01/09/2025
Totetique ကလေ ထိုင်းမှာ လတ်တလော Trend ဖြစ်နေတဲ့အိတ်လေးတွေကို ရန်ကုန်မှာလဲ ချက်ချင်း လွယ်လွယ်ကူကူနဲ့ ဝယ်နိုင်အောင် ဈေးလဲသက်သက်သာသာနဲ့ရအောင် ပစ္စည်းကွာလတီကောင်းကောင်းကိုလဲ စိတ်ချလက်ချနဲ့ သုံးလို့ရအောင် တက်နိုင်သမျှ အိတ်တွေကို instock ထားထားပြီး ရောင်းတာပေါ့နော်
ပစ္စည်းတွေကို Trend နဲ့အညီ တင်နိုင်အောင်လဲ ပစ္စည်းတမျိုးကို သိပ်များများစားစားမထားဘူး .. ထပ်မှာတာရှိမှသာ ဝယ်ပေးတယ် .. အဲ့လိုဆိုတော့ အခု ရန်ကုန်ကို အသစ်လေးတွေလဲ ပို့ချင်နေပါပြီလို့ 😅
ဒါပေမယ့်လေ လက်ရှိအချိန်မှာ အကုန်လုံးလည်းသိတဲ့ Cargo အခြေအနေတွေကြောင့် ဘယ်လိုတောင် ပို့ရမလဲ စဉ်းစားရင်းကို လည်ပတ်နေပါပြီရှင် 😵💫
❣️ပုံမှန်အတိုင်းဆိုရင် ဈေးနှုန်းသက်သာလို့ Land Cargo နဲ့ ပို့တယ် ဒါပေမယ့် လက်ရှိအခြေအနေကြောင့် Land Cargo လုံးဝအဆင်မပြေ …
❣️လက်ရှိ ပို့လို့ရသေးတာက Air Cargo .. ဒါတောင်မသေချာ ခပ်လှုပ်လှုပ်နဲ့ … အဲ့လိုဆိုတော့လဲ နောက်ဝင်တဲ့ ပစ္စည်းတွေက ဈေးတွေတက်ကုန်မယ် .. အဲ့လိုလဲ မဖြစ်ချင်
🙏 Quality ကောင်းတဲ့ပစ္စည်းတွေကို ဈေးနှုန်းလဲသက်သက်သာသာ ရောင်းနိုင်ဖို့ ကြိုးစားပေးနေတာမို့ ဒီအချိန်မှာ အကောင်းဆုံးနည်းလမ်းရှာဖွေနေပါတယ်ရှင် ...
💜 Totetique ကနေ ပစ္စည်းတွေကို ဈေးမှန်မှန်နဲ့ ပို့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်နော်။ နားလည်ပေးမှုအတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။
Tote for every move 💕
#အသိပေး #ကျေးဇူးတင်ပါတယ်