June's Kitchen

June's Kitchen ယခင် June's Home Made အမည်ဖြင့်အစားအစာများကို ရောင်းချနေပြီးယခုအခါ Cambodia နိုင်ငံတွင် June's Kitchen အမည်ဖြင့် အစားအစာများကို Deli စနစ်ဖြင့် ရောင်းချနေပါသည်။

26/03/2026

အာလူးကော်ပြန့်ကြော်

24/03/2026

ကျွန်မရဲ့မီးဖိုချောင်
သေးသေးလေးထဲက
ရွှေထမင်း
ကိုယ်လုပ်တတ်သလို လုပ်တာပါ
စားချင်တော့ လုပ်ချတာပါပဲ😹

ဒီနေ့တော့ပဲဟင်းနဲ့ချာပါတီချက်ပါတယ် ပဲက India Mart ကပဲအစိမ်းအမှုန့်ကိုသုံးပါတယ်၂.၇၅ =၁၁၀၀၀ တစ်ထုတ်ကိုဈေးနှုန်းပါအခုဟင်းရည...
19/10/2025

ဒီနေ့တော့
ပဲဟင်းနဲ့ချာပါတီချက်ပါတယ်
ပဲက India Mart ကပဲအစိမ်းအမှုန့်ကိုသုံးပါတယ်
၂.၇၅ =၁၁၀၀၀ တစ်ထုတ်ကိုဈေးနှုန်းပါ
အခုဟင်းရည်က table spoon ၄ဇွန်းစာပါ
ဂျုံက တစ်ထုတ်ရဲ့တစ်ဝက်ကိုသုံးပါတယ် တစ်ထုတ် ၅၀၀၀ပါ
ပဲဟင်းရေကို ကျွန်မစမ်းချင်နေတာကြာပါပြီ
မလေးရှားကိုခေတ္တရောက်စဥ်စားခဲ့ဘူးပါတယ်
ဒီကိုရောက်တော့မလေးရှားဆိုင်မှာ မိတ်ဆွေခေါ်လို့သွားစားရင်း အဲ့ဟင်းရည်နဲ့ပြန်ဆုံပါတယ်
ကြိုက်လွန်းလို့ ကလေးတွေကိုလဲကျွေးမိပါတယ်
အခုဒီနေ့တော့ အမြင်နဲ့တင်ပဲလုပ်ကြည့်မယ်ဆိုပြီး
ပဲဟင်းလေးချက်ပါတယ် မြန်လည်းမြန် အလုပ်လဲမရှုပ် အချိန်ကုန်သက်သာပါတယ်
အခုမြင်နေရတဲ့ပုံကတော့ အိမ်က၂ယောက်မနိုးခင်ရိုက်ထားတာပါ နိုးလာရင်တော့ ပဲဟင်းနဲ့ချာပါတီ
အဖြစ်ကမတွေးရဲစရာပါပဲ😁

15/08/2025

ငါးကြင်းဆီပြန် နဲ့ခဝဲသီးပဲကြာဇံ
ဟင်းချိုချက်လေးပါ
အိမ်တစ်အိမ်မှာ မိခင်တွေကအများဆုံး
မီးဖိုချောင်ထဲချက်ပြုတ်ပေးသလို
ချက်ပြုတ်ခြင်းကလည်း
အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ်
ချက်ပြုတ်နိုင်ပါတယ်
ကိုယ့်မိသားစု မိတ်ဆွေ သူငယ်ချင်း လိုအပ်သူ
စားသုံးသူ ဆိုပြီးခေါင်းစဥ်ကွဲပြားပေမယ့်
စေတနာစိတ်ကိုအရင်းခံပြီး ချက်ပြုတ်ကြရပါတယ်
ချက်နည်းတွေ အရသာတွေ ပါဝင်မှု့အချိုးအစားတွေမတူညီနိုင်ပါဘူးဒေသအလိုက်ကွဲပြားမှု့ရှိပါတယ် ဒါပေမယ့် ကိုယ်ချက်လိုက်တဲ့အစားအစာကို
သဘောကျနှစ်သက်ဖို့တော့ အကုန်လုံးကလိုလားတောင့်တကြပါတယ်
ကျန်းမာကြပါစေရှင်🧡🙏
#မြန်မာအစားအစာ


#အိမ်ချက်လက်ရာ
#ငါးဟင်း

ဒီနေ့တော့ လက်ဖက်ကို ညက်နေအောင်လုပ်ပြီးနှပ်တာမဟုတ်ပဲအရိုင်းနှပ်ကလေး လုပ်ထားပါတယ် ကြက်သွန်ဖြူ ငရုတ်အနီတောင့်ငါးငံပြာရည် ဆာ...
13/08/2025

ဒီနေ့တော့ လက်ဖက်ကို
ညက်နေအောင်လုပ်ပြီးနှပ်တာမဟုတ်ပဲ
အရိုင်းနှပ်ကလေး လုပ်ထားပါတယ်
ကြက်သွန်ဖြူ ငရုတ်အနီတောင့်
ငါးငံပြာရည် ဆား အချိုမှုန့်\အရသာမှုန့်
အချိုးအဆ သင့်တော်အောင်ထည့်ပြီး
မညက်တညက် လေး နှပ်ပါမယ်
တစ်ခါတစ်ရံ ထမင်းပူပူလေးနဲ့လည်း
တွဲစားလို့လိုက်ဖက်ပါတယ်
မြန်မာလူမျိုးတွေအတွက်တော့
ဘယ်နေရာရောက်ရောက်
မငြင်းနိူင်တဲ့ အစားအစာဖြစ်ပါတယ်
ကျန်းမာကြပါစေရှင်🧡🙏
#မြန်မာအစားအစာ

#လက်ဖက်

's Kitchen

11/08/2025

သီးစုံပဲဟင်းဆိုတာ
အိမ်ရှင်မတိုင်းချက်တတ်တာမို့
ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး
ကျွန်မကတော့ဒီနေ့ စားသုံးသူလိုချင်တဲ့ပုံစံအတိုင်း
ချက်ထားတာပါ
ကျန်းမာကြပါစေရှင်
#အိမ်ချက်လက်ရာ
#မြန်မာအစားအစာ



's Kitchen

Order for pet shop opening 4 years ago.
10/08/2025

Order for pet shop opening 4 years ago.

09/08/2025

ဟင်းထုတ်
#အိမ်ချက်လက်ရာ
#မြန်မာအစားအစာ

#သက်သတ်လွတ်

08/08/2025

Cooking Class
ပထမဦးဆုံး ကျွန်မကို
မုန့်ဟင်းခါးချက်နည်း သင်ပေးခဲ့သော
မာလာ အမ မာလာ ကိုကျေးဇူးတင်ပါတယ်
ကျွန်မတို့အမျိုးသမီးတွေ အိမ်ချက်လက်ရာများကို
တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်း
သင်ပေးတဲ့နည်းကလည်း ရှေးဘိုးဘေးတွေထဲက
လုပ်ဆောင်လာကြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်
မုန့်ဟင်းခါးချက်နည်းလို့ဆိုလိုက်တာနဲ့
တစ်နယ်နဲ့တစ်နယ် ဒေသအလိုက်ကွဲပြားခြားနားကြပါတယ် ဒါကြောင့် အနည်းနဲ့အများ ကွဲပြားမှု့ရှိသလို
အရသာလည်းထိုနည်းပါပဲ
June's kitchen အနေနဲ့ Cooking Class လေးကို
စတင်လုပ်လာနိုင်တဲ့အတွက် တကယ့်ကိုကျေနပ်မိပါတယ်။ အခုတော့ တနလ်ာနဲ့သောကြာနေ့တွေမှာ အစားအစာလုပ်ဆောင်ခြင်းကိုခေတ္တရပ်ထားပါတယ်။(အတန်းလေးရှိနေလို့ပါ)
အိမ်ချက်ပုံစံနဲ့ အစားအစာ ချက်ပြုတ်ခြင်းလေ့လာချင်တယ်ဆိုရင် ဆက်သွယ်မေးမြန်းလို့ရသလို မိသားစုတွေ့ဆုံပွဲတွေအတွက်လည်း အော်ဒါလက်ခံချက်ပြုတ်ပေးပါတယ်ရှင်
ကျန်းမာကြပါစေရှင်🙏
#အိမ်ချက်လက်ရာ
#မြန်မာအစားအစာ


kitchen
's Kitchen

#မုန့်ဟင်းခါး

31/07/2025

ကျွန်မနဲ့အတူ အလုပ်လုပ်တဲ့
အမ မနန်း(နန်းရွှေယဉ်)ရဲ့
လက်ရာအတိုင်းသက်သတ်လွတ်ဟင်းထုပ်
ကိုလုပ်နိုင်ခဲ့ပါပြီ ဂျုးမြစ်လေးမရှိတာကလွဲလို့
အားလုံးပြည့်စုံပါတယ်
အမြဲတမ်းသင်ပေးလို့လဲကျေးဇူးတင်ပါတယ်မနန်း
#ဟင်းထုတ်
#သက်သတ်လွတ်

Address

Street 3, Dang Kor, Dang Kor, Cambodia, 120501
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959791388601

Website

Alerts

Be the first to know and let us send you an email when June's Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to June's Kitchen:

Share