတဲ့ အဖြူရောင်အစေ့လေးကို သိသိသာသာ မြင်ကြရမှာပါ။

အိမ်မြှောင် ချေးတုံးလေးကိုနှစ်ပိုင်းခွဲရင် အောက်ဘက်မည်းနေတဲ့အပိုင်းက မစင်ဖြစ်ပြီးတော့အပေါ်က အဖြူရောင် အစေ့လေးက ဆီးဖြစ်ပါတယ်။

လူအပါအဝင် တော်တော်များများသတ္တဝါတွေမှာ ဆီးကို အရည်အဖြစ်နဲ့သွားပေမယ့် အိမ်မြောင်တွေကတော့ အခဲပုံစံနဲ့သွားကြပါတယ်။

အဲ့သည်အဖြူရောင်လေးဟာ သူတို့ရဲ့ဆီးကထွက်တဲ့ ယူရစ်အက်ဆစ်တွေနဲ့ဖွဲ့စည်းထားတဲ့ Crystal လေးတစ်ခုပဲဖြစ်ပါတယ်။

မြွေတွေရဲ့ချေး ဖွဲ့စည်းပုံစနစ်ကလည်း အိမ်မြှောင်တွေနဲ့ဆင်တူ ပါတယ်။ အိမ်မြှောင်ရဲ့ ချေးက အန္တရာယ်ရှိလားဆိုရင်အင်မတန်အန္တရာယ်ရှိပါတယ်။ #ဆာမိုနဲလား လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ အလွန်များပြားစွာပါဝင်နေလေ့ ရှိပါတယ်။

အင်းဆက်တွေမှာ ရှိတတ်ကြတဲ့အခြားဘက်တီးရီးယားတွေလည်းပါဝင်နေပါသေးတယ်။ဒါကြောင့် အိမ်မြှောင်ချေးကိုင်မိပြီးသွားရင် ဆပ်ပြာနဲ့ လက်ကို သေချာစွာ ဆေးကြောဖို့လိုအပ်ပါတယ်။

အစားစားမိရင်မပါသွားအောင်ဂရုစိုက်ဖို့အရေးကြီးပါတယ်။

#ရွှေမိတ်သစ်

အသက်ငယ်ငယ်လေးနဲ့ ဆုံးပါးသွားခဲ့ရပါပြီ ဒီညနေတင်ပါပဲ နားစည်အိမ်ကွဲ ဦးနှောက်တစ်ခုလုံးပျက်စီးသွားပြီး ကုသဖို့လက်လျှော့လိုက်ရ...
16/12/2024

အသက်ငယ်ငယ်လေးနဲ့ ဆုံးပါးသွားခဲ့ရပါပြီ

ဒီညနေတင်ပါပဲ
နားစည်အိမ်ကွဲ ဦးနှောက်တစ်ခုလုံးပျက်စီးသွားပြီး ကုသဖို့လက်လျှော့လိုက်ရပါတယ် အရင်ကကြားသာ ကြားဖူးတာ အခုတော့ကိုယ့်အမျိုးထဲကမှပဲ တုန်လှုပ်မိတော့တယ် သတိရှိပါ ဖုန်းနဲ့နားကျပ်တပ် အားသွင်းပြီးသုံးတာလက်တွေ့ပါပဲ ကောင်းရာမွန်ရာဘုံဘဝရောက်ပါစေ
တူမလေးရေ

Aung Pyae Sone
9 Jul 2020

မှတ်ချက်
ခလေးငယ်ရှိသောမိဘများ
နှင့်
ညီငယ်ညီမငယ်များ
သတိပြုဆင်ခြင်နိုင်စေရန်
ကာယကံရှင်မိသားစု၏ခွင့်ပြုချက်ဖြင့်
ပြန်လည်မျှဝေပါသည်

Kyaw Thu Maw
မူရင်းတင်သူအားလုံးcrdပေးပါတယ်

13/12/2024

နိုရိုဗိုင်းရပ်ပိုးသည်- ရောဂါပိုးရှိသူများထံမှအစားအသောက်မျှစားခြင်း (သို့မဟုတ်) ရေတခွက်ထဲအတူသောက်ခြင်းတို့မှကူးစက်ပြန့်ပွါးမူ့ဖြစ်နိုင်သည်။ မကျက်သေးသောပင်လယ်စာများကိုစားသုံးခြင်း။ ညစ်ညမ်းနေသော မျက်နှာပြင်များ၊ အရာဝတ္တုများကို ကိုင်တွယ်ပြီးနောက်လက်ကိုဦးစွာဆေးကြောခြင်းမပြုဘဲ ပါးစပ်ကို ထိမိခြင်း (သို့မဟုတ်)အစာစားခြင်း တို့မှလဲကူးဆက်ပြန့်ပွါးနိုင်သည်။ လေ့လာပြီးဆင်ချင်ကြပါစို့💪 crd #

🚫 အိမ်သား တွေ နေမကောင်း  ဖြစ်ရင် ဒီအစားအစာ တွေ မကျွေးရဘူးနော် 🚫နေမကောင်း  ဖြစ်နေ တဲ့ အချိန် မှာ ရှောင်ရမယ့် အစားအစာ  တွေ...
07/12/2024

🚫 အိမ်သား တွေ နေမကောင်း ဖြစ်ရင်
ဒီအစားအစာ တွေ မကျွေးရဘူးနော် 🚫

နေမကောင်း ဖြစ်နေ တဲ့ အချိန် မှာ
ရှောင်ရမယ့် အစားအစာ တွေ ရှိပါတယ်။

အိမ်ရှင်မတွေသာမက
အိမ်သားအားလုံး သိထား မှ
တစ်ဦးနဲ့တစ်ဦး စောင့်ရှောက် နိုင် မှာပါ။

လူတစ်ယောက်နဲ့ တစ်ယောက်
ကိုယ်ခံအား ခံနိုင်စွမ်း မတူ ပေမယ့်
သတိထားရှောင်လိုက် တာ အကောင်းဆုံး ပါ။

#နှာစေးနေလျှင်_____

ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ မစားရ
ဆေးလိပ် နှင့် အရက်မသောက်ရ

#ချောင်းဆိုးနေလျှင်_____

ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊
မြေပဲ၊ အရက် နှင့် ချိုသော အစားအစာ များ မစားရ

#ရုတ်တရက်အစာအိမ်ရောင်လျှင်___$
အကြော်အလှော်၊ အရက်၊ ငရုပ်သီးနှင့် ကောက်ညှင်း မစားရ

#နာတာရှည်အစာအိမ်ရောင်လျှင်_____

ကောက်ညှင်း၊ အသုတ်၊
အချဉ်ဖောက် ထား သော အစာများ မစားရ

#အူရောင်နေလျှင်_____

ငှက်ပျောသီး၊ မာလာကာသီး မစားရ

#အသည်းရောဂါဖြစ်နေလျှင်____

ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊
ဆေးလိပ် နှင့် အရက်ဖြစ်ပြီး
အရေးကြီးဆုံး က အိပ်ရေးပျက်ခံ လို့ မရပါ။ မစားရ

#နှလုံးရောဂါဖြစ်လျှင်____

ကယ်လိုရီများ သော အစာ နှင့်
ငန်သော အစားအစာ များ မစားရ

#ကျောက်ကပ်ရောဂါဖြစ်နေလျှင်____

ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက် မစားရ

#ဆီးချိုရောဂါဖြစ်လျှင်____

အချိုစာ၊ အရက်၊ အဆီများ သော အစာ၊
ဆီကြော်စာ နှင့် အကင် မစားရ

#သွေးအားနည်းနေလျှင်____

တရုတ်နံနံ မစားရ

#သွေးတိုးရောဂါဆိုရင်______

အငန်ဓာတ် များသော အစာ၊
ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ မစားရ

#အစာအိမ်နာဖြစ်လျှင်_____

ပဲမျိုစုံ၊ ကညွတ်၊ ဆားစိမ်သော ဟင်း၊
ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊
ငရုတ်သီး နှင့် မာလာကာသီး မစားရ

#အရိုးကာအမြှေးရောင်နာဖြစ်လျှင်____

ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး မစားရ

#လိပ်ခေါင်းရောဂါဖြစ်လျှင်____

အရက်၊ ဆေးလိပ်၊ အစပ် နှင့် ဆီကြော်စာ များ မစားရ

#လေးဖက်နာရောဂါဖြစ်လျှင်____

ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ
မစားရ

#အရေပြားAllergicဖြစ်လျှင်_____

ပင်လယ်စာ၊ ပိန်းဥ၊ ၊ ရေခဲ၊
လိုင်ချီးသီး နှင့် သရက်သီး မစားရ

#အာရုံကြောအားနည်းလျှင်_____

ငရုပ်သီး၊ အရက်၊ ကော်ဖီ၊
ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ မစားရ

တချို့အစားသောက်တွေကဆေးဖြစ်ကြမဲ့
နေမကောင်းချိန် ရောဂါအခံနဲ့
မတည့်ကြတာမို့
ရှောင်ကျဉ်ကြရပါမယ်

Credit... Original Uploader

  ဇာတ်လမ်းတွေ ကြည့်ဖူးလား ။အဲ့ထဲမွာ   ဆိုတဲ့ Villain လေးတစ်ကောင်ပါတယ် ။သူက ဇာတ်ကားတကားလုံး ၊အစ အလယ် အဆုံး ယုတ်မာခဲ့တဲ့ က...
19/07/2024

ဇာတ်လမ်းတွေ ကြည့်ဖူးလား ။
အဲ့ထဲမွာ ဆိုတဲ့ Villain လေးတစ်ကောင်ပါတယ် ။

သူက ဇာတ်ကားတကားလုံး ၊အစ အလယ် အဆုံး ယုတ်မာခဲ့တဲ့ ကောင်ပေါ့ ...ဒီလို ဆိုးသွမ်းရက်စက်လှပါတယ်ဆိုတဲ့
Lotso ကို သူ့အတိတ်ရဲ့တခဏစာ Flashback လေး တစ်ခုထဲနဲ့ ကျွန်တော်ကတော့ နားလည်ပေးနိုင်ခဲ့တယ် ...
တကယ်တော့ Lotso ဟာလေ သူသဘောအကျဆုံး
သူအချစ်ရဆုံး ၊ ဖြစ်တည်မှု တစ်စုံဆီကနေ အစွန့်ပစ်ခံခဲ့ရတဲ့ အရုပ်လေးတစ်ရုပ် ။သူ့ဘ၀က လွယ်လွယ်ကူကူ အစားထိုးခံလိုက်ရနိုင်ပါလားလို့ နားလည်သွားခဲ့တဲ့ အရုပ်လေး တစ်ရုပ် ...
Lotso မှားခဲ့တာ ဘာလဲသိလား ။ သူ့သခင်ဟာ သူ့အပေါ် မစွှန့်လွှတ်နိုင်လောက်အောင် ချစ်မယ်လို့ ၊ အထင်လွဲခဲ့မိခြင်း တစ်ခုပဲ ။ အတူတူ ကစားတယ် ၊ အတူတူ ပျော်ခဲ့တယ်
ပီးတော့ ချစ်ခဲ့ကြတယ်မို့လား ။ ဒီလောက်ဆို သူလဲ
သူ့ကိုသူ အရေးပါလှပီ ၊ အချစ်ခံရပီ ထင်ခဲ့မိမှာပေါ့ ...

ဒါပေမဲ့ တကယ်တမ်း စွန့်လွှတ်ဖို့ ကြုံလာရတဲ့အခါ ကျရင်တော့လေ သူမရှိလဲ ဖြစ်သွားမဲ့ လူတွေချည်းပါပဲဆိုတာ သူနားလည်ခဲ့တယ် ...

ကျွန်တော်တို့ရော နားလည်ခဲ့ကြလား ...

ကျွန်တော်တို့လဲ Lotso လေးလို အစွန့်ပစ်ခံရနိုင်တာပါပဲ ။
တကယ်လို့များ Lotso လေးလို ၊ ရုတ်တရတ် ပျောက်ကွယ် သွားလို့လည်း အရေးတယူ လိုက်ရှာပေးမဲ့သူ မရှိခဲ့တဲ့အခါ ...

လူတိုင်းက သူတို့ကိုပျော်ရွှင်နေစေလို့သာ ဒီအချိန်ထိ သူတို့အနားမှာ
တယုတယထားတာလဲ ဖြစ်နိုင်တာပဲလေ ။
ကိုယ့်ကို လိုအပ်လို့သုံးနေကြပေမဲ့ ၊မတော်တဆများ ‌ပျောက်ကွယ်သွားခဲ့ရင် ၊ တယုတယလိုက်ရှာမဲ့လူ ၊
ဆုံးရှုံးသွားရမှာကြောက်တဲ့လူလဲ ရှိနေခဲ့မယ် မထင်ဘူး ။

ဒီလိုသာဆိုရင် ကျွန်တော်တို့လဲ Lotso လေးလို ဆိုးသွမ်းကောင်း ဆိုးသွမ်း သွားနိုင်ပါရဲ့ ...ဒီလိုနဲ့ပဲ တချိန်ချိန်မှာတော့ အချစ်ဆိုတဲ့ အရာကို မယုံကြည် နိုင်တော့တဲ့အခါ ...
ဒါဟာ ကိုယ်မချစ်တတ်ခဲ့လို့မဟုတ်ပဲ အချစ်တွေ လွန်ခဲ့ဖူးလို့လဲ ဖြစ်နိုင်တယ်မို့လား ။Lotso ဆိုတဲ့ အစွန့်ပစ်ခံ အရုပ်ကလေးလိုပေါ့ ... 🧸


 #မေတ္တာတရားဟူသည်ပိုလာဝက်ဝံမ အသတ်ခံရရင် ပိုလာဝက်ဝံထီးဟာ အနားကမခွာဘဲ နေ့နေ့ညည မစားမသောက် ရက်အတော်ကြာ စောင့်နေတတ်သတဲ့။ဝေလင...
06/07/2024

#မေတ္တာတရားဟူသည်

ပိုလာဝက်ဝံမ အသတ်ခံရရင် ပိုလာဝက်ဝံထီးဟာ အနားကမခွာဘဲ နေ့နေ့ညည မစားမသောက်
ရက်အတော်ကြာ စောင့်နေတတ်သတဲ့။
ဝေလငါးမ ဒဏ်ရာရရင် ဝေလငါးထီးဟာ အနားကမခွာဘဲ စောင့်နေတတ်တယ်။
ဝေလငါးဖမ်းသူတွေ ထိုးနှက် တိုက်ခိုက်ရင်လည်း ဝေလငါးထီးဟာ ဝေလငါးမနား အသက် မသေ မချင်း တဖဝါးမှမခွာ ရှိနေတတ်သတဲ့။

ချန်ပန်ဇီမျောက်မဟာ မျောက်ငယ်လေး tay သွားရင် ချက်ချင်းမစွန့်ပစ်တတ်ဘူး။မျောက်ကလေး အသက်ပြန်ရှင်လာနိုင်တယ်လို့ ထင်လို့ပါတဲ့။ မျောက်မဟာ မျောက်ကလေး tayပြီး အရိုးတွေပေါ်လာတဲ့အထိ မျှော်လင့်နေ တတ်ပါသတဲ့။

အမဲလိုက်မုဆိုးတွေက သေနတ်ပြောင်းနဲ့ ကတိုးကောင်အုပ်စုကို ထိုးချိန်ထားရင် ကတိုးကောင် အထီးတွေဟာ ရှေ့ကို ထိုးတက် လာတတ်တယ်။ ကတိုးကောင်အထီးတွေရဲ့ နောက်မှာတော့ ကတိုးကောင်အမတွေ ကပ်လိုက် လာတတ်ပါတယ်။သေနတ်ဒဏ်ကြောင့် ရှေ့မှာကာ ထားတဲ့ ကတိုးကောင်တွေ တစ်ကောင်ပြီး
တစ်ကောင်လဲကုန်ပေမယ့် တစ်ကောင်မှ ကြောက်ရွံ့တွန့်ဆုတ်သွားတာမျိုး မရှိဘူး။ တကယ်လို့ မုဆိုးတွေဟာ ကတိုးကောင်ပေါက် လေးတစ်ကောင်ရချင်ရင် အရွယ်ရောက် ကတိုးကောင် အားလုံးကို အရင်သတ်ပစ်မှ ရနိုင်မှာပါ။

တောင်ဆိတ်အိုဟာ တောင်ဆိတ်ငယ်လေး လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ချောက်ထဲ ခုန်ချပြီး တောင်ဆိတ်ငယ် တစ်ဖက် ချောက်ကမ်းပါး ပေါ်ရောက်အောင်
သူ့ခန္ဓာကိုယ်နဲ့ တစ်ဆင့်ခံပြီး ခုန်စေပါသတဲ့။

မုဆိုးအလိုက်ခံရတဲ့မျောက်မဟာ မုဆိုးလက်က ပြေးလို့မလွတ်မှန်းသိတဲ့အခါ မုဆိုးကို တအောင့်နေမှ ပစ်ဖို့လက်ဝေ့ယမ်းပြတတ်တယ်။
သူမtayခင် သူ့ရင်ခွင်ထက်က မျောက်ကလေးကို နို့တိုက်ခဲ့ချင်လို့ပါတဲ့.....။

တိရစ္ဆာန်တွေက လူသားဆန်တယ်လို့ တချို့က ပြောကြတယ်။ သူတို့ရဲ့ သံယောဇဉ်၊ သူတို့ရဲ့ ချစ်ခြင်းက ကောင်းကင်ထက်တောင်မြင့်မားတယ် လို့ ဆိုကြတယ်။

လူက လူကိုဆဲတဲ့အခါ မင်းဟာတိရစ္ဆာန်ထက် တောင် အသိတရားခေါင်းပါးလှချည်လားလို့
ဆဲဆိုတတ်တယ်။ တကယ်တမ်းမှာလည်း လူတချို့ဟာ ဒီတိရစ္ဆာန်လောက်တောင် အသိ တရားမရှိခဲ့ကြပါဘူး။

တိရစ္ဆာန်လောက်တောင် မစာနာတတ်ပဲ၊ တိရစ္ဆာန်လောက်​တောင် မကြင်နာတတ်ပဲ မေတ္တာစကားကိုတော့ ဖေါဖေါသီသီ ပြောနေကြ တတ်တယ်.............
အဲဒီ လူတွေထဲ
သင် မပါ ပါစေနဲ့........ 🖐🖐🖐

#မောင်ဒီပါမှပြန်လည်မျှဝေခြင်းဖြစ်ပါသည် ။

 #တရုတ်မှာအရမ်းနာမည်ကြီးနေတဲ့ "ကောင်မလေးကလမ်းခွဲလို့ su***de လုပ်သွားတဲ့ (၂၁)နှစ်ကောင်လေး"ကောင်မလေးကအသက်27 ကောင်လေးကအသက်...
09/05/2024

#တရုတ်မှာအရမ်းနာမည်ကြီးနေတဲ့ "ကောင်မလေးကလမ်းခွဲလို့ su***de လုပ်သွားတဲ့ (၂၁)နှစ်ကောင်လေး"

ကောင်မလေးကအသက်27 ကောင်လေးကအသက်21 ပဲရှိသေးတယ် လိုင်းပေါ်ကနေချစ်ကြိုက်ပြီး ချစ်သူသက်တမ်း ၂နှစ်ကို အပြင်မှာ ၂ခါပဲမြင်ဖူးတယ်

ကောင်လေးကဈေးပေါတဲ့ အခန်းလေး ငှားနေပြီး တော့ သူများကိုဂိမ်းကူတိုက်ပေးတာတစ်ပွဲကို တရုတ်ယွမ်20ယွမ်နဲ့ Del လည်းလုပ်တယ် ၂နှစ်လောက်ကြိုးစားပမ်းစား ဘာမှမစားရက် မသုံးရက် ချွေတာပြီးတော့ သူ့ကောင်မလေးကို အကုန်ပေးတာ ၂နှစ်အတွင်း ကောင်မလေးကို ယွမ် သိန်း၅၀ ကျော် အခုငွေစျေးနဲ့ဆို မြန်မာငွေ သိန်း 2250 ကျော်ပေးခဲ့တယ် ပန်းဆိုင်လည်း ဖွင့်ပေးထားတယ်

ကောင်မလေးကိုမပေးနိုင်မှာဆိုးလို့ အစားသောက် တောင် လုံးဝချွေတာပြီးစားတာ သူတို့ကတစ်မြို့စီ နေကြတာ အဲ့တာနဲ့ကောင်လေးက ကောင်မလေးရှိတဲ့မြို့ကိုလိုက်သွားတာ ကောင်မလေးနဲ့ပိုအနေနီးအောင် ဒါပေမဲ့ ကောင်မလေးက အကြောင်းအမျိုးမျိုးရှာပီး ကောင်လေးကိုရှောင်တယ် ကောင်လေးကို အဆောင်မှာပဲငှားနေခိုင်းတာ သူတို့ချစ်သူတွေ
ဖြစ်တာ၂နှစ် ကောင်လေးက ကောင်မလေးရှိတဲ့
မြို့ကိုလိုက်သွားတာလဲ နှစ်ခါပဲအပြင်မှာ တွေ့ခွင့်ရ လိုက်တယ်(သူမဆုံးခင်ထိ )။

အဲ့တာနဲ့တွဲတာ၂နှစ်ကျော်လာပြီး ယူဖို့ဘာညာ ပြောတဲ့ချိန်ကြကောင်မလေးက ကောင်လေးကို ငြင်းလိုက်တယ် အဲ့မှာကောင်လေးက ဘယ်လောက်ထိတောင်ချစ်လဲဆို နောက်ဆုံး သူမသေခင်အချိန်ထိ သူ့bank အကောင့်ထဲ ကျန်တဲ့ပိုက်ဆံအကုန်ကောင်မလေးကိုလွှဲပေးသွားသေးတယ်🥺

အစားဆိုလည်း သူကောင်းကောင်းမစားရဘူးတဲ့
ကောင်မလေးကိုလက်ထပ်ခွင့် တောင်းချင်လို့
စုနေခဲ့တာတဲ့ သူ MCDONALD'S တောင်
၀ယ်မစားခဲ့ဘူး ဘူးတဲ့ 😢

မသေခင်ရေးခဲ့တဲ့စာလေးကလည်း "ငါလည်း အစားကောင်းကောင်းလေးစားချင်တယ်တဲ့"အဲ့တာကြောင့် သူsu***de ခဲ့နေရာလေးမှာ စားစရာလေးတွေလာထားပေးကြတာ

စစ်မှန်တဲ့ချစ်ချင်းမေတ္တာတွေက သိပ်ကိုလှပပြီး
အမြင့်ကိုတွန်းတင်ပေးနိုင်သလို အောက်ထိလည်း ဆွဲချသွားနိုင်တယ် ကိုယ်ပေးသလိုပြန်မရတဲ့ အခါမှာ ချစ်လွန်းအားကြီးတဲ့စိတ်ကပဲ ကိုယ့်ကို ပြန်သတ်တယ် ဘယ်လောက်တောင် အရုပ်ကြိုးပျက် ဖြစ်ပြီး နင့်နေအောင် ခံစားရ မလဲကွယ်

မိဘ‌တွေကြည်နူးရတဲ့ ☺️🥰 အခိုက်အတန့်လေးပေါ့ 😘😍
16/04/2024

မိဘ‌တွေကြည်နူးရတဲ့ ☺️🥰
အခိုက်အတန့်လေးပေါ့ 😘😍

 ဆိုတဲ့အထုပ်လေးတွေအသုံးပြုထားပုံမပေါက်အောင်တော့ သတိထားပေါ့
12/03/2024


ဆိုတဲ့အထုပ်လေးတွေအသုံးပြုထားပုံ
မပေါက်အောင်တော့ သတိထားပေါ့

စမခြောက်သုပ်နဲ့ ဘဲဥငန်အာလူးကြော်လေး  ❤️✨အားလပ်ရက်လေးမှာလုပ်စားကြည့်ကြနော် 🤍✨https://youtube.com/?si=-D35184lhCj1DiEa  #ဝ...
04/03/2024

စမခြောက်သုပ်နဲ့ ဘဲဥငန်အာလူးကြော်လေး ❤️✨
အားလပ်ရက်လေးမှာလုပ်စားကြည့်ကြနော် 🤍✨

https://youtube.com/?si=-D35184lhCj1DiEa

#ဝါးခယ်မအစားအစာများ
#အစားတစ်လိုင်း

Food vlog

 #တူသောအကျိုးသံသရာကို မကြောက်ရင်တော့ ကံကြမ္မာကို ဖောက်ပြန်ကြရုံပေါ့။သူအသက်ကို သတ်ရင် ကိုယ့်အသက်လည်း မရှည်ပါဘူး။သူ့ဥစ္စာက...
14/02/2024

#တူသောအကျိုး

သံသရာကို မကြောက်ရင်တော့ ကံကြမ္မာကို ဖောက်ပြန်ကြရုံပေါ့။

သူအသက်ကို သတ်ရင် ကိုယ့်အသက်လည်း မရှည်ပါဘူး။

သူ့ဥစ္စာကို ခိုးယူထားရင် ကိုယ့်ဥစ္စာလည်း လုံး၀မတိုးပွားဘူး။

သူ့သားမယား စော်ကားရင် ကိုယ့်မှာလည်း မတော်မတရားဖြစ်မယ်။

ကိုယ်မဟုတ်တာ လိမ်ပြောမိရင် မှန်တဲ့သူတွေနဲ့ လည်း မတွေ့ရတတ်ဘူး။

မေ့လျော့စွာ သေရည်သောက်ရင်ဖြစ်လေရာ ဉာဏ်မရှိပဲ အရူးဖြစ်မယ်။

ပစ္စုပ္ပန်အကြောင်း ကောင်းပါမှ အနာဂတ် အကျိုး ကောင်းကြမှာပါ။

ဘယ်သူမှ မသိဘူး မထင်ပါနဲ့ ကံ၀ဋ်ကြွေးတွေက သိနေကြပါတယ်။

အပြင်မှာ လာဘ်ထိုးလို့ရပေမယ့် ကံကြွေးဆိုရင် ငရဲမှာလာဘ်ထိုးမရပါဘူး။

စားရလှတစ်၀မ်း ၀တ်ရလှတစ်နေ့ နေရလှ တစ်သက်လောက်ပါ ဘာမှ မက်လောက်စရာ မရှိကြပါဘူး။

သံသရာမှာ အကုသိုလ်ကံသတ္တိတွေဟာ ကမ္ဘာနဲ့ ချီပြီးတော့ ခံကြရတာပါ။

နေရသမျှ အခိုက်တန့်လေးမှာ တစ်ခဏချမ်းသာဖို့ အရေးအတွက် သံသရာရဲ့ ဒုက္ခများစွာနဲ့ မလဲမိ အောင် အထူးဂရုစိုက်ပြီး နေထိုင်ဖို့လိုပါတယ်။

#ကျေးဇူးတော်ရှင်
#ပါချုပ်ဆရာတော်ဘုရားကြီး 🙏🏻🙏🏻🙏🏻

Address

WaKeMa
Wakema

Website

Alerts

Be the first to know and let us send you an email when Ko Nyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category