Nyi Sharing သာလီစွပါ
wellcome

28/04/2025

song

28/04/2025

😅

27/04/2025

မင်းနင့် တူတူ🤡

27/04/2025

အသက် ၃၀ ကျော်ပီးမှ ရည်းစား ရသော အခါ😅😅

27/04/2025

စစ်ကိုင်းမှာ တပ်မလိုက် ပြုတ်သွားတဲ့
တပ်မ ၁၃

27/04/2025

တော်လှန်ရေးအင်အားစုများအနေဖြင့် တပ်ပေါင်းစု တည်ထောင်နိုင်ရေး ကြိုးပမ်းရမည့်ကာလဟု SAF ပြော

DMG ၊ ဧပြီ ၂၇

တော်လှန်ရေးအင်အားစုများအနေဖြင့် ယခုအချိန်သည် နိုင်ငံရေး၊ စစ်ရေးအရ ကျောခင်းကပ် ရင်ချင်းအပ်ကာ တော်လှန်ရေးအား ခေါင်းဆောင်မှုပေးနိုင်သည့် အားကောင်းခိုင်မာသော နိုင်ငံရေး၊ စစ်ရေးမူနှင့် တပ်ပေါင်းစုအား စုဖွဲ့တည်ထောင်နိုင်ရေး ကြိုးပမ်းရမည့်ကာလဖြစ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF)က ယနေ့ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိ စစ်ကောင်စီသည် လူထုတစ်ရပ်လုံးအား ရက်စက်သတ်ဖြတ်မှုများကို အပြင်းအထန်ဆောင်ရွက်နေသည့်အပြင် နိုင်ငံတဝန်းရှိ လူထုတစ်ရပ်လုံးအားလည်း စစ်ကျွန်ပြု ပေါ်တာဆွဲလျက်ရှိသည်ဟု ဆိုသည်။

ယင်းအပြင် အင်အားကြီး နိုင်ငံများသည်လည်း ၎င်းတို့၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်ရေးအတွက် စစ်ကောင်စီအား ထောက်ခံအားပေးကာ လူထုတော်လှန်ရေးကို အနှောင့်အယှက်ပြုနိုင်ရေး ဝါယမ စိုက်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ရန်နှစ်ရပ်လုံးကို တွန်းလှန်တိုက်ခိုက်ရေးအတွက် တပ်ပေါင်းစုအား စုဖွဲ့တည်ထောင်နိုင်ရေးကြိုးပမ်းရမည့် အချိန်ကာလဖြစ်သည်ဟု ရှုမြင်ကြောင်း SAF က ဆိုထားသည်။

SAF အနေဖြင့်လည်း အခြေခံမူဝါဒ ၅ ချက်ကို ကိုင်စွဲကာ တော်လှန်ရေးဆင်နွှဲနေသော အဖွဲ့အစည်းအသီးသီးတို့ ကို မဟာမိတ်ပြုကာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်ရေးရည်မှန်းချက်မှသည် စစ်အနိုင်တိုက်ရေး ရည်မှန်းချက်အထိ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ကတိပြုသစ္စာခံအပ်ကြောင်း ဆိုသည်။

ကျောင်းသားလက်ရုံးတပ်တော် (SAF)ကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် တော်လှန်ရေးကာလ ၄ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ဓာတ်ပုံ - SAF။

~~~~~~~~~~~~~~
● ယခုပင်လှူဒါန်းပြီး ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ပါ
https://www.dmgburmese.com/donate/

27/04/2025
27/04/2025
27/04/2025
ရာသီ ဥတု အခြေ အနေ အရာ....😎
28/09/2024

ရာသီ ဥတု အခြေ အနေ အရာ....😎

28/09/2024

အနီရောင်ဆေးခြယ်ထားတဲ့ အရွယ်တူ အုတ်ဂူသုံးခုဟာ တစ်ခုနဲ့တစ်ခု နီးကပ်စွာနဲ့ ကျေးရွာသုဿန်မြေပေါ်က ကုန်းမြင့်လေးထက်မှာ ထင်ရှားစွာတည်ရှိနေပါတယ်။ အုတ်ဂူတစ်ခုချင်းစီရဲ့ ရှေ့မျက်နှာစာမှာတော့ အပြာရောင်ကို တစ်ပေကျော်ပတ်လည်ခြယ်သကာ အပေါ်က အဖြူရောင်စာလုံးတွေနဲ့ သေဆုံးသူတွေရဲ့ အမည်၊ အသက်တွေကို မြင်သာအောင် ရေးသားထားပါတယ်။

ဒီအုတ်ဂူထဲတွေမှာ မြှုပ်နှံခံထားရသူတွေဟာ ပထမတစ်ကြိမ်လည်း မြေကျင်းထဲ မြှုပ်နှံခံရဖူးပြီးပါပြီ။ ဒါပေမယ့် အခုလို အုတ်ဂူတွေနဲ့မဟုတ်သလို နာမည်တွေ၊ အသက်တွေလည်း မထိုးထားခဲ့ပါဘူး။ ဒီထက်ဆိုးတာက မြေကျင်းတစ်ကျင်းမှာ နှစ်ယောက်နဲ့ နောက်တစ်ကျင်းမှာတစ်ယောက် မြှုပ်နှံခံခဲ့ရတာပါ။

ဒုတိယအကြိမ်မြှုပ်နှံရာမှာတော့ သေဆုံးသူတွေရဲ့မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက သူတို့သုံးဦးရဲ့ အလောင်းတစ်ခုစီကို မြေကျင်းတစ်ခု၊ အုတ်ဂူတစ်ခုနဲ့ ဆေးရောင်တွေလည်း ခြယ်သပေးထားပါပြီ။

ဒီအုတ်ဂူသုံးခုဟာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်က မင်းရွာအမည်ရှိတဲ့ ကျေးရွာရဲ့ သုဿန်မှာရှိနေတာပါ။ အုတ်ဂူတွေထဲမှာ သေဆုံးသွားသူသုံးဦးဟာ အဲဒီကျေးရွာလေးမှာ ကိုယ့်မိသားစုနဲ့ကိုယ် အခြေချနေထိုင် နေခဲ့ကြသူတွေဖြစ်သလို တစ်ဦးနဲ့တစ်ဦးဟာ အိမ်နီးချင်းတွေလည်း ဖြစ်ကြပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေချိန်ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း မင်းရွာကျေးရွာရဲ့ အရှေ့ဘက်တစ်နာရီလောက်ဝေးတဲ့ တောထဲကို ထင်းရှာသွားရာကနေ သူတို့သေဆုံးဖို့ အစပြုခဲ့တာပါ။

မတ်လ ၂၄ ရက်နေ့မှာ ထင်းရှာသွားခဲ့တဲ့ မင်းရွာကျေးရွာက ဦးသန်းကျော် ၄၈ နှစ်၊ ဦးစောလှထွန်း ၅၀ နှစ်၊ ဦးသန်းထွန်းအောင် ၅၀ နှစ်တို့ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့တဲ့အခါ မြန်မာစစ်သားတွေက ဖမ်းဆီးသွားတယ်ဆိုတဲ့အကြောင်း သတင်းစကား ကြားခဲ့ကြပါတယ်။

အပြည့်အစုံဖတ်ရန် > https://bit.ly/47EgYvr

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nyi Sharingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์