Khaing Handmade soap

Khaing Handmade soap Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khaing Handmade soap, Grocers, Aizawl.

အလုပ်နားရက်တွေ မအားတာနဲ့ဆပ်ပြာမလုပ်ဖြစ်တာကြာနေပြီဒီနေ့တော့ အုန်းဆီစစ်စစ်လေးသုံးချင်တာနဲ့ အုန်းဆီစလုပ်ကြည့်နေပါတယ်
19/08/2023

အလုပ်နားရက်တွေ မအားတာနဲ့
ဆပ်ပြာမလုပ်ဖြစ်တာကြာနေပြီ
ဒီနေ့တော့ အုန်းဆီစစ်စစ်လေးသုံးချင်တာနဲ့ အုန်းဆီစလုပ်ကြည့်နေပါတယ်

26/07/2023

ရွာမှာဆိုရင်တော့

ရွာလည်လမ်းကရေစီးတာပေါ့

တောင်ပေါ်မှာတော့

လှေကားထစ်ကရေစီးကျတာမြင်ရတာ

စိတ်ထဲအေးချမ်းနေရော

26/07/2023

တနင်္ဂနွေနေ့က ပျားရည်ဆပ်ပြာနဲ့

ပျားရည်အသားဖြူဆပ်​ပြာလေးတွေ

လုပ်ဖြစ်ပါတယ် အလုပ်နားရက်မှာပဲ

ဆပ်ပြာလေးတွေလုပ်ဖြစ်တာဆိုတော့

Videoလေးတွေသိပ်မတင်ဖြစ်တာပါ

Khaing Handmade Soap လေးတွေကို

အားပေးကြတဲ့ Customersကျေးဇူးအထူးတင်ပါတယ်ရှင့်

ချစ်တဲ့ 💝Khaing💝

16/07/2023

ဒီနေ့တော့ ကိုယ်တိုင်ချက်တဲ့baseမဟုတ်ပဲ
india ကုန်ကြမ်းကိုသုံးထားပါတယ်
ရှားစောင်း ဆပ်ပြာနဲ့ သနပ်ခါးဆပ်ပြာလေး ဘယ်လိုတွေ​ကြည်လင်လှပနေလဲ ဆိုတာ
Videoလေးမှာ ကြည့်လိုက်နော်

8ရက်နေ့မှာ ရှားစောင်းဆပ်ပြာလေးတွေရပါမယ်ရှင့်သဘာဝရှားစောင်းဆပ်ပြာလေးက ခဏခဏဝက်ခြံဖြစ်​ပြီး အမဲစက်​လေး​တွေဖြစ်တတ်တဲ့ အသားအရ...
30/06/2023

8ရက်နေ့မှာ ရှားစောင်းဆပ်ပြာလေးတွေရပါမယ်ရှင့်
သဘာဝရှားစောင်းဆပ်ပြာလေးက ခဏခဏဝက်ခြံဖြစ်​ပြီး အမဲစက်​လေး​တွေဖြစ်တတ်တဲ့ အသားအရေပိုင်ရှင်လေးတွေနဲ့ သင့်လျော်တဲ့ဆပ်ပြာလေးဖြစ်ပါတယ်

Chemical ပါဝင်မှုအနည်းဆုံး
ဖြစ်တဲ့ဆပ်ပြာလေးဖြစ်လို့ အသားခြောက်ခြင်းမရှိပဲ အသားရည်စိုပြေလှပစေပါတယ်ရှင့်
1 =Price-Rs100
3 =price -Rs 250

ချစ်စရာ့ ချစ်စရာ Handmade soap လေးပါရှင့်😍😍Soap cakeကို သနပ်ခါးပင်ရဲ့အမြစ်၊ အခေါက်ကို အမှုန့်ပြုလုပ်ပြီးသုံးထားပါတယ် 👩 f...
27/06/2023

ချစ်စရာ့ ချစ်စရာ
Handmade soap လေးပါရှင့်😍😍
Soap cakeကို သနပ်ခါးပင်ရဲ့
အမြစ်၊ အခေါက်ကို အမှုန့်ပြုလုပ်ပြီးသုံး
ထားပါတယ်
👩 face & body ၂မျိုးသုံးလို့ရပြီး အသားအ​ရေဖြူဝင်းစေပြီး
အဆီ​ပြန်​ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရည်ရှိသူများ သုံးဖို့သင့်လျော်တဲ့ဆပ်ပြာလေးဖြစ်ပါတယ်ရှင့်😊
Khaing Handmade soapရဲ့
အသား​ဖြူ သနပ်ခါးဆပ်​ပြာလေးတွေ ကိုနှစ်သက်ပါက ချိုသာတဲ့​​ဈေးနဲ့ ဝယ်ယူအားပေးလို့ရပါတယ်ရှင့်😊

Handmadeဖြစ်တာကြောင့်အရေအတွက် အများကြီးမလုပ်ပါ

Cold process နည်းနဲ့လုပ်ထားတဲ့ အသားဖြူ ဝက်ခြံပျောက် သနပ်ခါးဆပ်ပြာလေးတွေပါရှင့်😊😊
25/06/2023

Cold process နည်းနဲ့လုပ်ထားတဲ့
အသားဖြူ ဝက်ခြံပျောက် သနပ်ခါးဆပ်ပြာလေးတွေပါရှင့်😊😊

03/06/2023

ဈေးကအ​ပြန် ဆိုင်ကအမှာ​လေး​တွေ​ပေးဖို့ ဆပ်ပြာဗူးတွေ ပါကင်ပိတ်ရင်း Effect များနဲ့ကျွန်မ😊😊

သနပ်ခါးကိုကြိုက်နှစ်သက် လွန်းလို့သနပ်ခါးပင်ရဲ့ အ​ပွေး၊အမြစ်ကိုအမှုန့်ကြိတ်ပြီး ရလာတဲ့သနပ်ခါးအမှုန့်ကို ဆပ်ပြာအဖြစ် ​ပြုလ...
31/05/2023

သနပ်ခါးကိုကြိုက်နှစ်သက် လွန်းလို့
သနပ်ခါးပင်ရဲ့ အ​ပွေး၊အမြစ်ကို

အမှုန့်ကြိတ်ပြီး ရလာတဲ့သနပ်ခါးအမှုန့်ကို ဆပ်ပြာအဖြစ် ​ပြုလုပ်ထားတဲ့
သနပ်ခါးဆပ်ပြာလေးတွေပါရှင့်

သနပ်ခါးဆပ်ပြာက ဘာတွေကောင်းဆိုတော့
1- အပူဖု မိတ်ဖုတွေကို သက်သာစေပါတယ်
2-မကြာခဏ ဝက်ခြံထွက်​ခြင်း နှင့် အမဲစက်တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်
3-အဆီပြန်ခြင်းကို သက်သာစေပါတယ်
4- အသားအရေ ကြည်လင်ပြီး အရွယ်တင်နုပျိုစေပါတယ်

သနပ်ခါးဆပ်ပြာ 50 g ရူပီး ၁၀၀
မြန်မာငွေ ၂၅၀၀ - ၃၀၀ကျပ်

မိန်းက​​လေးတိုင်းက နေ့စဉ်လှပဖို့ မိတ်ကပ်နဲ့ Skin careမျိုးစုံကိုသုံးနေကြသလို ညအိပ်ရာဝင်တိုင်း မျက်နှာကို သန့်ရှင်းပြီး အ...
30/05/2023

မိန်းက​​လေးတိုင်းက
နေ့စဉ်လှပဖို့ မိတ်ကပ်နဲ့ Skin careမျိုးစုံကိုသုံးနေကြသလို
ညအိပ်ရာဝင်တိုင်း မျက်နှာကို သန့်ရှင်းပြီး အစိုဓာတ်ဖြည့်ပေးဖို့လဲလိုအပ်ပါတယ်

ပျိုမေတို့ရဲ့ နုညံ့တဲ့အသားအရည်အတွက် ဓာတုပစ္စည်းမပါဝင်တဲ့
ဆပ်ပြာအမျိုးအစားကို​ရွေးချယ်အသုံး​ပြုမယ်ဆိုရင်

အမဲစက်ထခြင်း၊ မကြာခဏဝက်ခြံထွက်ခြင်း၊ အသားအရေ မညီညာခြင်း၊ တင်းတိပ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်ရှင့်

အသားအရည်တွက်အကောင်းဆုံးဆီများကိုအသုံးပြုပြီး ပြုလုပ်ထားတဲ့Base soapနဲ့
ရှားစောင်းလက်ပတ် ကိုသုံးထားတဲ့ဆပ်ပြာဖြစ်လို့
ယုံ​ကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်ရှင့်
Khaing Handmade soap ရဲ့ဆပ်ပြာလေးတွေက 50 g ကိုရူပီး၁၀၀ပါရှင့်

29/05/2023

အသားအရည် ထိန်းသိမ်းတဲ့သူတိုင်းကScrubသုံးကြတယ်
Scrubမှာကောင်းကျိုးများစွာရှိတဲ့အထဲကမှ
Olive&sugarScrubကရရှိမယ့်ကောင်းကျိုးတွေက

1-ခြေဖနောင့်ကွဲခြင်းနဲ့ အမာရွတ်တွေကိုသက်သာစေပါတယ်

2- သ​ကြားနဲ့ပွတ်တိုက်​ပေး​​​ခြင်း​က အသားအရေ ကိုနုညံ့စေပြီး
ချွေးပေါက်ကိုပွင့်စေလို့ ကျမ်းမာရေးအတွက်လဲ သင့်လျော်ပါတယ်

3- သံလွင်ဆီပါလို့ အသားအရေကို စိုပြေစေပါတယ်

Handmade ဖြစ်လို့ ဓာတုပစ္စည်းများ (လုံးဝ)မပါဝင်ပါ

50 g ကိုရူပီး ၁၀၀ ပါရှင့်

27/05/2023

ကြည်လင် တောက်ပနေသော
Khaing Handmade soapရဲ့ဆပ်ပြာဆီလေး💛💛💛

ဆပ်​ပြာဆိုတာ လှနေရုံနဲ့ မရဘူးနော်
သူ့ရဲ့အလုပ်က
1 - ဂျေး(ဂျီး)ပြောင်ရမယ်
ဆပ်ပြာအများကြီးသုံးမှဂျေးပြောင်တာထက် နဲနဲသုံးတာနဲ့ ဂျေးပြောင်တာကမှ ကိုယ့်ရဲ့ဝင်ငွေကို စနစ်တကျသုံးရာကျမယ်

2 - အစွန်းအထင်းတွေကို အလွယ်တကူ ချွတ်နိုင်ရမယ်
အစွန်းထင်း​တွေ ပြောင်​အောင် မနဲပွတ်တိုက်လျှော်ရ​ပြီး လက်ညောင်းရတဲ့ဒုက္ခတွေ မလိုချင်တော့ဘူး

3 - အမြှုတ်ထွက်ရမယ် အမြှုတ်မပါတဲ့ဆပ်ပြာက ဆားမပါတဲ့ဟင်းလို
ပေါ့ပျက်ပျက်နဲ့ အရသာမရှိဘူး ဆပ်ပြာဆိုမှတော့ အမြှုတ်ထွက်များရမယ်လေ

4 - သင့်တင့်တဲ့ဈေးနှုန်းနဲ့ အရည်သွေးရှိရမယ်
မီးဖိုဆောင်က ငွေယိုပေါက်ဖြစ်သလို
ချွေတာသင့်တာ ချွေတာရမယ်
အိမ်တွင်းသုံးပစ္စည်းက သင့်တင့်တဲ့ဈေးနဲ့ အရည်သွေးကောင်းရမယ်

ဒီအချက်တွေနဲ့အညီ ပြုလုပ်ထားတဲ့ ဆပ်ပြာကိုရွေးချယ်အသုံးပြုချင်တယ်ဆိုရင်တော့ Khaing Handmade soapရဲ့ ဆပ်ပြာဆီလေးကို
ရွေးချယ်ကြည့်ဖို့ အကြံပြုပါရစေ
ပေးရတဲ့ဈေးထက် ပိုကောင်းတဲ့ Quality ရပြီး အိမ်ရဲ့အသုံးစရိတ်ကို အချိုးကျကျသုံးစွဲကြပါ ချစ်တဲ့ အိမ်ရှင်မတို့ရေ
🙆🙆
ဈေးနှုန်း = ၁၂ဗူး ၁ကဒ် ၂၅၀၀၀ကျပ်
လက်လီ ၁ဗူး ၂၅၀၀ကျပ်

လီတာပုံးအလိုက် အများဈေးသီးသန့်ရှိပါတယ်ရှင့်

Address

Aizawl

Website

Alerts

Be the first to know and let us send you an email when Khaing Handmade soap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category