Zaw Myo Oo

Call Directions Contact the business

Zaw Myo Oo Arakan

02/07/2026

နောက်တစ်ယောက်နဲ့ မင်းအဆင်ပြေတယ်မလား....?

ဖောက်ပြန်ဖို့အတွက် အကြောင်းပြချက်တွေ လိုလာရင် ငါ့ကိုပဲ အပြစ်ပုံချလိုက်ပါဟာ...

“နင့်ကို ဂရုမစိုက်လို့” “နားလည်မပေးနိုင်လို့” ပင်ပန်းအောင် လုပ်မိလို့” ဘာအကြောင်းပဲဖြစ်ဖြစ် ငါပဲ “စိတ် မှားခဲ့တယ်လို့ ပြောလိုက်ပါ...

အကြောင်းပြ တကယ်တော့ မင်းထွက်သွားဖို့အတွက် ချက်ရှာနေချိန်မှာ ငါကတော့ မင်းမသွားဖို့အတွက်ပဲ အကြောင်းပြချက်တွေ လိုက်ရှာနေခဲ့တာ…

မင်းရဲ့ အေးစက်လာမှုတွေကို “အလုပ်ပင်ပန်းနေလို့ပါ” ဆိုပြီး ဖြေတွေးပေးခဲ့တယ်... မင်းရဲ့ လျစ်လျူရှုမှုတွေ ကိုလည်း “စိတ်မကောင်းဖြစ်နေလို့ပါ” ဆိုပြီး နားလည် ပေးခဲ့တယ်...

ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ့ရဲ့ နားလည်ပေးမှုတွေက မင်းဖောက်ပြန်ဖို့အတွက် အခွင့်အရေးတွေ ဖြစ်သွားခဲ့ တာပေါ့...

ရပါတယ်ဟာ... တကယ်လို့ မင်းပျော်နိုင်မယ်ဆိုရင် ဒီ ဇာတ်လမ်းထဲက ဇာတ်ပို့နေရာကိုလည်း ငါယူပေးလိုက် ပါ့မယ်...

နောက်လူမေးခဲ့ရင်လည်း ငါ့ကိုမချစ်ခဲ့ဘူးလို့ပဲ ဖြေ လိုက်ပါ...

ဘာလို့လဲဆိုတော့ မင်းကို အရမ်းချစ်ခဲ့တဲ့သူက အနိုင်ရ ဖို့ထက် မင်းပျော်ဖို့ကိုပဲ ရွေးခဲ့လို့ပါ...

အသက်ကြီးလာတာနဲ့အမျှ အကျင့်စရိုက်က ပိုရိုးရှင်းလာတယ်။ဆိတ်ငြိမ်တာကို ပိုကြိုက်လာတယ်။မဆက်သွယ်တာကြာပြီဖြစ်တဲ့လူတွေကို မဆက်သွ...
02/07/2026

အသက်ကြီးလာတာနဲ့အမျှ
အကျင့်စရိုက်က ပိုရိုးရှင်းလာတယ်။

ဆိတ်ငြိမ်တာကို ပိုကြိုက်လာတယ်။
မဆက်သွယ်တာကြာပြီဖြစ်တဲ့လူတွေကို
မဆက်သွယ်ဖြစ်တော့ဘူး။

သူသူငါငါ ပင်ပန်းနေကြ၊
ဘဝကိုယ်စီနဲ့ ရုန်းကန်နေကြတော့
မဆက်စပ်ဖြစ်တော့တာကိုလည်း နားလည်တယ်။

တခြားသူကို နားလည်အောင် မကြိုးစားတော့သလို
နားလည်ခံရဖို့ကိုလည်း မမျှော်လင့်တော့ဘူး။

မကြိုက်တဲ့ လူ၊ မနှစ်သက်တဲ့ ကိစ္စတွေနဲ့ကြုံရင်
စကားအပိုတွေ ပြောရမှာ ဝန်လေးလာပြီ။

အခုတော့...
အတွေးရဲ့ ဆိတ်ငြိမ်ရာ
စိတ်ရဲ့ ငြိမ်းချမ်းရာ
ခန္ဓာရဲ့ ကျန်းမာရာကိုပဲ ရှာနေမိတော့တယ်။

နိုင်ငံခြားကပြန်ရင် ဘာလုပ်စားရမလဲနိုင်ငံခြားမှာ နှစ်ပေါင်းများစွာ လုပ်လာတာပဲပြန်လာရင် အေးအေးဆေးဆေး နေနိုင်တော့မှာပေါ့လို...
01/07/2026

နိုင်ငံခြားကပြန်ရင် ဘာလုပ်စားရမလဲ
နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ လုပ်လာတာပဲ
ပြန်လာရင် အေးအေးဆေးဆေး နေနိုင်တော့မှာပေါ့
လို့ ပြောတဲ့သူတွေ ရှိကြပါတယ်။ ဒါပေမယ့်
အဲဒီစကားကို ပြောတဲ့သူအများစုက နိုင်ငံခြားထွက်ပြီး ဘဝနဲ့ရင်းကာ အလုပ်လုပ်ဖူးတဲ့သူတွေ မဟုတ်တတ်ကြပါဘူး။
တစ်ကယ့် မြေပြင်က ဘဝတွေကတော့ အဲဒီလောက် မလွယ်ကူလှပါဘူး။
နှစ်ပေါင်းများစွာ နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့တယ်။
အလုပ်မှာ အနိုင်ကျင့်ခံရတာတွေရှိတယ်။
ဂုန်းတိုက်ခံရတွေရှိတယ်။
မတရားဆက်ဆံခံရတာတွေရှိတယ်။
စိတ်နာစရာတွေကို မျိုသိပ်ပြီး ဆက်ရုန်းကန်ခဲ့ရတဲ့ နေ့တွေ မနည်းခဲ့ဘူး။
ငယ်တဲ့အချိန်က အဆင်ပြေနေသေးပေမယ့် ..
ကိုယ့်အသက်အရွယ်တစ်ခုရလာတော့ ကိုယ့်နိုင်ငံပြန်ဖို့ စတွေးမိလာခဲ့ပြီ။
အဲ့ဒိအချိန် ပထမဆုံး ဝင်လာတဲ့ အတွေးက ..
လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ..
" မြန်မာပြည်ရောက်ရင် ဘာလုပ်စားမှာလဲ " ဆိုတာပါပဲ..
အဲ့ဒိအချိန်မှာ သိန်းရာဂဏန်း လက်ထဲမှာ ရှိနိုင်ပေမယ့်...
သိန်းထောင်ချီ မရှိဘူး။
တိုက်ကြီးတာကြီးလည်း မရှိဘူး။
လုပ်ငန်းကြီး စဖို့ အရင်းအနှီးလည်း မလုံလောက်ဘူး။
ဆိုခဲ့ရင်.....
ဒီလိုနဲ့ ကိုယ့်အိမ်ယာလေးကို ပြန်ရောက်ပြီးတဲ့အချိန်မှာတောင် ..
အရင်က ကိုယ်ငွေလွှဲပေးနေတဲ့ အိမ်က လူတွေက
အခု ဘာဆက်လုပ်မှာလဲ လို့ မေးလာကြပါလိမ့်မယ်။
မိတ်ဆွေတစ်ချို့ကလည်း..
နိုင်ငံခြားမှာ ဒီလောက်ကြာခဲ့တာပဲ စီးပွားရေးတစ်ခုခု လုပ်လို့ရမှာပေါ့
လို့ ပြောလာကြပါလိမ့်မယ်။
ဒါပေမယ့် သူတို့ မသိတာတစ်ခု ရှိတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့တဲ့ နှစ်တွေထဲမှာ ကိုယ်ရှာတဲ့ ပိုက်ဆံတွေဟာ ကိုယ့်အတွက်ချည်း မဟုတ်ခဲ့ဘူးဆိုတာကိုပါပဲ။
မိဘတွေအတွက် ရှိခဲ့တယ်။
သားသမီးတွေအတွက် ရှိခဲ့တယ်။
ညီအစ်ကို မောင်နှမတွေအတွက် ရှိခဲ့တယ်။
အရေးပေါ် ပြဿနာတွေ အတွက် ရှိခဲ့တယ်။
အဲဒီကြားထဲမှာ စုဖို့ထက် သုံးဖို့က ပိုများခဲ့တယ်။
ဒါကြောင့်ပြန်ရောက်လာတဲ့အချိန်မှာ အသက်က ကြီးကောင်းကြီးနေပါလိမ့်မယ်။
သို့ပေမယ့် အတွေ့အကြုံတွေက အများကြီး ရှိလာနေပြီးပါပြီ။
ဒါပေမယ့်
အသစ်ကနေ ပြန်စရမယ့် ဘဝတစ်ခုကို ရင်ဆိုင်ရဖို့ကြိုးစားရပြန်တယ်။
တစ်ချို့တွေက စျေးရောင်းတယ်။
တစ်ချို့တွေက ဆိုင်သေးသေးလေး ဖွင့်တယ်။
တစ်ချို့တွေက Taxi မောင်းတယ်။
တစ်ချို့တွေက နေ့စားအလုပ် ပြန်လုပ်ကြတယ်။
ဘယ်အလုပ်ပဲ ဖြစ်ဖြစ် ရိုးသားစွာ လုပ်စားနေရင်တော့ သိက္ခာမကျပါဘူး။
ရှက်စရာလည်း မဟုတ်ပါဘူးဆိုပေမယ့်..
တကယ်တော့
မိသားစု အတွက် ပေးဆပ်တဲ့ နိုင်ငံခြားက ပြန်လာတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ
ဘယ်လောက် စုမိခဲ့လဲ ဆိုတာထက်
ဘယ်လောက် တာဝန်ကျေခဲ့လဲ ဆိုတာက ပိုအရေးကြီးခဲ့လို့ပါ။
ဘာလို့လဲဆိုတော့
သူ့ဘဝ ထက် သူ့ မိသားစု အဆင်ပြေဖို့က ပိုအရေးကြီးတယ်လို့ ခံယူထားသူမို့ပါ။

30/06/2026

မြဲမှန်ထင်တတ် လက်ကိုတွဲပါ🥀🥀🥀

30/06/2026
30/06/2026
07/04/2025

🥀🥀🥀🇲🇾🇲🇾

‎
23/06/2024

‎

Address

Sittwe

Telephone

+601111746487

Website

Alerts

Be the first to know and let us send you an email when Zaw Myo Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaw Myo Oo:

Shortcuts

Share

Category