06/11/2023
📣ကားဘရိတ်ပြုပြင်သင့်နေပြီဆိုတာ
ဘယ်လိုသိနိုင်လဲ ❓❓
🚘မော်တော်ကားရဲ့ ဘရိတ်စနစ်ဆိုတာ အရမ်းအရေးကြီးတဲ့စနစ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်ပါတယ်။✅
🚘အင်ဂျင်ဂီယာမကောင်းလို့ ကားထိုးရပ်သွားနိုင်ပေမယ့် ကားဘရိတ်မကောင်းရင်တော့ အန္တရာယ်ကြီးကြီးမားမား ကြုံတွေ့နိုင်ပါတယ်။❗
ဒါကြောင့် ကားဘရိတ်စနစ်ကိုလည်း ပုံမှန်စစ်ဆေးပြုပြင်မှုပြုလုပ်သင့်တာဘဲဖြစ်ပါတယ်။❗
🚘ကားဘရိတ်စနစ်မှာ ရှေ့ဘရိတ်ကို ဒစ်ဘရိတ် (Disc Brake) အသုံးပြုပြီး နောက်ဘရိတ်ကို ဒရမ်ဘရိတ် (Drum Brake) အများဆုံးအသုံးပြုကြပါတယ်။ ✅
တချို့ကားတွေမှာတော့ ကားလေးဘီးလုံး ဒစ်ဘရိတ်စနစ်ကို အသုံးပြုတာလည်းရှိပါတယ်။ ✅
ဘရိတ်စနစ်မှာ ဘရိတ်ပတ် (Brake Pad) ၊ ဘရိတ်ရူး (Brake Shoe) နဲ့ ဘရိတ်ဆီတွေက သတ်မှတ်ကာလတခုမှာ ပုံမှန်လဲပေးရတာဖြစ်ပါတယ်။✅
🚘ကားမောင်းနှင်နေရင်း ဘရိတ်ဖမ်းတဲ့အခါ ဘရိတ်လျောခြင်း၊ ဘရိတ်မှ အသံမြည်ခြင်း၊ ဘရိတ်နင်းစဉ် ကားတုန်ခါမှုဖြစ်ခြင်း၊ ကားဒိုင်ခွက်မှာ ဘရိတ်ချက်မီးလင်းခြင်း စတဲ့ ပြစ်ချက်တွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ဘရိတ်စနစ်ကို ချက်ချင်း စစ်ဆေးပြုပြင်ဖို့ လိုအပ်နေပြီဘဲ ဖြစ်ပါတယ်။ ❗
🚘တချို့ကားတွေမှာ ဘရိတ်ပတ်အထူ ပါးနေတဲ့အခါ အချက်ပြမီးနဲ့ ဖော်ပြပေးတဲ့စနစ်ပါရှိတဲ့အပြင် မော်ဒယ်မြင့်ကားတွေရဲ့ ဒိုင်ခွက်မှာ ဘရိတ်ပတ်အထူကို ရာခိုင်နှုန်းနဲ့လည်း ဖော်ပြပါတယ်။✅
ကားဘရိတ်ဆီတွေကို အကြမ်းဖျင်း မိုင် 30,000 (ကီလို 48,000) သို့မဟုတ် 2 နှစ်တကြိမ် ပုံမှန်လဲပေးသင့်ပါတယ်။ ✅
ဒစ်ဘရိတ်ရဲ့ ဘရိတ်ပတ် (Brake Pad) အထူကိုလည်း 2 ~ 3 မီလီဘဲကျန်တော့တယ်ဆိုရင် ချက်ချင်းလဲပေးသင့်ပါတယ်။ ✅
ဒရမ်ဘရိတ်ရဲ့ ဘရိတ်ရူး (Brake Shoe) အထူကိုလည်း 1 မီလီဘဲကျန်တော့တယ်ဆိုရင်တော့ ချက်ချင်းလဲပေးသင့်ပါတယ်။ ✅
ဒါကြောင့် ဘရိတ်စနစ်ကို ပုံမှန် ၆ လတကြိမ် စစ်ဆေးသင့်ပြီး ခရီးသွားများပါက ၃ လ တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။✅
ဘရိတ်ဖမ်းတဲ့အခါ ဘရိတ်ခြေနင်းပြား အရမ်းမာနေပြီဆိုရင်လည်း မာစတာပန့်လို့ခေါ်တဲ့ ဘရိတ်မာစတာဆလင်ဒါ (Master Cylinder) ကို စစ်ဆေးသင့်ပါတယ်။ ✅
တခါတလေ ဘရိတ်လျောတဲ့ ပြစ်ချက်တွေက ဘရိတ်မာစတာပန့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။❗
ဒါအပြင် ဘရိတ်ဆီလျော့တဲ့ ပြဿနာကြုံတွေ့ရပြီဆိုရင်လည်း ဘရိတ်ပစ်စတင်တွေက ဝှာရှာတွေမလုံတာလားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်။✅
တခါတလေမှာ ဒိုင်ခွက်မှာ ဘရိတ်ချက်မီးလင်းတဲ့အခါ ဘရိတ်စနစ်အကြီးစားစစ်ဆေးပြုပြင်မှုမဟုတ်ဘဲ၊ ဘရိတ်ဆီလျော့ခြင်း၊ ဘရိတ်မီးကျွံးခြင်း စတဲ့ပြစ်ချက်တွေလည်း ဖြစ်နိုင်ပါတယ်။ ✅
ဒါကြောင့် ဘရိတ်စနစ်ကို သတ်မှတ်ကာလအတိုင်း ပုံမှန်စစ်ဆေးပြုပြင်မှု ပြုလုပ်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။🚘❗
credit - ကားအကြောင်း သိကောင်းစရာ
ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။
☎️ 09-966772051,
☎️ 09-43098015,
☎️09-963530380
🏠 အမှတ်(၇၅)၊ သိမ်ကြီးလမ်းအထက်၊ကြည့်မြင်တိုင်၊ရန်ကုန်။
Google map ရုံးလိပ်စာ-
https://maps.app.goo.gl/XycZ6QNVmLrog5tD9?g_st=icအ
ကားမောင်း tutorial များနှင့် သင်တန်းသားများ၏ကားမောင်းကျွမ်းကျင်မှုများကြည့်ရန်အတွက်
https://www.tiktok.com/?_t=8dgxYLfsjbN&_r=1
https://www.youtube.com/
#ကားလိုင်စင် #𝐆𝐨𝐀𝐡𝐞𝐚𝐝 #ကားမောင်းသင်တန်း_𝐆𝐨𝐀𝐡𝐞𝐚𝐝 #ရန်ကုန် #လိုင်စင် #ကားလိုင်စင် #ကားမောင်းအတတ်သင်တန်း #ကားမောင်းသင်တန်း #အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ゚ ゚viral