20/12/2023
အလွန်ဆေးဖက်ဝင်သော #သရက်ရွက်
1. သရက်ရွက်တွင် anthocyanidins ဆိုသောဓာတ်ပါသောကြောင့် သရက်ရွက်ကို ရေနွေးတွင် တစ်ညအကြာစိမ်၍ ရလာသောအရေကို သောက်သုံးခြင်းဖြင့် အစပျိုးနေသောသွေးချို ရောဂါသက်သာစေရန်ကူညီပေးသည်။
2. သရက်ရွက်သည် သွေးတိုးခြင်းကိုလဲသက်သာစေပါသည်။
3. သရက်ရွက်ကို ရေချိုးသောကြွေဇလုံထဲထည့်၍ ရေချိုးခြင်းသည် စိုးရိမ်ပူပန်မှု/anxiety ကိုလဲ လျော့အောင်ကူညီပေးပါသည်။
4. ကျောက်ကပ်ကျောက်တည် ခြင်းနှင့် သည်းခြေအိပ်ကျောက်တည် ခြင်းများဖြစ်ပါက သရက်ရွက်ကို အမှုန့်ကြိတ်ပြီး ရေနွေးထဲတစ်ညထား၍ နေ့တိုင်းသောက်လျှင် ကျောက်များကျေစေပြီး ပျောက်စေပါတယ်ရှင့်။
5. သရက်ရွက်များများကို ပြုပ်၍ ပျားရည်အနည်းငယ်ဖြင့် သောက်လျှင် အသံပျောက်ခြင်း၊ အအေးမိ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ပန်းနာရင်ကြပ် တို့ကိုပျောက်စေပါသည်။
6. သရက်ရွက် တွင် adiponectin ပါသောကြောင့် အဆီပိုများကျပြီး ဝိတ်ထိန်းရာတွင်အထောက်ကူပြုပါသည်။
7. သရက်ရွက်သည် ကင်ဆာ ကာကွဲပေးသည်။
#သရက်ရွက် စားသုံးနည်း-
1. Blender/ကြိတ်စက်ထဲသို့ သရက်ရွက် အမှုန့်ကို ရေ ဖြင့် သောက်ခြင်း။ ရေချိုး ကန်ထဲထည့်၍ ချိုးခြင်း။
2. သရက်ရွက် ၁၀-၁၅ ရွက်ကို ရေ 150ml တွင်ပြုတ်၍ ရေနွေးကြမ်းအဖြစ် သောက်နိုင်ပါသည်။
3. နောက်ဆုံးနည်းကတော့ မြန်မာတွေအကြိုက် တို့စရာအနေဖြင့် လတ်လတ်ဆတ်ဆတ် စားနိုင်သည်။
#သရက်ရွက် ၏ဆိုးကျိုး-
သရက်ရွက်တွင် ဆိုးကျိုးအကြီးကျယ်မရှိပါ။ စားသုံးရန် အန္တရာယ်ကင်းသည်ဟု ဆိုထားပါသည်။