Hnin Oo

Hnin Oo Organic Green Tea from Southern Shan State of Myanmar

20/12/2025

34.9K likes, 1030 comments. “ဘယ်လိုအိပ်ရမလဲပြော”

20/12/2025

Check out ဒေါ်ချစ်ချစ်မော်🥰🥰🥰🥰🥰’s post.

20/12/2025

289 likes, 7 comments. Check out U Myo 733’s post.

27/10/2025

အသက်ရှင်ပါ
မနက်မင်္ဂလာလို့နှုတ်ဆက်ဖို့...........
အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ..,

အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ..

ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ..

မောင်စိန်ဝင်း(ပုတီးကုန်း)

25/09/2025

မျက်နှာတစ်ခြမ်းရွဲ့ခြင်းကို သဘာဝဆေးဝါးများ၊ ဖြည့်စွက်ဆေးဝါးများဖြင့် ကုသခြင်း

(၁) အိုမီဂါ-၃ ဖက်တီးအက်ဆစ် (Omega-3 fatty acids)

အိုမီဂါ-၃ တွင် အရောင်ကျစေသောအာနိသင်နှင့် ခန္ဓာကိုယ်ခုခံအားကို ထိန်းညှိပေးသော အာနိသင်တို့ပါရှိပါသည်။ အဆိုပါအာနိသင်များက အာရုံကြောထိခိုက်မှုများ၊ ရောင်ရမ်းမှုများကို သက်သာစေသည့်အပြင် မျက်နှာအာရုံကြောကို ပြန်လည်ကောင်းမွန်စေရန် အထောက်အကူပေးနိုင်ပါသည်။ အိုမီဂါ-၃ ကို ငါးကြီးဆီမှ ရရှိနိုင်သလို့ အပင်ထွက် အိုမီဂါ-၃ အဖြစ် နှမ်းကြတ်စေ့ဆီ (Flaxseed oil)၊ သစ်ကြားသီး (Walnuts) စသော အစေ့အဆံများတွင်လည်း တွေ့ရသည်။ ဖြည့်စွက်ဆေးဝါးအနေနှင့် အိုမီဂါ-၃ ကို အိုမီဂါ-၆၊ အိုမီဂါ-၉ တို့နှင့် အချိုးကျပေါင်းစပ်ထားသော ဆေးဝါးများကိုလည်း ပုံမှန်မှီဝဲပေးနိုင်ပါသည်။

(၂) ကမ္ဘာဦးပင် (Ginkgo biloba)

ကမ္ဘာဦးပင်၏အရွက်သည် အာရုံကြောကျန်းမာရေးအတွက် အလွန်အစွမ်းထက်သည်။ အာရုံကြောများကို ကာကွယ်ပေးသောအာနိသင်၊ အာရုံကြောရောင်ရမ်းမှုကို ကျဆင်းစေသော အာနိသင်နှင့် အာရုံကြောထိခိုက်မှုများကို ပြန်လည် ပြုပြင်ပေးနိုင်သောအာနိသင်များရှိကြောင်းတွေ့ရသည်။ ထို့ကြောင့် မျက်နှာတစ်ခြမ်းရွဲ့ခြင်းဖြစ်စဉ်တွင် သေချာပေါက်အကျိုးပြုနိုင်ပါသည်။

(၃) နနွင်း/ကာကူမင် (Turmeric/curcumin)

မျက်နှာတစ်ခြမ်းရွဲ့ခြင်းသည် မျက်နှာအာရုံကြော ရောင်ရမ်းမှုနှင့် ဆက်စပ်ကြောင်း ယခင် post များတွင် ဖော်ပြပြီးဖြစ်ပါသည်။ နနွင်းနှင့် နနွင်းတွင်ပါဝင်သော ဆေးဖက်ဝင်ဒြပ်ပေါင်း ကာကူမင်သည် ရောင်ရမ်းမှုကြောင့် ဖြစ်ရသော အာရုံကြောထိခိုက်မှုကို သက်သာစေသည်။ ထို့ကြောင့် နနွင်း/ကာကူမင်သည် မျက်နှာတစ်ခြမ်းရွဲ့ခြင်းကို သက်သာအောင် ကူညီပေးနိုင်ပါသည်။

(၄) လက်ဖက်စိမ်းနှင့် အီးဂျီစီဂျီ (Green tea and EGCG)

လက်ဖက်စိမ်းနှင့် ပါဝင်သော အဓိကဆေးဖက်ဝင်ဒြပ်ပေါင်း အီးဂျီစီဂျီတို့တွင် ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် အရောင်ကျစေသော အာနိသင်တို့ပါရှိသည်။ ထို့ပြင် အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေသော Brain-derived neurotrophic factor (BDNF) ကိုလည်း ထွက်လာအောင်လှုံ့ဆော်ပေးနိုင်သည်။ ထို့ကြောင့် အာရုံကြောရောဂါများနှင့် မျက်နှာတစ်ခြမ်းရွဲ့ခြင်းတို့ကို သက်သာစေနိုင်သည်။

(၅) ဗီတာမင် ဘီအုပ်စုဝင်များ

ဗီတာမင် ဘီအုပ်စုဝင်များအနက် ဗီတာမင် ဘီ-၁၂ (Vitamin B12/ Methyl cobalamin) နှင့် ဗီတာမင် ဘီ-၃ (Niacin) တို့သည်လည်း မျက်နှာတစ်ခြမ်းရွဲ့သော လူနာများကို သက်သာစေနိုင်သည်။ ဗီတာမင် ဘီ-၁၂ သည် အာရုံကြောကျန်းမာရေးနှင့် အာရုံကြောများအလုပ်ကောင်းကောင်းလုပ်စေရန် မရှိမဖြစ် အရေးပါသည်။ နိုင်င်ယာစင်ခေါ် ဗီတာမင် ဘီ-၃ သည်လည်း အာရုံကြောကို ထောက်ပံ့ပေးသော သွေးကြောများကို ကျယ်စေခြင်းဖြင့် အာရုံကြောသို့ သွေးရောက်ရှိမှုကို ကောင်းမွန်စေသည်။

(၆) အဆီတိုင်း-အယ်လ်-ကာနတင်း (Acetyl-L-carnitine)

အဆီတိုင်း-အယ်လ်-ကာနတင်းသည် အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်ပြီး ဆဲလ်အတွင် စွမ်းအင်ထုတ်လုပ်ပေးသော မိုင်တိုခွန်ဒရိယ အတွင်းသို့ ဖက်တီးအက်ဆစ်များကို ပို့ဆောင်ပေးသည်။ အဆီတိုင်း-အယ်လ်-ကာနတင်းတွင် အာရုံကြောထိခိုက်မှုများမှ ကာကွယ်ပေးသော အာနိသင်နှင့် အရောင်ကျစေသော အာနိသင်များပါဝင်သည်။

(၇) အခြားဖြည့်စွက်ဆေးဝါးများ

နွယ်ချို (Licorice)၊ ဇင့် (Zinc)၊ လိုင်စင်း (Lysine)၊ လင်ဇီးမှို (Ganoderma lucidum) တို့သည်လည်း ဗိုင်းရပ်စ်ပိုးကူးစက်မှုနှင့် ဆက်စပ်သော မျက်နှာတစ်ခြမ်းရွဲ့ခြင်း (Bell’s palsy) တွင် အရေးပါသည်။ အဆိုပါ ဆေးဝါးများ၌ ဗိုင်းရပ်စ်ပိုးများကိုနှိမ်နင်းနိုင်သောအာနိသင်၊ အရောင်ကျစေသော အာနိသင်နှင့် ခန္ဓာကိုယ်ခုခံအားကို ထိန်းညှိပေးသော အာနိသင်တို့ ပါဝင်သောကြောင့်ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

References:
https://www.lifeextension.com/protocols/neurological/bells-palsy
https://www.regenerativenutrition.com/natural-supplements-cure-bells-palsy.asp
https://www.naturalherbsclinic.com/product/bells-palsy/
https://healthfully.com/vitamin-b12-treatment-for-bells-palsy-7450974.html

25/09/2025

အသက်ရှင်ပါ
မနက်မင်္ဂလာလို့နှုတ်ဆက်ဖို့.........
အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ..

အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ...

ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ပျော်နိုင်ကြပါစေ...

မောင်စိန်ဝင်း (ပုတီးကုန်း)

25/09/2025

အဖွားတို့အမေတို့ခေတ်တုန်းကလဲ ဒီလိုပဲကလေးတွေ အများကြီးမွေးကြတာပဲ အဖွားဆို ၈ ယောက် ၊ အမေဆို ၄ ယောက် ၊ လင်ရော မယားရော မျိုးအောင်နေရင် ကလေးဆိုတာ တခါထဲနဲ့လဲ ရနိုင်တယ်နော်
ကလေးယူဖို့အတွက် အဓိက လိုအပ်တာက ဒီကလေးအတွက် အဖေရော အမေရော တသက်စာတာဝန်ယူစောင့်ရှောက်ချင်စိတ်ရှိဖို့ရယ် ၊ အပင်ပန်းခံ ခန္ဓာကိုယ် ပုံပျက်ခံပြီး ဗိုက်ကြီးပေးဖို့ရယ် ဒါပဲလိုတာ
ကျွေးနိုင်မွေးနိုင်စောင့်ရှောက်နိုင်တဲ့ မိသားစုမှာ ကလေးအများကြီးယူတာ ထူးဆန်းတဲ့ ကိစ္စမဟုတ်၊ မိသားစုစီးပွါးရေးတောင့်တဲ့ အိမ်တွေမှာဆို ဒီစီးပွါးရေးကို လက်ဆင့်ကမ်းဆက်ကြိုးစားပေးဖို့ သားသမီးတွေ ကို ပိုတောင်လိုအပ်သေးတယ် ၊
ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ရတာ ကုသိုလ် ရ မင်္ဂလာရှိတဲ့ကိစ္စပဲ ကောင်းတဲ့အိမ် ၊ နွေးထွေးတဲ့အိမ် မှာ လူလာဖြစ်ခွင့်ရတာ လဲ သူတို့အတွက်လဲ ကောင်းတဲ့ ဘဝကို ရလိုက်တဲ့ ကံကောင်းခြင်းပဲ
ခုခေတ်ကပဲကလေး အများကြီးမယူကြလို့လားမသိ ကလေးများတဲ့မိသားစုကိုဆို ထူးဆန်းသလို ရီစရာလို လှောင်စရာလို မြင်နေကြတာကိုက ကျမအတွက် ထူး
ဆန်းနေတာပဲရှင့်
ပြောတဲ့သူတွေက ကလေးမမွေးဖူးလို့လဲနေမှာပါ မွေးဖူးတဲ့သူတိုင်းကတော့ ကိုယ့်ကလေးစိတ်နဲ့ပဲ ရှင်သန်ပြီး ကိုယ့်ကလေးကြောင့်ပဲ လောကကြီးက လှပနေတာနော်
ကျမကတော့ ကလေးတွေအများကြီးပိုင်ဆိုင်ခွင့်ရတာ ကိုယ့်ကိုကိုယ် ကံအကောင်းဆုံးသူလို့ပဲ မှတ်ယူပါတယ်

ပုံလေးကတော့ စိန်ဥကျမဗိုက်ထဲက ထွက်လာခါစ အချိန်က ပုံလေးပါ

အပင်ပန်းခံ အသက်နဲ့ရင်းပြီး မွေးထုတ်၊ ကြိုးစားရုန်းကန်ပြီး မေတ္တာအပြည့် နဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ပေးခဲ့ တဲ့မိခင်တိုင်းကို လေးစားဂုဏ်ပြုပါတယ်ရှင် 🙏

25/09/2025

ဒီလိုမျိုး မဖြစ်ရအောင်! ကျွန်မ မှိုတက်သွားတဲ့အဖြစ် 😭

ကျွန်မရဲ့ စုဘူးထဲက ငွေတွေ မှိုတက်ပျက်စီးသွားတဲ့အဖြစ်ကို ပြောပြမယ်... 😢

ငွေလေးတွေကို စုထားတာ လေးနှစ်လောက်ရှိသွားပြီ။ စုဘူးက လေးလာတော့ စိတ်တွေတကယ်ကို ပျော်နေမိတယ်။ "ဒီလိုပဲ ဆက်စုဦးမယ်၊ ကြီးကြီးမားမားဝယ်မယ်" ဆိုပြီး စိတ်ကူးယဉ်နေမိတာ...

ဒါပေမယ့်... မနေ့က စုဘူးကို ဖွင့်ကြည့်လိုက်တဲ့အခါ... "အာ့... ဘာလဲဒါ!!! 😱"

၅၀၀၀ ကျပ်တန်၊ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူတွေက မီးခိုးရောင် မှိုမျှင်တွေနဲ့ ကပ်နေတယ်... ညှိုးနွမ်းပျက်စီးနေတယ်... စက္ကူတွေက စိုနေသလိုလို... အနံ့ဆိုးလေးတောင် ထွက်နေတယ်...

တကယ်ကို စိတ်ဓာတ်ကျသွားတယ်... ငိုချင်လောက်တဲ့အထိပါ... 😭 ကျွန်မရဲ့ ချွေးနဲ စာရတဲ့ငွေတွေ... ဒီလိုနဲ့ ပျက်စီးသွားတယ်ဆိုတာ...

ငွေကို စုဘူးထဲ ထည့်မစုပါနဲ့! – စိုထိုင်းမှုဒဏ်၊ ဖုန်မှုန့်ဒဏ်ကြောင့် ငွေစက္ကူတွေ ပျက်စီးတတ်ပါတယ်။

ဒီအဖြစ်ဆိုးကို ကြည့်ပြီး ကျွန်မလိုမျိုး မဖြစ်ကြစေချင်လို့ သတိပေးချင်ပါတယ်...

သင့်ငွေတွေကို ဂရုစိုက်ပါ!

👉 သင့်မှာ ဒီလိုအဖြစ်မျိုး ကြုံဖူးလား? Comment မှာဝင်ပြောပါနော်...

👉 ဒီသင်ခန်းစာကို မျှဝေပေးပါ! သူငယ်ချင်းတွေပါ သိအောင်လုပ်ပေးပါ!

#ငွေကြေးဗဟုသုတ #ငွေစုနည်း #သင်ခန်းစာ #မှိုတက်ငွေများ #ဘဏ်စုငွေ #ဝင်ငွေတိုး

Address

Dagon
11121

Telephone

+959254893507

Website

Alerts

Be the first to know and let us send you an email when Hnin Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share