ESE Pantanaw

ESE Pantanaw Let's build a modern developed nation with electricity.

21/05/2025
12/04/2025
28/03/2025

#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့အသိ‌ပေးပြန်ကြားချက်-
ဓာတ်အားသုံးစွဲသူမိဘပြည်သူများခင်ဗျာ မြန်မာနိုင်ငံအထက်ပိုင်းငလျင်ဒဏ်ကြောင့် ဓာတ်အားပေးခွဲရုံးအချို့နှင်ဓာတ်အားလိုင်းများအနည်းငယ်ထိခိုက်ပျက်စီးမှု့များဖြစ်ပွားသွားပါသဖြင့် ယနေ့ည ပန်းတနော်မြို့နယ် လျှပ်စစ်ဓာတ်အားမရရှိနိုင်‌ေတာ့ပါ‌ေကြာင်းကြိုတင်းအသိ‌ေပးအ‌ေကြာင်းကြားအပ်ပါသည်။ဓာတ်အားရရှိမည့်အချိန်ကိုလည်းအချိန်နှင်တ‌ေပြညီတင်ပြ‌ေပးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

15/10/2024

#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့အသိ‌ပေးပြန်ကြားချက်-
ဓာတ်အားသုံးစွဲသူမိဘပြည်သူများခင်ဗျာအောက်တို ဘာ ၁၇ ရက်နေ့ သီတင်းကျွတ်လပြည့်အခါသမယန့ဖြစ်သည့်အတွက် ဓာတ်အားခ ‌ပေး‌ဆောင်သည့် last date Oct 17 အား Oct 19 ရက် နေ့သို့ပြောင်းလဲပြင်ဆင်သတ်မှတ်ကြောင်းနှင့် ကျန်သည့် ဓာတ်အားခ ပေးဆာင်ရမည့်ရက်များအားပုံမှန်အတိုင်း ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်

29/07/2024

လျှပ်စစ်ဓာတ်အားသုံးစွဲသူမိဘပြည်သူအပေါင်းတို့ခင်ဗျာ
ပန်းတနော်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ မြစ်ရေချောင်းရေများမြင့်တက်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှု့များ မြို့ပေါ်ရပ်ကွက်များတွင် ကြုံတွေ့နေရပါသည်။
သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားရရှိချိန်အတွင်း မိမိတို့နေအိမ် ၊ လမ်းများတွင် လျှပ်စစ်မီးအားသတိ ရှိစွားသုံးစွဲကြပါရန်နှင့်သစ်ပင် သစ်ကိုင်းများလဲကျခြင်း ဓာတ်အားလိုင်းပေါ်သို့ သစ်ကိုင်းများကျိုးကျခြင်းများဖြစ်ပေါ်ပါက အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အချိန်မှီ အကြောင်းကြားပေးကြပါရန် လေးစားစွာအသိပေးကြေငြာအပ်ပါသည် ။
#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး လိုင်းဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်ရှင်းရေး Unit losses ကျဆင်း‌‌ရေးတို့အတွက...
03/06/2024

ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး လိုင်းဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်ရှင်းရေး Unit losses ကျဆင်း‌‌ရေးတို့အတွက်မြို့တွင်းသစ်ပင်သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်းနှင့်ကြွေသီးလဲလှယ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

11/05/2024

ပန်းတနော်မြို့နယ်ဓာတ်အားသုံးစွဲသူအပေါင်းတို့ခင်ဗျာ****
ရေကြည်မြို့ 66kV ဓာတ်အားခွဲရုံမှ 33kV pannel ပြုပြင်ခြင်းလုပ်ငန်း‌ ဆောင်ရွက်‌နေပါသဖြင့်ကျောင်းကုန်း-အိမ်မဲ-ပန်းတ‌‌နော် နှင့် ဓနုဖြူမြို့များ ဓာတ်အားပျက်‌ဝောာက်လျှက်ရှိပါ‌ကြောင်း ကြိုတင်အသိ‌‌ပေအပ်ပါသည်။

#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

10/05/2024

ဓာတ်အားသုံးစွဲသူ မိဘပြည်သူများခင်ဗျာ**** (၁၀.၅.၂၀၂၄)ရက်နေ့ ညနေ(၃:၃၀)နာရီအချိန်ခန့်၌ ကျောင်းကုန်းနှင့်‌ ရေကြည်မြို့အကြားတွင် လေပြင်းများတိုက်ခတ်ခြင်းကြောင့် ‌‌‌‌‌‌‌‌‌‌33kV လိုင်းအပြစ်ဖြစ်ပေါ်နေပါသည်။ ၎င်းလိုင်အပြစ်ကြောင့် ကျောင်းကုန်း-အိမ်မဲ-ပန်းတ‌‌နော်မြို့များဓာတ်အားပျောက်‌ဝောာက်လျှက်ရှိပါသည်။
မိမိရုံးမှ လိုင်းဝန်ထမ်း ၆ဦး ၊ အင်းမမှ အကူဝန်
ထမ်း ၂ဦးတို့မှလည်း ပန်းတ‌နော်ပိုင် ကျောင်းကုန်းမြို့အစပ်အထိလိုင်းစစ်ထားပြီး ကျောင်းကုန်းမြို့အထိဓာတ်အားရရှိပါက ဆက်လက်ဓာတ်အားရယူနိုင်ရေး အင်းမတွင်အခြေပြု၍အသင့်စောင့်ဆိုင်းနေပါကြောင်းတင်ပြအပ်ပါသည်။

#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

08/05/2024

ဓာတ်အားသုံးစွဲသူ မိဘပြည်သူများခင်ဗျာ**** (၈.၅.၂၀၂၄)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်ခန့်၌ ကျောင်းကုန်း တွင် လေပြင်းများတိုက်ခတ်ခြင်းကြောင့် ‌‌‌‌‌‌‌‌‌‌ဓာတ်အားလိုင်းတိုင်များကျိုး၍ ကျောင်းကုန်းနှင့်‌ ရေကြည်ကြား လိုင်းအပြစ်ဖြစ်‌ပေါ်နေပါသည်။
သို့ဖြစ်ပါ၍ ထိုဓာတ်အားလိုင်းမှာဓာတ်အားရယူသုံးစွဲ နေသော ပန်းတနော်မြို့အနေဖြစ် ယနေ့ည ဓာတ်အားရရှိချိန်နောက်ကျနိုင်ပါ‌ကြောင်း အများပြည်သူသိစေရန် အသိပေး အပ်ပါသည်။
#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

08/05/2024

"ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအားအသိပေးပန်ကြားခြင်း"
ဧပြီလ နှစ်သစ်ကူး‌‌ရုံးပိတ်ရက် အတွင်း ပြောင်းလည်း ပြင်ဆင်သတ်မှတ်ထားသော ဓာတ်အားခ‌‌ နောက်ဆုံး‌ ပေး‌‌ဆောင်ရန် ရက်များ (Last Date) အား ယခု မတ်လတွင် ယခင် မူရင်း (Last Date)များအတိုင်း ပြန်လည်ပေးဆာင်နိုင်ပြီဖြစ်ပါ‌ ကြောင်းအသိပေး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အကြောင်း ကြားအပ်ပါသည်။
#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း                         ++++++++++++++++++++++++++++      ယနေ့ (၂.၅.၂၀၂၄) ရက်နေ့၊...
02/05/2024

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း ++++++++++++++++++++++++++++
ယနေ့ (၂.၅.၂၀၂၄) ရက်နေ့၊ (၁၅:၂၉) နာရီ အချိန်ခန့်တွင် လေပွေလှိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ရွှေစာရံ ခွဲရုံအနီးတွင် ၂၃၀ ကေဗွီ ရွှေစာရံ -ဘဲလင်း Double circuit ဓာတ်အားလိုင်း တိုင်ထိပ်ဖျားကျိုး၍ Load Thrown out ဖြစ်ပြီးဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ပန်းတနော်မြို့နယ်အတွင်းယာယီဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

02/05/2024

System Breakdown ဆိုသည်မှာ အဘယ်နည်း ?

လျှပ်စစ်ဓာတ်အားပြတ်တောက်သည့် အကြောင်းအရင်းများကို လျှပ်စစ်ဓါတ်အားသုံးစွဲသူပြည်သူများဗဟုသုတအနေဖြင့် သိရှိနိုင်ပါရန် နှင့် အခက်အခဲ အခြေအနေ အကြောင်းရင်းများကို သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

'ဓါတ်အားပြတ်တောက်ရခြင်း အကြောင်းရင်းများ'

1.System Breakdown
2.Line Fault
3.Shut Down
4.Load Shed

1.System Breakdown
⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡

System Breakdown ဆိုသည်မှာ တစ်နိုင်ငံလုံးကို လျှပ်စစ်ပေးနေသော ဓာတ်အားစနစ် တစ်ခုလုံး၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဓာတ်အားပေးစက်ရုံ အတော်များများက အလိုအလျောက် ထိန်းချုပ်စနစ်များကြောင့် ရပ်တန့်ကုန်သည်။

အချို့သော ဓာတ်အားပေးစက်များက ဓာတ်အားထုတ်ခြင်းမရှိပဲ စက်လည်လျှက် ( Full Speed, No-Load condition ) ဖြစ်ကုန်သည်။

အချို့သော ဓာတ်အားလိုင်းများက အလိုအလျောက် ပိတ်သွားကြသည်။

တနည်းအားဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီး အမှောင်ကျသွားခြင်း ဖြစ်သည်။

ထိုကိစ္စကို မြန်မာပြည်သူများ ယခင်က မကြာခဏ တွေ့ကြုံခံစား ကြရသည်။

ထို့ကြောင့် ပြည်သူတွေနှင့် မီဒီယာအကြားတွင် “စစ်စတန် ဘရိတ်ဒေါင်း” ဟူသော အင်ဂျင်နီယာ အသုံးအနှုန်းတစ်ခုမှာ တရင်းတနှီး ဖြစ်သွားခဲ့ဖူးသည်။

သို့သော် ပြည်သူတွေက ထိုသို့ တွေ့ကြုံရမှုကို မနှစ်သက်ပါ။

ထို့အတူ လျှပ်စစ်ဝန်ထမ်းများက ပို၍ မနှစ်သက်ပါ။

ဖြစ်လာခဲ့လျှင် အလွန် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ကြရပါတယ်။

တစ်နိုင်ငံလုံးမှာ ရှိတဲ့၊ ဓာတ်အားပေးစက်တွေရဲ့ အခြေအနေတွေကို မေးရင်း၊ စက်တစ်လုံးပြီး တစ်လုံးကို ပြန်မောင်းနိုင်ဖို့၊ စက်တွေကို ပြန်တွဲနိုင်ဖို့၊ ဓာတ်အားလိုင်းတွေကို တစ်လိုင်းပြီး တစ်လိုင်း ဓာတ်အားပြန်လွှတ်နိုင်ဖို့၊ ထိုသို့ လုပ်ကြရင်းနဲ့ အမှားအယွင်း ကင်းကင်းနဲ့ မြန်မြန်ထက်ထက် ဆောင်ရွက်နိုင်ဖို့၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဖြင့် တွေ့ကြုံနေရတဲ့ မတူညီသော အခြေအနေ အမျိုးမျိုးကြားမှာ ပြည်သူတွေ လျှပ်စစ်မြန်မြန်ပြန်ရဖို့အတွက် ဇောချွေးပြန်ကာ ဆောင်ရွက်ကြရပါတယ်။
ဒီကြားထဲမှာ ဝိုင်းပြီးပို့တဲ့ မေတ္တာတွေကို အဟောသိကံ ခံယူကြရင်းနဲ့ပေါ့။

System Breakdown ဖြစ်စေနိုင်သော အကြောင်းရင်း များစွာ ရှိပါသည်။

အဖြစ်အများဆုံး ကိစ္စရပ်မှာ ဓာတ်အားထုတ်လုပ်နိုင်မှုထက် ဓာတ်အား သုံးစွဲမှုက အလွန်ပိုမိုများပြားလာသည့်အချိန်တွင်
Under-Frequency Protection ဖြင့် စက်များ Trip ဖြစ်၍ ရပ်တန့်ကုန်တတ်သည်။

တစ်ခါတစ်ရံ၌ လျှပ်စစ်များစွာ စီးဆင်းနေသော ဓာတ်အားလိုင်းကြီးတစ်ခု၌ လိုင်းအပြစ် တစ်မျိုးမျိုး ဖြစ်ပေါ်ခြင်းကြောင့် အလိုအလျောက်ထိန်းချုပ်စနစ်က အပြစ် (Fault) ရှိနေသော ထိုဓာတ်အားလိုင်းကို ဓာတ်အားစနစ်မှ ဖယ်ရှားသည့်အခါ ကျန်ဓာတ်အားလိုင်းများကပါ အပိုဝန်ကို ထပ်ထမ်းရန် မနိုင်ရာမှ System Breakdown ဖြစ်ရတတ်သည်။

သဘာဝဘေးအန္တရာယ်များကြောင့် ဓာတ်အားစနစ်အတွင်းရှိ အရေးကြီးသော လျှပ်စစ်စက်ပစ္စည်းများ ထိခိုက်ပျက်ဆီးရာမှလည်း System Breakdown ဖြစ်ရတတ်သည်။

ဓာတ်အားလိုင်းကြီးများ၏ အောက်တွင် လူက တောင်ယာမီးရှို့ကြရာမှဖြစ်စေ၊ သဘာဝတောမီး လောင်မှုကြောင့်ဖြစ်စေ၊ လိုင်းများ Trip ဖြစ်ကာ ကြုံရတတ်ပြန်သည်။

အမျိုးမျိုးသော အကြောင်းများကြောင့် မည်သို့ပင်ဖြစ်စေ၊ ကောင်းသော ဖြစ်ရပ် မဟုတ်ပေ။😒😒😒😒😒😒😒😒😒😒😒😒😒

System Breakdown ဖြစ်သည် ဆိုသည်မှာ ကောင်းသော အခြေအနေ မဟုတ်။ မဖြစ်လေ ကောင်းလေ ဖြစ်သည်။

ထို့ကြောင့် လျှပ်စစ်ဝန်ထမ်း အားလုံးက ဝိုင်း၍ ကြိုးစားကြရသည်။

2.Line Fault
⚡⚡⚡⚡⚡⚡⚡
ဓာတ်အားလိုင်းအပြစ် ဖြစ်ခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။ဓာတ်အားလိုင်းအပြစ်ဖြစ်နိုင်သည့် အကြောင်းအရင်းများစွာရှိပါသည်။ (ဓာတ်အားလိုင်းပေါ်သစ်ပင်ပိ ၊တိုင်ကျိုး၊ကြိုးပြတ်ကျ၊ကြွေသီးကွဲ စသည်ဖြင့် ဓာတ်အားလိုင်းနှင့်ပက်သက်၍ ချို့ယွင်းချက် ဖြစ်ပေါ် ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည် ။
Permanent line fault ဖြစ်ခဲ့လျှင် ဓာတ်အားလိုင်းတစ်လျှောက် လိုင်းအပြစ်လိုက်လံရှာဖွေပြုပြင်ပြီးမှ ဓာတ်အားပြန်လည်ပို့လွှတ်ရတာဖြစ်သောကြောင့်ဓာတ်အားပြတ်တောက်ချိန်အနည်းငယ်ကြာမြင့်တတ်ပါသည်။

3. Shut Down
⚡⚡⚡⚡⚡⚡⚡
ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ ကြံ့ခိုင်ကောင်းမွန်စေရန် အတွက် ဓာတ်အားပိတ်၍ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ရခြင်းဖြစ်ပါသည်။ထိုသို့ဆောင်ရွက်မှသာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်မှု (line fault) နှင့်
ဓာတ်အားခွဲရုံ ချို့ယွင်းမှု များနည်းပါးပါမည်။
shut down ဆောင်ရွက်သည့်အခါ
ဓာတ်အားပြတ်တောက်မည့် နေ့ရက်နှင့်အချိန်တို့အား ကြိုတင်အသိပေးပြီးဆောင်ရွက်ကြပါသည်။ရံဖန်ရံခါ မှာတော့ ဓာတ်အားပေးထားစဉ် ဓာတ်အားလွှတ်ထားသည့်စက်ပစ္စည်း (သို့)
ဓာတ်အားလိုင်းများ ချို့ယွင်းလာသည့် အခြေအနေများတွင်လည်း အရေးပေါ် shut down များဆောင်ရွက်ရသည့် အခါများလည်း ရှိတတ်ပါသည်။
ဓာတ်အားပြတ်တောက်မှုကြာချိန်မှာ လုပ်ငန်းဆောင်ရွက်ရမည့် ပမာဏပေါ် မူတည်ပါသည်။

4.Load Shed
⚡⚡⚡⚡⚡⚡⚡
လာပါပြီခင်ဗျ Load shed 👈👈👈👈👈👈
ဒီရက်ပိုင်း တွေ့ကြုံနေရတဲ့ ဓာတ်အားပြတ်တောက်မှုပေါ့ ။မြန်မာနိုင်ငံ ဓာတ်အားစနစ်သည် ရေအားလျှပ်စစ်ကို အဓိက အခြေပြုထားတဲ့ ဓာတ်အားစနစ် ဖြစ်ပါသောကြောင့် နွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု အနည်းငယ် လျော့ကျပါသဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်ဓာတ်အားသုံးစွဲမှု ဟန်ချက်ညီစေရန်၊ဓာတ်အားစနစ်တည်ငြိမ်စေရန်၊
(System Breakdown မဖြစ်စေရန်)အတွက်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ထို့အပြင် ဓာတ်အားစနစ်မှဓာတ်အားနိုင်နင်းသော်လည်း မိမိတို့အားဓာတ်အားပေးထားသော ထရန်စဖော်မာမှ ဝန်အားနိုင်နင်းမှု မရှိလျှင်လည်း ယင်း ထရန်စဖော်မာကို အဆင့်မြှင့်တင်မှု မလုပ်နိုင်ခင်ကြားကာလမှာလည်း load shed များဆောင်ရွက်ရလေ့ ရှိပါတယ်။နွေရာသီ မီးသုံးအများဆုံး အချိန်များတွင်ဆောင်ရွက်ရလေ့ ရှိပါတယ်။
ဓာတ်အားပြတ်တောက်မှု ကြာချိန်မှာ နာရီဝက် ၊တစ်နာရီခွဲ၊နှစ်နာရီကြာမြင့်တတ်ပါသည်။

အထက်ပါ အကြောင်းအရာများကြောင့် ဓာတ်အားပြတ်တောက်မှုများအား နည်းပါးစေရန်အတွက် လျှပ်စစ်ဌာနအနေဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်းနှင့် မီးသုံးသူပြည်သူများအနေဖြင့်လည်း ဓာတ်အားပြတ်တောက်မှုများ တွေ့ကြုံလာခဲ့ပါကလည်း နားလည်သည်းခံပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

လျှပ်စစ်ဓာတ်အားပေးတယ်ဆိုတာ
ထင်သလောက်မလွယ်ကြပါဘူး
နည်းပညာ အဆင့်ဆင့်နဲ့ ထိန်းချုပ်ထားမှ
အပျက်အစီး အသေအပျောက်နည်းမှာပါ
မိတ်ဆွေတို့ကို အသိပေးရုံသက်သက်ပါ
မပြည့်မစုံဘဝမှာ ရုန်းကန်နေရသော
လျှပ်စစ်ဝန်ထမ်းများကို စာနာကြည့်ရုံသက်သက်ပါ

မူရင်းရေးသားသူအား crd ပေးပါသည်။

#ပန်းတနော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

Address

Pantanaw. Ayeyarwady. Burma
Pantanaw

Alerts

Be the first to know and let us send you an email when ESE Pantanaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category