သော်တာနေခြည်မွေးမြူရေးခြံ Thawtar Naychi Farm

  • Home
  • သော်တာနေခြည်မွေးမြူရေးခြံ Thawtar Naychi Farm

သော်တာနေခြည်မွေးမြူရေးခြံ Thawtar Naychi Farm Local farm product, Fresh Meat, Value added product of chicken, 100% organic, clean and safety food.
(266)

ကိုကို့အချစ်မှာတကယ်ရူးသွား😳ကမ္ဘာကြီးစောင်းကာချာလည်မူးသွား🤣
22/06/2026

ကိုကို့အချစ်မှာတကယ်ရူးသွား😳
ကမ္ဘာကြီးစောင်းကာချာလည်မူးသွား🤣

ဒီအပတ်လုံးSpecial Promotion အာလူးချောင်းလေးအရသာမြည်းနိုင်ဖို့အတွက်ပုံမှန်စျေး ၂၀၀၀ ကျပ် - ပရိုမိုးရှင်းစျေး ၁၅၀၀ ကျပ်ပါရ...
21/06/2026

ဒီအပတ်လုံးSpecial Promotion
အာလူးချောင်းလေးအရသာမြည်းနိုင်ဖို့အတွက်
ပုံမှန်စျေး ၂၀၀၀ ကျပ် - ပရိုမိုးရှင်းစျေး ၁၅၀၀ ကျပ်ပါရှန့်
မြန်မြန်လေးလှမ်းခဲ့လိုက်တော့ကွာ❤️❤️❤️

အရသာကောင်းမွန်မှု၊ သန့်ရှင်းမှုနှင့် ကျန်းမာရေးကို အထူးဦးစားပေးထားသော Ready Made Frozen Potato Fries လေးပါရှင့်။

မိသားစုဝင်များနှင့်ကလေးငယ်များစိတ်ချက်လက်ချစားသုံးနိုင်ရန် ဂရုတစိုက်ထုတ်လုပ်ထားပါတယ်ရှင်။

#သော်တာနေခြည်မွေးမြူရေးခြံ

ဆိုင် ၁ - စစ်ကိုင်းမြို့၊စစ်ကိုင်းဈေးကြီးအနီး
ချင်းစုရပ်ကွက်၊တာရိုးကြီးလမ်းမပေါ်

ဆိုင် ၃ - စစ်ကိုင်းမြို့၊ အိုးဘိုဝိုင်းပတ်အနီး၊ ရွှေသမားရပ်
ဖြူစင်စားသောက်ဆိုင်အနီး

ဆိုင် ၄ - စစ်ကိုင်းမြို့၊မြို့မစျေးကြီးအရှေ့၊ကုက္ကိုလ်ပင်တန်း၊
အောင်ဇမ္ဗူဆေးဆိုင်၊ငွေကြယ်စဉ်ဆိုင်ကယ်
အပိုပစ္စည်းအရောင်းဆိုင်တို့နှင့်ကပ်လျှက်

ဆိုင် ၂ - 84*85 လမ်းကြား၊38 လမ်း
မန်းမြို့ဈေးမြောက်ဘက်ပေါက်၊
ရွှေနန်းတော်ဝင်ရွှေဆိုင်နှင့်ကပ်လျှက်
09-444040877,09-967959814

ကြက်သားခြောက်လုပ်စားချင်တဲ့အိမ်ရှင်မလေးတို့အတွက်အိမ်စား ကြက်သားခြောက်လုပ်နည်း🧂 ပါဝင်ပစ္စည်းများ • ကြက်ရင်သား / ပေါင်သား ...
21/06/2026

ကြက်သားခြောက်လုပ်စားချင်တဲ့အိမ်ရှင်မလေးတို့အတွက်

အိမ်စား ကြက်သားခြောက်လုပ်နည်း

🧂 ပါဝင်ပစ္စည်းများ
• ကြက်ရင်သား / ပေါင်သား – ၅၀၀ ဂရမ်
• ဆား – ၁/၂ ဇွန်း
• သကြား – ၁ ဇွန်း
• ကြက်သားမှုန့် – ၁/၂ ဇွန်း
• ကြက်သွန်ဖြူမှုန့် – ၁/၂ ဇွန်း
• ငရုတ်ကောင်းမှုန့် – ၁/၂ ဇွန်း
• ဆီ – ၁ ဇွန်း
👉 ဘေဘီလေးတွေအတွက်ငရုတ်ကောင်းလျော့နိုင်ပါတယ်

🔪 ပြင်ဆင်နည်း
1. ကြက်သားကို လက်မအရွယ်လောက်ပါးပါး ဖြတ်ပါ
2. ရေစင်အောင်ဆေးပြီး စက္ကန့်အနည်းငယ်ခြောက်အောင်ထားပါ
3. ပါဝင်ပစ္စည်းအားလုံးနဲ့ လက်နဲ့ညှစ်ပြီး ရောပါ
4. ဖုံးပြီး ၂–၄ နာရီ အအေးခန်းထဲထားပါ



☀️ ခြောက်သွေ့စေတဲ့နည်း (အိမ်မှာအလွယ်ဆုံး)

🟡 Oven / Air Fryer
• ၆၅–၇၀°C
• ၂–၃ နာရီ
• ၁ နာရီတစ်ခါ ပြန်လှန်ပါ
• အနည်းငယ်နူးနေသေးရင် စိတ်မပူပါနဲ့ (ကြော်ရင် ခြောက်သွားပါမယ်)

🟡 နေရောင်
• နေရောင်ကောင်းတဲ့နေ့မှာ
• ဇကာနဲ့ဖုံးပြီး ၁–၂ ရက်



🍳 စားမယ့်အချိန်
• ဆီနည်းနည်းနဲ့ မီးပူပူမှာ အနည်းငယ်ကြော်
• မီးဖုတ်စားလည်းရပါတယ်
• ဆန်ပြုတ်၊ ထမင်းနဲ့ အရမ်းလိုက်ပါတယ် 🍚



📦 သိမ်းဆည်းနည်း
• ခြောက်သွေ့ပြီးလုံးဝအေးသွားမှ ဘူးထဲထည့်ပါ
• အအေးခန်း – ၂ ပတ်
• Freezer – ၁ လ
• အပြင်မှာထား- လေသလက်နေအာင်အလွတ်ထား ၁ လ



💡 အရသာပိုကောင်းစေချင်ရင်
• ကြော်မယ့်အချိန် ပျားရည်အနည်းငယ်သုတ်ပြီးကြော်ကြည့်ပါအရမ်းမွှေးပြီး အရသာတက်လာပါတယ်။

• ဖုတ်ပြီး သံပုရာရည်လေးညှစ်စားလည်း လန်းပါတယ်

အရိုးမပါ/အရေခွံတဲ့ရင်အုပ်အသားတုံးတွေကိုသော်တာနေခြည်မှာဝယ်ပါရှင်။ စျေးချိုပြီးလတ်မှလတ်၊ချိုမှချို😃😃😃

အလုပ်မရှုပ်ချင်ရင်လည်းTTNCရင်အုံသားကြက်သားခြောက် ထုတ်လေးတွေအားပေးလို့ရပါတယ်ရှင်
၁၀ သားတစ်ထုတ်မှ ၁၁၀၀၀ ကျပ်ပါရှင်🙏🙏🙏

အဆင်ပြေကြပါစေရှင်။

#သော်တာနေခြည်မွေးမြူရေးခြံ

ဆိုင် ၁ - စစ်ကိုင်းမြို့၊စစ်ကိုင်းဈေးကြီးအနီး
ချင်းစုရပ်ကွက်၊တာရိုးကြီးလမ်းမပေါ်

ဆိုင် ၃ - စစ်ကိုင်းမြို့၊ အိုးဘိုဝိုင်းပတ်အနီး၊ ရွှေသမားရပ်
ဖြူစင်စားသောက်ဆိုင်အနီး

ဆိုင် ၄ - စစ်ကိုင်းမြို့၊မြို့မစျေးကြီးအရှေ့၊ကုက္ကိုလ်ပင်တန်း၊
အောင်ဇမ္ဗူဆေးဆိုင်၊ငွေကြယ်စဉ်ဆိုင်ကယ်
အပိုပစ္စည်းအရောင်းဆိုင်တို့နှင့်ကပ်လျှက်

ဆိုင် ၂ - 84*85 လမ်းကြား၊38 လမ်း
မန်းမြို့ဈေးမြောက်ဘက်ပေါက်၊
ရွှေနန်းတော်ဝင်ရွှေဆိုင်နှင့်ကပ်လျှက်
09-444040877,09-967959814

ချဉ်ပေါင်တစ်ခင်း၊ကန်စွန်းတစ်ခင်းစိုက်ပျိုးထားရတဲ့အကျိုးကျေးဇူးတွေကလည်းများလိုက်တာ😀😀😀လှူဖို့၊ဝေဖို့ခူးလေပွါးလေများများခူး...
20/06/2026

ချဉ်ပေါင်တစ်ခင်း၊ကန်စွန်းတစ်ခင်းစိုက်ပျိုးထားရတဲ့အကျိုးကျေးဇူးတွေကလည်းများလိုက်တာ😀😀😀
လှူဖို့၊ဝေဖို့ခူးလေပွါးလေများများခူး၊များများပွါးလာတာရှင်

ဒီနေ့ကစနေနေ့လေဘေ့ဘေ
ချစ်ရတဲ့ကာကာလေးတွေကိုချဉ်ပေါင်ရွက်နဲ့ကန်စွန်းရွက်တစ်စီးစီလက်ဆောင်ပေးခဲ့ပါတယ်ရှင့်

20/06/2026

TTNC ထုတ်ကုန်သစ်လေးများ

ဘာရောင်းရောင်း
စေတနာလေးထည့်ပေါင်းရောင်းပါတယ်
ဝယ်သူအပေါင်းမေတ္တာဓာတ်ကြောင့်
ရောင်း/ဝယ်ကောင်းပါတယ်ရှင်

ဘာလေးထုတ်ထုတ်
စေတနာလေးထည့်လုပ်ထားတာမို့အရည်အသွေးကောင်းဈေးလေးလည်းချိုပါတယ်ရှင့်

#သော်တာနေခြည်မွေးမြူရေးခြံ

ဆိုင် ၁ - စစ်ကိုင်းမြို့၊စစ်ကိုင်းဈေးကြီးအနီး
ချင်းစုရပ်ကွက်၊တာရိုးကြီးလမ်းမပေါ်

ဆိုင် ၃ - စစ်ကိုင်းမြို့၊ အိုးဘိုဝိုင်းပတ်အနီး၊ ရွှေသမားရပ်
ဖြူစင်စားသောက်ဆိုင်အနီး

ဆိုင် ၄ - စစ်ကိုင်းမြို့၊မြို့မစျေးကြီးအရှေ့၊ကုက္ကိုလ်ပင်တန်း၊
အောင်ဇမ္ဗူဆေးဆိုင်၊ငွေကြယ်စဉ်ဆိုင်ကယ်
အပိုပစ္စည်းအရောင်းဆိုင်တို့နှင့်ကပ်လျှက်

ဆိုင် ၂ - 84*85 လမ်းကြား၊38 လမ်း
မန်းမြို့ဈေးမြောက်ဘက်ပေါက်၊
ရွှေနန်းတော်ဝင်ရွှေဆိုင်နှင့်ကပ်လျှက်
09-444040877,09-967959814

TTNC မွေးမြူရေးခြံတွေမှာအရည်သွေးအကောင်းဆုံးBelga ကြက်ပေါက်တစ်မျိုးတည်းဘဲမွေးပါတယ်ရှင်💪💪💪ဘာကြောင့်လဲယနေ့ခေတ် ကြက်မွေးမြူရ...
19/06/2026

TTNC မွေးမြူရေးခြံတွေမှာအရည်သွေးအကောင်းဆုံးBelga ကြက်ပေါက်တစ်မျိုးတည်းဘဲမွေးပါတယ်ရှင်💪💪💪

ဘာကြောင့်လဲ

ယနေ့ခေတ် ကြက်မွေးမြူရေးလုပ်ငန်းအောင်မြင်မှုရရှိရန် အရေးကြီးဆုံးအချက်များထဲမှ တစ်ခုမှာ အရည်အသွေးကောင်းသော ကြက်မျိုးစိတ် (High-Quality Genetics) ကို ရွေးချယ်မွေးမြူခြင်း ဖြစ်ပါတယ်ရှင်။
ကြက်မျိုးစိတ်ကောင်းတစ်မျိုးဟာကြီးထွားနှုန်း၊ အသားအရည်အသွေး၊ ရောဂါခံနိုင်ရည်နှင့် စီးပွားရေးအကျိုးအမြတ်တို့အပေါ် တိုက်ရိုက်သက်ရောက်မှုရှိတာကြောင့် မွေးမြူရေးလုပ်ငန်းရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်ရှင်။

၁။ ကြီးထွားနှုန်းမြန်ပြီး အစာပြောင်းလဲမှုထိရောက်ခြင်း (Feed Conversion Efficiency)

အရည်အသွေးကောင်းသော မျိုးစိတ်များသည် စားသုံးသောအစာကို အသားအဖြစ်သို့ ထိရောက်စွာ ပြောင်းလဲနိုင်ပါသည်။ Feed Conversion Ratio (FCR) ကောင်းမွန်သဖြင့် အစာကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး မွေးမြူချိန်တိုအတွင်း စျေးကွက်ဝင်အလေးချိန်သို့ ရောက်ရှိနိုင်ပါသည်။
ဥပမာအားဖြင့် ကြက်တစ်ကောင်လျှင် အစာနည်းနည်းသာစားပြီး အလေးချိန်မြန်မြန်တက်နိုင်ပါက မွေးမြူသူအတွက် အမြတ်အစွန်းပိုမိုရရှိစေပါတယ်ရှင့်။

၂။ အသားအရည်အသွေး ပိုမိုကောင်းမွန်ခြင်း
မျိုးစိတ်ကောင်းသော Belga ကြက်များမှာ

* အသားအရောင်လှပခြင်း
* အသားတင်းရင်းမှုကောင်းခြင်း
* ရေထွက်နှုန်းနည်းခြင်း
* ရောင်းချရာတွင် စျေးကွက်လက်ခံမှုမြင့်မားခြင်း
စသည့် အားသာချက်များရှိပါတယ်ရှင်။
အထူးသဖြင့် Frozen Chicken, Processed Chicken နှင့် Export Market များအတွက် အသားအရည်အသွေးဟာအလွန်အရေးကြီးပါတယ်ရှင်။

၃။ ရောဂါခံနိုင်ရည် ပိုမိုကောင်းမွန်ခြင်း
ကောင်းမွန်သော မျိုးရိုးဗီဇရှိသည့် ကြက်များမှသာပတ်ဝန်းကျင်ပြောင်းလဲမှု၊ အပူဒဏ်၊ စိတ်ဖိစီးမှုနှင့် ရောဂါများကို ပိုမိုခံနိုင်ရည်ရှိကြပါတယ်ရှင်။

ယင်းကြောင့်
* သေဆုံးနှုန်းလျော့နည်းခြင်း
* ဆေးဝါးအသုံးပြုမှုလျော့နည်းခြင်း
* ဆုံးရှုံးမှုနည်းခြင်း
တို့ကို ရရှိစေပါသည်။

၄။ တစ်ပြေးညီကြီးထွားမှု (Uniform Growth)
အရည်အသွေးကောင်းသော Belga မျိုးစိတ်များတွင် ကြက်များ၏ အရွယ်အစားနှင့် အလေးချိန်သည် တစ်ပြေးညီဖြစ်ပါတယ်ရှန့်။

ထို့ကြောင့်
* ရောင်းချရာတွင် လွယ်ကူခြင်း
* Process Factory များအတွက် အဆင်ပြေခြင်း
* ဖြတ်တောက်ထုတ်လုပ်ရာတွင် စံချိန်စံညွှန်းကို ထိန်းသိမ်းနိုင်ခြင်းတို့ကို အထောက်အကူပြုပါသည်။

၅။ စီးပွားရေးအမြတ်အစွန်း မြင့်မားခြင်း
ကြက်မွေးမြူရေးလုပ်ငန်းတွင် အစာကုန်ကျစရိတ်ဟာ စုစုပေါင်းကုန်ကျစရိတ်၏ ၆၀% မှ ၇၀% အထိ ရှိနိုင်ပါတယ်ရှင့်။

ဒါ့ကြောင့်
* FCR ကောင်းခြင်း
* သေဆုံးနှုန်းနည်းခြင်း
* ကြီးထွားမြန်ခြင်း
* အသားထွက်နှုန်းကောင်းခြင်း
တို့ကြောင့် စီးပွားရေးအမြတ်အစွန်း ပိုမိုတိုးတက်လာနိုင်
ပါတယ်ရှင်။

၆။ စားသုံးသူယုံကြည်မှု ရရှိခြင်း
ယနေ့ခေတ် စားသုံးသူများဟာ
* လတ်ဆတ်မှု
* အရည်အသွေး
* အစားအသောက်ဘေးကင်းလုံခြုံမှု တို့ကို ပိုမိုအလေးထားလာကြပါတယ်ရှင်။ပညာတတ်လေးတွေများလာပါတယ်။

အရည်အသွေးကောင်းသော ကြက်မျိုးစိတ်များကို စနစ်တကျ မွေးမြူပြီး စျေးကွက်သို့ တင်ပို့နိုင်ပါက စားသုံးသူများ၏ ယုံကြည်မှုကို ရရှိနိုင်ပြီး Brand Value ကိုလည်း တည်ဆောက်နိုင်ပါတယ်ရှင်။

ကြက်မွေးမြူရေးလုပ်ငန်းတစ်ခုအောင်မြင်မှုဟာ အဆောက်အဦးကောင်းခြင်း၊ အစာကောင်းခြင်း၊ စီမံခန့်ခွဲမှုကောင်းခြင်းတို့သာမက ကြက်မျိုးစိတ်ရွေးချယ်မှုမှ စတင်ပါတယ်ရှင်။

“ကောင်းမွန်သော မျိုးစိတ် + ကောင်းမွန်သော စီမံခန့်ခွဲမှု = အရည်အသွေးမြင့် ထုတ်ကုန် + ရေရှည်အမြတ်အစွန်း” ဖြစ်ပါတယ်ရှင်”

ဒါ့ကြောင်အရည်အသွေးကောင်းသော ကြက်မျိုးစိတ်ကို ရွေးချယ်မွေးမြူခြင်းသည် စားသုံးသူယုံကြည်မှု၊ အရည်အသွေးနှင့် ရေရှည်တည်တံ့သော စီးပွားရေးအောင်မြင်မှုကို ဖန်တီးပေးနေတဲ့အဓိကသော့ချက်

တစ်ရပ်ဖြစ်ပါတယ်ရှင့်❤️❤️❤️

🌟  ြက်သားနှပ် 🌟အလုပ်များတဲ့ နေ့စဉ်ဘဝမှာ အချိန်ကုန်သက်သာစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို အလွယ်တကူ ပြင်ဆင်နိုင်ဖိ...
19/06/2026

🌟 ြက်သားနှပ် 🌟
အလုပ်များတဲ့ နေ့စဉ်ဘဝမှာ အချိန်ကုန်သက်သာစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို အလွယ်တကူ ပြင်ဆင်နိုင်ဖို့ TTNC မှ အထူးဂရုစိုက် ထုတ်လုပ်ထားသော Ready-to-Cook Boneless Chicken ကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။

🐔 စနစ်တကျ မွေးမြူထားသော အရည်အသွေးမြင့် Belga ကြက်သား
🥩 အရိုးမပါ (Boneless)
✨ အရေခွံမပါ (Skinless)
💪 Protein ဓာတ်မြင့်မားပြီး အဆီဓာတ်နည်းပါး
🧼 သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ထားခြင်း
❄️ အရည်အသွေးထိန်းသိမ်းထားသော Cold Chain စနစ်ဖြင့် သိမ်းဆည်းထားခြင်း
TTNC မှ အသုံးပြုထားသော ကြက်သားများသည် အရည်အသွေး၊ သန့်ရှင်းမှုနှင့် အစားအသောက်ဘေးကင်းလုံခြုံမှုကို ဦးစားပေးထားပြီး မိသားစုတစ်စုလုံး ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်ရှင်။

အဆင်သင့် နှပ်ထားသောကြောင့် ဟင်းချက်ရာတွင် အချိန်ကုန်သက်သာပြီး အရသာထူးကဲသော ဟင်းလျာများကို လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်ရှင်။

🍗 ကြော်စားရန်
🍗 ကင်စားရန်
🍗 BBQ ပြုလုပ်ရန်
🍗 Salad နှင့် Sandwich များတွင် အသုံးပြုရန်
🍗 Diet Meal နှင့် Healthy Meal များ ပြင်ဆင်ရန်
အားလုံးအတွက် အဆင်ပြေပြီး အရသာရှိသော ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်ရှင့်။

TTNC ၏ ရည်ရွယ်ချက်မှာ မိသားစုများအတွက် အရည်အသွေးမြင့်၊ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကြက်သားထုတ်ကုန်များကို ပံ့ပိုးပေးရန် ဖြစ်ပါတယ်ရှင်။
စျေးနှုန်းလေးကလည်း တစ်ဆယ်သားမှ 3500 ဆိုတော့ ရှယ်ကောင်းရှယ်တန်ပေါ့ရှင်😀😀😀

#သော်တာနေခြည်မွေးမြူရေးခြံ

ဆိုင် ၁ - စစ်ကိုင်းမြို့၊စစ်ကိုင်းဈေးကြီးအနီး
ချင်းစုရပ်ကွက်၊တာရိုးကြီးလမ်းမပေါ်

ဆိုင် ၃ - စစ်ကိုင်းမြို့၊ အိုးဘိုဝိုင်းပတ်အနီး၊ ရွှေသမားရပ်
ဖြူစင်စားသောက်ဆိုင်အနီး

ဆိုင် ၄ - စစ်ကိုင်းမြို့၊မြို့မစျေးကြီးအရှေ့၊ကုက္ကိုလ်ပင်တန်း၊
အောင်ဇမ္ဗူဆေးဆိုင်၊ငွေကြယ်စဉ်ဆိုင်ကယ်
အပိုပစ္စည်းအရောင်းဆိုင်တို့နှင့်ကပ်လျှက်

ဆိုင် ၂ - 84*85 လမ်းကြား၊38 လမ်း
မန်းမြို့ဈေးမြောက်ဘက်ပေါက်၊
ရွှေနန်းတော်ဝင်ရွှေဆိုင်နှင့်ကပ်လျှက်
09-444040877,09-967959814

18/06/2026

Smoke ဝက်အူချောင်းလေးတွေရပါပြီရှင့်
နာရီပေါင်းများစွာဖိုထဲမှာSmoke လုပ်ထားလို့မီးခိုးနနံသင်းသင်းလေးနဲ့စားရမှာမို့အကြိုက်တွေ့သွားမှာပါရှန့်😁😁😁
အူအစစ်လေးနဲ့ဘဲစားချင်လို့ပါဆိုတဲ့ကာကာလေးတွေအတွက်အူအစစ်လေးနဲ့လုပ်ပေးထားပါတယ်ရှင်။
ဘာအရောအနော/ကြာရှည်ခံဆေးလုံးဝမပါဝင်ပါဘူးရှင်။
အသားလေးကိုတစ်ချက်လောက်ကိုက်ကြည့်တာနဲ့ချက်ချင်းအရသာသိနိုင်ပါတယ်ရှင့်။
အသင့်ကျက်ပြီးသားလေးဖြစ်လို့ အိမ်ရောက်ရင်နွှေးစားလိုက်ရုံပါဘဲရှန့်။😀😀😀
တစ်ပိသာ 7 သောင်းပါရှင့်။ တစ်ဆယ်သားထုတ်လေးတွေကစပြီးထုတ်ပေးထားပါတယ်ရှင်။
အားပေးပါဦးရှင့်🥰🥰🥰

#သော်တာနေခြည်မွေးမြူရေးခြံ

ဆိုင် ၁ - စစ်ကိုင်းမြို့၊စစ်ကိုင်းဈေးကြီးအနီး
ချင်းစုရပ်ကွက်၊တာရိုးကြီးလမ်းမပေါ်

ဆိုင် ၃ - စစ်ကိုင်းမြို့၊ အိုးဘိုဝိုင်းပတ်အနီး၊ ရွှေသမားရပ်
ဖြူစင်စားသောက်ဆိုင်အနီး

ဆိုင် ၄ - စစ်ကိုင်းမြို့၊မြို့မစျေးကြီးအရှေ့၊ကုက္ကိုလ်ပင်တန်း၊
အောင်ဇမ္ဗူဆေးဆိုင်၊ငွေကြယ်စဉ်ဆိုင်ကယ်
အပိုပစ္စည်းအရောင်းဆိုင်တို့နှင့်ကပ်လျှက်

ဆိုင် ၂ - 84*85 လမ်းကြား၊38 လမ်း
မန်းမြို့ဈေးမြောက်ဘက်ပေါက်၊
ရွှေနန်းတော်ဝင်ရွှေဆိုင်နှင့်ကပ်လျှက်
09-444040877,09-967959814

18/06/2026

စပ်စပ်လေးမှစပ်စပ်လေးစားချင်တဲ့ကာကာလေးတို့အတွက် စပ်ပြဲလန် Spicy အနှစ်တွေအများကြီးနဲ့နယ်ထားတဲ့ Spicy ဝက်မှိုလုံးလေးတွေ ရပါပြီရှင့်။ တစ်ဗူးကို 5500 ကျပ်ပါရှန့်😀😀😀
#သော်တာနေခြည်မွေးမြူရေးခြံ
ဆိုင် ၁ - စစ်ကိုင်းမြို့၊စစ်ကိုင်းဈေးကြီးအနီး
ချင်းစုရပ်ကွက်၊တာရိုးကြီးလမ်းမပေါ်

ဆိုင် ၃ - စစ်ကိုင်းမြို့၊ အိုးဘိုဝိုင်းပတ်အနီး၊ ရွှေသမားရပ်
ဖြူစင်စားသောက်ဆိုင်အနီး

ဆိုင် ၄ - စစ်ကိုင်းမြို့၊မြို့မစျေးကြီးအရှေ့၊ကုက္ကိုလ်ပင်တန်း၊
အောင်ဇမ္ဗူဆေးဆိုင်၊ငွေကြယ်စဉ်ဆိုင်ကယ်
အပိုပစ္စည်းအရောင်းဆိုင်တို့နှင့်ကပ်လျှက်

ဆိုင် ၂ - 84*85 လမ်းကြား၊38 လမ်း
မန်းမြို့ဈေးမြောက်ဘက်ပေါက်၊
ရွှေနန်းတော်ဝင်ရွှေဆိုင်နှင့်ကပ်လျှက်
09-444040877,09-967959814

Address

Sagaing Division

123

Telephone

+959967959814

Website

Alerts

Be the first to know and let us send you an email when သော်တာနေခြည်မွေးမြူရေးခြံ Thawtar Naychi Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သော်တာနေခြည်မွေးမြူရေးခြံ Thawtar Naychi Farm:

  • Want your business to be the top-listed Grocery Store?

Share