Lynn Kabar

Lynn Kabar မင်း အဆင်မပြေချိန် ကဲ့ရဲ့ထားတဲ့သူတွေကိုကျေးဇူးတင်လိုက်ပါ
မင်း အဆင်ပြေရုန်းထလာချိန် သူတို့နောင်တရသွားလိမ့်မယ်

27/06/2025

#နှလုံးသားထဲကမဖျောက်နိုင်သောသတိရမှုများ

အ‌ ဖေ့ အတွက် (၄)

အဖေနဲ့အတူ အိပ်မက်တွေ အကြီးကြီးမက်ခဲ့ဖူးတယ်...

ရယ်သံတွေပြည့်နေတဲ့ အခိုက်အတန့်မှာ...

တည်မြဲခြင်း ဆိုတဲ့စကားကို ယုံခဲ့ဖူးတယ်...

အခုတော့ တည်မြဲခြင်း ဆိုတာ....

အိပ်မက်တစ်ခုပါပဲ....

သတိရမိတိုင်းမှာ...

၀မ်းနည်းခြင်းနဲ့ ချစ်ခြင်းနှစ်ခု စပ်လျှင်းနေခြင်းကသာ....

တည်မြဲနေသလို.....

#နှလုံးသားထဲကစာ

27/06/2025

သားသားသို့....ပေးစာ

သားသားလေးရေ…

မေမေ့ဘဝက လင်း‌ နေတယ်ဆိုရင်...

အဲ့ဒီအလင်းရောင်ဟာ မင်းကြောင့်ပါ…

တနေ့တာရဲ့ပင်ပန်းမှုတွေထဲမှာတောင်

မင်းရဲ့အပြုံးလေးတစ်ခုက

မေမေ့ကို တစ်ဖန်ပြန်ရင်ဆိုင်နိုင်စေပါတယ်။

တစ်ခါတလေ မေမေက မျှော်လင့်ချက်မဲ့သွားရင်

တောင်.....

မင်းရဲ့အသံလေး၊ မင်းရဲ့တီတီရယ်သံလေးက

မေမေ့စိတ်ကို ငြိမ်းချမ်းအောင်လုပ်နိုင်တာ ..

သားသားရေ…

မေမေ့အတွက် မင်းက

သဘာဝကပေးတဲ့အရင်းအမြစ်ဖြစ်တယ်၊

အသက်ရှင်ဖို့အကြောင်းပြချက်တစ်ခုပါပဲ။

မေမေ့အချစ်က မဆုံးတဲ့အလင်းစီးကြောင်းတစ်ခုပါ။

မင်းကိုအမြဲချစ်နေမယ့် မေမေ...

#နှလုံးသားထဲကစာ

27/06/2025

#အများအကျိုးဆောင်ကိုယ့်အကျိုးအောင်

*အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုတဲ့ ဆောင်ပုဒ်လေးဟာ စာဖတ်သူတွေနဲ့တော့ စိမ်းနေ
မယ် မထင်ပါဘူး ။

သူတစ်ပါးကို ဘယ်လိုကူညီရမလဲဆိုတဲ့ အတွေး
စိတ်ဓာတ်ဟာ တန်ဖိုးရှိတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ပါ။

#ပုံပြင်လေးတစ်ခုကိုသာဓကပြချင်ပါတယ်

တစ်ခါတုန်းက အလွန်သဘောကောင်းတဲ့ သူဌေးကြီး တစ်ဦးရှိပါတယ် ။သူဌေးကြီးဟာ ချမ်းသာကြွယ်၀သလောက် ကိုယ်ချင်းစာတရားပြည့်၀သူလည်းဖြစ်ပါတယ် ။

သူနေတဲ့‌ နေရာနဲ့ မလှမ်းမကမ်းမှာ အလွန်ဆင်းရဲတဲ့
လက်သမားမိသားစု နေထိုင်ကြပါတယ် ။သူဌေးကြီးဟာ အဲဒီမိသားစုအပေါ် အလွန်ပဲ သနားမိတာနဲ့
လက်သမားကိုခေါ်ပြီး.....

မင်း ငါ့ကို အိမ်လှလှလေးတစ်လုံးဆောက်ပေးပါ ။
ပုံစံအလှဆုံးကိုကြိုးစားဆောက်ပါ ။ပစ္စည်းသုံးတဲ့
နေရာမှာလည်း အကောင်းဆုံးပစ္စည်းတွေကိုပဲသုံးပါ။ ငွေကြေးကိစ္စ မပူနဲ့ ။လှပပြီး ခိုင်ခန့်တဲ့ အိမ်တစ်
လုံးဖြစ်ဖို့ပဲ လိုပါတယ် ။အခုငါခရီးသွားစရာရှိတယ်။ ငါပြန်မရောက်ခင်ပြီးအောင် ဆောက်ထား
ပေးပါ ။ အဲဒီလိုခေါ်ပြီးမှာကြားပါတယ် ။ပြီးတော့
သူဌေးကြီးလည်းခရီးထွက်သွားတာပေါ့ ။

လက်သမားလည်း ခွင်ပဲဆိုပြီး အိမ်ကို စဆောက်
တော့တယ် ။အပေါ်ယံအမြင်လှအောင်သာဆောက်
တယ် ။ပစ္စည်းတွေကိုလည်း လိုသလောက်မသုံးဘဲ
လျှော့သုံးတာပေါ့ ။ပစ္စည်းဖိုးတွေကိုလည်း လိုတာထက်ပိုတင် အလုပ်သမားတွေကိုလည်း မကျွမ်းကျင်တဲ့ ဈေးပေါပေါတွေခေါ်သုံးတာပေါ့ ။

ပြီးတော့မှ အပေါ်ယံကို ဆေးရောင်လှလှလေး သုတ်တာပေါ့ ။ မကြာပါဘူး အိမ်လည်းပြီးသွားသလို
သူဌေးကြီးလည်း ခရီးက ပြန်ရောက်လာတယ် ။

အဲဒီတော့ လက်သမားဆရာက သူဌေးကြီးဆီသွား
ပြီး အိမ်ပြီးစီးပြီဖြစ်လို့ လိုက်ကြည့်ဖို့ ပြောလိုက်ပါတယ် ။

အဲတော့ သူဌေးကြီးက....

ငါလိုက်မကြည့်တော့ပါဘူး ။တကယ်တော့ ဒီအိမ်ဟာ မင်းတို့မိသားစုနေဖို့ ငါရည်ရွယ်ပြီး ဆောက်တာဖြစ်လို့ မင်းတို့မိသားစု အဲဒီအိမ်သစ်ကြီးမှာနေ
ကြပေတော့. ။

သူဌေးကြီးက အဲဒီလိုလည်းပြောလိုက်ရော လက်သမားဟာ အံ့ဩ၀မ်းနည်းပြီး သူဌေးကြီးရှေ့မှာပဲ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ် ။

ပုံပြင်လေးကတော့ဒါပါပဲ ။

လူဟာ ဆင်းရဲတာ ချမ်းသာတာ အရေးမကြီးပါဘူး။ စိတ်ဓာတ်မြင့်မား ရိုးသားဖို့သာ လိုတာပါ ။

တစ်ချိန်မှာ ကိုယ်ပြုတဲ့ကံဟာ ကိုယ်သာပြန်ခံရမှာမို့
စိတ်ဓာတ်လေးကို ဖြူဖြူစင်စင် တန်ဖိုးရှိရှိလေး
ထားတတ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ။

#မျှဝေလိုသောစိတ်ဓာခွန်အားဖြည့်စာစုများ

ဖတ်ပြီးပြောချင်တာလေးရှိရင်ပြောခဲ့ပါနော်...🤗
Like & share လေးလုပ်ခဲ့ပါဦးနော်😘

27/06/2025

#မေ့ဖျောက်မရနိုင်သောသတိရမှုများ

အဖေ…

အဖေရှိသင့်တဲ့နေရာမှာ မရှိတော့တဲ့အချိန်မှသာ

ရှိနေတဲ့အရေးကြီးမှုကို နားလည်လာတယ်။

အဖေရှိရင်… ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာယာမှုရှိမှာပါ

အဖေမရှိတော့တဲ့အခိုက်… တစ်သက်စာ ချစ်ခြင်းကို

သတိရပြီး အရင်လို ပြန်မရနိုင်တော့ဘူးလို့

နားလည်လာတယ် ။

ရင်ထဲမှာတော့ အဖေက ရှိနေဆဲပါ အဖေ ။ အဖေ

ငြိမ်းချမ်းဖို့သာ ဆုတောင်းပေးနေပါတယ် ။

#အဖေ့အတွက် #သတိရခြင်း #နှလုံးသားထဲကစာ

🙏ပဋ္ဌာန်းဒေသနာကို မှန်မှန် ရွတ်ဖတ်ခြင်း၏ အကျိုးများ🙏☸️ပဋ္ဌာန်းရွတ်တယ် ဆိုတာ 'ပဋ္ဌာန်း ပစ္စယ ဥဒေသ' နဲ့ 'ပစ္စယ နိဒေသ' တို့...
26/06/2025

🙏ပဋ္ဌာန်းဒေသနာကို မှန်မှန် ရွတ်ဖတ်ခြင်း၏ အကျိုးများ🙏

☸️ပဋ္ဌာန်းရွတ်တယ် ဆိုတာ 'ပဋ္ဌာန်း ပစ္စယ ဥဒေသ' နဲ့ 'ပစ္စယ နိဒေသ' တို့ကို ရွတ်ဆိုတာကို ဆိုလိုပါတယ်။ အဓိပ္ပါယ်နားမလည်ခင် ပဋ္ဌာန်းရွတ်တဲ့အခါ စိတ်ထဲမှာ ရှိနေသင့်တာက 'သြော်... မြတ်စွာဘုရားဟောခဲ့တဲ့ တရားကို ငါလိုက်ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်းဖြင့် ဘုရားကို ဓမ္မဖြင့် ငါပူဇော်နေတာပါလား' ဆိုတဲ့ အသိတရား (သတိတရား) နဲ့ ရွတ်ဖတ်သင့်ပါတယ်။

ရွတ်ဆိုတဲ့နေရာမှာလည်း အသံထွက် မမှားရအောင်၊ တရားအစီအစဉ် မလွဲရအောင်၊ အလေးအမြတ်ထားပြီး ရွတ်ဖတ်ပူဇော်ရပါတယ်။ နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင်ကြည့်မယ်ဆိုရင် -

(၁) နေ့စဉ်ကောင်းမှု ကုသိုလ်တစ်ခု ကို အာစိန္နကံ အားထုတ် ရာရောက်ပါတယ်။ နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေမယ့် နေ့စဉ် မှန်မှန် ရွတ်ဖတ်လာတဲ့ လူ ပုဂ္ဂိုလ် အတွက်ကျတော့ ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။

(၂) နေ့စဉ်မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့် ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့ အခါမှာ 'ကြောက်ရွံ့ခြင်း၊ ဒေါသဖြစ်ခြင်း' စတာတွေထက် ပဋ္ဌာန်းတရားပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ်အဖြစ်ကို ပြောင်းလဲစေပါတယ်။

(၃) တစ်နေ့တစ်ခါ ရွတ်ဆိုနေကျကို တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း 'သြော်...ဒီနေ့တော့ ငါပြုနေကျ ကုသိုလ်ကောင်းမှုတစ်ခု၊ တစ်နေ့စာ အောင်မြင်ပြီးမြောက်ခဲ့ပြန်ပြီဆိုတဲ့ ကျေနပ်တဲ့စိတ်၊ ဝမ်းမြောက်တဲ့စိတ် 'ဟာလည်း ပေါ့ပါးလန်းဆန်းမှုကို ဖြစ်စေပါတယ်။

(၄) သေခါနီးပြီဆိုပါစို့ ၊ မိသားစုထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ် ဖြစ်ခါနီးကလေးမှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကိုစွဲပြီး သေရတော့အပါယ်ကျဖို့ မဖြစ်နိုင်။ သုဂတိဘဝ ကိုရဖို့က သေချာသွားပြန်ရော။

(၅) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန်ရွတ်ထားတဲ့ ပါရမီကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဥာဏ်ကောင်းတဲ့သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။

(🙏Crd - Dammha of Buddha)
__________________________________

21/06/2025

ကျွန်တော်တို့ မန္တလေး

Address

Meiktila

Website

Alerts

Be the first to know and let us send you an email when Lynn Kabar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lynn Kabar:

Share

Category