AUN MYO WIN. SCM

AUN MYO WIN. SCM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AUN MYO WIN. SCM, Grocers, ဖျာပုံ ဘိုကလေး လမ်းမကြီး, Pyapon.

" #တစ်သက်လုံးကျေးဇူးတင်ထိုက်သူများ"_ နာမကျန်းဖြစ်ချိန်မှာဆေးပေးမီးယူ ပြုပေးသူ_ချို့တဲ့ချိန်မှာ ငွေထုတ်ချေး၍ ကူညီသူ_ဒုက္ခ...
27/10/2024

" #တစ်သက်လုံးကျေးဇူးတင်ထိုက်သူများ"

_ နာမကျန်းဖြစ်ချိန်မှာ
ဆေးပေးမီးယူ ပြုပေးသူ

_ချို့တဲ့ချိန်မှာ
ငွေထုတ်ချေး၍ ကူညီသူ

_ဒုက္ခရောက်ချိန်မှာ
ကိုယ်နှင့်တစ်သားတည်း ရှိပေးသူ

_ခက်ခဲနေချိန်မှာ
နောက်ကျောကနေ ပံ့ပိုးပေးသူ

_ဘာမျှမရှိချိန်မှာ
စိတ်မှန် နှလုံးမှန်ဖြင့် မြတ်နိုးသူ

_ဘာမှ မသိနားမလည်နေချိန်မှာ
စိတ်ပါလက်ပါ လမ်းညွှန်ပေးသူ

_သေရေးရှင်ရေးတမျှ အခက်အခဲ
အကြပ်အတည်းဖြစ်ချိန်မှာ စွန့်ခွာမသွားဘဲ
နှုတ်၏ဆောင်မခြင်း သို့မဟုတ် လက်၏
ဆောင်မခြင်းများဖြင့် ကူညီဖေးမ
စောင့်ရှောက်သူ

"ကြိုးစားမှုရဲ့ မနက်ဖြန်"================ကောင်ကင်နဲ့ မတန်တဲ့ ကြယ်ဆိုတာ မရှိပါဘူး။ကမ်းခြေနဲ့ မလိုက်ဖက်တဲ့ လှိုင်းဆိုတာ မရ...
30/07/2024

"ကြိုးစားမှုရဲ့ မနက်ဖြန်"
================

ကောင်ကင်နဲ့ မတန်တဲ့
ကြယ်ဆိုတာ မရှိပါဘူး။

ကမ်းခြေနဲ့ မလိုက်ဖက်တဲ့
လှိုင်းဆိုတာ မရှိဘူး။

ရေကန်နဲ့ မတင့်တယ်တဲ့
ကြာပင်ဆိုတာ မရှိဘူး။

ဒုက္ခနဲ့ ကင်းဝေးတဲ့
ဘဝဆိုတာ မရှိဘူး။

ပန်းတိုင်နဲ့ ဝေးသော
ကြိုးစားမှုဆိုတာ မရှိဘူး။

အောင်မြင်မှုနဲ့ မထိုက်တန်တဲ့
ဆုလဒ်ဆိုတာ မရှိဘူး။

ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေရတဲ့
ဘဝတွေဟာ မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာ မဟုတ်ပါဘူး။
ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေတာပါ။

ကြိုးစားတာတွေ ဖြစ်မလာတဲ့အခါ
စိတ်ပျက်အားငယ်တာ သဘာဝပါ။

အဆင်မပြေတာ တစ်ခုကြောင့်
ရည်ရွယ်ချက်တော့ မပျက်စေနဲ့။
ရည်ရွယ်ချက်ပျက်ရင် ဘဝပျက်တတ်တယ်။

စိတ်ဓာတ်ကျနေရင် ပန်းတိုင်နဲ့ဝေးသွားမယ်။
ပန်းတိုင်ဆိုတာ ကိုယ့်ဆီကိုယ် မလာဘူး။
ကိုယ်ကသာ ပန်းတိုင်ဆီကိုရောက်အောင် သွားရမှာ။

ဒီနေ့ ကျရှုံးနေလို့
စိတ်ပျက်အားငယ်နေမယ့်အစား
မနက်ဖြန်မှာ
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိပါတယ်။

မလျော့သော ဇွဲ၊လုံးလနဲ့ကြိုးစားမယ်ဆိုရင်
မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေက
စောင့်ကြိုလို့နေပါတယ်။

Credit to : # PPA
[ ဘဝကျောင်းသား ]

(မူရင်းဖန်တီး၊ ရေးသားသူများကို လေးစားစွာဖြင့်အသိအမှတ်ပြု ပြန်လည်မျှဝေပါသည်။)

crd.......🙏🙏🙏

အချိန်မီ မိဘအပေါ် သိတတ်ပါ***********************ဖတ်ကြည့်နော်… #လူတချို့က…မိဘတွေကို ဘယ်တော့မှ စကားကောင်းကောင်း မပြောတတ်ဘူ...
30/07/2024

အချိန်မီ မိဘအပေါ် သိတတ်ပါ
***********************
ဖတ်ကြည့်နော်…

#လူတချို့က…
မိဘတွေကို
ဘယ်တော့မှ
စကားကောင်းကောင်း မပြောတတ်ဘူး။

ဒါပေမဲ့…
တခြားသူနဲ့ကျ
ကိုယ့်ကိုယ်ကို
နှိမ့်ချ ပြောဆိုတတ်ကြတယ်။

#လူတချို့က…
မိဘတွေဆို
တွန့်တိုတတ်တယ်။

ဒါပေမဲ့…
သူငယ်ချင်း အ‌ပေါင်းအဖော်တွေနဲ့ကျတော့
ဘယ်လောက်ကုန်ကုန်
ရက်ရောတယ်။

#လူတချို့က…
မိဘကို
ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ကြတယ်။

ဒါပေမဲ့…
တခြားသူတွေကိုတော့
အနစ်နာခံနိုင်တယ်။

#လူတချို့က…
မိဘတွေကို
ချစ်တယ်လို့ ပြောရတာ
ရှက်စရာလို့ ထင်နေကြတယ်။

ဒါပေမဲ့…
တခြားလူတွေကိုတော့
ချိုသာတဲ့စကားတွေ
အမျိုးမျိုး ပြောလို့ နေတယ်။

#လူတချို့က…
မိဘများ၏ စိုးရိမ်ပူပန်မှုကို
စိတ်အနှောင့်အယှက်ဖြစ်စရာလို့
ရှုမြင်ကြတယ်။

ဒါပေမဲ့…
ကိုယ်မသိတဲ့လူဆီကတော့
စိုးရိမ်ပူပန်မှုကို
ပြေးရှာနေကြတယ်။

#လူတချို့က…
သူတို့အတွက်
အရာရာတိုင်းကို လုပ်ပေးနေတဲ့
မိဘတွေကို
ကျေးဇူးတင်တယ်လို့
ဘယ်တော့မှ မပြောခဲ့ဘူး။

ဒါပေမဲ့…
တခြားလူတွေက
နည်းနည်းလေး ကောင်းတာလုပ်‌ပေးရင်
ကျေးဇူးအလွန်တင်ကြတယ်။

#လူတချို့က…
မိဘတွေ
ဘယ်လောက်ထိ ဝမ်းနည်းကြေကွဲနေမလဲ
ဆိုတာ
ဘယ်တော့မှ ဂရုမစိုက်ဘူး။

ဒါပေမဲ့…
တစ်လောကလုံးရဲ့ ခံစားချက်တွေကိုတော့
အလွန် ဂရုစိုက်နေတယ်။

#သူငယ်ချင်း…
မင်း မှတ်ထားပါ။

တစ်ကမ္ဘာလုံးက
မင်းကို ကျောခိုင်းခဲ့ရင်တောင်
မင်းကို နားလည်ဖို့
အဆင်သင့်ဖြစ်နေမယ့်သူ
နှစ်ယောက်ပဲ ရှိတယ်။

အဲဒါ မိဘပါပဲ။

ပြီးတော့…
မင်းကို ဘယ်သူမှမချစ်‌လည်း
မင်းကို
သူတို့က ထာ၀ရချစ်‌နေမှာပါ။

ဒါကြောင့်…
မင်း ပြုစု စောင့်ရှောက်ဖို့
မိဘမရှိတဲ့ အချိန်မှ

( သို့မဟုတ် )
မင်းချစ်ဖို့ အမေ အ‌ဖေ မရှိတဲ့‌နေ့မှ
ဒီအ‌ကြောင်းတွေကို
တွေးတတ်မယ်ဆိုရင်
မင်း နောင်တ ရလိမ့်မယ်။

အချိန်မီ မိဘအပေါ်
နားလည် သိတတ်အောင် ကြိုးစားပါ။

မိဘ အားကိုးရသော
သား သမီးများ ဖြစ်နိုင်ကြပါစေ…

မူရင်း-Credit-လေးစွားဖြစ်ပြန်မျှဝေပါတယ် 🙏🙏🙏

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )

.ကြောက်စရာကောင်းတဲ့လူ ...သူ့ အိမ်ကပိုကောင်းတယ်လို့ပင့်ကူ အချင်းချင်း မတွေးကြဘူး။သူ့ အသံကပိုချိုတယ်လို့ဥဩ အချင်းချင်း မတွ...
18/07/2024

.ကြောက်စရာကောင်းတဲ့လူ ...

သူ့ အိမ်က
ပိုကောင်းတယ်လို့
ပင့်ကူ အချင်းချင်း မတွေးကြဘူး။

သူ့ အသံက
ပိုချိုတယ်လို့
ဥဩ အချင်းချင်း မတွေးကြဘူး။

သူ့ အတောင်ပံက
ပိုလှတယ်လို့
လိပ်ပြာ အချင်းချင်း မတွေးကြဘူး။

သူ့ အရောင်က
ပိုလင်းတယ်လို့
ကြယ် အချင်းချင်း မတွေးကြဘူး။

သူက အမှတ်ပိုများတယ်
သူက အလုပ်ပိုကောင်းတယ်
သူက ရာထူးပိုမြင့်တယ်
သူက နာမည်ပိုကြီးတယ်
သူက ပိုသာတယ်
သူက ပိုတော်တယ်
သူက ပိုတယ်

လူအချင်းချင်း တွေး
လူအချင်းချင်း တွန်း
လူအချင်းချင်း တိုက်ကြတယ်။

ကူ မလိုနဲ့ ယူ

ထူ မလိုနဲ့ ခြူ

ခြေထိုး ပြီးမှ ရှေ့တိုးတက်တာ လူ။

လျှာဖျားမှာ မေတ္တာတရား
နှလုံးသားက မစ္ဆရိယပွားတာ လူ။

ဆင်းရဲတာကြားရင် အားရ၊

မျက်ရည်ကျတာမြင်ရင် ပျော်ကြတာ လူ။

ပင်လယ်ရေကို မောင်ပိုင်စီး
ဝန်တိုလောင်မီးနဲ့
မနာလိုစိတ်ကြီးတာ လူ။

လူ လူ လူ
ကြောက်စရာကောင်းတဲ့ လူ။
ဪမေ့လို့

"ငါ"ဆိုတဲ့ကောင်ကလည်း
အဲဒီလူတွေထဲက "လူ"

အဲ့လို လူ မဖြစ်အောင် ဆင်ခြင်နေရတဲ့ ငါ့လိုလူ

Crd မူရင်ကိုလေးစွားဖြစ်ပြန်လည်မျှဝေပါသည် 🙏🙏🙏🙏

စိမ့်စမ်းရေ

ဒေါသဖြေလျှော့နည်းအရမ်းကောင်းတယ် ဖတ်ကြည့်နော်....✔ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။က...
18/07/2024

ဒေါသဖြေလျှော့နည်း

အရမ်းကောင်းတယ် ဖတ်ကြည့်နော်....✔
ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။

" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့
ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။

" ခွေးရူးကိုနိုင်တော့
ဂုဏ်ယူစရာ ကောင်းသလား သား " ၊

ကျားငယ်ခေါင်းခါပါတယ်။

" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား "

ကျားငယ်က ခေါင်းခါပြန်တယ်။

" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို သွားရန်စရမှာလဲ၊
ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာ
လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား
မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊
လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တူ
ကိုက်နေကြတာ " တဲ့။

တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်
တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။

Crd..မူရင်ကိုလေးစွားဖြစ်ပြန်လည်မျှဝေပါသည် 🙏🙏🙏🙏

တချို့လူတွေက မိဘတွေကို ဘယ်တော့မှ စကားကောင်းကောင်း မပြောတတ်  ဒါပေမယ့် အခြားသူနဲ့ကျကိုယ့်ကိုကိုယ်နှိမ့်ချကြတယ်     တစ်ချို...
18/07/2024

တချို့လူတွေက မိဘတွေကို ဘယ်တော့မှ စကားကောင်းကောင်း မပြောတတ် ဒါပေမယ့် အခြားသူနဲ့ကျ
ကိုယ့်ကိုကိုယ်နှိမ့်ချကြတယ်

တစ်ချို့လူတွေက မိဘတွေနဲ့ တွန့်တိုတွန့်တိုတတ်ပေမယ့် သူငယ်ချင်းအ‌ပေါင်းဖော်တွေနဲ့ကျတော့ ရက်ရောတယ် ဘယ်လောက်ကုန်ကုန်

လူအချို့က မိဘကို ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ကြတယ် ဒါပေမယ့် တခြားသူတွေနဲ့တော့ အနစ်နာခံနိုင်တယ်။

မိဘတွေကို ချစ်တယ်လို့ ပြောရတာ ရှက်စရာလို့ တချို့က ထင်ကြတယ်။ ဒါပေမယ့် တခြားလူတွေနဲ့တော့ ချိုသာတဲ့စကားတွေ အမျိုးမျိုးပြောလို့နေတယ်

လူအချို့က မိဘများ၏ စိုးရိမ်ပူပန်မှုကို စိတ်အနှောင့်အယှက်အဖြစ် ရှုမြင်ကြတယ် ဒါပေမယ့် ကိုယ်မသိတဲ့လူဆီက စိုးရိမ်ပူပန်မှုကိုပြေးရှာကြတယ်။

တစ်ချို့လူတွေက သူတို့အတွက် အရာရာတိုင်းကို လုပ်ပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်တယ်လို့ ဘယ်တော့မှ မပြောခဲ့ဘူး ဒါပေမယ့် တခြားလူတွေက နည်းနည်းလေး ကောင်းတာလုပ်‌ပေးရင် ကျေးဇူးအရမ်းတင်ကြတယ်။

တစ်ချို့လူတွေက မိဘတွေ ဘယ်လောက်ဝမ်းနည်းကြေကွဲရတယ်ဆိုတာ ဘယ်တော့မှ ဂရုမစိုက်ဘူး။ ဒါပေမယ့် တစ်လောကလုံးရဲ့ ခံစားချက်တွေကို အရမ်းဂရုစိုက်နေတယ်

အဲဒါကို မှတ်ထားပါ!! တစ်ကမ္ဘာလုံးက မင်းကို ကျောခိုင်းရင်တောင် နားလည်ဖို့ အဆင်သင့်ဖြစ်မယ့်သူ နှစ်ယောက်ပဲရှိ
တယ် အဲ့ဒါမိဘပဲ ပြီးတော့ မင်းကိုဘယ်သူမှမချစ်‌
တော့တဲ့နေ့မှာမင်းကိုထာ၀ရချစ်‌နေမှာ❤️.....

မင်း ပြုစုစောင့်ရှောက်ဖို့ မိဘမရှိတဲ့အချိန်မှ သို့မဟုတ် မင်းချစ်ဖို့ အမေအ‌ဖေမရှိတဲ့‌နေ့မှ ဒီအ‌ကြောင်းတွေ တွေးတတ်ပြီးမဖြစ်ပါစေနဲ့ နောင်တရလိမ့်မယ်။
#မူရင်ကိုလေးစွားဖြစ်ပြန်လည်မျှဝေပါသည် 🙏🙏မေမေကျန်မာပါစေ🙏🙏🙏

ရင့်ကျက်သင့်ပါပြီ ---------//------- ဆရာကြီးအောင်သင်းရဲ့ စကားလေး လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိ...
18/07/2024

ရင့်ကျက်သင့်ပါပြီ
---------//-------
ဆရာကြီးအောင်သင်းရဲ့ စကားလေး လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး။
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး။
တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ။ ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး။
"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့ ဆရာပြောမှ ရှင်းသွားတယ် ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်။
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်။
ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်။
ကြီးလာတော့ ဒါတွေနည်းသွားတယ် ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ။
အလုပ်မှာလည်း ဒီလိုပဲ မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့ကဘယ်လိုလို့ တွေးတတ်ကြတယ်။
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်။
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်။
အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့် ပြောင်းလဲလာတာတွေ အများကြီးရှိတယ်
ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့။
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ။
ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်။
ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ။
ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက မယုံမရှိပါနဲ့။
တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။
"ဒါဆို သင် ရင့်ကျက်လာပြီ" *******************
ငယ်ငယ်တုန်း ကတော့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့ ယုံကြည် ခဲ့ ဖူးပါတယ် လက်တွေ့ ဘဝ မှာတော့ ဘာတွေကို ကြိုးစား ရမယ်၊ ဘာတွေကို လျစ်လျူရှု တတ်ရမယ် ဆိုတာ သဘောပေါက် သွားခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပြီ။
အရှုံး ဆိုတာ နာကျင် စရာ မဟုတ်သလို၊ အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ အရှုံးတွေနဲ့ မကြာခဏ ဆိုသလို ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ် မခံရအောင် သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပါပြီ။
ဟိုးတုန်းက သင်ယူတယ် ဆိုတာ ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ် နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ အသုံးချဖို့ မျှဝေဖို့ စတဲ့ အတွေးအခေါ် အကြောင်းအရင်းတွေနဲ့ သင်ယူ လာတယ်။ ဒါဆို သင် ရင့်ကျက်လာပြီ။
၀မ်းနည်း နေပေမယ့် ပြုံးနေမိတယ် ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေ ပါ တယ် ဒါဆို သင် ရင့်ကျက်လာပြီ။
လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သူတွေ မှန်း သိလာရတယ် ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူ ရှု တတ်လာ ပါမယ် ဒါဆို သင် ရင့်ကျက်လာပြီ။
အစပိုင်းမှာ လူတွေ သတ်မှတ် ထားတဲ့ အောင်မြင်မှုကို ရှာတယ် နောက်ပိုင်း မှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ် ဒါဆို ရင့်ကျက်လာပြီ။
ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊ သင်ကောင်းကောင်း သိလာပြီ ဒါဆို သင် ရင့်ကျက်လာပြီ။
လူတွေရဲ့ စကားကို ဂရု မစိုက်တတ်ဘူး ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့ ဂရုစိုက် တတ်လာပြီ ဒါဆို ရင့်ကျက်လာပြီ။
အဆိုးတွေ နဲ့ ကြုံရတိုင်း ဝမ်းမနည်း တတ်တော့ဘူး ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ သိ သွားပြီ ဒါဆို သင် ရင့်ကျက်လာပြီ။
crd......... #မူရင်ကိုလေးစွားဖြစ်ပြန်လည်မျှဝေပါသည် 🙏🙏🙏

လုပ်နိုင်ရမယ်===========မျှော်လင့်ချက်တွေ အိပ်မက်တွေပြိုလဲသွားရင်တောင် ဘဝကိုအရှုံးမပေးလိုက်နဲ့ယာယီရှုံးနိမ့်မှုတွေအတွက်အ...
18/07/2024

လုပ်နိုင်ရမယ်
===========
မျှော်လင့်ချက်တွေ အိပ်မက်တွေ
ပြိုလဲသွားရင်တောင် ဘဝကိုအရှုံးမပေးလိုက်နဲ့

ယာယီရှုံးနိမ့်မှုတွေအတွက်
အသစ်တဖန်ကြိုးစားခွင့်ရှိတာ အားလုံးမှာရှိတယ်

ဘဝဇာတ်ခုံပေါ်မှာ ကံ ကြိုးဆွဲရာကနေရတယ်ဆိုပြီး
ကိုယ့်ကိုယ်ကို လျော့မတွက်နဲ့

ကံဆိုတာကိုယ်ကလုပ်တာ
မထင်မှတ်တဲ့ ရှု့ထောင်က
နာကျင်စရာတွေလာခဲ့ရင်တောင်
ကိုယ်လုပ်နိုင်တဲ့ဘက်ကအကောင်းဆုံးလုပ်ပါ

နူတ်ခမ်းဆိုတာ ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာ
မဲ့လို့လည်းရတယ် ပြုံးလို့လည်းရတယ်

နှလုံးသားကိုအဖြူစင်ဆုံးထား
ဒဏ်ရာဆိုတာ ကိုယ်ကခံယူမှရတာ

အပေါ်ယံဒဏ်ရာကို အချိန်ကကုသပေးတယ်
ရင်ထဲက ဒဏ်ရာကို ကိုယ့်ရဲ့အသိဥာဏ်နဲ့
ကုစားနိုင်ရမယ်....

#မူရင်ကိုလေးစွားဖြစ် ပြန်လည်မျှဝေပါသည် ✍️❤️❤️❤️❤️❤️

🏝စိမ့်စမ်းရေ🏞

အလုပ်မှာ တအား လုပ်မပြပါနဲ့...======================တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။သူမှာနွားပိန်တစ်က...
16/07/2024

အလုပ်မှာ တအား လုပ်မပြပါနဲ့...
======================
တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။
သူမှာနွားပိန်တစ်ကောင်ပဲရှိတယ်
လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်။
သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ
တယ်။
သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး
ယောင်ဆောင်ပြီး နေတယ်။
သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်။
အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။
လိုက်တောင်တရွတ်ဆွဲနေသေး ၊
နွားလားဥဿဖသိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့။
တစ်နေ့တစ်နေ့အားကုန်ရုန်းရတဲ့အပြင် ၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီးကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်။
၃ / ၄ ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊ နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့
ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော
ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ် ။
ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ ၊ အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့ ။
သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။
မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း
အဲ့လိုပဲ အိမ်တွေ ၊ရုံးတွေ ၊ အလုပ်တွေမှာ အဲ့လိုနွားပိန်
တွေရွိတယ်။
အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ ၊ အားကောင်းတဲ့သူ
ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့
အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့
ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ် ၊
ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ ၊
သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည # #

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး*******************************ဖတ်ကြည့်နော်…အိမ်ထောင်ရေးဆိုတာမျိုးက…ဘောလုံးအသင်း တစ်သင်းလိ...
16/07/2024

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး
*******************************
ဖတ်ကြည့်နော်…

အိမ်ထောင်ရေးဆိုတာမျိုးက…
ဘောလုံးအသင်း တစ်သင်းလိုပါပဲ။

တစ်ယောက်တည်း
ကွင်းပတ်ကစားလို့ မရနိုင်ပါဘူး။

လင်နဲ့ မယား အပေးအယူ
အချိတ်အဆက် မိမှ
သာယာသော အိမ်ထောင်ရေး
ဖြစ်လာမှာပါ။

အိမ်ထောင်ဦးစီးကလည်း
ငွေကြေးရှာဖွေပေးရုံနဲ့ မလုံလောက်သလို
အိမ်ရှင်မကလည်း
အိမ်မှုကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။

အိမ်ထောင်ဦးစီးတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ…

၁။အလုပ်တစ်ခုကို အတည်တကျ
လုပ်ပါ။

၂။အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။

၃။မိသားစုအတွက် တတ်နိုင်သမျှ
အချိန်ပေးပါ။

၄။အရက်သေစာ လောင်းကစား
အပျော်အပါးများကို
တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

၅။သား သမီးများကို အချိန်ရရင် ရသလို
နွေးထွေးမှုပေးပြီး ဆုံးမပါ။

၆။ကိုယ်ကျင့်တရားကို
အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းပါ။

၇။ဘုရား တရား သံဃာ မိဘ ဆရာကို
ရိုသေ ကိုးကွယ်ပါ။

၈။အသိပညာမြင့်မားအောင် စာဖတ်ပါ။

၉။အကောင်း အဆိုးကို ခွဲခြားတတ်ဖို့
လိုပါတယ်။

၁ဝ။အမြင်ကျယ်ပြီး
စိတ်သဘောထားမြင့်မားဖို့ လိုပါတယ်။

၁၁။ဇနီးသည်ကို လေးစား တန်ဖိုးထားပါ။
(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ
သား သမီးနှင့် ပတ်ဝန်းကျင်က
လေးစား တန်ဖိုးထားမှာပါ)

၁၂။အလုပ်ရဲ့ဖိအားကို
အိမ်မှာ မပေါက်ကွဲမိပါစေနဲ့။

၁၃။တည်ကြည်သော စကား
နွေးထွေးသော အပြုအမူနဲ့
အိမ်ရှင်မရဲ့ ချွေးကို သုတ်ပေးပါ။

၁၄။အိမ်ရှင်မကို ရိုက်နှက်ခြင်း နှင့်
စကားကြမ်းကြမ်းပြောဆိုခြင်း
မပြုလုပ်သင့်ပါ။

အိမ်ထောင်ဦးစီးဆိုတာ…
ဇနီးမယား၏ အားကိုးရာ ဖြစ်သလို
သား သမီးများအတွက်
စံနမူနာ ပုဂ္ဂိုလ် ဖြစ်သောကြောင့်
ကိုယ်ကျင့်တရား လုံခြုံဖို့တော့ လိုပါတယ်။

အိမ်ရှင်မ ဆိုတာ…
အိမ်ကို ရှင်သန်အောင် မ-စ သူ ဖြစ်သလို
သား သမီးများ၏ ဘဝကို
တည့်မတ်အောင် မ-စ ပေးနိုင်သော
အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါ။

အိမ်ရှင်မတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ

၁။စည်းကမ်းရှိပါ။

၂။နှစ်ဖက်ဆွေမျိုးတွေအပေါ်
အတတ်နိုင်ဆုံး ကြည့်ရှုပေးကမ်းပါ။

၃။ဖြစ်သလို မနေသင့်သလို
အလွန်အကျွံ အလှအပ မမက်မောသင့်ပါ။

၄။အနေအထိုင် အပြောအဆို
သတိထားပါ။

၅။ဝင်ငွေ ထွက်ငွေကို အသုံးချတတ်ပါစေ။

၆။သစ္စာတရားကို လက်ကိုင်ထားပါ။

၇။မယ်တစ်ရွက် မရွက်နိုင်ရင်တောင်မှ
ပလိုင်းပေါက်မဖြစ်ဖို့ အရေးကြီးပါတယ်။

၈။ဘုရား တရား သံဃာ မိဘ ဆရာကို
ကိုးကွယ်ယုံကြည်ပါ။

၉။အိမ်လည်ခြင်း
ချဲထီစသော လောင်းကစားများကို
ရှောင်ကြဉ်ပါ။

၁ဝ။ဘေးလူပြောစကားထက်
ကိုယ့်လင်သားကို ယုံကြည်မှု ထားပါ။

၁၁။ကိုယ့်လင်သားကို လေးစားပါ။
(ကိုယ်လေးစားမှ
သားသမီးနှင့် ပတ်ဝန်းကျင်က
လေးစားမှာပါ)

၁၂။လင်ယောက်ျား
အလုပ် အဆင်ပြေသည် ဖြစ်စေ
မပြေသည် ဖြစ်စေ
ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။

၁၃။ချိုသာသောစကား နှစ်လိုဖွယ်အပြုံးနဲ့
လင်ယောက်ျားရဲ့
ဘဝအမောတွေကို ဖြေဖျောက်ပါ။

၁၄။လင်ယောက်ျား စိတ်ရှုပ်နေတဲ့အခါ
စကားကို သတိထားပြောပါ။

အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့…
အတ္တတွေ လျှော့ချပြီး ချစ်ခြင်းထက်
ယုံကြည်မှု
နားလည်မှုကို
ခိုင်မာအောင် တည်ဆောက်ရတာမျိုးပါ။

အတ္တတွေ လျှော့ချပြီး
သူ့ဘက် ကိုယ့်ဘက်မျှတအောင် ကြည့်ရှု
ခံစားပေးခဲ့ရင်
သစ္စာတရား ခိုင်မာလာပြီး
မေတ္တာတရား လေးနက်လာပါလိမ့်မယ်။

ပျော်ရွှင်စရာကောင်းသော
စံပြအိမ်ထောင်ရေး ဖြစ်လာဖို့က
နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး

ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးမှသာ
ပျော်ရွှင်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။
#လေးစွားဖြစ်ပြန်မျှဝေပါတယ် #
#

" ကြာကြာပေါင်းမှအကြောင်းသိမယ် " - ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့ အ...
29/05/2024

" ကြာကြာပေါင်းမှအကြောင်းသိမယ် "
- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။
- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။
- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။
- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ
တသင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် ။
ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ.... ။
- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့
မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီး
မနာလိုဖြစ်တတ်သူတွေရှိတယ်။
- အပေါင်းအသင်းများတိုင်း
မိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ်
ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်။
- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့
ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။
- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်။
-သတိထားပါ
သစ်ပင် ကောက်တာ မြင်ရပေမယ့်
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်
လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ ။
- အပေါ်ယံ ချိုမြိန်မှုတွေက
ကြာကြာဝါးမှခါးမှန်းသိလာသလို
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊
လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို
ကြာကြာပေါင်းကြည့်မှသာ
အကြောင်းသိ လာပါလိမ့်မယ်

လေးစားမူပြန်လည်မျှဝေပေးတယ်

မာန်တက်နေတဲ့သား/သမီးများ ဖတ်ရန်~~~~~~~~~~~~~~~~~~~~~~~~~~~~~~အဲဒါ ငါ့အဖေ ( လယ်တွင်းသား စောချစ် )           ကျွန်တော်ငယ်င...
28/05/2024

မာန်တက်နေတဲ့သား/သမီးများ ဖတ်ရန်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲဒါ ငါ့အဖေ ( လယ်တွင်းသား စောချစ် )

ကျွန်တော်ငယ်ငယ်က အဖေ ကျွန်တော့်ကို သိပ်ချစ်တယ်။ အဖေလည်း ကျွန်တော့်ကို သိပ်ချစ်ခဲ့ပါတယ်။ ကျွန်တော်တို့သားအဖ ဆက်ဆံရေးက ပျော်စရာ၊ ကြည်နူးစရာပါ။ အခု ကျွန်တော်ကြီးလာပြီးမှ ခပ်မှန်မှန် ခပ်တန်းတန်း ဆက်ဆံရေး ဖြစ်သွားတာပါ။

အထူးသဖြင့် ကျွန်တော်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ ခုလို အဆင်မပြေ ဖြစ်သွားတာပါ။

ကျွန်တော်ငယ်ငယ်က အဖေကားမ၀ယ်နိုင်သေးဘူး။ သံချည်သံကွေး သံပန်း ကိုယ်ပိုင်လုပ်ငန်းတော့ရှိပြီ။ ကျွန်တော် ကျောင်းသွားရင် အဖေ့ပခုံးပေါ် ခွစီးသွားရတယ်။ အဖေက ကျွန်တော့်လွယ်အိတ်ကိုလွယ်ပြီး ကျွန်တော့် ထမင်းဘူးလေးကို ဆွဲထားသေးတယ်။ အဲဒီရက်တွေကို ကျွန်တော်မမေ့နိုင်ဘူး။ သိပ်သဘောကျတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကားနဲ့ကျောင်းသွားတဲ့ လူတွေကို အားမကျမိဘူး။ အဖေ့ဂုတ်ပေါ်ခွစီးပြီး အားလုံးကို အမြင့်ကြီးကနေ ကြည့်ရမြင်ရတာ သဘောကျတယ်။ ကားလေးတွေကိုလည်း အဖေ့ပခုံးပေါ်ကနေ ကျွန်တော်ငုံ့ကြည့်ရတယ်။

အဖေက ဆယ်တန်းမအောင်ခဲ့ဘူး။ ၇ တန်းအထိပဲကျောင်းနေခဲ့ရတယ်။ ဒါတောင် တောရွာကအလယ်တန်း ကျောင်းမှာ ၇ တန်းအောင်ပြီး ဆင်းရဲလို့ ကျောင်းဆက်မနေနိုင်တာနဲ့ ကြုံရာကျပန်း ရရာအလုပ်ကို လုပ်ရတယ်။ နောက်မှ ရန်ကုန်က ဦးလေးတစ်ယောက် အဆက်အသွယ်နဲ့ သံချည်သံကွေးသံပန်းလုပ်ငန်းတစ်ခုမှာ အလုပ်ရတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ လုပ်ငန်းကျွမ်းကျင်ပြီး လခကောင်းကောင်းရလာတယ်။ အရွယ်လေးရတော့ လုပ်ငန်းရှင်က အားကိုးရတဲ့ သံချည်သံကွေး၊ သံပန်း သံတံခါးဆရာ ဖြစ်လာတယ်။

ငွေကလေးစုမိတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းခွဲထောင်တယ်။ အမေနဲ့အိမ်ထောင်ကျတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဖြစ်နေပြီ။ အဖေက ကျွန်တော့်ကို သူ မအောင်ခဲ့တဲ့ ဆယ်တန်းကို အောင်စေချင်တယ်။ သူ မတက်ခဲ့ရတဲ့ တက္ကသိုလ်ကို တက်စေချင်တယ်။

ကျွန်တော်ဆယ်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့အောင်တယ်။ အဖေ၀မ်းသာလွန်းလို့ အိမ်မှာလူတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံတယ်။ ကျွန်တော့်ကိုလည်း ဆုတွေပေးတယ်။ ကျွန်တော်လည်း ပျော်တာပေ့ါ။ အဲဒီအထိ အဖေနဲ့ကျွန်တော် အဆင်ပြေပါတယ်။

တက္ကသိုလ်တက်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းရသင်းရ၊ သူငယ်ချင်းတွေရဲ့ မိဘတွေနဲ့ တွေ့ရဆုံရ ပြောဆို ရတော့ အဖေ့ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို အထင်သေးလာတယ်။

အဖေက အများအားဖြင့် သူ့အလုပ်သမားတွေနဲ့ ပြောရဆိုရတော့ စကားပြောတာ မာတယ်၊ ကြမ်းတယ်၊ သိမ်သိမ်မွေ့မွေ့ သိပ်မရှိဘူး။ ၀တ်တာဆင်တာလည်း အိမ်မှာရော အလုပ်ထဲမှာရော သံဂဟေ၊ သံချည် သံကွေး လုပ်နေရတော့ ခပ်ပေပေ ခပ်နွမ်းနွမ်း ခပ်ကြမ်းကြမ်းအ၀တ်တွေပဲ ၀တ်တယ်။

သားသမီးကို ဆုံးမတာလည်း ထင်ရင်ထင်သလို၊ မထင်ရင်မထင်သလို ပြောတတ်ဆိုတတ်တယ်။ စေတနာရှိတာ သိပေမယ့် ဆုံးမပုံ စနစ်မကျဘူးလို့ ထင်တယ်။

ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူဖြစ်တဲ့ ဇော်မင်းထက် အိမ် လိုက်သွားတဲ့အခါ သူ့အဖေ ဦးအောင်ထက် နေပုံထိုင်ပုံ ပြောပုံဆိုပုံကို သိပ်သဘောကျတယ်။ သူက ဥပဒေဘွဲ့ရ၊ ခရိုင်တရားသူကြီး။ ကျွန်တော့်ကိုလည်း သူ့သားရဲ့ သူငယ်ချင်းအဖြစ်နဲ့ ချစ်ခင်ပါတယ်။

ကျွန်တော့်မိဘ အလုပ်အကိုင်မေးလို့ သံချည်သံကွေး၊ သံပန်း၊ သံတံခါးလုပ်ငန်း လုပ်တာပြောတော့ ကောင်းတာပေ့ါ၊ ကိုယ်ပိုင်အလုပ်ကမှ ကြီးပွားချမ်းသာတာ၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဘယ်သူ့မှ ကြောက်မနေရဘူး။ ကြိုးစားသလောက် တိုးတက်နိုင်တယ်လို့ ပြောတယ်။.

ဒါပေမယ့် ငယ်တုန်းတော့ ပညာကို ကြိုးစားသင်ယူဖို့လိုကြောင်း၊ ဘွဲ့တစ်ခုခုရဖို့ လိုအပ်တဲ့အကြောင်း ပြောပါတယ်။ အင်္ဂလိပ်စကားလုံးတွေ သုံးတဲ့အသံထွက်ကလည်း သိပ်ကောင်းတာပဲ။ ငါ့အဖေလည်း ဒီလိုဖြစ်နေရင် ကောင်းမှာလို့ မိမိဆန္ဒဖြစ်မိတယ်။

အဲဒီနေ့က အိမ်ပြန်ရောက်တော့ မိသားစုအတူစားကြတဲ့ညနေစာ ထမင်းဝိုင်းမှာ ဇော်မင်းထက်အဖေအကြောင်း ချီးကျူးပြောဆိုမိတယ်။ အဖေဘာမှ ပြန်မပြောဘူး။

နောက်တစ်နေ့ ကျောင်းကို အဖေကားနဲ့လိုက်ပို့တော့ လမ်းမှာယာဉ်ထိန်းရဲတွေစောင့်ပြီး စစ်ဆေးနေတာ တွေ့ရတယ်။

အဖေက “ဟ ဆပ်ပလိုင်းချက်တွေနဲ့ တွေ့နေပြီ” လို့ ပြောတယ်။

“အဖေကလည်းဗျာ..ဆပ်ပလိုင်းချက် မဟုတ်ပါဘူး… ဆပ်ပရိုက်ချက် ပါလို့” အင်္ဂလိပ်လို ပီပီသသပြောပြီး ပြင်ပေးလိုက်တယ်။

“မင်းကလည်း ငါသင်ပေးလို့ တက္ကသိုလ်ရောက်တာနဲ့ ကြီးကျယ်မနေစမ်းပါနဲ့၊ လူတိုင်း ဆပ်ပလိုင်းချက်လို့ ပြောနေကြတာပဲ.. ဆပ်ပလိုင်းချက်တော့ ဘာဖြစ်လဲ” ကျွန်တော့်ကို မကျေမနပ် ပြန်ပြောတယ်။

ကျွန်တော်က ဘယ်ခံမလဲ။ “အဖေပြောတာ အသံထွက်မှားနေလို့ ပြင်ပေးတာပဲ.. သူများကြားရင် အဖေ့ကို ရယ်မှာစိုးလို့ စေတနာနဲ့ပြောတာ၊ ကိုယ်မသိရင်မပြောနဲ့ပေ့ါ” လို့ ပြန်ပြောလိုက်တာပေ့ါ။

နောက်တစ်နေ့ကစပြီး အဖေကျွန်တော့်ကို ကျောင်းလိုက်မပို့ဖြစ်တော့ဘူး၊ စကားလည်း သိပ်မပြောတော့ဘူး ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ကျောင်းသွားပါတယ်။

အဲဒီနောက်ကတည်းက အဖေနဲ့ကျွန်တော့်ရဲ့ ဆက်ဆံရေးဟာ ခပ်မှန်မှန်ခပ်တန်းတန်း ဖြစ်သွားပါတယ်။ ပြောစရာ ရှိရင် အမေကတဆင့် ပြောကြဆိုကြပါတယ်။

ညီမလေးက ကိုးတန်း၊ ညီမလေးကိုတော့ အဖေ ကားနဲ့ကျောင်းပို့ကျောင်းကြိုလုပ်ပေးပါတယ်။

နောက်တော့ အဖေ အင်္ဂလိပ်လို စကားလုံးအမှားတွေ ပြောနေတာ အများကြီးကြားနေရတယ်။ ဆစ်ကနယ်မီးတို့၊ အော်ဒီဂျင်တယ်တို့လို ဟာမျိုးတွေပေ့ါ.. ရှက်စရာကောင်းတယ်။ ကျွန်တော်ဘာမှ မပြောတော့ပါဘူး.. ကိုယ့်စေတနာကို သူမှ လက်မခံတာပဲ။ ဒါပေမယ့် သူများရှေ့မှာ ကိုယ့်အဖေက မပီမသ မမှန်ကန်တဲ့ အသံထွက်တွေနဲ့ ပြောနေတော့ ရှက်စရာကောင်းလို့ စိတ်ပျက်တာပေ့ါ။

လူကြီးလူငယ်ရဲ့ အားပြိုင်မှု၊ ခေတ်ပညာမတတ်တဲ့ အဖေနဲ့ ခေတ်ပညာတတ်တဲ့ သားသမီးရဲ့ အားပြိုင်မှုလို့ပဲ နားလည်ထားလိုက် ပါတယ်။

ကျွန်တော့်ကျောင်းစရိတ်၊ သွားစရိတ် လာစရိတ်၊ စားတာ၊ ၀တ်တာ၊ ကုန်ကျတာအားလုံးတော့ အဖေကပဲ ပေးနေရတာပါ။ တစ်အိမ်လုံးမှာ စီးပွားရေးဆိုလို အဖေတစ်ယောက်ပဲ ရှိတာကိုး။ ဆည်တဲ့ ကန်သင်းဖြစ်တဲ့ အမေကတော့ အားလုံးအတွက် စီမံခန့်ခွဲ သုံးစွဲရာမှာ ကျွန်တော့်အတွက်လည်း ပါတာပေ့ါ။ ကျွန်တော့်အတွက် ကုန်ကျတာက အများဆုံး တောင် ဖြစ်ချင်ဖြစ်မယ်။

တစ်နေ့တော့ ဇော်မင်းထက်နဲ့ ကျွန်တော် ဝါးနက်ချောင်းရွာ ဘုရားပွဲကို သွားကြတယ်။ ကျွန်တော်တို့ တစ်တန်းတည်း ကွန်ပျူတာတက်နေတဲ့ အောင်မိုးတို့ရွာပေ့ါ။ အောင်မိုး အတင်းခေါ်လို့ အလည်လိုက်သွားကြတာ။

အောင်မိုးအဖေက လယ်သမား။ လယ်တွေများလို့၊ ကျွဲတွေ၊ နွားတွေလည်း ခြောက်ကောင်လောက်ရှိတယ်။ အိမ်က နှစ်ထပ်အိမ်ပါပဲ။

ဒါပေမယ့် လယ်သမားအိမ်ဆိုတော့ ရှုပ်လို့ပွေလို့။ သူတို့အိမ်နဲ့စာရင်တော့ ကျွန်တော်တို့အိမ်က သပ်သပ်ရပ်ရပ်နဲ့ အဆင့်ရှိ တာပေ့ါ။ ဇော်မင်းထက်တို့အိမ်ကတော့ ဘာမှမဆိုင်ဘူး။ အသပ်ရပ်ဆုံးနဲ့အထက်တန်းအကျဆုံးပဲ။

ဘုရားပွဲထုံးစံအတိုင်း ဧည့်သည်တွေကလည်းများ၊ စားစရာတွေကလည်း စုံလို့။ ကျွန်တော်တို့ကတော့ လူရှင်းရာ အောင်မိုး အခန်းမှာပဲ နေကြတယ်။

အောင်မိုးအခန်းမှာ စာကြည့်စားပွဲနဲ့၊ ခုတင်နဲ့၊ စာအုပ်စင်နဲ့ ကွန်ပျူတာနဲ့ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။

ကျွန်တော်တို့သုံးယောက် စကားပြောနေကြတုန်း အောင်မိုးအဖေ၀င်လာတယ်။ ကုလားထိုင်တစ်လုံးမှာ ၀င်ထိုင်ပြီး ကျွန်တော်တို့စကားပြောတာကို နားထောင်နေတယ်။ ကျွန်တော်တို့ပြောတဲ့အထဲမှာ ကွန်ပျူတာ ဗိုင်းရပ်စ်၀င်တဲ့ အန ္တရာယ်အကြောင်း ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲလ်တွေ ပျက်ကုန်တဲ့အကြောင်း ပြောတော့ အောင်မိုးအဖေက ၀င်မေးလိုက်တယ်။

“အဲဒီ ဗိုင်းရပ်စ် ဆိုတာ ပိုးလား” တဲ့။ အောင်မိုးက “ပိုးတစ်မျိုးပေ့ါ” လို့ ပြောတယ်။ “အဲဒီပိုးကောင်းက ဘယ်လို ရောက်လာပြီး ကျွန်ပျူတာထဲကို ဘယ်အပေါက်က ၀င်တာလဲ..အဲဒီ အပေါက်ကို လုံအောင်ပိတ်ထားလို့ မရဘူးလား..သူ့လယ်မှာ သုံးတဲ့ သြဘာပိုးသတ်ဆေးသုံးရင် မရဘူးလား” .. လို့ မေးတယ်။

့ ကျွန်တော်နဲ့ ဇော်မင်းထက် ပြုံးရုံမကဘူး၊ အသံထွက်ရယ်မိကြတယ်။ ရယ်မိပြီးမှ သတိရလို့ အောင်မိုးကို ကြည့်လိုက်ကြတယ်။

ကျွန်တော် ဆိုရင် “သွားစမ်းပါ.. အဖေကလည်း မသိရင် မသိသလို နေစမ်းပါ၊ ၀င်မပြောစမ်းပါနဲ့” လို့ ရှက်စိတ်လွန်ပြီး ပြောမိမှာပါ.. တကယ်လည်း ရှက်စရာကိုး…။

ဒါပေမယ့် အံ့သြစရာ…။ အောင်မိုးက မျက်နှာ မပျက်ဘူး။ ရှက်လည်း မရှက်ဘူး။ သူပါ ကျွန်တော်တို့နဲ့ အတူရယ်ပြီး ..

“အဲဒါ ငါ့အဖေပဲကွ.၊ လေးတန်းထိပဲ ကျောင်းနေဖူးတယ် ရွှံ့ထဲဗွက်ထဲ ဆင်းဆင်းရဲရဲ ရုန်းကန်လယ်လုပ်ပြီး ငါ့ကို ကွန်ပျူတာ တက္ကသိုလ်ရောက်အောင် ကျောင်းထားပေးတယ်.. အဲဒီ ကွန်ပျူတာကလည်း အဖေ ၀ယ်ပေးထားတာပေ့ါ.. ပြော အဖေ.. ဘာမှ မဖြစ်ဘူး..အဖေထင်တာ ပြောလို့ရတယ်.. ပြော..” တဲ့။ အားတောင် ပေးလိုက်သေးတယ်။ သူ့ အဖေကလည်း သူ့သား အားပေးတာ သဘောကျပြီး ပြုံးလို့ ရယ်လို့၊ မေးချင်တာတွေကို မေးချင်သလို ဆက်မေးနေတာပေ့ါ။ အောင်မိုးက သူ့အဖေ နားလည်အောင် ရှင်းပြတယ်.. ပျော်စရာကြီး။

အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ အသိအမြင်တစ်ခု ဖြစ်သွားတယ်။ အောင်မိုးပြောပုံနဲ့ တွေးပုံမြင်ပုံက ရိုးရိုးလေးပါပဲ။ . ကောင်းလိုက်တာလို့ နားလည်သွားတယ်။ အောင်မိုးရဲ့ စိတ်နေသဘောကိုလည်း လေးစားမိတယ်။

တကယ်လို့သာ ကျွန်တော်တွေးမိသလို.. သွားစမ်းပါဗျာ.. အဖေကလည်း မသိရင် မသိသလိုနေစမ်းပါ.. ။ ၀င်မပြောစမ်းပါနဲ့လို့ ငေါက်လိုက် မာန်လိုက်ရင် အဖေဘယ်လောက်ရှက်ရှာမလဲ။ အခန်းထဲက ထွက်သွားရရင် ဘယ်လောက်စိတ်မကောင်း ဖြစ်လိုက်မလဲ။ သူ သင်ပေးလို့ တတ်တဲ့ ပညာနဲ့ သူ အငေါက်ခံနေရတာလေ။

ကျွန်တော့်အမှားကို ချက်ချင်းနားလည်လိုက်ပါပြီ။ ကျွန်တော့် အဖေပြောတဲ့ အမှားတွေဟာ တကယ်တော့ အောင်မိုး အဖေပြောတာလောက် မဆိုးပါဘူး။ အဖေသင်ပေးလို့ တတ်တဲ့ပညာနဲ့ အဖေ့ကို အထင်သေး စော်ကားနေခဲ့မိတာ ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်။

“တောင်းပန်ပါတယ် အဖေ..”

စိတ်ထဲမှာတင် ပြောနေမိတာ။ ဒီကနေ အိမ်ပြန်ရောက်သွားရင် ကျွန်တော့်ဆက်ဆံရေးတွေ ပြောင်းတော့မယ်။ အဖေ့ကို အထင်သေး အမြင်သေး မပြောတော့ပါဘူး။ အဖေ့မေတ္တာကို ပြန်ရအောင် ယူတော့မယ်။

အဖေ အင်္ဂလိပ်အသံထွက်တွေ မှားပြောရင်လည်း..

“ပြော..အဖေ..ဘာမှမဖြစ်ဘူး.. လွတ်လွတ်လပ်လပ်သာ ပြော”

အောင်မိုးတို့ သားအဖကို လှမ်းကြည့်ရင်း ကျွန်တော့်စိတ်ထဲမှာ ပြောနေမိတာပါ။



လယ်တွင်းသားစောချစ်

ကမ္ဘာသစ်ဘလော့မှ ကူးယူဖော်ပြပါသည်။

မောင်အေးကို(ပေါင်းတလည်)

လေးစားမူပြန်လည်မျှဝေပေးတယ်

Address

ဖျာပုံ ဘိုကလေး လမ်းမကြီး
Pyapon
SCM

Website

Alerts

Be the first to know and let us send you an email when AUN MYO WIN. SCM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AUN MYO WIN. SCM:

Share

Category