13/09/2026
တရုတ်နိုင်ငံမှာscholarship နဲ့ဆေးပညာကိုသင်ယူနေရင်းနွေရာသီကျောင်းပိတ်ရက်မှာအင်္ဂလန်ကို Medical study campသွားဖို့အရွေးခံရပါတယ်။
English ရောကျောင်းစာမှာပါတော်တဲ့တရုတ်ကျောင်းသားseniorအစ်ကိုအစ်မတွေနဲ့အတူတူသွားရမှာဖြစ်တဲ့အပြင်အဖွဲ့ထဲမှာနိုင်ငံခြားသားတယောက်ထဲဖြစ်တဲ့အတွက်စိတ်ဖိစီးမှုတွေများခဲ့ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်လဲvisaကိစ္စစိတ်ပူရပြန်ပါတယ်။
ဂယက်ပေါင်းတသိန်းနဲ့နောက်ဆုံးမှာတော့UK visaရသွားပါတယ်။ Study campအတွင်းမှာလဲseniorတွေရဲ့ဖော်ရွေမှုနဲ့ဖေးမမှုတွေကြောင့်ကျောင်းစာကိုပိုပီးစိတ်နှစ်နိုင်ခဲ့ပါတယ်။
Campပြီးလို့တရုတ်ကျောင်းကိုပြန်ရောက်ပြီးနှင်းကcampသွားခဲ့တုန်းကဓာတ်ပုံတွေဗီဒီယိုတွေကိုWeChat channel နဲ့ တရုတ်TikTok (抖音)တွေနဲ့တင်ပါတယ်။
ဒီနေ့WeChat channel ကနေနှင်းလက်ရှိတက်နေတဲ့ကျောင်းကတရုတ်တယောက်က campအကြောင်းစိတ်ဝင်စားကြောင်းနဲ့နှင်းနဲ့experiencesတွေကိုနားထောင်ချင်ကြောင်းစာပို့လာပါတယ်။တရုတ်ကျောင်းသားရဲ့အားကျမှုကိုခံရတဲ့အတွက်လဲတကယ်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။
WeChat channel မှာတော့international student life ကိုsharingလုပ်ဖြစ်ပေမဲ့Facebookမှာတော့သိပ်မလုပ်ဖြစ်ခဲ့ပါဘူး။
China scholarship , student life in China အပြင် medical ပိုင်းကိုတရုတ်လိုသင်ရတဲ့အခါဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲဆိုတာတွေကိုနောက်ပိုင်းမှာဆက်လက်မျှဝေသွားပါမယ်။