09/11/2020
#ဝိတ်ချနေသူများတွက်မရှိမဖြစ်ဖြစ်လိုအပ်တဲ့chiaseedလေးပြန်မှာလို့ရပါပီနော်
❣️သောက်နည်း❣️
seed (ချီယာ)ဟာ ပူစီနံမျိုးနွယ်ဝင်ဖြစ်တဲ့ပန်းပင်ရဲ့အစေ့ပဲဖြစ်ပြီး ပင်ပွားနဲ့ ပုံစံတူပါတယ် ( ပင်ပွားမဟုတ်ပါ ) , သူ့မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တေ ကြွယ်ဝစွာပါဝင် တဲ့ အတွက်ကြောင့် စားသင့်တဲ့ သဘာဝအစားအစာတမျိုးပဲ ဖြစ်ပါတယ် ။ အဖြူ နဲ့အနက် ၂ ရောင်ရှိပြီး အနက်ရောင် ချီယာ ရဲ့ မူလဇစ်ဖြစ်က မက္ကဆီ ကိုနဲ့တောင်အမေရိက ဖြစ်ပြီး Aztec နှင့် Mayan Indian (ယနေ့ မက္ကဆီကန်) လူမျိုးတို့၏ အဓိကအစားအစာဖြစ်သော (ပြောင်း၊ ပဲ) များကို စားသကဲ့သို့ နှစ်ပေါင်းများစွာ မှီဝဲစားသုံးခဲ့ကြပါသည်။ Chia (ချာ)ဆိုတာ Mayan ဘာသာဖြင့် ခွန်အား" ဟု အဓိပ္ပယ်ရပြီး ရှေးယခင်ကတည်းက Aztec နှင့် Mayan Indian လူမျိုးများ၏ သမိုင်းတွင် အံ့သြဖွယ်ကောင်းအောင် အားအင်ကိုတိုးစေပြီး ကြာရှည်အမောခံနိုင်စွမ်းရှိသည့် အစားအစာ ဆေးဝါး အဖြစ် ယုံကြည်ခဲ့ကြပြီး စစ်တိုက်သည့်အခါ၊ အမဲလိုက်သည့်အခါများတွင် ချီယာကို မှီဝဲစားသုံးခဲ့ကြသည်။
Superfood လို့ လူသိများနေတဲ့ Chia seed ရဲ့ အဓိကပါဝင်တဲ့ အာဟာရဓါတ်တွေကတော့
Fiber , Protein , Omega 3, Antioxidants , Calcium, Magnesium, Phosphorus,zinc, Vitamin B3( Naicin) , Potassium , Vitamin B1 ( Thiamine) နဲ့ Vitamin B2 .တို့ဖြစ်ပါတယ်။
အကျိုးအာနိသင်များ
ျှင်ဓာတ်များစွာ ပါ၀င်သောကြောင့် အစာချေဖြတ်ခြင်း (Digestion) ကို နှေးစေပြီး ဗိုက်ပြည့်သည့်ခံစားမှုကို ဖြစ်ပေါ်စေပြီး ၀မ်းမှန်စေပါသည်။အူလမ်းကြောင်းဆိုင်ရာရောဂါများကိုလည်းသက်သာစေပါသည် ။ အမျှင်ဓါတ်က အဆာခံနိုင်တာကြောင့် အင်အားမယုတ်လျော့စေဘဲ အလေးချိန်ကို လျော့ချပေးနိုင်လို့ ဝိတ်ချ လိုသူတွေ အထူးစားသုံးသင့်တဲ့အစားစာမျိုးပဲ ဖြစ်ပါတယ်။
အသားဓါတ်ဟာဆိုရင် နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တမျိုးပဲဖြစ်ပါတယ်. အရေပြား ဆံပင် လက်သည်းခြေသည်း ကျန်းမာရေးအတွက် အလွန်ပဲအရေးပါပါတယ် ။
အဆီဓါတ် , အဆီဓါတ်ဆိုပြီးလန့်မသွားနဲ့နော် . Omega 3 ( ငါးကြီးဆီ) ပါဝင်လို့ ကင်ဆာ ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများကို သက်သာစေတယ် ၊သွေးတွင်းအဆီ ကိုကျစေလို့ လေဖြတ်ခြင်းမှ လဲ ကာကွယ်ပေးတယ် ၊ အိုးမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ် ၊ အမျိုးသမီးများ အဖြစ်များတဲ့ ရင်သားကင်ဆာ သားအိမ်ခေါင်းကင်ဆာ များကို ကာကွယ်ပေးတယ်၊ မလိုအပ်တဲ့ အဆီတွေကိုလျော့ချပေးလို့ ဝိတ်ချလိုသူတွေအတွက် အထောက်အကူဖြစ်စေတယ် ။
ဓါတ်တိုးဆန့်ကျင်မှုကို ကာကွယ်ပေးလို့ အရွယ်မတိုင်ခင် အိုမင်းခြင်းကိုကာကွယ်ပေးပြီး ရုပ်ရည်ကိုနုပျိုစေတယ် ။
အရိုးအဆစ်ကို သန်မာစေပြီး အရိုးပွ ရောဂါကို ကာကွယ်ပေးတဲ့အတွက် အမျိိုးသမီးများ အတွက်ပိုမို သင့်လျော် အသုံးဝင်တယ်။
ဝမ်းချုပ်သက်သာစေတယ် ၊ အရိုးသန်မာစေတယ် ခေါင်းတခြမ်းကိုက်ရောဂါကိုသက်သာစေတယ် ဆီးချို ဝေဒနာရှင်များ ကုသရေးမှာအထောက်အကူဖြစ်စေတယ် အမျိုးသမီးများ ဓမ္မတာမလာမှီ လက္ခဏာ (Premenstrual Syndrome ) များကို သက်သာစေတယ် ။
အရိုးအဆစ်သန်မာမှုအတွက်အရေးပါ ပြီး အစာချေစနစ်ကိုကောင်းမွန်စေတယ် ဦးနှောက် ရဲ့ လုပ်ငန်းဆောင်တာတေကို ကျန်းမာစေလို့ မေ့တတ်တဲ့သူတေ စားဖို့သင့်တော်တယ် . အဆိပ်အတောက်ကို ဖယ်ရှားပေးတယ်.မောပန်းလွယ်တာတွေကို သက်သာစေတယ်။
ကိုယ်ခံအားစနစ်ကောင်းမွန်စေလို့ ဖျားနာလွယ်သူ ကူးစက်လွယ်သူတွေ အတွက် မရှိမဖြစ်ပါ။
ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းအတွက် အရေးပါပြီး ကိုလက်စထရော ကိုက လျော့ချပေးတယ်
သွေးပေါင်ချိန်ကို ထိန်းပေးလို့ သွေးတိုးရောဂါ ရှိသူများ စားသုံးသင့်တယ် ။
ခန္ဓာကိုယ် စွမ်းအင်ကို တိုးစေပြီး အာရုံကြော တွေကို ကာကွယ်စောင့်ရှောက်ပေးလို့ အသက်ကြီးသူတွေ စားသင့်တယ် . အသက်ရွယ်ကြီးရင့်လာမှုကို နှေးကွေးစေတယ် ။
မျက်လုံးကျန်းမာရေးကို အထောက်အကူပြတယ် ခုခေတ် လူနေမှုစနစ်အရ Mobile phone အသုံးပြုလာကြတာရယ်Computer နဲ့အလုပ်လုပ်ရတဲ့ဝန်ထမ်းတွေအတွက် လိုအပ်ပါတယ် , သွေးအားနဲရောဂါကို ကာကွယ်ပေးပြီး သင့်တင့်မျှတတဲ့ ခန္ဓာကိုယ်စွမ်းအင်ကို ထိန်းညှိပေးတယ်. အရေပြားနဲ့ ဆံပင် ကျန်းမာရေးအတွက်လဲ အထောက် အပံ့ဖြစ်စေပါတယ် ။
အသုံးပြုနည်း
သူ့ကို ရေထဲမှာပွလာအောင်စိမ် ( ၃၀ မိနစ်ဆို ကောင်းကောင်းပွပါတယ်) ဖျော်ရည် ကော်ဖီ နွားနို့ ဒိန်ချည် တို့နဲ့ရောသောက်လို့ရတယ် အချိုပွဲ ဟင်း မုန့်မျိုးစုံ အသုပ် နဲ့ ဆနိပြုတ်ထဲလဲ ထည့်စားလို့ရတယ် ။
တနေ့တာစားသုံးဖို့ကတော့ လက်ဖက်ရည် ၂ ဇွန်းကနေ ၃ ဇွန်းထိ စားလို့ရပါတယ် . သူ့ကို ရေထဲ ထည့် ပွလာအောင် စိမ်ပြီးမှ စားပါ ။
သတိပြုရန်
သွေးပေါင်အရမ်းကျတတ်သူဆိုရင်တော့ မစားစေချင်သလို ဆရာဝန် နဲ့ တိုင်ပင်ပြီးမှ စားသင့်တယ် ။
Crd.,
453g (1lb) 11500ks
food
loss
fat loss
အသေးစိတ်သိရှိလိုပါက CB(သို့)09257400329သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်❤