18/12/2024
လွယ်ကူမြန်ဆန်သော ကင်မ်ချီဟင်းချို (Kimchi Jjigae or kimchi Soup) ချက်နည်း..
ပါဝင်ပစ္စည်းများ-
* ကင်မ်ချီ - ၁၀သား
* တို့ဖူး- ၁၅၀ ဂရမ် or တစ်တုံး
* ဝက်သား - ၁၅၀ ဂရမ် or သက်သက်လွတ်အတွက် မှို - ၅၀ ဂရမ်
* ငရုပ်ပွအချို - ၃တောင့်
* Gochugaru or ငရုပ်သီးအနှစ် - စားပွဲတင်ဇွန်း ၂ ဇွန်း
* ပဲငံပြာရည် or ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ကြက်သွန်နီမိတ် - ၁ တောင့်
* ကြက်သွန်ဖြူ - ၃ မွှာ
ချက်ပြုတ်နည်း
၁။ နှမ်းဆီ ကို အလယ်အလတ် အပူဖြင့် အိုးတစ်လုံးတွင် အပူပေးပါ။
၂။ ကြက်သွန်ဖြူနှင့် ဝက်သား ထည့်ပြီး အနည်းငယ်ဆီသတ်ပါ။
၃။ လှီးထားသော ကင်မ်ချီကို ရောမွှေပြီး အရသာပိုကောင်းစေရန် ၂-၃ မိနစ်ခန့် မွှေပါ။
၄။ ရေ ၁ လီတာထည့်ပါ
၅။ gochugaru နှင့် ပဲပိစပ်/ငါးငံပြာရည်တို့ကို ထည့်ပါ။
၆။ ပွက်ပွက်ဆူလာပြီးနောက် တို့ဟူးထည့်ပြီး ၈မိနစ်ခန့်တည်ပါ။
၇။ အရသာမြည်းပြီး ဆား၊ သကြား၊ ငရုပ်သီအနှစ်တို့ထည့်၍ မိမိကြိုက်သလိုပြုပြင်ပါ။
၈။ ပါးပါးလှီးထားသော ကြက်သွန်နီအစိမ်းများကို ထည့်ပြီး နောက်ထပ်တစ်မိနစ်ခန့် တည်ပါ။
ထို့နောက် ထိမိကောင်းမွန်သော ကင်ချီဟင်းရည်ပူပူလေးရပါပြီ
ပူပူနွေးနွေး ထမင်းလေးဖြင့် သုံးဆောင်နိုင်ပါပြီ။