True Or False ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก True Or False, ร้านขายของชำ, Maha Chai.

နေ့စဉ်မိုးလေဝသသတင်း=================(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)ဘင်္ဂလားပင်လယ်အော်အခြ...
18/04/2025

နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈ဝ ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင် ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ တိမ်အသင့်အတင့်

ဖြစ်ထွန်းပြီး၊

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် နေရာကွက်ကျားနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

18/04/2025
ဘယ်စက်ပြင်မှ မချပြတဲ့ပြင်နည်းတွေကို ဆရာစားမချန် ရှင်းပြပေးထားပါတယ်။ဥာဏ်ရှိသလို အသုံးပြု့ပါ။_____________________________...
18/04/2025

ဘယ်စက်ပြင်မှ မချပြတဲ့ပြင်နည်းတွေကို ဆရာစားမချန် ရှင်းပြပေးထားပါတယ်။ဥာဏ်ရှိသလို အသုံးပြု့ပါ။
_______________________________________________
အပ်ချူပ်စက် မှန်သမျှ ချည်ကျော်တဲ့အခါ
ပိတ်စအပါးမှာ ချည်ကျော်ရင် အပ်အတိုင်ချပေးရတယ်။
ပိတ်စအထူမှာ ချည်ကျော်ရင် အပ်အတိုင်ကို ရွေ့ယုံလောက် ပြန်တင်ပေးရပါတယ်။

အထည်ချူပ်စက် မှန်သမျှသည်
ပိတ်စအောက်ဘက်က ချည်ချူပ်ရိုး တင်းနေ/လျော့နေရင် အပေါ်ချည်အလျော့အတင်းကို အတင်း/အလျော့လုပ်ပေးရပါတယ်။
ပိတ်စ အပေါ်ဘက်က ချည်ချူပ်ရိုး တင်းနေ/လျော့နေရင် အောက်ချည်အလျော့အတင်းကို အတင်း/အလျော့
လုပ်ပေးရပါတယ်။

ချည်အလျော့အတင်း မှန်သမျှက တင်းသလောက်/လျော့သလောက် မတင်း/မလျော့ပဲ ဖြစ်နေရင်
၄င်းတန်းရှင်းအုံကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပါ။
သူ့မှာပါတဲ့ စပရိန်ကို အနည်းငယ် စွဲဆန့်ပါ။
ပြီးလျင် ဖြုတ်တဲ့အတိုင်း ပြန်တတ်ပြီး ချည်မလှမခြင်း
တင်းတင်း/လျော့လျော့ ချူပ်ပေးရပါတယ်။

စက်ချူပ်တဲ့အခါ ဘိစွဲတယ်ဆိုတာ ဘိဖိအားများလို့ပါ။စက်တိုင်းလိုလို ဘိအတိုင်ရဲ့ အထိပ်မှာ ပုံစံမတူတဲ့
ဘိဖိအား အလျော့အတင်းလေး ပါတတ်ကြပါတယ်။
ဘိဖိအားကို အလျော့အတင်းလုပ်ကြတဲ့အခါမှာ
ဘယ်လက်က ဘိကို မမကြည့်ပြီး
ညာလက်က အလျော့အတင်း လိုသလောက်
လုပ်ပေးရပါတယ်။

တစ်ချိူ့တွေ ခေါင်းစဉ်တတ်ထားတဲ့ စက်ချူပ်ရင် ဘိစွဲသလိုဖြစ်တယ်ဆိုတာ တကယ်တော့ ဘိရဲ့သက်ရောက်မူက သိပ်မများပါဘူး။ခွေးသွားစိပ်ကသာ အထည်ကို ရှေ့နောက် တွန်းပို့ပေးတာဖြစ်လို့
ချုပ်ရိုး တစ်ဖြောင့်တည်း မသွားခြင်း
ပိတ်စက တွန့်သွားခြင်း လိပ်သွားခြင်း
အထည်ကို စွဲဖြဲနေသလိုဖြစ်ခြင်း
ပိတ်စအရှေ့မသွားပဲ တစ်နေရာတည်းပဲ ပေါက်နေခြင်း
အစရှိတဲ့ သွားလာမူကို ဖီလာကန့်လန့်ဖြစ်အောင်
လုပ်နေတာဟာ ခွေးသွားစိပ် အစွဲမမှန်ခြင်းနဲ့
ခွေးသွားစိပ် အနိမ့်/အမြင့် မညီညာခြင်းကြောင့်ပါ။

ချည်အလျော့အတင်း ဘယ်လောက်ပဲ တင်းတင်း/လျော့လျော့ အပေါ်ချည်/အောက်ချည် တစ်ခုခု
သီးမြဲ သီးနေလျင်။
ပိတ်စက စက်နင်းတာမှန်ပြီး အရှေ့မသွားပဲ
အနောက်ပြန်သွားနေတာဆိုလျင်။
ချည်သီးလျင် ဆန်းထရစ်လိုက်နည်းဆိုပြီး တင်ပေးထားတာ ရှိပါတယ်။အဲ့ဒီလုပ်နည်းက အပေါ်မှာ ဖြစ်တဲ့
အရာတွေကို အကုန်ကုစားပေးပါတယ်။

စက်ပြင်နည်းတွေကို စာတွေ့ကော/လက်တွေ့ကော ဘယ်လောက်ပဲတင်ထား တင်ထား ဒီဂရုထဲကို ဝင်ထားပေမည့် တကယ်စက်ပျက်ပြီဟေ့ဆို
ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြရပါတယ်။
အဲ့ဒီလိုမဖြစ်ရအောင် ကိုယ့်အတွက် အသုံးဝင်မည့်
လုပ်နည်းတွေကို ကိုယ့်ဖုန်းထဲမှာ လိုက်မရှာရအောင် Saveထားကြပါ။ပျက်မှ ဂရုထဲပြန်ရှာကြည့်ရင် အချိန်တွေကုန်ပါတယ်နော်။

Credit to ZinMinHtay.

18/04/2025

KTZ Myanmar Group Laptop (Wholesale and Retail)🤝
ဆိပ်ကမ်းသာဆိုင်ခွဲအတွက် ဝန်ထမ်းကျား၁ဦး မ၁ဦး ခေါ်မည်
အရောင်းနှင့် ဆော့ဝဲအတွက်ပါ
အခြေခံလစာ၃သိန်း+ရက်မှန်ကြေး၃၀၀၀၀+ဘောနပ်ပါမည်

အသက်၁၉နှစ်မှ၂၇နှစ်အထိ
ပညာအရည်အချင်း ၉တန်းအောင်မှ ဘွဲ့ရအထိ
ကွန်ပြူတာနှင့်အရောင်းပိုင်နားလည်တတ်ကျွမ်းသူနှင့်Titok နှင့် FB Live sale အတွေ့အကြုံရှိသူများဦးစားပေးမည်
ရုပ်ရည်အသင့်အတင့်ရှိရမည်

အလုပ်ချိန် - မနက် ၉ နာရီ မှ ည ၆ နာရီ
တလ ၄ရက်နားခွင့်ရှိသည်
အထက်ပါရာထူးများအတွက် CV Form တွင်မျှော်မှန်းလစာ တပါတည်းတင်၍ 30.4.2025ထိ လျောက်ထားနိုင်ပါသည်။

Viber - +959751414999
ဆိပ်ကမ်းသာဆိုင်ခွဲ
အမှတ် (265) မြေညီထပ် ဆိပ်ကမ်းသာလမ်း(အထက်ဘလောက်)၊ ဗိုလ်ချုပ်လမ်း နှင့် အနော်ရထာလမ်းကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

🎋🎋🎋....စိတ်ဓါတ်ကျခဲ့ရင် ၃စင်တီမီတာကိုသတိရပါ...ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။ အဲ့ဒီ ၄ နှစ် နော...
14/03/2025

🎋🎋🎋....

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

◼️စစ်အာဏာသိမ်းမှုအဆုံးသတ်ဖို့ ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတရပ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲမည်ဟု ကာကွ...
13/03/2025

◼️စစ်အာဏာသိမ်းမှုအဆုံးသတ်ဖို့ ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတရပ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲမည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကြေညာ

၁၃ မတ် ||| နွေဦးအသံ |||

စစ်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်ဖို့ PDF ၊ ပကဖ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိ‌ပေးပြောကြားလိုက်ပါတယ်။

"တော်လှန်ရေးအစောပိုင်းကာလမှာ တဖက်က တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်‌ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ကြရတယ်၊ ဒုတိယအဆင့်အနေနဲ့ ထုအင်အားစုစည်း၊ မဟာဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံ ရဲဘော်တို့ ရယူနိုင်ခဲ့ပြီဖြစ်တယ်၊

ဒါဆိုရင် တတိယအဆင့်က ဘာဖြစ်မလဲ PDF ၊ ပကဖ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြဖို့ ဖြစ်လိမ့်မယ်၊ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေး လိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်"

-လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပ်မှူးသင်တန်း အပတ်စဉ် ၁/၂၀၂၄ သင်တန်းဆင်းပွဲသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားလိုက်တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထူထောင်ရာမှာ (၁) လက်နက်ကိုင်နွေဦးအင်အားစု အားလုံးကို အလံတော် တခုအောက်မှာ စုစည်းရင်း ပြည်သူ့တော်လှန်‌‌ရေးတရပ်ဆင်နွှဲဖို့၊ (၂) စနစ်ပြောင်းရေးဦးတည်တဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ လျော်ညီတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်တဲ့အခါ ရှေ့ပြေးအမြုတေဖြစ်စေဖို့ ဆိုတဲ့ အဓိကရည်ရွယ်ချက် ၂ ရပ်ကို နှလုံးသွင်းထားဖို့ တိုက်တွန်းထားပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့ အတွက်‌ရော တော်လှန်ရေးအောင်တဲ့အခါ ပြည်သူတွေ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အောင်မြင်စွာ ထူထောင်နိုင်ဖို့ အတွက်ပါ PDF တပ်မတော်မှာ ကြီးလေးတဲ့ တာဝန်ရှိကြောင်းကိုလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးပြောကြားသွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ | ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် မြေပြင်ကွင်းဆင်းစစ်ဆေးစဉ်နဲ့ PDF တပ်ဖွဲ့ဝင်များ
..



..


Hello everyone 😍Welcome to my T & F PAGE 🤞
13/03/2025

Hello everyone 😍
Welcome to my T & F PAGE 🤞

ที่อยู่

Maha Chai
74000

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ True Or Falseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์