Zaytangyi.com

Zaytangyi.com Online market place for myanmar's farming community

ဈေးတန်းကြီးနဲ့ဆိုစိုက်ခင်းထဲကနေ တိုက်ရိုက်ရောင်းနိုင်ပြီရောင်းရင်းတို့ရေ👩‍🌾အစိမ်းရောင်လမ်းရဲ့ Software တစ်ခုဖြစ်တဲ့ ဈေးတ...
18/06/2025

ဈေးတန်းကြီးနဲ့ဆို
စိုက်ခင်းထဲကနေ တိုက်ရိုက်ရောင်းနိုင်ပြီရောင်းရင်းတို့ရေ👩‍🌾

အစိမ်းရောင်လမ်းရဲ့ Software တစ်ခုဖြစ်တဲ့ ဈေးတန်းကြီးမှာ

📌ထွက်ရှိရာ စိုက်ပျိုးအသီးနှံများကို တင်ရောင်းနိုင်ခြင်း၊ ဝယ်ယူနိုင်ခြင်း

📌စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အထွေထွေကိုမေးမြန်းနိုင်ခြင်း

📌စိုက်ပျိုးရေးအထောက်အကူပြုပြီး လက်တွေ့အသုံးချနိုင်မယ့် စာအုပ်‌များကို ဝယ်ယူနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက်

ကောက်ပဲသီးနှံနဲ့ပတ်သက်ပြီး သိလိုသမျှကို မေးမြန်းလေ့လာနိုင်ဖို့ရာ တောင်သူများ မျက်ခြေမပြတ်ဝင်ရောက်လေ့လာနိုင်ပါပြီ...

Zaytangyi ကို Green Way Application မှတစ်ဆင့်ဝင်ရောက်နိုင်မှာဖြစ်လို့ Green Way Application ရယူရန်

Android - https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/


#ဈေးတန်းကြီး

မျိုးကောင်းပြီး ဈေးကောင်းရတဲ့ မြန်မာ့ ဖရဲသီးများကို🔹 စနစ်တကျဘယ်လိုစိုက်ရမယ်🔹ပိုးမွှားတွေကို ဘယ်လိုကာကွယ်ရမယ်🔹ဘယ်လိုထိန်း...
03/06/2025

မျိုးကောင်းပြီး ဈေးကောင်းရတဲ့ မြန်မာ့ ဖရဲသီးများကို
🔹 စနစ်တကျဘယ်လိုစိုက်ရမယ်
🔹ပိုးမွှားတွေကို ဘယ်လိုကာကွယ်ရမယ်
🔹ဘယ်လိုထိန်းသိမ်းရမယ် ဆိုတဲ့ အသေးစိတ်နည်းစနစ်တွေကို ဖော်ပြရေးသားထားတဲ့

"အရည်အသွေးကောင်းဖရဲသီးစနစ်တကျ စိုက်ပျိုးထုတ်လုပ်နည်း" စာအုပ်🍉

တစ်နိုင်တစ်ပိုင်ကနေ စီးပွားဖြစ်ထိ ချဲ့ထွင်နိုင်ဖို့
မှာယူဖတ်ရှုလိုပါက 📚Green Way App ထဲက ဗွေဆော်ဦး Section မှာ ဝင်ရောက်လေ့လာပြီး Green Way App / ဗွေဆော်ဦး Page Messenger မှ လွယ်ကူမြန်ဆန်စွာ အိမ်အရောက်မှာယူနိုင်ပါပြီ

Green Way Application ယူရန်
Android - https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/


#ဗွေဆော်ဦး
#စျေးတန်းကြီး

မေးမယ်၊ ဖြေမယ်၊ ဗဟုသုတပိုတိုးစေမယ်🤗ဈေးတန်းကြီးမှာ👉 စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ပတ်သက်လို့ ကိုယ်မသိတာလည်း မေးနိုင်ပြီး👉အခ...
28/05/2025

မေးမယ်၊ ဖြေမယ်၊ ဗဟုသုတပိုတိုးစေမယ်🤗

ဈေးတန်းကြီးမှာ
👉 စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ပတ်သက်လို့ ကိုယ်မသိတာလည်း မေးနိုင်ပြီး
👉အခြားတောင်သူမိတ်ဆွေတွေ မသိတာကိုလည်း ဝင်ရောက်ဖြေပေးနိုင်တဲ့အတွက်

✅လူမှုကွန်ယက်ချဲ့ထွင်ပြီးသားလည်းဖြစ်
✅ဗဟုသုတလည်းတိုးစေလို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်နေပြီပေါ့...

စိုက်ပျိုးမွေးမြူနှင့်ပတ်သက်သမျှကို တစ်နေရာထဲမှာ သိရှိလေ့လာနိုင်ဖို့ တောင်သူများအားလုံး ‌Zaytangyi - ဈေးတန်းကြီးနှင့် ချိတ်ဆက်လိုက်ပါ 👇

Zaytangyi ကို Green Way Application မှတစ်ဆင့်ဝင်ရောက်နိုင်မှာဖြစ်လို့ Green Way Application ရယူရန်

Android - https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/


#ဈေးတန်းကြီး
#လယ်ယာ

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက် 👉 Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တေ...
26/05/2025

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက်

👉 Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်ကြည်ရှုနိုင်ခြင်း

👉 မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ အစိိမ်းရောင်လမ်းဆော့ဝဲအတွင်း တိုက်ရိုက်ပြန်လည် မေးမြန်းနိုင်ခြင်းအပြင်

👉 အစိမ်းရောင်လမ်းရဲ့ ပရီမီယမ်တောင်သူဖြစ်ခွင့် တစ်နှစ်စာကိုပါ ဘောနပ်စ်အနေနဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။

ရောင်းမယ်၊ ဝယ်မယ်၊ ဈေးတန်းကြီးမှာစိတ်ချရတယ်✅ကိုယ့်ရဲ့စိုက်ပျိုးရေးထွက်ကုန်တွေရောင်းချမလား❓လိုအပ်တဲ့ မျိုးစေ့၊ သီးနှံတွေဝ...
06/05/2025

ရောင်းမယ်၊ ဝယ်မယ်၊ ဈေးတန်းကြီးမှာစိတ်ချရတယ်✅

ကိုယ့်ရဲ့စိုက်ပျိုးရေးထွက်ကုန်တွေရောင်းချမလား❓
လိုအပ်တဲ့ မျိုးစေ့၊ သီးနှံတွေဝယ်ယူမလား❓

ဈေးတန်းကြီးနဲ့ချိတ်ဆက်ထား🤝

စိုက်ပျိုးမွေးမြူနှင့်ပတ်သက်သမျှကို တစ်နေရာထဲမှာ သိရှိလေ့လာနိုင်ဖို့ တောင်သူများအားလုံး ‌Zaytangyi - ဈေးတန်းကြီးနှင့် ချိတ်ဆက်လိုက်ပါ 👇

Zaytangyi ကို Green Way Application မှတစ်ဆင့်ဝင်ရောက်နိုင်မှာဖြစ်လို့ Green Way Application ရယူရန်

Android - https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/


#ဈေးတန်းကြီး
#လယ်ယာ

စိုက်ပျိုးရေးအတွက်လေ့လာနိုင်မယ့် အဖိုးတန်စာအုပ်များ ဈေးတန်းကြီးမှာ ဝယ်ယူထား📘စိုက်ပျိုးရေး အတွက်အမှားမဖက်ရအောင်🥕ပျိုးထောင...
28/04/2025

စိုက်ပျိုးရေးအတွက်လေ့လာနိုင်မယ့် အဖိုးတန်စာအုပ်များ ဈေးတန်းကြီးမှာ ဝယ်ယူထား📘

စိုက်ပျိုးရေး အတွက်အမှားမဖက်ရအောင်
🥕ပျိုးထောင်၊ ပေါင်းသင်၊ ရိတ်သိမ်း၊ ပိုးရှင်း စသည်ဖြင့် အခြေခံကအစလေ့လာနိုင်မယ့် စာအုပ်အမျိုးမျိုးကို ဝယ်ယူနိုင်တဲ့ "ဈေးတန်းကြီး"ဟာ တောင်သူများ မျက်ခြေမပြတ်ဝင်ရောက်လေ့လာသင့်တဲ့ နေရာပဲဖြစ်ပါတယ် ...

Zaytangyi ကို Green Way Application မှတစ်ဆင့်ဝင်ရောက်နိုင်မှာဖြစ်လို့ Green Way Application ရယူရန်

Android - https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/


#ဈေးတန်းကြီး
#လယ်ယာ

မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေကြောင်း ဈေးတန်းကြီးမိသားစုမှ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်...
17/04/2025

မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေကြောင်း ဈေးတန်းကြီးမိသားစုမှ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်...


မိုးလေဝသဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို Green Way Page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်...
07/04/2025

မိုးလေဝသဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို Green Way Page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်...

💦ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ဒေသတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရရှိမှုနဲ့ ပတ်သက်ပြီး အခက်အခဲကြုံနေရတယ်လို့ သိရတဲ့အတွ...
01/04/2025

💦ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ဒေသတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရရှိမှုနဲ့ ပတ်သက်ပြီး အခက်အခဲကြုံနေရတယ်လို့ သိရတဲ့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရပါတယ်။​

ဒီအခက်အခဲကနေ အထိုက်အလျောက် ပြေလည်နိုင်မဲ့ နည်းလမ်းလေးတစ်ခုကို ကျနော့်ကိုယ်တွေ့လေးမို့ မျှဝေပေးလိုပါတယ်။

၂၀၂၂ ခုနှစ် ကျနော် လူငယ်လယ်သမား အစီအစဉ်သင်တန်းကျောင်းမှာ တက်ရောက်စဉ် သင်ကြားအသုံးချခဲ့ရတဲ့ ရေသန့်စင်ပုံလေးပါ။​ ကျောင်းမှာရှိတဲ့ ရေတွင်းတွေက ချောင်းနားဘေးကပ်နေပြီး သန့်စင်မှု နိမ့်ကျတာကြောင့် ကျနော်တို့ကိုယ်တိုင် ဒီနည်းအတိုင်း သန့်စင်ပြီး သောက်ခဲ့ပါတယ်။​

ကျနော်တို့လုပ်ခဲ့တုန်းကတော့ ပုံးနှစ်ပုံးကို သုံးပြီး မီးသွေး၊ ကျောက်ခဲစ၊ ကျောက်စရစ်၊ သဲ၊ ပိတ်စနဲ့ PVC ပိုက်တွေကို သုံးပြီးလုပ်ခဲ့တာပါ။​

ကျနော်တို့ လုပ်ခဲ့တဲ့ ပုံစံအတိုင်းကို လုပ်ဖို့က ပစ္စည်းလိုအပ်ချက်များပြီး လုပ်ရတာ နည်းနည်း လက်ဝင်တာမို့လို့ ကျနော်တို့ လုပ်ခဲ့တဲ့ နည်းလမ်းရယ် ပိုပြီး လွယ်လွယ်ကူကူ လုပ်လို့ရမဲ့ နည်းလမ်းရယ် နှစ်မျိုး ဖော်ပြပေးလိုက်ပါတယ်။​

#ပထမနည်း (ရေပမာဏ များများသန့်စင်နိုင်) လိုအပ်သော ပစ္စည်းများ

ကော်ရေပုံးကြီးကြီး (၄၀ လီတာဝင်နှင့်အထက်)
PVC ပိုက်နှင့် ပိုက်ဆက်ခေါင်းများ
ကျောက်ခဲစ ( ကြက်ဥအရွယ်ခန့်)
ကျောက်စရစ်ခဲ (လောက်စာလုံးအရွယ်ခန့်)
သဲနု၊ သဲကြမ်း
ပိတ်စ

#ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဆုံးအနေနဲ့ ပုံးရဲ့ အောက်ခြေကို အပေါက်ဖောက်လိုက်ပါ။ ပြီးရင် PVC ပိုက်မှာ လက်ညှိုးလောက်ရှိတဲ့ အပေါက်တွေ ဖောက်ပြီး အပေါက်မှတဆင့် ပုံးထဲ ထည့်လိုက်ပါ။ ရေစိမ့်မထွက်အောင် ပိုက်ဆက်များခံ၍ အပေါက်မှတဆင့် ရေပိုက်ခေါင်းကို ထုတ်ပါ။

၂။ ပထမဆုံးအလွှာမှာ ကျောက်အပိုင်းအစလေးတွေကို ဆေးကြောပြီးပြီးထည့်ပါ။​ ​ ဒုတိယအလွှာမှာ ကျောက်စရစ်ခဲများထည့်ပါ။ ထို့နောက် ပိတ်စ ခံ ပါ။ သဲကြမ်းများထည့်ပါ။​ ပိတ်စထပ်ခံပါ။ မီးသွေးခဲများကို ထုခြေ၍ ထည့်ပါ။ အပိုင်းအစလေးများ ဖြစ်သွားလျှင် အဆင်ပြေပါပြီ။ အမှုန့်ဖြစ်ရန် မလိုပါ။ ပိတ်စခံပါ။ သဲနုများထည့်ပါ။ ပိတ်စခံပါ။ အပေါ်ဆုံး အလွှာတွင် ကျောက်စများ ပြန်ထည့်တဲ့ နည်းအတိုင်းပြုလုပ်ပြီး စစ်လိုသော ရေထည့်ရန် အပေါ်ဆုံးအလွှာထက်တွင် အနည်းဆုံး ၆လက်မခန့် နေရာကျန်ပါစေ။​ အလွှာ တလွှာချင်းစီကို ၃-၄ လက်မ ဝန်းကျင်ခန့် ထည့်ပေးပါ။ ပိတ်စမရှိလျှင် ရေစိမ့်နိုင်တဲ့ အဝတ်သန့်သန့် သုံးပေးလို့ ရပါတယ်။​

ကနဦး ထွက်လာသော ရေများသည် ကြည်လင်အုံးမည်မဟုတ်ပါ။ ရေများကြည်လင်ရန် ၅နာရီနဲ့ အထက် စောင့်ရန် လိုပါတယ်။​ ရေများ ကြည်လင်သွားလျှင် စတင်အသုံးပြုနိုင်ပါပြီ။​

#ဒုတိယနည်း (လိုအပ်သော ပစ္စည်းများ)

၂၀ လီတာဆန့် ရေသန့်ဘူးအကြီး
ကျောက်စရစ်ခဲ
ကျောက်စများ (လက်မအရွယ်ခန့်)
သဲနု
မီးသွေး
ပြုလုပ်ပုံအဆင့်ဆင့်

ရေသန့်ဘူး အောက်ခြေကို ပိုင်းဖြတ်လိုက်ပါ။​ အပေါ်ဖုံးကို ဖွင့်၍ ပိတ်စ သို့မဟုတ် ရေစိမ့်နိုင်သော အဝတ်သန့်သန့်နှင့် ပိတ်လိုက်ပါ။ ပထမဆုံးအလွှာတွင် ရေစိမ့်နိုင်သော အဝတ်သန့်သန့်ကို ခေါက်ထည့်ပါ။ ကျောက်စများ ထည့်ပါ။​ သဲနုထည့်ပါ။ ကျောက်စရစ်ခဲများ ထည့်ပါ။ သဲကြမ်းထည့်ပါ။ မီးသွေးများ ကြိတ်ချေ၍ ထည့်ပါ။ ကျောက်စရစ်ခဲထည့်ပါ။ တစ်လွှာလျှင် ၂ လက်မခန့် ထူပါစေ။ ရေထည့်ရန် အနည်းဆုံး ၄လက်မခန့်ချန်ထားပါ။

အောက်တွင် ထည့်စရာပုံးခံ၍ စစ်နိုင်ပါပြီ။​

ယခင်နည်းအတိုင်း ကနဦး ထွက်လာသော ရေများသည် ကြည်လင်အုံးမည်မဟုတ်ပါ။ ရေများကြည်လင်ရန် ၅နာရီနှင့် အထက် စောင့်ရန် လိုပါတယ်။​ ရေများ ကြည်လင်သွားလျှင် စတင်အသုံးပြုနိုင်ပါပြီ။​

#အကျိုးကျေးဇူးများ

မီးသွေးဟာ မသန့်စင်တဲ့ ရေမှာ ပါဝင်နေတဲ့ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ၊ ခဲလိုမျိုး အဆိပ်သင့်စေတဲ့ သတ္တုဓာတ်တွေ၊ မကောင်းတဲ့ အနံ့အသက်တွေကို စုပ်ယူပြီး ဖယ်ရှားပေးပါတယ်။​ ဒါ့အပြင် သဲ၊ ကျောက်စရစ်ခဲ စတဲ့ အရာတွေကလဲ ရေထဲမှာပါလာတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးမှာမို့လို့ ကြည်လင်သန့်စင်တဲ့ ရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။​

တခုသတိပြုဖို့က ဒီနည်းလမ်းကို ရေကို အထိုက်အလျောက် သန့်စင်ပေးနိုင်တယ်ဆိုပေမဲ့ ၁၀၀ ရာခိုင်နှုန်း သန့်စင်ပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ရေထဲမှာ ပါလာတဲ့ ဘက်တီးရီးတွေ ဗိုင်းရပ်စ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် စစ်ထုတ်ပြီး ရလာတဲ့ ရေတွေကို ကျိုချက်ပြီး သောက်သုံးနိုင်ရင်တော့ ပိုပြီး အန္တရာယ်ကင်းနိုင်ပါတယ်။​ ဒီနည်းလမ်းလေးက လက်တလော သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့ခက်ခဲနေတဲ့ ဒေသတွေမှာ အသုံးဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။​

အားလုံးပဲ ဒီအခက်ခဲကြီးကနေ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပါစေ ခင်ဗျာ။

ရေးသားသူ - Thu Ra Nyi Nyi

Reference link >>> https://youtu.be/aCtQooclWvo?si=HLAG5oNjnHh_vCGf


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ရေသန့်စင်နည်း
#သောက်သုံးရေ
#ငလျင်

နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လာနိုင်ကြောင်း ဆရာဦးဝင်းနိုင် သတိပေး======နောက်ဆက်တွဲအနေဖြင့် အင်အား ၆.၄ ရှိတဲ့ ပြင်းအားက ...
28/03/2025

နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လာနိုင်ကြောင်း ဆရာဦးဝင်းနိုင် သတိပေး
======

နောက်ဆက်တွဲအနေဖြင့် အင်အား ၆.၄ ရှိတဲ့ ပြင်းအားက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)အနီး ကို ဇဟိုပြုနေကြောင်း တွေ့ရပါတယ်လို့ အခုလိုပဲ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုတော့
အရေးကြီးစာရွက်စာတမ်းတွေကို လုံလုံခြုံခြုံနဲ့ယူရလွယ်အောင်ထုတ်ပိုးပြင်ဆင်ထားတာ

မိသားစုတွေ လူစုကွဲသွားရင်၊ အဆက်အသွယ်ပြတ်သွားရင် ပြန်ဆုံနိုင်မယ့် "ဆုံရပ်" ၂ နေရာ ၃ နေရာလောက် သတ်မှတ်အသိပေးထားတာ

ညအချိန်မတော် သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံလာရင် မြင်ရအောင် ဓါတ်မီး၊ ဘက်ထရီမီးချောင်းစသည်ဖြင့် အားသွင်းပြင်ဆင်ထားတာ

အပေါ်က ပြုတ်ကျလာနိုင်တဲ့ပစ္စည်းတွေကြောင့် အန္တရာယ်မဖြစ်အောင် နေရာရွှေ့ထားတာ

အဆောက်အဦနံရံတွေနဲ့ အုတ်စည်းရိုးတွေ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးတာ

အရေးပေါ်ဝင်ပုန်းလို့ရမယ့် ခိုင်ခန့်တဲ့ ခုံ/ခုတင်တို့လိုပစ္စည်းမျိုးတွေအောက်ကို လွယ်လွယ်ဝင်လို့ ရအောင်ရှင်းလင်းထားတာစသည်ဖြင့်

ကိုယ့်စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လိုအပ်မယ်ထင်တာကိုပြင်ဆင်ထားတာတော့ မမှားပါဘူး။

စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။

ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။

သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရင် သတိလွတ်မသွားအောင် ထိန်းသိမ်းရင်း တစ်ခုတော့မှတ်ထား​ပါ။

"အသက်ကို ဉာဏ်စောင့်ပါတယ်"

အစိမ်းရောင်လမ်းက မိတ်ဆွေများ သဘာဝဘေးရန်မှ ကင်းရှင်းကြပါစေ 🙏

Crd # ဆရာဦးဝင်းနိုင်

🙏🏻ယနေ့ကျရောက်တဲ့ မြတ်ဗုဒ္ဓရဲ့ပြည်တော်ဝင် အခါတော်နေ့ (သို့) မြန်မာ့အဖေများနေ့မှာစိတ်အေးချမ်းသာစွာ ကောင်းမှုကုသိုလ်များ ပြ...
13/03/2025

🙏🏻ယနေ့ကျရောက်တဲ့ မြတ်ဗုဒ္ဓရဲ့ပြည်တော်ဝင် အခါတော်နေ့ (သို့) မြန်မာ့အဖေများနေ့မှာ

စိတ်အေးချမ်းသာစွာ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ပြီး ပျော်ရွှင်စရာ မိသားစုအချိန်လေးများလည်း ပိုင်ဆိုင်ကြပါစေကြောင်း Zaytangyi.com မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်❤️





#တပေါင်းလပြည့်

သြဂဲနစ်စိုက်ပျိုးနည်းကို စနစ်တကျလုပ်ကိုင်လိုတဲ့ တောင်သူတိုင်း လေ့လာဖတ်ရှုသင့်တဲ့ “သြဂဲနစ်တောင်သူလက်စွဲ စာအုပ်”ပါမောက္ခ ဒ...
08/03/2025

သြဂဲနစ်စိုက်ပျိုးနည်းကို စနစ်တကျလုပ်ကိုင်လိုတဲ့ တောင်သူတိုင်း လေ့လာဖတ်ရှုသင့်တဲ့ “သြဂဲနစ်တောင်သူလက်စွဲ စာအုပ်”

ပါမောက္ခ ဒေါက်တာမြင့်လွင် ရေးသားထုတ်ဝေထားတဲ့ သြဂဲနစ်တောင်သူလက်စွဲ စာအုပ်မှာ
🌱 သြဂဲနစ်နည်းလမ်းဖြင့် စနစ်တကျ စိုက်ပျိုးနည်းများ ထိန်းသိမ်းနည်းများကို ဝေဝေဆာဆာရေးသားဖော်ပြထားတဲ့အတွက် တောင်သူများအကျိုးများစေမယ့် စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ် ✅

မှာယူဖတ်ရှုလိုပါက 📚Green Way App ထဲက ဗွေဆော်ဦး Section မှာ ဝင်ရောက်လေ့လာပြီး Green Way App / ဗွေဆော်ဦး Page Messenger မှ လွယ်ကူမြန်ဆန်စွာ အိမ်အရောက်မှာယူနိုင်ပါပြီ

Green Way Application ယူရန်
Android - https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/


#ဗွေဆော်ဦး
#စျေးတန်းကြီး

Address

No. 60, Yadanar Thukha Street, Lay Daung Kan, Thingangyun Yadanar Road Thingangyun
Dagon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959775053570

Alerts

Be the first to know and let us send you an email when Zaytangyi.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaytangyi.com:

Share