Ivy’s Bazaar Your Burmese Corner In Bangkok ✨

ပဲဟင်းလေးလည်း စားချင်တယ်…ပဲပြုတ်ရမှာလည်း အချိန်မပေးနိုင်ဘူးဆိုတဲ့ Foodie လေးတွေအတွက် 😍အချိန်မကုန်၊ အလုပ်မရှုပ်ဘဲမေမေ့လက်...
04/11/2026

ပဲဟင်းလေးလည်း စားချင်တယ်…
ပဲပြုတ်ရမှာလည်း အချိန်မပေးနိုင်ဘူးဆိုတဲ့ Foodie လေးတွေအတွက် 😍

အချိန်မကုန်၊ အလုပ်မရှုပ်ဘဲ
မေမေ့လက်ရာအတိုင်း အရသာရှိရှိ စားလို့ရမယ့်
ပါလေရာ ဟင်းချိုထုပ်လေးတွေ ရောက်ပါပြီရှင့် 💛

တစ်ထုပ်ဖောက်ပြီး ချက်လိုက်ရုံနဲ့
ပဲဟင်းလေးပူပူနွေးနွေး၊ အိမ်ချက်အရသာလေးနဲ့ စားလို့ရပြီနော် 😋

✨ ရွေးချယ်လို့ရတဲ့အရသာလေးတွေကတော့ —

❤️ ပါလေရာ ပဲနီလေး ဂျုံကြာဇံဟင်းချို
❤️ ပါလေရာ ပဲနီလေး ဆူးပုတ်ဟင်းချို
❤️ ပါလေရာ ချစ်တီးဟင်းရည်

✅ ၁ ထုပ် - ၅၀ ဘတ်

အရေးကြီးဆုံးကတော့…
🚫 အချိုမှုန့် “လုံးဝ လုံးဝ” မပါဘူးနော် 🥰
🌱 သတ်သတ်လွတ်စားသူတွေလည်း စားလို့ရပါတယ်ရှင့်

တစ်ခါလောက်ပဲ မြည်းစမ်းကြည့်စေချင်တယ်နော်…
နောက်ဆို စွဲသွားမှာ 😍

မှာယူချင်ရင် Page Messenger ကနေ အော်ဒါတင်လို့ရပါတယ်ရှင့် 💛


#ပါလေရာ
#ပဲနီလေးဟင်းချို
#ဂျုံကြာဇံဟင်းချို
#ဆူးပုတ်ဟင်းချို
#ချစ်တီးဟင်းရည်
#သတ်သတ်လွတ်
#မြန်မာအစားအစာ

မြန်မာ့လက်ဖက်ရည် အရသာစစ်စစ်လေး သောက်ချင်သူများအတွက် Teamix ထုပ်တွေ အသင့်ရှိ ☕☕☕✅ နဂါးပျံ Milk Tea - ၁၄၀ ဘတ်✅ Premier နမ့...
04/11/2026

မြန်မာ့လက်ဖက်ရည် အရသာစစ်စစ်လေး သောက်ချင်သူများအတွက် Teamix ထုပ်တွေ အသင့်ရှိ ☕☕☕

✅ နဂါးပျံ Milk Tea - ၁၄၀ ဘတ်

✅ Premier နမ့်ဆန် တီးမစ် - ၁၄၀ ဘတ်

နိုင်ငံခြားသယ်ဖို့၊ လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးပါပဲရှင့် ‼️

အော်ဒါလေးတွေကို Flash delivery နဲ့ နေ့ချင်းအပ်ပေးတာ ဖြစ်လို့ ဘန်ကောက်မြို့တွင်း ကြာချိန် ၄၈ နာရီ နှင့် အခြားမြို့များသို့ ၂/၃ ရက်အတွင်း ရောက်ပါတယ် 🚚🚛

Thai bank / KBZPay / True Money တို့နဲ့ ပေးလို့ရပါတယ်
ရှင့် 🏧💵

#နဂါးပျံ
#နမ့်ဆန်တီးမစ်
#မြန်မာ့လက်ဖက်ရည်

 #မိလေးစံမုန့်ဟင်းခါးနဲ့ရခိုင်မုန့်တီ 🍜မုန့်ဟင်းခါးနဲ့ ရခိုင်မုန့်တီ ချစ်သူလေးတို့အတွက် မိလေးစံရဲ့ အနှစ်ထုပ်လေးတွေ မှာယူ...
01/11/2026

#မိလေးစံမုန့်ဟင်းခါးနဲ့ရခိုင်မုန့်တီ 🍜

မုန့်ဟင်းခါးနဲ့ ရခိုင်မုန့်တီ ချစ်သူလေးတို့အတွက် မိလေးစံရဲ့ အနှစ်ထုပ်လေးတွေ မှာယူရရှိနိုင်ပါပြီနော် 💛

ရေ ၁ လီတာရှိရုံနဲ့ အိမ်သားအားလုံး လျှာလည်သွားစေမယ့် မြန်မာ့ရိုးရာအရသာ မုန့်ဟင်းခါးနဲ့ ရခိုင်မုန့်တီလေးကို အိမ်မှာပဲ လွယ်လွယ်ကူကူ ချက်စားလို့ရပါပြီ။

ဈေးနှုန်းလေးတွေကတော့

🍜 မိလေးစံ မုန့်ဟင်းခါးအနှစ်ထုပ် (300g) - ၆၀ ဘတ်

🍜 မိလေးစံ ရခိုင်မုန့်တီအနှစ်ထုပ် (300g) - ၅၅ ဘတ်

🥜 ဒွေးလေးယု ပဲကပ်ကြော် - ၆၀ ဘတ်

မုန့်ဟင်းခါးပဲစားစား၊ ရခိုင်မုန့်တီပဲစားစား ပဲကပ်ကြော်လေးပါ တွဲစားလိုက်ရင် ပိုပြီးပြည့်စုံသွားပြီနော် 😋

မှာယူချင်ရင် မင်မင်ဆီ လာမှာလို့ရပါပြီရှင့် 💛

#မိလေးစံ #ဒွေးလေးယု #မုန့်ဟင်းခါး #ရခိုင်မုန့်တီ #ပဲကပ်ကြော်

🥜 ဟတ်ရဲ့ ဂျူးပဲပုတ် ဘာလချောင် တစ်ဗူးရှိရုံနဲ့ 🍚ထမင်းပူပူလေးကို အရသာပြည့်ပြည့်နဲ့ မြိန်မြိန်လေး စားလို့ရပါပြီ။တောင်ပေါ်ပဲ...
31/10/2026

🥜 ဟတ်ရဲ့ ဂျူးပဲပုတ် ဘာလချောင် တစ်ဗူးရှိရုံနဲ့ 🍚
ထမင်းပူပူလေးကို အရသာပြည့်ပြည့်နဲ့ မြိန်မြိန်လေး စားလို့ရပါပြီ။

တောင်ပေါ်ပဲပုတ်နဲ့ ဂျူးမြစ်ကို အချိုးကျကျ ရောစပ်ထားတာမို့ မွှေးမွှေး၊ ကြွပ်ကြွပ်လေး နဲ့ တစ်ခါစားဖူးရင် ထပ်စားချင်စေမယ့် အရသာလေး 🤤

🌶️ ဟတ်ရဲ့ ငရုတ်သီးနှမ်းကပ်ကြော် ကလည်း ငရုတ်သီးစပ်စပ်၊ နှမ်းမွှေးမွှေးနဲ့ ကြွပ်ကြွပ်ရွရွလေး။ ထမင်းနဲ့စားလည်းကောင်း၊ အဆာပြေစားလည်းကောင်း။

💰 ၁ ဘူး – ၇၀ ဘတ်

📲 မှာယူချင်ရင် Page Messenger မှာ Hello လိုက်နော်။

#ဟတ် #ဂျူးပဲပုတ်ဘာလချောင် #ငရုတ်သီးနှမ်းကပ်ကြော် #မြန်မာအစားအစာ #ထမင်းစားမြိန် ’sBazaar

လက်ဖက်နဲ့စားရင် အကြော်အစုံထက် ပဲပူးကြော်လေးနဲ့ပိုလိုက်ဖက်ပါတယ်နော် ❇️ကြက်သွန်နီ သံပုရာသီးလေးနဲ့ ရိုးရိုးလေးသုပ်စားရင်လဲ ...
31/10/2026

လက်ဖက်နဲ့စားရင် အကြော်အစုံထက် ပဲပူးကြော်လေးနဲ့ပိုလိုက်ဖက်ပါတယ်နော် ❇️

ကြက်သွန်နီ သံပုရာသီးလေးနဲ့ ရိုးရိုးလေးသုပ်စားရင်လဲ အရမ်းမိုက်💁‍♀️

ပုံလေးတွေအထဲကအတိုင်းသုပ်စားလဲ ရှယ်ပဲနော်😁

သန့်ရှင်းလတ်ဆတ်ကြွပ်ရွနေသောလေးပါရှင်...

🫘ဝင်းပဲပူးနှစ်ပြန်ကြော် ၂၅သား- ၉၅ ဘတ်

နိုင်ငံခြားသယ်ဖို့၊ လက်ဆောင်ပေးဖို့ date fresh ဖြစ်ပါတယ်ရှင့် ‼️

Flash delivery နဲ့ နေ့ချင်းအပ်ပေးတာ ဖြစ်လို့ ဘန်ကောက်မြို့တွင်း ကြာချိန် ၄၈ နာရီ နှင့် အခြားမြို့များသို့ ၂/၃ ရက်အတွင်း ရောက်ပါတယ် 🚚🚛

Thai bank / KBZPay / True Money တို့နဲ့ ပေးလို့ရပါတယ်
ရှင့် 🏧💵

#ဝင်းပဲပူးကြော်
#ပဲပူးနှစ်ပြန်ကြော်
#ပဲပူးကြော်

✨ စာဝ မော်လမြိုင် မုန့်ဟင်းခါး 😍🍜မနက်ခင်းလေးကို မွန်ရိုးရာ မော်လမြိုင်မုန့်ဟင်းခါးလေးနဲ့ စလိုက်ရင် အရသာက တကယ်ပြည့်စုံပါတ...
31/10/2026

✨ စာဝ မော်လမြိုင် မုန့်ဟင်းခါး 😍🍜

မနက်ခင်းလေးကို မွန်ရိုးရာ မော်လမြိုင်မုန့်ဟင်းခါးလေးနဲ့ စလိုက်ရင် အရသာက တကယ်ပြည့်စုံပါတယ် 💛

🐟 ဟင်းရည်ကျဲကျဲ ချိုချိုလေး
🐟 ငါးအနှစ်အရသာ အပြည့်အဝ
🐟 ငါးဖတ်များများ၊ ငှက်ပျောအူနုနုလေးတွေနဲ့ မွန်ရိုးရာအရသာစစ်စစ်

မွန်ချက် မုန့်ဟင်းခါးကို လွမ်းနေသူတွေအတွက်တော့ စာဝ မော်လမြိုင် မုန့်ဟင်းခါးအနှစ်ထုတ် က မဖြစ်မနေ ဆောင်ထားသင့်တဲ့ Item လေးပါရှင် 🤗

📦 350 g အထုပ်ကြီး ဖြစ်လို့ မိသားစုနဲ့အတူ ဝဝလင်လင် သုံးဆောင်လို့ရသလို၊ လက်ဆောင်ပေးလည်း အရမ်းအဆင်ပြေပါတယ်။ 🎁

💛 ဈေးနှုန်း
✅ ၁ ထုပ် — ၁၃၅ ဘတ်

မှာယူချင်ရင် Chat Box မှာ စာပို့ထားလိုက်နော် 📩

#စာဝ #မော်လမြိုင်မုန့်ဟင်းခါး #မွန်ရိုးရာ #မြန်မာအစားအစာ

🌸 အသားအရေလေး ကြည်လင်ဝင်းပပြီး လှပချင်တဲ့ ပျိုမေလေးတို့အတွက်…မြန်မာ့ရိုးရာ ဆေးဖက်ဝင်ပစ္စည်းလေးတွေဖြစ်တဲ့ ရှမ်းပျိုမယ် ရွှ...
30/10/2026

🌸 အသားအရေလေး ကြည်လင်ဝင်းပပြီး လှပချင်တဲ့ ပျိုမေလေးတို့အတွက်…

မြန်မာ့ရိုးရာ ဆေးဖက်ဝင်ပစ္စည်းလေးတွေဖြစ်တဲ့ ရှမ်းပျိုမယ် ရွှေရုပ်လွှာသွေးဆေး နဲ့ ကေသီပန် သွေးပုပ်ချဆေး လေးတွေ Ivy’s Bazaar မှာ ရပါပြီရှင့်။ 💛

ရိုးရာနည်းစနစ်နဲ့ ဖော်စပ်ထားတဲ့ ဆေးလေးတွေမို့ စိတ်ဝင်စားပြီး ရှာဖွေနေကြသူတွေအတွက် မင်မင်က တင်ပေးလိုက်ပါတယ်နော်။

ကိုယ့်ရဲ့အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်ချင်တဲ့ ပျိုမေတို့အတွက် မြန်မာ့ရိုးရာဆေးလေးတွေကို Ivy’s Bazaar မှာ မှာယူအားပေးနိုင်ပါပြီရှင့်။



#ရှမ်းပျိုမယ် #ကေသီပန်

 #ဘိုဂီ  #ရှယ်ပဲငါးပိရည်ကျို 🫙ရှယ်ပဲ ငါးပိရည်ကျိုတစ်ဘူးနဲ့ တို့စရာအသီးအရွက်လေးတွေ 🌿🥒🥕 တွဲစားရုံနဲ့ ထမင်းနှစ်ပန်းကန်၊ သုံ...
30/10/2026

#ဘိုဂီ #ရှယ်ပဲငါးပိရည်ကျို 🫙

ရှယ်ပဲ ငါးပိရည်ကျိုတစ်ဘူးနဲ့ တို့စရာအသီးအရွက်လေးတွေ 🌿🥒🥕 တွဲစားရုံနဲ့ ထမင်းနှစ်ပန်းကန်၊ သုံးပန်းကန်လောက် ကုန်သွားစေမယ့် အရသာမျိုး 😋

✔️ တို့စရာအသီးအရွက်လေးတွေနဲ့ လိုက်ဖက်
✔️ ထမင်းပူပူလေးနဲ့ အရမ်းမြိန်
✔️ ဇလုံထမင်းသုပ်လုပ်စားရင်လည်း ရှယ်ကောင်း
✔️ မိသားစုစားဝိုင်းတိုင်းမှာ အကြိုက်တွေ့စေမယ့် အရသာ

တစ်ခါစားဖူးတာနဲ့ ထပ်မှာချင်စေမယ့် “ဘိုဂီ” ရဲ့ လူကြိုက်များတဲ့ ရှယ်ပဲ ငါးပိရည်ကျိုလေး ❤️

💰 ၁ ဘူး - ၁၂၅ ဘတ်

📌 ဘူးဖွင့်ပြီးနောက် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပေးပါ။

#ဘိုဂီ
#ရှယ်ပဲငါးပိရည်ကျို
#ထမင်းမြိန်
#တို့စရာ

🐐🌶️ ဆိတ်သားကြိုက်တဲ့ Foodie လေးတို့အတွက် ဆိတ်အမယ်လေးတွေ ရပါမယ်ရှင့် 😋💛မင်မင်လည်း ဆိတ်သားကြိုက်ပေမဲ့ ညှီနံ့နံရင်တော့ လုံး...
30/10/2026

🐐🌶️ ဆိတ်သားကြိုက်တဲ့ Foodie လေးတို့အတွက် ဆိတ်အမယ်လေးတွေ ရပါမယ်ရှင့် 😋💛

မင်မင်လည်း ဆိတ်သားကြိုက်ပေမဲ့ ညှီနံ့နံရင်တော့ လုံးဝမကြိုက်ဘူး 🥹 အသားနံ့ပြင်းတာမျိုးဆို မစားနိုင်တာမို့ ဆိတ်သားရွေးတဲ့အခါ အရမ်းဂရုစိုက်ပါတယ်။

သော်သော်က ထုတ်တဲ့ ဆိတ်အမယ်လေးတွေက ဆိတ်သားသန့်သန့်ကို အသုံးပြုထားပြီး ဆီလည်း သန့်သန့်လေးနဲ့ ထုတ်လုပ်ထားတာမို့ မင်မင်လည်း စိတ်ချပြီး စားဖြစ်ပါတယ်ရှင့် 🤍

ကိုယ်တိုင်စားကြည့်ပြီး အရသာကြိုက်လို့ အမြဲမှာစားဖြစ်တဲ့ အမယ်လေးတွေမို့ ကာကာလေးတို့ကိုလည်း ညွှန်းပေးချင်တာပါ 🥰

🌶️ ဆိတ်ထုမွှ အစပ် — ၂၄၀ ဘတ်

🥩 ဆိတ်ပြားကြော်
▫️ အချို — ၁၄၀ ဘတ်
▫️ အစပ် — ၁၄၀ ဘတ်

ဆိတ်သားကြိုက်တဲ့သူတွေဆို တစ်ခါလောက် စားကြည့်ကြနော် 😋🔥

#ဆိတ်ထုမွှ
#ဆိတ်ပြားကြော်
#ဆိတ်သား
#သော်သော်စားသောက်ကုန်

🐟 အာဗြဲကင် (အကြွပ်) လေး ရပါပြီရှင် 💛အသံကြားတာနဲ့တင် ကြွပ်ကြွပ်ရွရွနဲ့ မွှေးနေမှာကို မြင်ယောင်ကြည့်လို့ ရတယ်နော် 🫠ဟင်းမချ...
30/10/2026

🐟 အာဗြဲကင် (အကြွပ်) လေး ရပါပြီရှင် 💛

အသံကြားတာနဲ့တင် ကြွပ်ကြွပ်ရွရွနဲ့ မွှေးနေမှာကို မြင်ယောင်ကြည့်လို့ ရတယ်နော် 🫠

ဟင်းမချက်ချင်တဲ့နေ့တွေမှာ အာဗြဲကင်လေးကို ဆီဆမ်းပြီး ထမင်းပူပူလေးနဲ့ စားလိုက်ရရင်ကို မြိန်နေမှာပါရှင် 🥰

160g ပါလို့ တစ်ထုပ်တည်းနဲ့ အများကြီးပါပါတယ်နော်။

✅ ၁ ထုပ် — ၁၈၀ ဘတ်

နိုင်ငံခြားသယ်သွားဖို့၊ လက်ဆောင်ပေးဖို့လည်း Date Fresh လေးမို့ အဆင်ပြေပါတယ်ရှင့် 💛

🚚 Delivery အကြောင်း
Flash နဲ့ နေ့ချင်းအပ်ပေးပါတယ်ရှင်။
ဘန်ကောက်မြို့တွင်း ၄၈ နာရီခန့်၊ အခြားမြို့များကို ၂–၃ ရက်အတွင်း ရောက်ပါတယ်။

💰 Thai Bank / KBZPay / TrueMoney တို့နဲ့ ငွေပေးချေလို့ရပါတယ်ရှင့်။

#မင်းသားကြီး #အာဗြဲခြောက် #အာဗြဲကင်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Ivy’s Bazaar โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่