Potato's Health Food Shop

Potato's Health Food Shop အထည်လက်လီလက်ကားရောင်း၀ယ်ရေး

26/11/2024

🪔 မသေချာနိုင်တဲ့မနက်ဖြန်တိုင်းအတွက် 🌿

👀 လောကကြီးထဲက
လူစုတ် လူယုတ် လူ့အမှိုက်တွေနဲ့
မတွက်ကပ်နေတော့ဘဲ
ကိုယ့်တန်ဖိုးကို သိသူတွေနဲ့အချိန်ပိုဖြုန်းမယ် ...

🥺 နောက်ဘ၀ဆိုတာမရှိ
ငရဲဆိုတာမ​သိတဲ့ တစ်ဘ၀စံတွေနဲ့
ဖက်ပြိုင်မနေဘဲ ရခဲလှတဲ့ လူ့ဘ၀ကို
အကျိုးရှိအောင်အသုံးချမယ် ...

💸 ရာထူး,အာဏာ,စည်းစိမ်တွေကြား
ဘီလူးဖြစ်သွားတဲ့ လူတွေနဲ့ဝေးဝေးနေရင်း
အပူစာတွေ မစားမိဖို့ သတိကပ်ရမယ် ...

🖤 အတိတ်တွေကိုနောင်တမရကြေး
အနာဂတ်ကိုတွေးမပူကြေး
ကိုယ့်ကိုယ်ကိုစိန်ခေါ်ပြီး
ပစ္စုပ္ပန်တည့်တည့်မှာနေထိုင်ရင်း
ကြုံသမျှ လောကဓံကို
မယိမ်းမယိုင်ရင်ဆိုင်နိုင်ဖို့ သင်ယူမယ်...

💃 လူများအမြင်တင့်နေဖို့ထက်
ကိုယ့်စိတ် သက်သာချောင်ချိစေမယ့်
အ၀တ်အစားတွေရွေး၀တ်မယ် ...

💇 ဆံပင်တိုတိုညှပ်ကြည့်မယ် ...

💄 နှုတ်ခမ်းနီအရောင်ပြောင်းကြည့်မယ် ...

🙅 လူတကာကို အားမနာဘဲ
ငြင်းပယ်သင့်တာ ငြင်းပယ်ပြီး
ကိုယ့်ကိုယ်ကိုပိုချစ်မယ် ...

🎵မမျှော်လင့်တဲ့ တစ်နေ့မှာနေ၀င်ခဲ့ရင်🎶
လောကကြီးထဲ လူ့အမှိုက်တစ်စ အဖြစ်
သမိုင်းမတွင်ခဲ့စေဖို့ ...

ပြန်လှည့်ကြည့်လိုက်တိုင်း နောင်တမရှိတဲ့အတိတ်တွေကို ဖန်တီးနိုင်ဖို့ ...

အရင်အချိန်တွေပြန်မရနိုင်တော့ပေမယ့်
အရင်လို ပြန်ပြုံးနိုင်ဖို့ ...

အရင်လို 🌿
နှင်းဆီပင်လေးတွေပြန်စိုက်မယ် ...🌹
📚စာအုပ်တွေပြန်ဖတ်မယ် ...
ကြောင်လေးတွေကို ပိုဂရုစိုက်မယ်...😻
ဘုရားမှန်မှန် ရှိခိုးမယ် ...
နေ့တိုင်း တရားထိုင်ဖြစ်အောင်ကြိုးစားမယ် ...🙇‍♀️

အရင်လို .... 🤍

Hello! 😘🥔🤝Potato's Healty Food Shopမှ ကြိုဆိုပါတယ်ဒီနေ့ ကရင်နှစ်ကူးနေ့ ပိတ်ရက်လေးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့  #အာလူးပဲပင်...
11/01/2024

Hello! 😘🥔🤝
Potato's Healty Food Shopမှ ကြိုဆိုပါတယ်
ဒီနေ့ ကရင်နှစ်ကူးနေ့ ပိတ်ရက်လေးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ #အာလူးပဲပင်ပေါက်သုပ်လေး လုပ်စားဖြစ်တယ်ရှင်
#နောက်ဆုံး၃ပုံကအသက်နော်👇😆

 ရှားစောင်းလက်ပက်အကျိုးကျေးဇူးများ၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါကမျက်စိနာ၊ကိုက်၊ပူစပ်၊ယားယံခြင်းကိုသက်သာ...
08/01/2024


ရှားစောင်းလက်ပက်အကျိုးကျေးဇူးများ

၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါက
မျက်စိနာ၊ကိုက်၊ပူစပ်၊ယားယံခြင်းကို
သက်သာစေပါသည်။

၂.နားထဲတွင်အနာပေါက်ခြင်း၊နားကိုက်ခြင်းနှင့် နားပိုးဝင်၍ ရောင်ကိုင်းခြင်း တို့တွင် ရှားစောင်းလက်ပပ်
၂ လက်မအရွယ်ကိုလှီးဖြတ်ကာ ထက်ခြမ်းခြမ်းပြီး နား၏အရှေ့ဘက်နှင့်
အနောက်ဘက်တို့တွင် ကပ်၍ ဂျယ်လီအချွဲများဖြင့်နားအပြင်မှပွတ်ပေးခြင်း
ဖြင့် ရောင်ကိုင်းမှုများလျော့ကျကာ
နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါသည်။

၃. ရှားစောင်းလက်ပတ်ကိုဖျော်ရည်သောက်ခြင်း
သို့ ပါးပါးလှီး၍ချက်စားခြင်းဖြင့် ဓမ္မတာမှန်စေကာ အမျိုးသမီးမျိုးပွါးအင်္ဂါကို ခွန်အားဖြစ်စေရုံသာမက သားအိမ်ကိုသန့်စင်စေသည်။သွေးဆုံးပြီးနောက် မီးယပ်ရောဂါတို့ကိုလည်းမဖြစ်စေပါ။

၄.က်ားမ အင်္ဂါများရှိရေယုန်နာများကိုလည်း
ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၅.ရှားစောင်းလက်ပတ်၏အတွင်းပိုင်းရှိ ဂျယ်လီသည် အရေပြားတွင်အနီပိမ့်များ
ထွက်ခြင်း၊အရေပြားတွင် အရည်အိတ်တည်ခြင်း၊အပူလောင်ခြင်း၊
ဘက်တီးရီးယားနှင့် ပိုးမွှားများကြောင့်
အရေပြားတွင် ပွေး၊ဝဲ၊ညှင်း စသည့် အရေပြားရောဂါ အမျိုးမျိုးကို သက်သာ
စေသည်။

၆.ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိသဖြင့်
အစာချေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊အစာမကြေခြင်းတို့ကို
သက်သာစေသည်။အထူးသဖြင့် အူမကြီး
ကင်ဆာအပါအဝင် ကင်ဆာအကျိတ်များ
ကြီးထွားလာမှုကို ရပ်တန့်စေသည်။
အစာအိမ်ပြည်တည်နာများ၊အသည်းရောင်ခြင်း၊အူရောင်ခြင်း
ဝေဒနာတို့ကိုလျော့ကျစေသည်။

၇.သွေးထဲရှိ oxygen ကိုကောင်းစွာလည်ပတ်စေပြီး
cell များကိုခွန်အားဖြစ်စေသည်။

၈.အပင်ထဲရှိ polysaccharides ,mannans,anthraquinones
စသောဒြပ်များသည် နှလုံးစွမ်းရည်ကိုတိုးမြှင့်ပေးစေသည့်အပြင်
သွေးတွင်းအဆီခဲ သွေးခဲများပိတ်ဆို့ခြင်း၊
နှလုံးသွေးပျစ်ခြင်းစသော နှလုံးသွေးကြော
ဆိုင်ရပြဿနာများကို များစွာကောင်းကျိုးပြု
သည်။ထို့ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းကိုလည်း ဖြစ်မလာစေနိုင်ပါ။

၉.သွေးဖိအားထိန်းညှိပေးခြင်းကြောင့်
သွေးတိုးရောဂါမဖြစ်စေပါ။

၁၀. အရေပြားရှိထိခိုက်ဒဏ်ရာများနှင့်
ပိုးဝင်ခြင်းတို့ကိုသက်သာစေပါသည်။
ရှားစောင်းအနှစ်ကို လိမ်းပေးပါက မီးလောင်နာ ၊အရည်ကြည်ဖုနာ၊ထိခိုက်ရှနာ၊
နေလောင်နာ စသည်တို့ကို ရှားစောင်းလက်ပက်တွင်ပါဝင်သော အောက်စီဂျင်ဓာတ်တစ်မျိုးတည်းကြောင့်
အရေပြားမှ cell များကို အလိုလို ပွုပွငျပေး
နိုင်စွမ်းရှိသည်။
(သို့သော်) ခွဲစိတ်အနာချုပ်ရိုးများကို
အနာကောင်းစွာမကျက်ခင် မလိမ်းသင့်ပါ၊
အနာကျက်နှေးသွားစေပါတယ်။

၁၁.သွေးစုနာ၊အကြိတ်ဖုနာ၊သွေးလုံး၊လေလုံး၊ အဆီဖုမ်ားကို အပင်၏ဂျယ်လီ
လိမ်းကပ်ပေးခြင်းဖြင့် အကြိတ်မှပြည်ပေါက်
ထြက္ကာ ငန်းမန်းကို ကြေစေနိုင်သည်။

၁၂.ရှားစောင်းလက်ပပ်အပင်ကို မီးမြှိုက်၍
အနှစ်ကိုစားပေးပါက ရေဖျဉ်းရောဂါကို
သက်သာစေပြီး မီးမြှိုက်ထားသောအနှစ်ကို
သကြားနှင့်စားပါက အမျိုးသမီးများ အဖြူဆင်းခြင်းကိုသက်သာစေသည်။

၁၃ ဂျယ်လီအနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ဆီးအောင့်ရောဂါကိုပျေါက်ကင်းစေပြီး
ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးသည်။

၁၄.အသားဝါရောဂါရှိသူများ ဂျယ်လီအနှစ်ကို စားပေးခြင်းဖြင့်
ချမ်းသာရာရစေသည်

၁၅.ဖျော်ရည်လိုသောက်သုံးပေးခြင်းဖြင့်
အအေးမိ၊တုပ်ကွေးဖျားနာ၊နှာခေါင်းပိတ်
ခြင်း၊လေပြွန်ရောင်ခြင်း၊ရင်ပူခြင်း၊စသည့်
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကောင်းစွာကုသပေးနိုင်စွမ်း
ရှိသည်။

၁၆.သွေးထဲရှိ glucose ပမါဏကိုကျစေသဖြင့် ဆီးချိုရောဂါသည်
များရှားစောင်းလက်ပက်ဖျော်ရည်ကို
သောက်သုံးသင့်ပါသည်။

၁၇.ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားပိုးမွှားများကိုသေစေကာ
သွားများကိုဖြူဖွေးသန့်စင်ခိုင်ခန့်စေပြီး၊
သွားဖုံးများကိုကျန်းမာစေသည်။

၁၈.သဘာဝသကြားဓာတ် ပါရှိသဖြင့်
ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။

၁၉.အပင် ၏ enzymes များတွင် ဝမ်းသက်စေသော အာနိသင်ပါရှိခြင်း
ကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွါးစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါ။

၂၀.ခေါင်းမလျှော်ခင်ရှားစောင်း လက်ပက်
ဂျယ်လီနှင့် ဦးခေါင်းကို နှိပ်နယ်ပေးခြင်းဖြင့်
ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊
ဆံပင်ကျိုးခြင်းတို့ကို သက်သာစေကာ
သန်း နှင့် ဗောက်များကိုလည်ကင်းစင်
စေသည်။

၂၁.ရှားစောင်းလက်ပက်ထဲတွင် ယောင်ယမ်းနာများကို ပျေါက်ကင်းစေသော
သဘာဝပစ္စည်း ၁၂ မျိုးပါရှိ၍ ဘေးထွက်ဆိုး
ကျိုးလုံးဝမရှိပဲ အရိုးအဆစ်အမြစ် နာကျင်
ကိုက်ခဲခြင်းတို့ကိုသက်သာစေသည်။
ထို့ပြင် ကြွက်သားများတောင့်တင်းခြင်းကိုလဲ
ပြေလျော့စေသည်။

၂၂. cholesterol ကိုကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို
ပေါ့ပါးလန်းဆန်းစေသည်။

၂၃.ခန္ဓာကိုယ်ထဲ oxygen ပြတ်လပ်မှုကို
ကာကွယ်ပေးသည်။

၂၄.ကော်ဖီနှင့် လက်ဖက်ရည်အလွန်အကျွံသောက်သုံး
ခြင်းကြောင့် ခန္ဓာကိုယ်တွက် မလိုအပ်သော
oxalates ဓာတ်မန္တရာယ်မှကာကွယ်ပေးသည်။

၂၅.ညအိပ်ယာဝင်ခါနီး ရှားစောင်းလက်ပက်
ဂ်ယ္လီကို မျက်နှာအနှံ့ပွတ်လိမ်းပြီး
မိနစ်၂၀ အကြာတွင် ရေအေးနှင့် မျက်နှာ
သစ်ပေးပါက မိတ်ကပ်ချေးများ ကင်းစင်စေပြီး ချွေးပေါက်ပွင့်ကာ ဝက်ခြံ
လုံးဝမထွက်စေပါ။ရှားစောင်းအနှစ်ကို
မျက်နှာပေါ်တွင်အုပ်ပြီးလိမ်းပေးပါက
ရှားစောင်းတွင်ပါဝင်သော oxygen
ကြောင့် အေရျပားcell များကိုပိုမိုသန့်စင်စေ
ပြီးချေါမွတ်စေပါသည်။ဝက်ခြံသာမက
တင်းတိပ်များကိုဖယ်ရှားပြီး နူးညံ့လှပစေ
ပါသည်။

၂၆.ရှားစောင်းလက်ပက်ကို အစိမ်းလိုက်ဝါးစားပါက အရက်နာကျရောဂါကိုသက်သာစေသည်။
လူကိုပုံမှန်တိုင်း လန်းဆန်းစေသည်။
(သို့သော်)တစ်နေ့ ၂၀ cc ထက္ပို၍
အစိမ်းစားပါက ကျောက်ကပ်ကို
ပျက်စီးစေနိုင်သည်။

အကျိုးကျေးဇူးများစွာဖြင့် လူတို့၏
ကျန်းမာရေးအတွက်လိုအပ်မှုများစွာကို ဖြည့်ဆည်းပေးနိုင်သည်

Address

Bago

Telephone

+959256832612

Website

Alerts

Be the first to know and let us send you an email when Potato's Health Food Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share