Houses Of 30 - Kyay Oh & BBQ

Houses Of 30 - Kyay Oh & BBQ Passion & Craftmanship of Food for LOVE

🎉🎈🎊 Happy Four Year Anniversary HO30🎉🎈🎊HO30 ကြေးအိုးဆိုင်လေး ဖြစ်တည်လာတာ အခုဆိုရင် ၄ နှစ်တာ ကာလကို ရောက်ရှိလို့ လာပါပြီ။...
20/05/2026

🎉🎈🎊 Happy Four Year Anniversary HO30🎉🎈🎊

HO30 ကြေးအိုးဆိုင်လေး ဖြစ်တည်လာတာ အခုဆိုရင် ၄ နှစ်တာ ကာလကို ရောက်ရှိလို့ လာပါပြီ။ (၄) နှစ်ဆိုတဲ့ အချိန်ကာလ အထိရောက်အောင် ရပ်တည်နိုင်ခဲ့တာ အမြဲမပြတ်အားပေးတဲ့ Customers တွေရဲ့ ကျေးဇူးကြောင့်ပါရှင် 🥰🙏

💞💞 အခုလို စဉ်ဆက်မပြတ် အားပေးခဲ့ကြတဲ့ မိတ်ဟောင်း မိတ်သစ် ‌Customer များကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ 40% OFF Promotion လေးစီစဉ်ထားပါတယ်။

HO30 ရဲ့ အစားအစာတွေထဲက မိမိကြိုက်နှစ်သက်ရာ (၁) မျိုးကို မှာယူပြီး သတ်မှတ်ထားတဲ့ Promotion items တွေထဲက မိမိကြိုက်ရာနောက်ထပ် (၁) မျိုးကို 40% off ရရှိမှာဖြစ်ပါတယ်။

Promotion Items

1️⃣ ရန်ကုန်ငါးကင်
2️⃣ ခေါက်ဆွဲအစပ်ကြော်
3️⃣ အာလူးမာလာ/ချိစ့်အာလူး
4️⃣ တုမ်ရမ်းပင်လယ်စာကြေးအိုး

ဥပမာ : ကြေးအိုးဆီချက်ပွဲသေး (၁) ပွဲ - 60B မှာယူပြီး ရန်ကုန် ငါးကင် 150B တန် ကို 40% Off - 90B နဲ့ ရရှိမှာဖြစ်ပါတယ်။

🎯 Promotion Period ➡️ May 21 to 23

📞 099 162 8724




အဖြေမှန်လေးကတော့ ဟင်္သာတမုန့်ဟင်းခါးလေးပါ 🥰🥰 စားဖူးတဲ့သူတွေက ပြန်ရောင်းဖို့ ခဏခဏတိုက်တွန်းလို့ မကြာခင် ပြန်ရောင်းပေးပါတေ...
19/05/2026

အဖြေမှန်လေးကတော့ ဟင်္သာတမုန့်ဟင်းခါးလေးပါ 🥰🥰 စားဖူးတဲ့သူတွေက ပြန်ရောင်းဖို့ ခဏခဏတိုက်တွန်းလို့ မကြာခင် ပြန်ရောင်းပေးပါတော့မယ်ရှင့် 😍

ဒီတခါတော့ ရန်ကုန်သူစစ်စစ်၊ ဘယ်အရပ်ရောက်ရောက် မုန့်ဟင်းခါးဘဲ ရှာစားတဲ့ ကျမကိုယ်တိုင်ချက်တာမို့ HO30 မုန့်ဟင်းခါး လို့ဘဲ ခေါ်စေချင်ပါတယ် ☺️☺️ ဆိုင်မှာ ပုံမှန်မရောင်းဖြစ်ပေမယ့် သင်တန်းနဲ့ အများအော်ဒါတွေအတွက်ကတော့ အမြဲလိုလိုချက်ပေးဖြစ်ပါတယ်။

မနက်က သင်တန်းတခုအတွက် မနက်စာကိုယ်တိုင် သွားပြီး စီစဉ်ပေးနေရလို့ နောက်ကျသွားတဲ့ အတွက်လဲ sorry ပါနော် 🙏🙏 လက်ဆောင်ရတဲ့ သူတွေကိုလဲ မကြာခင်ပြောပြပေးပါမယ်။




#မုန့်ဟင်းခါး

Hello Helloooo 👋🤚😘😘အလည်လွန်နေသော မင်မင် ပြန်လာပါပြီ 😁😁 တန်းစီနေတဲ့ အလုပ်အကြွေးတွေကြားကနေ မုန့်ကျွေးချင်တဲ့ စိတ်ကလေးဖြစ်လ...
18/05/2026

Hello Helloooo 👋🤚😘😘

အလည်လွန်နေသော မင်မင် ပြန်လာပါပြီ 😁😁 တန်းစီနေတဲ့ အလုပ်အကြွေးတွေကြားကနေ မုန့်ကျွေးချင်တဲ့ စိတ်ကလေးဖြစ်လာတာမို့ အဖြေမှန်တဲ့သူ ၅ ယောက်ကို မုန့်ကျွေးပါမယ် 😚😚

Question 👉 HO30 မှာ ခဏလေးဘဲရောင်းပြီး ရပ်လိုက်ရတဲ့ Menu လေးတစ်ခုက ဘာလဲ မှတ်မိကြလား❓
Hint 👉 မြန်မာနိုင်ငံရဲ့ ဒေသ တော်တော်များများမှာ ရှိတယ်။ အခုလို မိုးရာသီနဲ့လဲ လိုက်ဖက်တယ်။ အဲ့ဟာလေး စားဖူးကြတဲ့သူတွေကတော့ မရောင်းတော့ဘူးလားလို့ ခဏခဏ လာလာမေးကြတယ်။

ဒီည ၁၂ နာရီကျရင် အဖြေမှန်လေးပြောမယ်နော်။

မနက် ဆိုင်ဖွင့်ဖွင့်ချင်း အဲ့ဟာလေးကို Deli လေးနဲ့ လာပို့ပေးပါမယ်။



05/05/2026

ပူလွန်းလို့ ဆိုင်ထဲ 🌧️ မိုးအတုရွာခိုင်းလိုက်တယ် 💧💧

ရာသီဥတုပူပူကြီးထဲ ကြေးအိုးပူပူလာသောက်တဲ့သူတွေကို အားနာလို့ 🥵🥵

01/05/2026

✅ အဖြေမှန်လေးကတော့ 🌶️ ခေါက်ဆွဲအစပ်ကြော် 🌶️🌶️ Spicy Fried Noodles 🍝 လေးပါရှင့် 🥰🥰

အဖြေမှန်တဲ့သူ (၁၀) ဦးထဲက လက်ဆောင် (၃) ဦးအတွက် Spin wheel လေး လှည့်ထားတဲ့ Video လေး comment မှာ တင်ပေးမယ်နော်။ Page CB ကနေလဲ ဆက်သွယ်လိုက်ပါမယ်ရှင့် ✌️

ပါဝင်ဖြေဆိုပေးကြတဲ့သူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော် ☺️☺️



#ခေါက်ဆွဲအစပ်ကြော်

Page လေးမှာ မဆလာအနံ့လေးတွေ၊ ငရုတ်ကောင်းအနံ့လေး‌တွေ၊ မာလာအနံ့လေးတွေ၊ Cheese အနံ့လေးတွေ သင်းနေတာဘဲ 😋😋  🍝 ခေါက်ဆွဲကို ပုံစံ...
30/04/2026

Page လေးမှာ မဆလာအနံ့လေးတွေ၊ ငရုတ်ကောင်းအနံ့လေး‌တွေ၊ မာလာအနံ့လေးတွေ၊ Cheese အနံ့လေးတွေ သင်းနေတာဘဲ 😋😋 🍝 ခေါက်ဆွဲကို ပုံစံမျိူးစုံနဲ့ကြော်ပေးရမလားပြော 😅😅😅

Comment တွေဖတ်နေရင်းနဲ့ မင်မင်ဗိုက်ဆာနေပြီနော် 😁😁

ညနေကျရင်တော့ အဖြေမှန်လေး သိရပြီ ☺️☺️


#ခေါက်ဆွဲကြော်

ဟိတ်.... ပုံထဲကခေါက်ဆွဲကြော်ထဲ ပုံမှန်အရာသာမဟုတ်တာလေး ပါတယ်။ ဘာဖြစ်မယ်ထင်လဲ ခန်းမှန့်ကြည့်ပါလား 🤔😉အဖြေမှန်တဲ့သူ (၃) ယောက...
29/04/2026

ဟိတ်.... ပုံထဲကခေါက်ဆွဲကြော်ထဲ ပုံမှန်အရာသာမဟုတ်တာလေး ပါတယ်။ ဘာဖြစ်မယ်ထင်လဲ ခန်းမှန့်ကြည့်ပါလား 🤔😉

အဖြေမှန်တဲ့သူ (၃) ယောက်ကို အဲ့အရသာအသစ်လေးအမြည်းကျွေးမယ်နော်။ မှန်တဲ့သူက (၃) ယောက်ထပ်ပိုရင်တော့ comment picker နဲ့ ရွေးပေးမယ်နော် ✌️☺️

မနက်ဖြန်ည‌ကျရင် အဖြေမှန်‌လေးပြောမယ် 👌


#ခေါက်ဆွဲကြော်

🥤ရေခဲတစ်ခွက် အအေးနဲနဲဆိုတာမျိုး မဖြစ်စေချင်ရင် HO30 ရဲ့ Summer Drink လေးတွေ သောက်နော် ✌️ 🍹သံဗူး၊ ဇီး၊ Lemon Tea - 20B Ap...
23/04/2026

🥤ရေခဲတစ်ခွက် အအေးနဲနဲဆိုတာမျိုး မဖြစ်စေချင်ရင် HO30 ရဲ့ Summer Drink လေးတွေ သောက်နော် ✌️

🍹သံဗူး၊ ဇီး၊ Lemon Tea - 20B

April 30 အထိ မယ်တောင်ဆိုင်မှာ ဘာလေးစားစား Summer Drink တွေ လက်ဆောင်တိုက်နေတာဆိုတော့ အရသာမြည်းစမ်းချင်သူတွေအတွက် ကွက်တိဘဲနော် ☺️☺️

📞 099 162 8724




ဘာလက်ဆောင်ပေးရမလဲ စဉ်းစားလိုက်တော့ 🤔အခုလို ပူပြင်းလှတဲ့နွေကာလနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့  🌞 Summer Drinks 🍹 လေးတွေ တိုက်ပါမ...
22/04/2026

ဘာလက်ဆောင်ပေးရမလဲ စဉ်းစားလိုက်တော့ 🤔

အခုလို ပူပြင်းလှတဲ့နွေကာလနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ 🌞 Summer Drinks 🍹 လေးတွေ တိုက်ပါမယ်။
April 22 ကနေ 30 အထိ ဘယ်လောက်ဖိုးဘဲ ဝယ်ဝယ် Receipt တစ်စောင် ကို တစ်ဗူး လက်ဆောင်ပေးမယ်နော်။ မယ်တောင်ဆိုင်မှာ Dine-In ရော Delivery နှစ်ခုစလုံးအတွက် ပေးပါမယ်။

သံဗူး၊ ဇီး၊ ပင်မှည့်၊ Lemon Tea အရသာလေးမျိုးရှိပြီး Random ထဲ့ပေးမယ်နော် ✌️

အစားအစာလေးတွေစားပြီး အအီပြေချင်သူများ၊ ပူလွန်းလို့ အစား စားချင်စိတ်တွေပျောက်နေသူများအတွက် အထူးသင့်လျော်တဲ့ 🌞 Summer Drinks 🍹

📞 099 162 8724




🌹🙏 မင်္ဂလာရှိတဲ့ မြန်မာ့နှစ်သစ်ကာလလေးမှာ 🍜ကြေးအိုးဆီချက် ပွဲ (၂၀) နဲ့ အတူ HO30 ကြေးအိုး ဆိုင်လေး ပြန်ဖွင့်ပါပြီရှင့် 🥰🥰🥰...
20/04/2026

🌹🙏 မင်္ဂလာရှိတဲ့ မြန်မာ့နှစ်သစ်ကာလလေးမှာ 🍜ကြေးအိုးဆီချက် ပွဲ (၂၀) နဲ့ အတူ HO30 ကြေးအိုး ဆိုင်လေး ပြန်ဖွင့်ပါပြီရှင့် 🥰🥰🥰

ကြေးအိုးဆိုင်ဆိုတဲ့အတိုင်း ကြေးအိုး၊ ကြေးအိုးဆီချက် နဲ့ပတ်သတ်လာရင် (၁) ပွဲမှ စပြီး ပွဲ (၅၀၀) ကျော် အထိ ပြင်ဆင်ပေးနိုင်ခဲ့သလို ဒီထက်မကသော ပွဲအရေအတွက်တွေအတွက်ပါ ပြင်ဆင်ပေးဖို့ အမြဲအဆင်သင့်ပါရှင့် 🥰🥰🥰

📞 099 162 8724



#ကြေးအိုး #ကြေးအိုးဆီချက်

နှစ်သစ်ကူးပိတ်ရက်အနေနဲ့ရော ဆိုင်သန့်ရှင်းရေးရှိတာရောကြောင့် April 17 ကနေ 19 အထိ HO30 (မယ်တောင်ဆိုင်) ပိတ်ပါတယ်ရှင့်✌️Apr...
18/04/2026

နှစ်သစ်ကူးပိတ်ရက်အနေနဲ့ရော ဆိုင်သန့်ရှင်းရေးရှိတာရောကြောင့် April 17 ကနေ 19 အထိ HO30 (မယ်တောင်ဆိုင်) ပိတ်ပါတယ်ရှင့်✌️

April 18, ညနေ ၅ နာရီခွဲ ကစပြီး Checkpoint Nightmarket ဆိုင်လေးလဲ ပြန်ဖွင့်ပါပြီနော် 🥰🥰

HO30 ကို အစဉ်အမြဲအားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး မြန်မာနှစ်သစ်ကူးအချိန်မှစပြီး ဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါ‌စေ 🙏🙏🙏


ที่อยู่

Mae Sot

เวลาทำการ

จันทร์ 11:00 - 20:00
อังคาร 11:00 - 20:00
พุธ 11:00 - 20:00
พฤหัสบดี 11:00 - 20:00
ศุกร์ 11:00 - 20:00
เสาร์ 11:00 - 20:00
อาทิตย์ 11:00 - 20:00

เบอร์โทรศัพท์

+66991628724

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Houses Of 30 - Kyay Oh & BBQผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์