Jobs in Japan

Jobs in Japan အားလုံးကိုပျော်ရွှင်စေချင်တာအမှန်ပါ

ပန်းချီကားတစ်ချပ်ထဲမှာ ကိုယ်တိုင် အသက်ရှင် ရှင်သန်ခွင့်ရမယ်ဆိုရင်...✨🎇မနေ့က(ဇွန်လ ၁၂ ရက်) ကမှ အသစ်စက်စက်ဖွင့်လှစ်လိုက်တဲ...
13/06/2026

ပန်းချီကားတစ်ချပ်ထဲမှာ ကိုယ်တိုင် အသက်ရှင် ရှင်သန်ခွင့်ရမယ်ဆိုရင်...✨🎇

မနေ့က(ဇွန်လ ၁၂ ရက်) ကမှ အသစ်စက်စက်ဖွင့်လှစ်လိုက်တဲ့ တိုကျိုမြို့က Rêve Des Lumières ကတော့ ပုံထဲကအတိုင်း ရင်သပ်ရှုမောဖွယ် အလင်းအမှောင်တွေနဲ့ ဆွဲဆောင်နေတာကို တွေ့ပြီးကြပြီလား ⁉️

ပုံထဲမှာ မြင်ရတဲ့အတိုင်း သာမန် Digital ပြပွဲတစ်ခု မဟုတ်ပါဘူး‼

ဥရောပရဲ့ နာမည်ကြီး ပန်းချီကားချပ်တွေနဲ့ အလင်းတန်းတွေကို ခေတ်မီ Projection နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ၃၆၀ ဒီဂရီ ပတ်ပတ်လည် ဖန်တီးထားတဲ့ အိမ်မက်ကမ္ဘာ တစ်ခုပါ 🥳

✨ ဒီပြပွဲကို ဘာလို့ သွားသင့်လဲ?

🌻နံရံတွေတင်မကဘဲ ကြမ်းပြင်တစ်ခုလုံးမှာပါ နေကြာပန်းတွေ ဝေဆာနေပြီး ပန်းချီကားတစ်ချပ်ထဲ ကိုယ်တိုင် စီးမျောနေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ နေရာ။

🌊မျက်စိတစ်ဆုံး အပြာရောင်လှိုင်းလုံးတွေနဲ့ အလင်းအမှောင် ကစားပုံက တကယ့်ကို အေးချမ်းပြီး Cinematic ဆန်ဆန် Portrait ပုံတွေ ရိုက်ဖို့ အကောင်းဆုံး Spot ပါပဲ။

✨Luxury အဆန်းစား Vibes မျိုး ရစေပြီး Outfit အမိုက်စားတွေ နဲ့ ဓာတ်ပုံရိုက်ရင် Studio ထဲမှာ ရိုက်ထားသလို အမိုက်စားဖြစ်တဲ့ ပုံတွေ ထွက်လာမှာ သေချာပါတယ်။

👩‍❤️‍💋‍👨အမှောင်ထဲမှာ ပန်းပွင့်အရောင်စုံတွေ ဖြာထွက်နေတဲ့ Background ကတော့ အတွဲ (Couple) တွေ အမှတ်တရ Date လုပ်ရင်း Romantic ဆန်ဆန် moment တွေ ရိုက်ဖို့ အသင့်တော်ဆုံးပါပဲ။

ဂျပန်မှာ နေ့တိုင်း အလုပ်တွေ၊ ကျောင်းတွေနဲ့ ပင်ပန်းသမျှကို ဒီလို အနုပညာအလင်းတန်းတွေကြားထဲမှာ စိတ်အပန်းဖြေရင်း Facebook, TikTok နဲ့ Instagram ပေါ်မှာ Trend မိမိ ပုံအလန်းတွေ တင်ဖို့ ဒီ Weekend မှာပဲ အဝတ်အစား အလန်းစားတွေ ပြင်ဝတ်ပြီး သွားဖို့ ညွှန်းပေးလိုက်ပါတယ်နော် 😉

📍 Rêve Des Lumières Exhibition
🏢 Location: Tokyo, Yebisu Garden Place (Ebisu Station ကနေ လမ်းလျှောက်ရုံပါပဲ)

📅 Date: ၂၀၂၆ ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ (Limited Time Only)

🎟️လက်မှတ်ဝယ်ယူရန် https://tdp.tv-asahi.co.jp/reve-lumieres/tickets.html
Credit ❤️Ooak telecom

ရုပ်ရှင် free show ရှိပါတယ်Ebisu Garden Place မှာပါ။သောကြာ စနေ တနင်္ဂနွေ ညနေဖက်တွေမှာပါ။ 7လပိုင်း 5ရက်နေ့အထိပါပြမဲ့ ရုပ်...
09/06/2026

ရုပ်ရှင် free show ရှိပါတယ်
Ebisu Garden Place မှာပါ။
သောကြာ စနေ တနင်္ဂနွေ ညနေဖက်တွေမှာပါ။
7လပိုင်း 5ရက်နေ့အထိပါ
ပြမဲ့ ရုပ်ရှင်အချိန်ဇယားလည်းထည့်ပေးထားပါတယ်။
Credit ❤️

31/05/2026

1-အငယ်ဆုံးသား ရှောင်
2-အညာသား ရှောင်
3-တဦးတည်းသေားသား ရှောင်
4-အမများတဲ့ မောင်ကိုရှောင်
5-တောသူဌေးသားဆိုရှောင်
6-နှုတ်ခမ်းမွှေးနဲ့ဆိုရှောင်
7-မုတ်ဆိတ်နဲ့ဆိုရှောင်
8-ညုပြုံး ကြာပြုံး မခို့ပြုံးဆိုရှောင်
9-အိမ်သာမှန်နဲ့ဓာတ်ပုံရိုက်တဲ့သူဆိုရှောင်

Sagittarius တွေရဲ့ဘဝမှာဘယ်တော့မှအသဲကွဲတယ်ဆိုတာမရှိဘူး သိဖို့
30/05/2026

Sagittarius တွေရဲ့ဘဝမှာဘယ်တော့မှအသဲကွဲတယ်ဆိုတာမရှိဘူး သိဖို့

တိုကျိုမှာ  ဒီလိုကျွန်းတွေ ရှိတယ် ဆိုတာ သင်သိပါသလား ? 🌳🌊"တိုကျို" လို့ ပြောလိုက်ရင် လူတိုင်းရဲ့ စိတ်ထဲမှာ မိုးမျှော်တိုက...
26/05/2026

တိုကျိုမှာ ဒီလိုကျွန်းတွေ ရှိတယ် ဆိုတာ သင်သိပါသလား ? 🌳🌊

"တိုကျို" လို့ ပြောလိုက်ရင် လူတိုင်းရဲ့ စိတ်ထဲမှာ မိုးမျှော်တိုက်ကြီးတွေ၊ ကွန်ကရစ်တောအုပ်တွေနဲ့ လူရှုပ်လှတဲ့ မြို့ပြကြီးကိုပဲ ပြေးမြင်ကြမှာပါ

ဒါပေမဲ့... တိုကျိုမြို့တော်ကြီးထဲမှာတင်
🌟ကြယ်တွေအပြည့်နဲ့ ညကောင်းကင်ယံ၊
🐬လင်းပိုင်တွေနဲ့အတူ ရေကူးလို့ရတဲ့ ပင်လယ်ပြာပြာကြီး၊
ပြီးတော့ ဥရောပစတိုင် သဲသောင်ပြင်ဖြူဖြူတွေရှိတဲ့ ကျွန်းတွေအများကြီး ရှိနေတယ်ဆိုတာ ယုံနိုင်ပါသလား

တိုကျိုထဲမှာပဲ ဆိုတော့...
စိတ်ထဲမှာ အော်... " မြို့ထဲကနေ ရထားလေးစီး၊ ဒါမှမဟုတ် ကားလေးမောင်းပြီး ခဏလေး သွားလိုက်ရုံနဲ့ ရောက်နိုင်မယ့် နီးနီးနားနား နေရာလေးတွေပဲ ဖြစ်မှာပါ " လို့ ထင်သွားကြမှာ အသေအချာပါပဲ

အပန်းဖြေဖို့ ဝေးဝေးလံလံ အိုကီနာဝါ (Okinawa) အထိ သွားစရာမလိုဘဲ တိုကျိုထဲတင် ဒီလိုကျွန်းတွေ သွားလို့ရပြီဆိုပြီး ဝမ်းသာသွားကြလိမ့်မယ်

ဒါပေမဲ့ အမှန်တရားကတော့...

တိုကျိုမြို့ထဲ တင်ဆိုတော့ နီးနီးလေးလို့ ထင်လိုက်ရပေမယ့် တကယ်တမ်း မြေပုံပေါ်မှာ ကြည့်လိုက်ရင်တော့ အဲဒီကျွန်းတွေဟာ တိုကျိုမြို့လယ်ခေါင်နဲ့ "မိုးနဲ့မြေလို" ဝေးလံလှတဲ့ ပစိဖိတ်သမုဒ္ဒရာကြီးထဲမှာ ပြန့်ကျဲပြီး ရှိနေတာပါ

ဘယ်နေရာတွေလဲဆိတော့

🏄‍♀️Shinjima (新島 - နီးဂျီးမား)

တိုကျိုကနေ ကီလိုမီတာ ၁၆၀ လောက် ဝေးပါတယ်
မြို့ပြနဲ့ ဝေးသွားတာနဲ့အမျှ ရေလှိုင်းစီး (Surfing) လို့ အရမ်းကောင်းတဲ့ အဖြူရောင်သဲသောင်ပြင်တွေနဲ့ အဆောက်အအုံဖြူဖြူလေးတွေ ရှိတဲ့ နေရာပေါ့

🌟Kozushima (神津島 - ခိုးဇုရှီးမား)

တိုကျိုကနေ ကီလိုမီတာ ၁၇၀ ကျော် ဝေးပါတယ်
ဒီကျွန်းကတော့ ညဘက်ကြယ်တွ လှတယ်လို့ နာမည်ကြီးပါတယ်

🪨Miyakejima (三宅島 - မိယာကဲဂျီးမား)

တိုကျိုကနေ ကီလိုမီတာ ၁၈၀ နီးပါး ဝေးပါတယ်
မီးတောင်ကျောက်မှုန်တွေကြောင့် ဖြစ်လာတဲ့ ထူးခြားဆန်းပြားတဲ့ ကျောက်ဆောင်ကမ်းခြေ တွေ ရှိပါတယ်

🐬Mikurajima (御蔵島 - မိကူရဂျီးမား)

တိုကျိုကနေ ကီလိုမီတာ ၂၀၀ ကျော် ဝေးပါတယ်
လူသူအရောက်အပေါက် နည်းသေးပြီး ပင်လယ်ထဲမှာ သဘာဝအတိုင်း နေထိုင်တဲ့ လင်းပိုင်တွေနဲ့အတူ ရေငုပ်ကူးခတ်လို့ရတဲ့နေရာလေးပါ

🌊Hachijojima (八丈島 - ဟာချီဂျိုးဂျီးမား)

တိုကျိုမြို့လယ်ကနေ ကြည့်ရင် တောင်ဘက်ကို ကီလိုမီတာ ၂၈၀ ကျော် (မိုင် ၁၇၀ ကျော်) တောင် ဝေးပါတယ်

သဘာဝတောတောင်တွေ၊ ကမ်းပါးယံတွေနဲ့ အပူပိုင်းဒေသအတိုင်းပါပဲ

ကဲ ဘယ်ကျွန်းအကြောင်းကို အသေးစိတ်သိပိုချင်လဲ? မန့်ခဲ့ပေးနော် 😉

ကားနံပါတ်ပြားတွေမှာ တိုကျိုမြို့ထဲက ကားတွေလိုပဲ
"Shinagawa (品川)" လို့ တပ်ထားပြီး လိပ်စာမှာလည်း "Tokyo-to (東京都)" လို့ သုံးထားတာမို့ နီးနီးလေးလို့ အထင်မှားစေပေမယ့်၊ တကယ်တမ်း သွားမယ်ဆိုရင်တော့ သမုဒ္ဒရာကြီးကို ဖြတ်ပြီး သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ အဝေးကြီး သွားရတဲ့ ကျွန်းတွေ ဖြစ်ပါတယ် 🙆‍♀️
Credit ❤️

အာကြီးတော့ ပထမဖြစ်သွားပြီဒုတိယလူဆိုလို့စည်သူလွင်နဲ့ငါပဲကျန်တော့တယ် 😒
25/05/2026

အာကြီးတော့ ပထမဖြစ်သွားပြီ
ဒုတိယလူဆိုလို့စည်သူလွင်နဲ့ငါပဲကျန်တော့တယ် 😒

23/05/2026

Full Package Planလေးတခါလုပ်ပြီးတာနဲ့
ကိုယ့်ရဲ့Skin Toneအပြင်
👗👚👕အဝတ်စားdesignကအစ
😎🕶️👓မျက်မှန်အလယ်
🧴💋💄Cosmeticရွေးချယ်မှုအဆုံးထိ
တသက်သာသိရှိသွားမှာဖြစ်ပါတယ်ရှင်။
5လပိုင်း 6လပိုင်း 15%offလေးရတုန်း Bookingလေးတင်ထားလိုက်နော်။


အောက်မှာ page link ရှိပါတယ် Page Messager ကနေ booking တင်လို့ရတယ်နော်
https://www.facebook.com/share/1GwoC9VoUD/?mibextid=wwXIfr

21/05/2026

အရုပ်ရွာ Part 4
Credit ❤️ U Nyi Nyi

20/05/2026

အရုပ်ရွာ Part 3
Credit ❤️ U Nyi Nyi

19/05/2026

အရုပ်ရွာ Part 2
Credit ❤️ U Nyi Nyi

住所

Shinjuku-ku, Tokyo

営業時間

月曜日 10:00 - 23:00
火曜日 10:00 - 23:00
水曜日 10:00 - 23:00
木曜日 10:00 - 23:00
金曜日 10:00 - 23:00
土曜日 10:00 - 23:00
日曜日 10:00 - 23:00

ウェブサイト

アラート

Jobs in Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー