Agga Citta Nani

  • Home
  • Agga Citta Nani

Agga Citta Nani Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Agga Citta Nani, Grocers, .

16/08/2024
စိတ်ချမ်းသာဖို့သာ အဓိကပါ***************************လူမချမ်းသာရင် နေပါစေ ၊ စိတ်ချမ်းချမ်းသာသာနဲ့ပဲ နေချင်တယ် ။ မနာ,လို ဝ,...
21/06/2024

စိတ်ချမ်းသာဖို့သာ အဓိကပါ
***************************

လူမချမ်းသာရင် နေပါစေ ၊ စိတ်ချမ်းချမ်းသာသာနဲ့ပဲ နေချင်တယ် ။ မနာ,လို ဝ,န်တိုမှုတွေ ၊
ကောက်ကျ,စ် စဉ်းလဲမှုတွေ ၊ အပြိုင်အဆိုင် စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲ နေမယ် ။ ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို ဝေးဝေးရှောင်မယ် ။

အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ် ။ ကော်ဖီတစ်ခွက် ထိုင်သောက်မယ် ။ သစ်ပင် စိုက်မယ် ။ စာဖတ်မယ် ။ ခွေးလေးတစ်ကောင် မွေးမယ် ။ ဂစ်တာတီး သီချင်းဆိုမယ် ။ ကောင်းကောင်း အိပ်မယ် ။ ကောင်းကောင်း စားမယ် ။

ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ချစ်မယ် ။ ကိုယ်က ချစ်တဲ့ ကိုယ့်ကို ချစ်တဲ့ လူတွေအနားမှာ နေမယ် ။ ချစ်ခြင်းမေတ္တာတွေ မျှဝေမယ် ။ အပြန်အလှန် ရို,င်းပင်းကူညီမယ် ။ ပြည့်ပြည့်ဝဝ ချစ်မယ် ။ နောင်တ မရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်မယ် ။

တချို့ ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ် ။ ငွေပေးပြီး ဝယ်မရတဲ့ ပျော်ရွှင်မှုတွေလည်း ရှိတယ် ။ ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ် ။

ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး ။ ရှုပ်ယှက်ခတ်နေတဲ့ လူတွေနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး ။ ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေ မတည်ဆောက်ချင်ဘူး ။ ရိုးရိုးရှင်းရှင်းလေးပဲ နေမယ် ။ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေး.....

စာမျက်နှာ-184

#စိတ်လုံခြုံမှုရပ်ဝန်းငယ်
#စူးရှမေ


(လေးစားစွာဖြင့်crdပေးပါသည်

"ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် """"""""""""""""""""""""""""""""""""""""""""""သူတစ်ပါးရဲ့ နာကျင်မှုကိုဘယ်တော့မှ ပျက်ရယ်မပ...
27/04/2024

"ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "
"""""""""""""""""""""""""""""""""""""""""""""

သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့။

သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။

သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။

သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။

သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်ဆီးနဲ့။

သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။

သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။

သူတစ်ပါးရဲ့ ချို့ယွသးင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။

အစဥ်လေးစား ချစ်ခင်နေလျှက် .......

ကိုယ့်အတွက် ရည်ရွယ်ထားတာမျိုး မဟုတ်ရင်ချစ်ခြင်းတရား မပြောနဲ့ ပန်းကလေးတစ်ပွင့်တောင်မလိုချင်၊ မထိချင်ဘူးစိတ်ရင်းမှန်နဲ့ မဟ...
27/04/2024

ကိုယ့်အတွက် ရည်ရွယ်ထားတာမျိုး မဟုတ်ရင်
ချစ်ခြင်းတရား မပြောနဲ့ ပန်းကလေးတစ်ပွင့်တောင်
မလိုချင်၊ မထိချင်ဘူး

စိတ်ရင်းမှန်နဲ့ မဟုတ်ဘဲ လိမ်လည်ပြောတဲ့
စကားတွေကိုလည်း မကြားချင်ဘူး

ဘဝမှာ ဟန်ဆောင်တာတွေ မုန်းတယ်
မရေရာတဲ့ မျှော်လင့်ချက်‌တွေကို စောင့်နေရင်း အချိန်ကုန်ရတာကို မုန်းတယ်

လိုချင်တဲ့ ချစ်ခြင်းမေတ္တာက -
ထပ်တူကျရမယ်
သစ္စာရှိရမယ်
တစ်ယောက်နဲ့ တစ်ယောက် စိတ်လုံခြုံမှု ပေးနိုင်ရမယ်
ခွင့်လွှတ်နားလည်ပေးတတ်ရမယ်

ဒီလောက်လေးပါပဲ
ဒါလေးတွေမှ အဆင်မပြေရင် လက်မတွဲချင်ဘူး
ခဏတာလေး ဖြစ်ဖြစ်ပေါ့၊ တစ်စက္ကန့်လေးဖြစ်ဖြစ်ပေါ့

တစ်ဘဝစာ မဟုတ်ရင်
တစ်ခဏတာလေးလည်း မပိုင်ဆိုင်ချင်တော့ဘူး

အမေ့ မေတ္တာ************ဖတ်ကြည့်နော်… #အမေ့မေတ္တာဆိုတာ…လမင်းထက်လည်းအေးမြတယ်။နေမင်းထက်လည်းလင်းလက်တယ်။သမုဒ္ဒရာရေထက်လည်းများ...
27/04/2024

အမေ့ မေတ္တာ
************
ဖတ်ကြည့်နော်…

#အမေ့မေတ္တာဆိုတာ…

လမင်းထက်လည်း
အေးမြတယ်။

နေမင်းထက်လည်း
လင်းလက်တယ်။

သမုဒ္ဒရာရေထက်လည်း
များပြားတယ်။

ကောင်းကင်ထက်လည်း
ကျယ်ပြန့်တယ်။

တကယ်တော့…
အမေ့မေတ္တာဟာ…
အနှိုင်းမဲ့ပါ။

Credit-အရှင်စန္ဒသိရီ(တာဝ)

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )

ပေးချင် ကမ်းချင်သော စိတ်ကြောင့်ပင်ပေးနိုင်ကျွေးနိုင်သော ဘဝကို ရောက်လိမ့်မည်။မနာလိုဝန်တိုသော စိတ်ကြောင့်ပင်ခက်ခဲဆင်းရဲသော...
24/04/2024

ပေးချင် ကမ်းချင်သော စိတ်ကြောင့်ပင်
ပေးနိုင်ကျွေးနိုင်သော ဘဝကို ရောက်လိမ့်မည်။

မနာလိုဝန်တိုသော စိတ်ကြောင့်ပင်
ခက်ခဲဆင်းရဲသော ဘဝသို့ ရောက်လိမ့်မည်။

မှန်မှန်ကန်ကန်ပြောတတ်သော စိတ်ကြောင့်ပင်
ဆိုတိုင်းဖြစ်တဲ့သစ္စာရှင် ဘဝသို့ ရောက်လိမ့်မည်။

လိမ်ပြောတတ်သော စိတ်ကြောင့်ပင်
နှုတ်စက် လျှာစက် သိမ်ဖျင်းလျက် လူတွေ
အယုံအကြည်မဲ့သွားသော ဘဝသို့ ရောက်လိမ့်မယ်။

သူတစ်ပါးကို ကူညီချင်သော စိတ်ကြောင့်ပင်
အကူအညီပေးနိုင်သော ဘဝသို့ ရောက်လိမ့်မည်။

သူများအကျိုးစီးပွားကို ဖျက်ဆီးလိုသော စိတ်ကြောင့်ပင်
ပျက်စီးသော ဘဝကို ရောက်လိမ့်မည်။

လောကကြီးမှာ ဘာမဆို
ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ
အကြောင်းမဲ့သက်သက် ဖြစ်နေတာ မဟုတ်ဘူး။

စိတ်စေခိုင်းတဲ့ အပြုအမူတွေကြောင့်
အကောင်းအဆိုးတွေ ကွဲနေကြတာပါ။

ဒါကြောင့် စိတ်ကောင်းစိတ်မြတ်တွေမွေးပြီး စိတ်လှလို့ ဘဝလှတဲ့ ဘဝမျိုးဖြစ်အောင်
ကြိုးစားကြရမယ်။

မိမိစိတ်နှင့်တန်သော ဘဝကိုသာ ရကြပါလိ့မ်မည် ။

crd

ဝဋ်တွေကနောက်ဘဝမကူးဘူး ချက်ချင်းပြန်လည်တယ်ဆိုတဲ့ စကား သိပ်မှန်တယ်။ကိုယ့်ကိုချစ်တဲ့လူ ကိုယ့်ကိုမေတ္တာရှိတဲ့လူတန်ဖိုးထားပြီ...
16/04/2024

ဝဋ်တွေကနောက်ဘဝမကူးဘူး ချက်ချင်းပြန်လည်တယ်ဆိုတဲ့ စကား သိပ်မှန်တယ်။

ကိုယ့်ကိုချစ်တဲ့လူ ကိုယ့်ကိုမေတ္တာရှိတဲ့လူ
တန်ဖိုးထားပြီး လူကြီးမိဘတွေအရှေ့မှာ
လာရောက်တောင်းရမ်းယူတဲ့လူတွေကိုကျ ပစ်ပစ်ခါခါငြင်းခဲ့ တဖက်လူရဲ့ ခံစားချက်ကို
ကိုယ်က လုံးဝမငဲ့ညာခဲ့ပဲ...
ကိုယ်ချစ်တဲ့သူကိုပဲ အကြိမ်ကြိမ်ရွေးချယ်ခဲ့တာ

နှလုံးသားနဲ့ရော ဘဝတွေနဲ့ရော ရင်းပြီး
ကိုယ်အကြိမ်ကြိမ်ရွေးချယ်ထားတဲ့လူက
ကိုယ့်ကို မရွေးချယ်ပဲ သူချစ်တဲ့သူကို ရွေးချယ်သွားတော့ ကိုယ့်မှာကမ္ဘာတွေပျက်ပြီး အရူးတပိုင်းကိုဖြစ်လို့...

ဝဋ်တွေပြန်လည်လာလိုက်ပုံများ ရှင်...
တကယ်ကိုမယုံနိုင်ဘူး။


16. 4. 2024

ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့နေတဲ့ မိန်းမ တစ်ယောက်ဟာကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတယ် ။ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေအ...
25/03/2024

ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့နေတဲ့
မိန်းမ တစ်ယောက်ဟာ
ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတယ် ။

ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ

သူမ ဘဝကို.....
ကိုယ့် စိတ်နဲ့ ကိုယ်နေထိုင်တယ်
ကိုယ့် စိတ်နဲ့ ကိုယ်ဆုံးဖြတ်တယ်
ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ခံယူတယ်

ကိုယ့် ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး
ကိုယ့် ဘဝနဲ့ ကိုယ်ရှင်သန်ရပ်တည်တယ် ။

သူများ ဘဝကိုလည်း
ဝင်ရောက်စွက်ဖက်ခြင်း မရှိသလို
ဝေဖန်ကဲ့ရဲ့ရတာလည်း ဝါသနာမပါဘူး ။

သူမ ရဲ့ဘဝကို
အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ဖို့ကိုသာ
စိတ်ဝင်စားတတ်သူတစ်ယောက်ဖြစ်တယ် ။

သူမ ရှင်သန်နေရတဲ့ ကိုယ်ပိုင်ဘဝကို
နှစ်သက်မြတ်နိုးသလို
သူမ ကိုယ် သူမ လည်းအမြဲပြုံးရွှင်စွာဖြင့်
အေးချမ်းစွာ နေတတ်လေ့ရှိတယ် ။

အဲ့ဒါ....... ကျွန်မ သိတဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့နေတဲ့ မိန်းမ တစ်ယောက်ပဲ🤷‍♀️

စေတနာကောင်းရင်ကံကောင်းတယ် ဆိုတဲ့ စကားကိုအကြွင်းမဲ့ယုံတယ်။ 🌿ဒါကြောင့်ဘာပဲလုပ်လုပ်စေတနာအပြည့်နဲ့လုပ်တယ်။🌿
13/03/2024

စေတနာကောင်းရင်
ကံကောင်းတယ် ဆိုတဲ့ စကားကို
အကြွင်းမဲ့ယုံတယ်။ 🌿

ဒါကြောင့်
ဘာပဲလုပ်လုပ်
စေတနာအပြည့်နဲ့လုပ်တယ်။🌿

တကယ်တော့ ဂိမာန်ဟာ အလွမ်းရာသီပဲ မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ဖြတ်သန်းသွားတဲ့လေထုမှာ ခပ်ဆွေးဆွေးအငွေ့အသက်လေးပါတယ်ကြွေလု...
24/02/2024

တကယ်တော့ ဂိမာန်ဟာ အလွမ်းရာသီပဲ
မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ဖြတ်သန်းသွားတဲ့လေထုမှာ ခပ်ဆွေးဆွေးအငွေ့အသက်လေးပါတယ်

ကြွေလုကြွေခင်ရွက်ဝါတွေနဲ့ အပင်အိုကြီးတွေကလည်း
ကျွန်တော်တို့ဘဝတွေထဲ ခဏတာအလည်လာပြီး ပြန်ထွက်သွားကြတဲ့ လူတချို့ကိုသရုပ်ပြနေသယောင်

ချစ်စရာ့နွေလို့ သီဖွဲ့ထားတဲ့တေးထဲကလို
နွေဟာ သိပ်လှပပြီး ပြည့်စုံတဲ့ပန်းချီးကားတစ်ချပ်သဖွယ်ပဲ ခပ်ဖွေးဖွေးပန်းလေးတွေရယ် ခပ်နုနုလေပြေလေးရယ် ကဗျာမမီတဲ့ရာသီ‌ပါပဲ

ဒါပေမဲ့ သိပ်လှသလောက် အထီးကျန်လွန်းတယ်
နေ့တာရှည်လာလို့ပဲလား အရွယ်ရောက်လာလို့လားမသိ တကယ်ကိုဘယ်သူမှမရှိတဲ့ခံစားချက်ကို ရစေတာနွေပဲ

တစ်စုံတစ်ဦးကို ရည်ရွယ်ပြီး လွမ်းဆွတ်ခြင်းမျိုးလား
ထပ်မရနိုင်တော့တဲ့ ငယ်ဘဝကို ပြန်လည်တမ်းတခြင်းများလား၊ ခွဲခွာ‌၊ဝေးကွာသွားကြတဲ့ သူငယ်ချင်း၊မိတ်ဆွေဟောင်းများကို သတိရခြင်းမျိုးလားတော့ မဝေခွဲတတ်ပေမဲ့ ဂိမာန်ဟာ ဝမ်းနည်းရိပ် ခပ်နုနုလေးခံစားရစေတာတော့ အမှန်ပါပဲ။

Address


Website

Alerts

Be the first to know and let us send you an email when Agga Citta Nani posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share