Moe

Directions

Moe Changes
(1)

21/10/2026

ကိုယ်နဲ့ဆို ရှောင်ဖယ်တိတ်ဆိတ်ခဲ့သမျှ
တခြားလူတစ်ယောက်နဲ့မှ
ရယ်မောပျော်ရွှင်နေတာမြင်တော့လည်း
ကိုယ့်မှာ နာနာကျင်ကျင်ပါပဲ ။

#မာဂရက်

20/10/2026

ငါတို့ဘဝတွေက ဓာတ်ပုံရိုက်သလိုပဲ

တစ်ခါတလေ အလင်းများသွားတယ် ။
တစ်ခါတလေ အမှောင်ဖုံးသွားတယ် ။

အဲဒီလိုနဲ့ပဲ မပြည့်စုံတဲ့ နဂ္ဂတစ်တွေ ကြားထဲမှာ
ငါတို့ရဲ့ အမှတ်တရတွေကို သိမ်းဆည်းခဲ့ရတာပါ ။

- နီကိုရဲ

18/10/2026

စိတ်ကလေးကို ရှင်းအောင်ထား
ကျန်းမာဖို့ကိုပဲ အာရုံစိုက်
ဖြစ်တည်မှုကို ကောင်းအောင်ကြိုးစား

တစ်ယောက် နဲ့ တစ်ယောက်
ဘယ်လိုမှ မပတ်သက်ကြတော့ဘူးဆိုရင်တောင်

အချိန်တန်ရင် ငါတို့က
အသေအချာပဲ
ပျောက်ကွယ်သွားရမှာ ။

#နွေသစ်ငြိမ်း

17/10/2026

Music vibes🥰

16/10/2026

တစ်ခုခုဖြစ်သွားတာကို
ဘာမှမဖြစ်သလို နေလိုက်ရတာလည်း ရှော့ခ်ပါပဲ

ဒီဖြစ်စဉ်များဟာ ကြေကွဲခြင်းတွေ မဟုတ်ပဲ
ကျကွဲခြင်းတွေပဲ ဖြစ်လိမ့်မယ် ။

#အေးချမ်း
gyiရဲ့တော်ပြီ

15/10/2026

အတောင်မရှိတော့တဲ့
အင်းဆက်တွေလိုပါပဲ
ပျံသန်းရမယ့် အချိန်မှာ
လမ်းတွေလျှောက်နေရတယ်။

#ခင်အောင်မြင့်

12/10/2026

တချို့က
တစ်သက်လုံးမေ့ဖျောက်လို့မရအောင်
သတိရနေခဲ့ကြပြီး

တချို့က
ပြန်မမှတ်မိတော့အောင်
မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ကြတယ် ။

#ဂန္ဓမာ

09/10/2026

"သစ်ပင်တစ်ပင်၏ စကားသံ"

မြေဆီလွှာထဲ မြှုပ်နှံရင်း
အမြစ်တွယ်ခဲ့ရ အမှောင်တွင်း၊
နွေးထွေးတဲ့ နေရောင်ခြည်ကလေးကို
မျှော်လင့်ရင်း ရှင်သန်ခြင်း။
မုန်တိုင်းတွေ တိုက်ခတ်လို့
ခက်မတွေ ကျိုးပဲ့ခဲ့ဖူးတယ်၊
ရိုးတံကျဲကျဲ ရာသီမှာလဲ
ရွက်ဟောင်းတွေ ကြွေလွင့်ခဲ့ရဖူးတယ်။
ဒါပေမဲ့...
မိုးစက်တွေ နမ်းရှိုက်တဲ့အခါ
ရွက်သစ်တွေ ပြန်လည်ဝေဆာလို့၊
ငှက်ကလေးတွေ နားခိုဖို့
အရိပ်အေးအဖြစ် စောင့်ကြိုနေဆဲပါ။
ဘဝဆိုတာလည်း ဒီလိုပါပဲ
လဲပြိုတိုင်းသာ မခေါင်းပုံရင်၊
နက်ဖြန်ဆိုတဲ့ မနက်ဖြန်မှာ
ပန်းတွေ အလှဆုံး ပွင့်လန်းလာမှာပါ။

08/10/2026

" ကြယ်မြင်ရမှ
ကောင်းကင်ကို
မြတ်နိုးပြမယ့်သူ မဟုတ်ဘူး ...
...
ကိုယ့်အတွက် မလင်းတဲ့ ညတွေကိုလည်း
တရှိုက်မက်မက်
သိမ်းထားခဲ့ပါတယ် ....

ဦးတည်ရာက ကိုယ့်ဆီမဟုတ်လည်း
မင်းလှမ်းတဲ့ဖက်မှာ
မေတ္တာတွေ လိုက်ခင်းပေးမိမှာပါဘဲ ....."

-Xenon

06/10/2026

ပိပိရိရိ ငိုတတ်လာတာက
ရင့်ကျက်လာတယ် ပြောရမလားအမေ

အခုတလော
သေသေသပ်သပ်
မျက်ရည်လည်း ဝဲတတ်လာတယ်

အိပ်တာရော စိတ်မှာရော
မပျော်ပါဘူး အမေရယ် ။ ။

#ခွန်ဟိဏ်း( ရေစကြို )

Address

Ranchi

Website

Alerts

Be the first to know and let us send you an email when Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category